• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

AMOLED Display နဲ့ Amazfit GTR စမတ်နာရီ အသစ်တွေကို Huami မိတ်ဆက်

by Nigma
17 July 2019
in IT
A A
Huami က မိတ်ဆက်လိုက်တဲ့ Amazfit GTR စမတ်နာရီ အသစ်များ

Huami က မိတ်ဆက်လိုက်တဲ့ Amazfit GTR စမတ်နာရီ အသစ်များ

3.6k
VIEWS
Share on FacebookShare on Twitter

Huami ရဲ့ လူကြိုက်များတဲ့ Amazfit အမှတ်တံဆိပ် စမတ်နာရီအသစ်တွေ ထွက်ရှိလာပါပြီ။ တရုတ်နိုင်ငံမှာ ဇူလိုင်လ ၁၆ ရက်နေ့က မိတ်ဆက်ခဲ့တဲ့ Amazfit GTR စီးရီးအသစ်ဟာ တန်ဖိုးကြီး စမတ်နာရီ ကြိုက်နှစ်သက်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပိုက်ဆံအများကြီး မသုံးချင်ရင်တော့ ဈေးပိုချိုတဲ့ ရိုးရိုး Amazfit မော်ဒယ်တွေလည်း ရှိပါတယ်။

Huami က မိတ်ဆက်လိုက်တဲ့ Amazfit GTR စမတ်နာရီ အသစ်များ

Amazfit GTR စမတ်နာရီတွေကို ၄၂ မီလီမီတာနဲ့ ၄၇ မီလီမီတာ ဆိုပြီး ဒိုင်ခွက် အရွယ်အစား ၂ မျိုး ထုတ်သွားမှာပါ။ 42mm မော်ဒယ်က ၁ ဒဿမ၂ လက်မ အရွယ် မျက်နှာပြင်နဲ့ ဖြစ်ကာ၊ ၄၇ မီလီမီတာကတော့ ၁ ဒဿမ ၃၉ လက်မအရွယ် မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
9.8k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
568

42mm မော်ဒယ်ကို အနက်၊ အဖြူ။ ပန်းရောင်နဲ့ အနီရောင် စတဲ့ အရောင် ၄ မျိုး ထုတ်သွားမှာပါ။ အရွယ် ပိုသေးသလို၊ အလေးချိန်လည်း ပိုပေါ့သွားပါတယ်။ တန်ဖိုးကြီး Swarvoski ကျောက် အလုံး ၆၀ စီထားတဲ့ အထူးထုတ် မော်ဒယ်လည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

47mm မော်ဒယ်ကိုတော့ ပို ပရီမီယမ်ဆန်တဲ့ အလူမီနီယမ်၊ စတိန်းလက်စတီး၊ တိုက်တေနီယမ် အရောင်တွေ ရရှိမှာ ဖြစ်ပါတယ်။ Iron Man ပရိတ်သတ်တွေအတွက် အထူးထုတ် မော်ဒယ်လည်း ရှိပါတယ်။

Huami က မိတ်ဆက်လိုက်တဲ့ Amazfit GTR စမတ်နာရီ အသစ်များ

နာရီ အရွယ်အစားတွေ အရောင်တွေ မတူပေမယ့် အတွင်းမှာ သုံးထားတာတွေတော့ တူညီပါတယ်။ Retina စံနှုန်းမီ AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး၊ အလွယ်တကူ ပွန်းပဲ့မှု မဖြစ်စေဖို့အတွက် Gorilla Glass 3 မှန်သား အုပ်ပေးထားပါတယ်။

မော်ဒယ်အသေးက ပုံမှန် အသုံးပြုရင် ၁၂ ရက်လောက် ဘက်ထရီ ခံပါတယ်။ စမတ်လုပ်ဆောင်ချက်တွေ မသုံးဘဲ ရိုးရိုး နာရီ လိုပဲ သုံးမယ်ဆိုရင်တော့ ၃၄ ရက်တိတိ ခံမှာပါ။ မော်ဒယ်အကြီးဆိုရင်တော့ ၂၄ ရက် ကနေ ၇၄ ရက်အထိ ခံမှာ ဖြစ်ပါတယ်။ ပုံမှန် အသုံးပြုရင် တရက်ကျော်ကျော်လောက်ပဲ ဘက်ထရီခံတဲ့ Apple Watch ထက် ဘက်ထရီသက်တမ်း အများကြီး ပိုကောင်းတာ တွေ့ရပါတယ်။

