IT

မျက်နှာပြင် ၃ ခုထပ် စမတ်ဖုန်းဒီဇိုင်းကို Samsung မူပိုင်ခွင့်တင်

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ စမတ်ဖုန်း သမိုင်းကြောင်းမှာ အစဉ်အလာ ကြီးမားတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ ခေါက်ချိုးစမတ်ဖုန်း၊ Edge-to-edge မျက်နှာပြင်သုံး စမတ်ဖုန်း စသဖြင့် ဒီဇိုင်းအသစ်တွေကို အစဉ်မပြတ် ထုတ်လုပ်လျက် ရှိသလို၊ ဆန်းပြားတဲ့ အိုင်ဒီယာသစ် အမျိုးမျိုးကိုလည်း မူပိုင်ခွင့်တွေ တင်ထားတာ တွေ့ရမှာပါ။

အခုလည်း Samsung က သာမန်ထက် ထူးကဲတဲ့ စမတ်ဖုန် းဒီဇိုင်းတမျိုးကို မူပိုင်ခွင့် ထပ်တင်လိုက်ပြန်ပါတယ်။ လူတော်တော်များများ တွေးမိမှာတောင် မဟုတ်တဲ့ ဖုန်းဒီဇိုင်းပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မူပိုင်ခွင့်တင်ခဲ့ပြီး၊ ယခုနှစ် မတ်လမှာတော့ မူပိုင်ခွင့် ကျပြီးသွားပြီ ဖြစ်ပါတယ်။

အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ ရှေ့ဘက် မျက်နှာပြင်နဲ့ ဘေးဘောင်တွေ ပါရှိတဲ့ သာမန် စမတ်ဖုန်း တလုံးလိုပါပဲ။ ဒါပေမဲ့ မျက်နှာပြင်ရဲ့ အောက်ဘက်မှာ နောက်ထပ် မျက်နှာပြင်အပို ၂ ခု ဖွက်ထည့်ထားပါသေးတယ်။ အဆိုပါ အပိုမျက်နှာပြင်တွေကို အောက်ဘက် ဆုံချက်နေရာကနေ ဆုံလည်တံခါးလို လှည့်ထုတ်ပြီး အသုံးပြုရမှာပါ။ Samsung ရဲ့ ဒီဇိုင်းပုံကြမ်းတွေကို LetsGoDigtial က သုံးဖက်မြင် ဓာတ်ပုံအဖြစ် ပုံဖော်ပေးထားပါတယ်။

သီးသန့် မျက်နှာပြင် ၃ ခု ပါဝင်တာကြောင့် ဒီဖုန်းမှာ မတူညီတဲ့ Application ၃ ခုကို တပြိုင်တည်း ဖွင့်သုံးနိုင်မှာပါ။ ဖုန်းတလုံးတည်းနဲ့ အလုပ်အများအပြားကို တပြိုင်နက်လုပ်မယ် (Multitasking) အတွက် အသုံးတည့်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။ ယခုခေတ် ဖုန်းတွေမှာလည်း Application တခုကနေ တခုကို အလျင်အမြန် ပြောင်းသုံးနိုင်သလို၊ စခရင်ကို နှစ်ခြမ်းခွဲပြီး App နှစ်ခုလောက် ပြိုင်တူ သုံးနိုင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ စခရင်တခုထဲမှာ Multitasking သုံးရတာဟာ စခရင်အများကြီးမှာ သုံးရတာလောက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အခုဆို ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကလည်း လက်ပ်တော့ ကွန်ပျူတာ တလုံးနီးပါး ရှိနေပြီဆိုတော့ ယခုဒီဇိုင်းက လက်ပ်တော့တွေ နေရာမှာ အစားထိုးနိုင်မယ့် အလားအလာ ရှိပါတယ်။

Samsung မူပိုင်ခွင့်ထဲမှာ ဖော်ပြထားတဲ့ ဒီဇိုင်းပုံတွေအရ ဖုန်းမှာ ဘာခလုတ်၊ ဘာအပေါက်မှ မပါရှိတာ တွေ့ရပါတယ်။ မရှိမဖြစ် အရေးကြီးတဲ့ ကင်မရာနဲ့ လက်ဗွေရာ ဆန်ဆာတွေလည်း မတွေ့ရပါဘူး။ ဒါ့အပြင် ဒီကိုယ်ထည် အချိုးအစားမှာ စခရင် ၃ ခုအတွက် လုံလောက်တဲ့ ဘက်ထရီကြီးကြီး ထည့်ဖို့အတွက်လည်း အခက်အခဲ ရှိနိုင်ပါတယ်။

ဖြစ်နိုင်တာကတော့ Samsung ဟာ ယခုပုံစံအတိုင်း တသွေမသိမ်း ထုတ်မယ့်အစား ဒီဆုံလည် စခရင်နည်းပညာသစ်ကို အနာဂတ် ဖုန်းအသစ်တွေမှာ ပေါင်းစပ် ထည့်သွင်းဖို့ စဉ်းစားနေပုံ ရပါတယ်။

လောလောဆယ်မှာတော့ Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်း Galaxy Fold ကိုတောင် အမှန်တကယ် ထုတ်လုပ် ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။ ဖုန်းမှာ ပြဿနာအချို့ ရှိနေတာကြောင့် စတင် ရောင်းချမယ့်ရက်ကို ရွှေ့ဆိုင်းထားရပါတယ်။

မကြာခင်ရက်ပိုင်းကတော့ Galaxy Fold ဖုန်းရဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ဖြစ်တာကြောင့် လာမယ့် စက်တင်ဘာမှ စရောင်းတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ရက်အတိအကျတော့ မသိရသေးပါဘူး။

You may also like these stories:

Ref: Gimochina, iGyann

အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာတွေကြောင့် Samsung တရားစွဲခံရ

Samsung Galaxy Note 10 ကို သြဂုတ်လ ၇ ရက်နေ့ မိတ်ဆက်မည်

Infinity-O Display အသုံးပြုထားတဲ့ Samsung Galaxy M40 ထွက်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading