IT

တရုတ်နိုင်ငံက Meizu အရောင်းဆိုင် အများအပြားကို ပိတ်သိမ်း

Want create site? Find Free WordPress Themes and plugins.

Meizu ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှဈေးကွက်မှာ နာမည်ရပြီးသား ဖုန်းကုမ္ပဏီတခု ဖြစ်ပါတယ်။ စမတ်ဖုန်း မော်ဒယ်အသစ်တွေကို ပုံမှန် မိတ်ဆက်ပေးနေသလို၊ ပထမဆုံး 5G ဖုန်းကိုလည်း ရှေ့နှစ်အတွင်း ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေကတော့ တော်တော်လေး ဆိုးရွားနေပြီး၊ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေရပါပြီ။

တရုတ်ပြည်တွင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ Meizu ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားကို ထပ်မံ လျှော့ချပစ်ခဲ့တယ်လို့ သိရပါတယ်။ မားကတ်တင်းဌာနကို အများဆုံး လျှော့ချခဲ့တာ ဖြစ်ကြောင်း ကုမ္ပဏီအတွင်းလူတွေက တရုတ်သတင်း မီဒီယာတခုကို ပြောကြားခဲ့ပါတယ်။ ဒီနှစ်ထဲမှာတင် ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချပစ်ခဲ့ပြီး၊ အခုဆို ဝန်ထမ်း တထောင်ခန့်သာ ကျန်ပါတော့တယ်။

အဓိက အင်ဂျင်နီယာ Hong Hansheng နဲ့ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ၊ ဒု-ဥက္ကဋ္ဌ Li Nan တို့လည်း ဒီလထဲမှာ ကုမ္ပဏီကနေ နှုတ်ထွက်သွားခဲ့ပါပြီ။

Meizu ဟာ Huawei ရဲ့ ပြိုင်ဘက်ဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပြီး၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း အရောင်းဆိုင် အများအပြား တိုးချဲ့ဖွင့်လှစ်ဖို့ အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အဆိုပါ အရောင်းဆိုင် အများအပြားကို ပိတ်သိမ်းလိုက်ရပါပြီ။

၂၀၁၆ ခုနှစ် ကုမ္ပဏီ အထွတ်အထိပ်ရောက်ချိန်မှာ အရောင်းဆိုင် ၂,၇၀၀ ကျော် ရှိခဲ့ပေမယ့်၊ အခုတော့ တရုတ်ပြည်နယ် တခုစီမှာ ၅ ဆိုင် ၆ ဆိုင်လောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် Website မှာလည်း တကမ္ဘာလုံး အရောင်းဆိုင် ၆၀၀ သာ ရှိတော့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ အရောင်းဆိုင် ၂,၀၀၀ ကျော်လောက် ပိတ်လိုက်ရပါပြီ။ ကုမ္ပဏီလုံးဝ မပြိုလဲသွားဖို့အတွက် တရုတ်အစိုးရကပါ ငွေကြေး ထောက်ပံ့ပေးထားရတယ်လို့ သိရပါတယ်။

Meizu ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ လက်ရှိ CEO ရာထူးယူထားတဲ့ Bai Yongxiang နဲ့ Li Nan တို့က ပူးတွဲ တည်ထောင်ခဲ့တာပါ။ MP3 သီချင်းဖွင့်စက်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ စတင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်မှာတော့ ဖုန်းတွေ ပြောင်းထုတ်ခဲ့ပါတယ်။ နောက်ပိုင်း ထုတ်ကုန်မျိုးစုံ ထုတ်နေပေမယ့် စမတ်ဖုန်းတွေကတော့ ကုမ္ပဏီရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

Ref: Gizmo China, GSM Arena, Meizu, Forbes

You may also like these stories:

ဈေးနှုန်းချိုသာတဲ့ အရည်အသွေးမြင့် ဖုန်းတလုံးကို Meizu မိတ်ဆက်

မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Meizu 16X ကို မိတ်ဆက်

In-Display Fingerprint Sensor ပါဝင်တဲ့ Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading