အင်္ကျီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်တဲ့ လေအေးပေးစက်ကို Sony ပြသ
ပူလွန်းလို့ အပြင်သွားရင် Air Con ပါ သယ်သွားချင်တယ် ဆိုသူတွေအတွက် Sony က ခရီးဆောင်လေအေးပေးစက် တမျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရှပ်အင်္ကျီ အိတ်ကပ်ထဲ ထည့်သွားနိုင်တဲ့ တကိုယ်ရည် လေအေးပေးစက် ဖြစ်ပြီး၊ “Reon Pocket” လို့ အမည်ပေးထားပါတယ်။
ဒီစက်ကို အသုံးပြုဖို့အတွက် အနောက်ဘက်မှာ အိတ်ကပ်ပါတဲ့ အထူးဒီဇိုင်းထုတ် T-shirt အင်္ကျီတထည် လိုအပ်ပါတယ်။ အဆိုပါ အင်္ကျီရဲ့ ကုပ်ပိုးနောက်က အိတ်ကပ်ထဲမှာ Reon Pocket စက်ကို ထည့်သယ်သွားရမှာပါ။ ပူအိုက်တဲ့အချိန်မှာ အေးမြမှု ပေးနိုင်သလို၊ အေးမြတဲ့ ဆောင်းရာသီမှာလည်း အနွေးဓာတ် ပေးနိုင်မှာ ဖြစ်ပါတယ်။
Sony က ဒီစက်ကို ဈေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့အတွက် ရန်ပုံငွေ ရှာလျက် ရှိပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ Sony Crowdfunding website (https://first-flight.sony.
Reon Pocket စက်မှာ “Peltier Effect” လို့ ခေါ်တဲ့ ဗို့အားနည်းလျှပ်စီးကြောင်း ဖြတ်သန်းကာ အပူစုပ်၊ အပူထုတ်တဲ့ နည်းလမ်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အေးတာ လိုချင်ရင် ၂၃ ဒီဂရီဖာရင်ဟိုက် အထိ အပူချိန် လျော့ချပေးနိုင်ပြီး၊ အနွေးဓာတ်လိုချင်ရင် အပူချိန် ၁၄ ဒီဂရီဖာရင်ဟိုက်အထိ တင်ပေးနိုင်ပါတယ်။
ဖုန်း Application ကနေတဆင့် အပူချိန် ထိန်းချုပ်ရမှာပါ။ အနာဂတ်မှာတော့ ပြင်ပ အပူချိန်အလိုက် အလိုအလျောက် အပူ၊ အအေးပြောင်းမယ့်စနစ် ထည့်သွင်းပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Reon Pocket စက်ကို USB Type-C အပေါက်ကနေ အားတခါသွင်းထားပြီးရင် ၂၄ နာရီတိတိ အသုံးခံတယ်လို့ Sony က ပြောထားပါတယ်။ အားတခါသွင်းရင်လည်း ၂ နာရီလောက်ပဲ ကြာမှာပါ။
အခုလို ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ လေအေးပေးစက်မျိုး ထုတ်ဖို့ ကြိုးစားခဲ့တာ Sony ကုမ္ပဏီ တခုတည်း မဟုတ်ပါဘူး။ Emr Wave ဆိုတဲ့ ကုမ္ပဏီတခုကလည်း နှင်းလျောစီးတဲ့အခါ ဝတ်ဖို့အတွက် အပူဓာတ်ပေးနိုင်တဲ့ အဝတ်အစားတွေကို CES 2018 ပွဲမှာ ပြသခဲ့ဖူးပါတယ်။
အခု Reon Pocket စက်ကတော့ အရွယ်အစား သေးငယ်သလို အလွယ်တကူ ထည့်သယ်သွားနိုင်တာကြောင့် ပိုအသုံးဝင်မှာပါ။ Sony ရဲ့ ကြော်ငြာဗီဒီယိုမှာတော့ သာမန်ရှပ်အင်္ကျီ အရှည် တထည်အောက်မှာ ဖောင်းကြွခြင်း မရှိဘဲ သက်သောင့်သက်သာ ထည့်ထားနိုင်တာကို တွေ့ရမှာပါ။
စက်နဲ့ အင်္ကျီ တစုံကိုမှ ဒေါ်လာ ၁၂၀ လောက်ပဲ ပေးရမှာ ဖြစ်တာကြောင့် ဈေးလည်း သိပ်မကြီးပါဘူး။
Ref: The Verge, Futurism
You May Also Like These Stories: