Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor က နောက်ထပ် တန်ဖိုးနည်း စမတ်ဖုန်း တလုံးကို ထပ်မံ မိတ်ဆက်လိုက်ပါပြီ။ တရုတ်ဈေးကွက်မှာ ထုတ်ထားတဲ့ Honor 8S ကို ပြည်ပဈေးကွက်အတွက် နာမည်ပြောင်းပြီး ပြန်ထုတ်ပေးလိုက်တာပါ။ Helio A22 Chipset ၊ ကျောကင်မရာ ၁ လုံး၊ ခေတ်မီ မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ Honor Play 8 ကို ၅၉၉ ယွမ် (၁၂၀ ဒေါ်လာခန့်) ပဲ သတ်မှတ်ထားပါတယ်။
Honor Play 8 မှာ ၅ ဒဿမ ၇၁ လက်မ အကျယ်ရှိတဲ့ LCD မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးအစား 19:9 ရှိတာကြောင့် ကိုယ်ထည် နည်းနည်းရှည်ပါတယ်။ HD+ ရုပ်ထွက် အရည်အသွေးနဲ့ပါ။
အခုခေတ်မှာ ဖုန်းတိုင်းလိုလို အနည်းဆုံး ကျောကင်မရာ ၂ လုံးလောက် ပါနေပေမယ့် Play 8 မှာတော့ 13MP (f/1.8) ကင်မရာ ၁ လုံးပဲ ပါဝင်ပါတယ်။ ရှေ့ကင်မရာကလည်း (f/2.2) Lens နဲ့ 5MP တလုံးတည်း ဖြစ်ပါတယ်။ ဖုန်းမှာ လက်ဗွေရာဆန်ဆာ လုံးဝ မထည့်ထားပါဘူး။ အဲ့ဒီအစား ဆော့ဖ်ဝဲနဲ့ Face Unlock စနစ်ပဲ ထည့်ပေးထားတာ တွေ့ရပါတယ်။
MediaTek ရဲ့ Helio A22 SoC ကို 2GB RAM နဲ့ တွဲသုံးပေးထားပြီး၊ 32GB Storage ဗားရှင်း တမျိုးပဲ ထုတ်မှာပါ။ microSD ကတ် ထပ်စိုက်ချင်ရင်တော့ 512GB အထိ စိုက်နိုင်ပါတယ်။ နောက်ဆုံး Android ဗားရှင်းဖြစ်တဲ့ Android 9 Pie စနစ် အခြေခံ EMUI 9.0 နဲ့ သုံးနိုင်မှာကတော့ မဆိုးပါဘူး။
3,020mAh ဘက်ထရီ ပါဝင်ပြီး၊ microSD USB Port အဟောင်းနဲ့ပဲ ဖြစ်ပါတယ်။ အားအမြန်သွင်းစနစ်တွေလည်း ပါမှာ မဟုတ်ပါဘူး။ Honor Play 8 ကို Aurora Blue နဲ့ Midnight Black ဆိုပြီး ၂ ရောင် ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Gadgets NDTV
You May Also Like These Stories:
ကျောကင်မရာသုံးလုံးပါဝင်တဲ့ တန်ဖိုးနည်း Honor 20 Lite ကို မိတ်ဆက်
ပေါက်ဖောက်မျက်နှာပြင်ဒီဇိုင်း အသုံးပြုထားတဲ့ Honor 20 Pro နဲ့ Honor 20 ကို မိတ်ဆက်
Honor 20 Series အသစ်ကို ဈေးကွက်တွင်း မကြာမီ မိတ်ဆက်မည်