Amazfit GTR မှာ မရှိမဖြစ် စမတ်နာရီ ဆန်ဆာတွေအပြင် Bluetooth 5.0 ၊ NFC ၊ GPS နဲ့ GLONASS စနစ်တွေလည်း အသုံးပြုနိုင်မှာပါ။ နှလုံးခုန်နှုန်း တိုင်းတာဖို့အတွက် PPG ဆန်ဆာလည်း ပါဝင်ပါတယ်။ Android ကော iOS နဲ့ပါ တွဲဖက် အသုံးပြုနိုင်ပါတယ်။

ပရီမီယမ်ဈေးကွက်ကို ဦးတည်ထားတယ်ဆိုပေမယ့် ဈေးနှုန်းကတော့ အရမ်း မများပါဘူး။ 42mm Amazfit GTR ကို ၇၉၉ ယွမ် (၁၁၆ ဒေါ်လာခန့်) သာ ပေးရမှာပါ။ Swarovski ကျောက်စီထားတဲ့ မော်ဒယ်ဆိုရင်တော့ ၁၄၅ ဒေါ်လာ ခန့် ရှိပါတယ်။

အလူမီနီယမ်နဲ့ စတိန်းလက်စတီးသုံး 47mm မော်ဒယ်ကလည်း ၁၄၅ ဒေါ်လာပဲ ဖြစ်ပါတယ်။ တိုက်တေနီယမ်နဲ့ လုပ်ထားတဲ့ ရွှေရောင် ကိုယ်ထည်၊ အနီရောင် လက်ပတ်ကြိုးနဲ့ Iron Man အထူးထုတ်မော်ဒယ်လိုချင်ရင်တော့ ၂၀၃ ဒေါ်လာ ကျသင့်ပါမယ်။ မော်ဒယ်တိုင်းက ရေအနက် မီတာ ၅၀ အထိ ရေစိုခံနိုင်ပါတယ်။

Amazift GTR ကို လောလောဆယ် တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ မကြာခင်တော့ ပြည်ပဈေးကွက်ကိုလည်း ရောက်လာနိုင်ပါတယ်။

Ref: Gizmochina, Venture Beat

You may also like these stories:

ဖုန်းနဲ့ တက်ဘလက်အသွင် ပြောင်းနိုင်တဲ့ IBM ခေါက်ချိုး စမတ်နာရီ

ZTE ရဲ့ ဖုန်းတဖြစ်လဲ ခေါက်ချိုး စမတ်နာရီ “Nubia Alpha”

Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ

Fitbit ကနေ အသစ်မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀ တန် Charge 3 စမတ်လက်ပတ်

Your Thoughts …
Tags: Amazfit GTRHuamiစမတ်နာရီ
Nigma

Nigma

Contributor

Similar Picks:

Xiaomi ရဲ့ ပထမဆုံး စမတ်နာရီ "Mi Watch"

Xiaomi ရဲ့ ပထမဆုံး စမတ်နာရီ “Mi Watch” ကို တရားဝင် မိတ်ဆက်

by Nigma
6 November 2019
5.6k

Apple Watch အတိုင်း Mi Watch ရဲ့ Touchscreen Display ကို လေးထောင့်ကျကျ ဒီဇိုင်းသုံးထားပြီး၊ အပေါ်မှာ Gorilla Glass 3 အကြမ်းခံမှန်သား အုပ်ပေးထားပါတယ်။

Fossil စမတ်နာရီများ

Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ

by Nigma
19 January 2019
83.3k

Fossil ရဲ့ စမတ်နာရီ နည်းပညာကို တီထွင်ဖန်တီးနေတဲ့ သုတေသနဌာန အဖွဲ့ဝင်အားလုံးပါ Google လက်အောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Next Post
သရုပ်ဆောင် နေတိုး / ယုဖြူဟန် / ဧရာဝတီ

"ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်"လို့ နေတိုး ပြော

အလှမယ်၊ သရုပ်ဆောင် ထက်ထက်ထွန်း / ချစ်ပိုး / ဧရာဝတီ

ဇာတ်ကား ရိုက်တဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီးမှ ရိုက်တဲ့ ထက်ထက်ထွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate