• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Samsung Galaxy Note 10 ဖုန်းမှာ PC ဂိမ်းတွေ ကစားနိုင်မယ့် ဝန်ဆောင်မှုကို ရှေ့လ ထုတ်ပေးမည်

by Nigma
15 August 2019
in IT
A A
Samsung က "PlayGalaxy Link" ဆိုတဲ့ Game Streaming ဝန်ဆောင်မှုတခုကို ပြသသွားခဲ့ပါတယ်

Samsung က "PlayGalaxy Link" ဆိုတဲ့ Game Streaming ဝန်ဆောင်မှုတခုကို ပြသသွားခဲ့ပါတယ်

6.7k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့တပတ်က ကျင်းပခဲ့တဲ့ Galaxy Note 10 ဖုန်းမိတ်ဆက်ပွဲမှာ Samsung က “PlayGalaxy Link” ဆိုတဲ့ Game Streaming ဝန်ဆောင်မှုတခုကို ပြသသွားခဲ့ပါတယ်။ စင်ပေါ်မှာ အချိန်သိပ်မရတာကြောင့် အကြမ်းဖျဉ်းလောက်ပဲ မိတ်ဆက်ပေးခဲ့လို့ ဒီဝန်ဆောင်မှုအကြောင်း သိပ်မသိခဲ့ရပါဘူး။ ဒါပေမယ့် ယနေ့မှာတော့ Samsung က PlayGalaxy Link အကြောင်း ထပ်မံ သတင်းထုတ်ပြန်ပေးလိုက်ပါတယ်။

လက်ရှိ သိရသလောက်ကတော့ PlayGalaxy Link ဝန်ဆောင်မှုကို Galaxy Note 10 နဲ့ Note 10+ ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာပါ။ Windows 10 ကွန်ပျူတာပေါ်က PC ဂိမ်းတွေကို Note 10 ဖုန်းမှာ တိုက်ရိုက်လွှင့်ကစားနိုင်မယ့် Game Streaming နည်းပညာတခု ဖြစ်ပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
276
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

New York အခြေစိုက် Cloud Gaming ကုမ္ပဏီ Parsec ရဲ့ နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုအတွက် ပိုက်ဆံထပ်ပေးစရာမလိုဘဲ Note 10 ဖုန်းရှိရုံနဲ့ အခမဲ့ ဆော့ကစားနိုင်ပါတယ်။

PlayGalaxy Link ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး Android နဲ့ Windows 10 မှာ သီးသန့် App တခုစီ Download လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတာနဲ့ PC ပေါ်က ဂိမ်းတွေကို Note 10 ဖုန်းမှာ တိုကရိုက် Streaming ဆော့ကစားနိုင်ပါပြီ။ App နဲ့ ချိတ်ဆက်မှာ ဖြစ်တာကြောင့် Wi-Fi ကွန်ရက် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ချိတ်ဆက်ဆော့ကစားနိုင်ပါတယ်။ Microsoft က Xbox အတွက် လုပ်ပေးထားတဲ့ Feature ပုံစံမျိုး ဖြစ်ပါတယ်။

Samsung Korea က တင်ထားတဲ့ ဗီဒီယိုအရ Samsung Odyssey Gaming Laptop ထဲက ဂိမ်းကို လက်ကိုင်ခလုတ်ထည့်ထားတဲ့ Note 10 ဖုန်းမှာ လွယ်ကူစွာ ဆော့ပြထားတာ တွေ့ရပါတယ်။ ကွန်ပျူတာမှာ အကောင့်ဝင်ပြီးတာနဲ့ PlayGalaxy Link App ကနေတဆင့် Note 10 ဖုန်းမှာ တိုက်ရိုက် ချိတ်ဆော့ရုံပါပဲ။ PC နဲ့ ဖုန်းအကြား ထစ်ငေါ့ခြင်းမရှိဘဲ အဆင်ပြေချောမွေ့စွာ ကစားနိုင်မယ်လို့ ယူဆရပါတယ်။

Samsung ဟာ Mobile Gaming ကို ဟိုးအရင်နှစ်တွေကတည်းက အားစိုက်လုပ်ဆောင်ပေးနေတဲ့ ဖုန်းကုမ္ပဏီတခုပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Epic Games နဲ့ ပူးပေါင်းပြီး Fortnite ဂိမ်းကို Samsung Galaxy ဖုန်းတွေမှာ ဦးဦးဖျားဖျား ဆော့နိုင်အောင် လုပ်ပေးခဲ့ပါသေးတယ်။ အခုဆို Apple ၊ Google စတဲ့ ပြိုင်ဘက်ဖုန်းကုမ္ပဏီတွေကလည်း ကိုယ်ပိုင် Game ဝန်ဆောင်မှုတွေ မိတ်ဆက်လာပြီ ဖြစ်တာကြောင့် Samsung ကလည်း အားကျမခံ Game Streaming တခု ထုတ်ပေးလိုက်တာပါ။

PlayGalaxy Link နဲ့ Google Stadia မှာ အဓိကကွာခြားချက်တခုကတော့ Samsung ရဲ့ ဝန်ဆောင်မှုမှာ ကိုယ့်ကွန်ပျူတာထဲ ထည့်ထားတဲ့ ဂိမ်းတွေကိုပဲ Stream ဆော့ကစားနိုင်တာ ဖြစ်ပါတယ်။ PC မှာ ဝယ်ထားပြီးသား Games တွေကိုပဲ ဖုန်းမှာ ပြန်ဆော့နိုင်မှာပါ။ ပြီးတော့ Google လို ကိုယ်ပိုင်ခလုတ်နဲ့ မဟုတ်ဘဲ အပြင်ကုမ္ပဏီ Glap က ထုတ်ပေးထားတဲ့ ဂိမ်းခလုတ်နဲ့ အဓိကဆော့ရမှာ ဖြစ်ပါတယ်။ PlayGalaxy Link ထွက်ရှိပြီး တလအကြာ၊ အောက်တိုဘာလမှာ Google Stadia ထွက်လာမှာ ဖြစ်ပါတယ်။

Ref: Tech Crunch, Android Authority

You may also like these stories:

မျိုးဆက်သစ် Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို Samsung မိတ်ဆက်

ဈေးနှုန်းချိုသာတဲ့ Samsung Galaxy A10s ဖုန်းမော်ဒယ်သစ် ထွက်ရှိ

4G ဆင်းမ်ကတ် ထည့်သုံးနိုင်တဲ့ Samsung Galaxy Book S ကို မိတ်ဆက် ပြသ

Your Thoughts …
Tags: Galaxy Note 10PC ဂိမ်းSamsung
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Samsung Galaxy Note 7 မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

၆ လ အရစ်ကျ အတိုးမဲ့ ၀ယ်ယူနိုင်မယ့် Galaxy Note 7

by သီဟတိုး
4 August 2016
830

Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊...

Next Post
အမေရိကန် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Bella Throne

ညစ်ညမ်းရုပ်ရှင်မှာ ဒါရိုက်တာ လုပ်ဦးမယ့် သရုပ်ဆောင် Bella Throne

မိုရီဆာကီဝင်းနဲ့ နေခြည်ဦး  / ချစ်ပိုး / ဧရာဝတီ

“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate