IT

Huawei ရဲ့ ကိုယ်ပိုင် HarmonyOS အသုံးပြုထားတဲ့ "Honor Vision" စမတ်တီဗီ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2019 Developer Conference ပွဲမှာ Huawei က “Honor Vision” ဆိုတဲ့ စမတ်တီဗီ တလုံးကို ထုတ်ဖော် ပြသလိုက်ပါတယ်။

Huawei ရဲ့ ပထမဆုံး စမတ်တီဗီ ဖြစ်သလို၊ အရင်တရက်က မိတ်ဆက်ပေးခဲ့တဲ့ ကိုယ်ပိုင် HarmonyOS အသုံးပြုထားတဲ့ ပထမဆုံး ထုတ်ကုန်လည်း ဖြစ်ပါတယ်။

“Honor Vision” စမတ်တီဗီကို Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor ကနေ ထုတ်လုပ် ရောင်းချသွားမှာပါ။ ဒီတီဗီမှာ ကုမ္ပဏီရဲ့ မျိုးဆက်သစ် Honghu 818 Intelligent Display Chipset ကို အသုံးပြုထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ Octa-core Honghu 818 ဟာ ပြိုင်ဘက်တွေထက် တဆင့်သာလွန်တဲ့ Chipset အသစ်ဖြစ်ပြီး၊ ပုံရိပ်ဖော်မှုနဲ့ အသံစေခိုင်းမှုတွေကို တပြိုင်တည်း တွက်ချက် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၅၅ လက်မ 4K HDR မျက်နှာပြင်ကို အသုံးပြုထားပြီး၊ စမတ်ဖုန်းတွေအတိုင်း မျက်နှာပြင်ဘေးဘောင်တွေ သေးငယ်တဲ့ “Full-View” မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ သတ္တု ကိုယ်ထည်ဖရိန်က ဝ ဒဿမ၂၇ လက်မသာ ရှိပြီး၊ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၄ ရာခိုင်နှုန်း အထိ ရှိမှာပါ။ TUV Rheinland Eye Comfort Mode ပါဝင်တာကြောင့် မျက်စိညောင်းညာကိုက်ခဲမှုကို လျော့ချပေးနိုင်ပါတယ်

တီဗီကို ခလုတ်ကနေ ဖွင့်မယ်ဆိုရင် ၁ စက္ကန့်အတွင်း၊ ရီမုဒ် ကွန်ထရိုးကနေဆိုရင် ၂ စက္ကန့်အတွင်း ဖွင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ Miracast ၊ DLNA အပြင် တချက်နှိပ်လိုက်ရုံနဲ့ ချိတ်ဆက်နိုင်တဲ့ NFC Pairing စနစ်မျိုးစုံ ထည့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ ဖုန်း ဒါမှမဟုတ် တက်ဘလက်နဲ့ စမတ်တီဗီကို အလွယ်တကူ ချိတ်ဆက်ကြည့်ရှုနိုင်မှာပါ။

Honor Vision စမတ်တီဗီကို ရုပ်သံလိုင်းတွေ ကြည့်ဖို့အပြင် သတင်း အချက်အလက်တွေ ကြည့်ဖို့နဲ့ အခြားစမတ်ပစ္စည်းတွေကို ထိန်းချုပ်မယ့် Display အဖြစ်ပါ စွယ်စုံ အသုံးပြုနိုင်မှာပါ။ သီချင်းနဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေကိုလည်း တီဗီကနေ တန်းဝယ်ကြည့်နိုင်တယ်လို့ သိရပါတယ်။ HarmonyOS မှာ ဘာ App တွေ ပါဝင်လာမလဲတော့ မသိရသေးပါဘူး။

Honor Vision ကို 2GB RAM နဲ့ 16GB Storage ပါဝင်တဲ့ ရိုးရိုးဗားရှင်းနဲ့ 32GB ပါဝင်တဲ့ Pro ဗားရှင်းဆိုပြီး ၂ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။ Pro မော်ဒယ်မှာ 10W စပီကာ ၆ လုံး ပါဝင်ပြီး၊ ရိုးရိုးမော်ဒယ်မှာတော့ 10W စပီကာ ၄ လုံး ပါဝင်ပါတယ်။

Huawei ရဲ့ Histen ပတ်လည် အသံပြေးနည်းပညာ၊ Hi-Res Wireless Audio အသံစနစ်တွေအပြင်၊ ရုပ်သံလိုင်းတခုကနေ တခု ပြောင်းချိန်မှာ အသံဆူညံမှု မဖြစ်စေဖို့အတွက် အသံချိန်ညှိပေးတဲ့ စနစ်တို့လည်း ထည့်သွင်းပေးထားပါတယ်။ မိုက်ခရိုဖုန်း ၆ လုံးတိတိ ပါရှိပြီး၊ ၅ မီတာ အကွာအဝေးအတွင်း တီဗီကို အသံနဲ့ ထိန်းချုပ်နိုင်မှာပါ။

တခြား စမတ်တီဗီတွေနဲ့ မတူတဲ့ ထူးခြားချက်တခုက Honor Vision စမတ်တီဗီမှာ Smart Pop-up AI Camera ပါဝင်လာတာပါ။ 1080p HD ပုံရိပ်တွေ ရိုက်ကူးပေးနိုင်ပြီး၊ AI နည်းပညာနဲ့ အသုံးပြုသူတွေနဲ့ ခန္ဓာကိုယ်၊ ပုံစံအနေအထား၊ မျက်နှာတွေကို သိရှိ ဖမ်းယူထားနိုင်ပါတယ်။ ဥပမာ ကလေးတယောက် တီဗီထိုင်ကြည့်နေပြီဆိုတာနဲ့ Blue Light အလင်းရောင် ထုတ်လွှတ်မှုကို အလိုအလျောက် လျော့ချပေးသွားမှာပါ။

Honor Vision စမတ်တီဗီကို သြဂုတ်လ ၁၅ ရက်မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ်ကို ၃,၇၉၉ ယွမ် (၅၄၀ ဒေါ်လာခန့်) နဲ့ Pro မော်ဒယ်ကို ၄,၇၉၉ ယွမ် (၆၈၀ ဒေါ်လာခန့်) သတ်မှတ်ထားပါတယ်။

Ref: Slash Gear, CNBC

You may also like these stories:

Huawei ရဲ့ ကိုယ်ပိုင် “HarmonyOS” ကို စတင် မိတ်ဆက်

PC အဖြစ် အသုံးပြုနိုင်တဲ့ Unbox Magic စမတ်တီဗီ စီးရီးအသစ်ကို Samsung မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading