Vivo က ဖုန်းမော်ဒယ်အဟောင်းတွေကို မမ်မိုရီ ထပ်တိုးနိုင်တဲ့ အစီအစဉ်တခုကို မိတ်ဆက်ပေးပြီးနောက် မှာ ပြိုင်ဘက် တရုတ်ဖုန်းကုမ္ပဏီ Meizu ကလည်း အလားတူ အစီအစဉ် သစ်တမျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။
Meizu ဟာ ဒီဝန်ဆောင်မှုကို ပြီးခဲ့တဲ့ မေလမှာ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ပြီး၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ပြန်လည် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်က ဖုန်းမော်ဒယ် ၁၂ မျိုးပဲ ရပေမယ့် ယခု အစီအစဉ်အသစ်မှာတော့ Meizu ဖုန်းမော်ဒယ် အကုန်နီးပါး ပါဝင်လာပါတယ်။
Meizu ဖုန်းကိုင်သူတွေအနေနဲ့ ဖုန်းမော်ဒယ်အဟောင်းတွေမှာ မမ်မိုရီ (Storage) ထပ်တိုးချင်ရင် ဒါမှမဟုတ် မားသားဘုတ် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ချင်တယ်ဆိုရင် Meizu ဆားဗစ်စင်တာ သွားပေးရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းက မည်သည့် Meizu အသိအမှတ်ပြု ဆားဗစ်စင်တာမှာမဆို လုပ်ဆောင်နိုင်ပါတယ်။
မမ်မိုရီတိုးမယ်ဆိုရင် Storage နဲ့ ဖုန်းမော်ဒယ်အလိုက် အနည်းဆုံး ၂၈ ဒေါ်လာကနေ အများဆုံး ၁၁၄ ဒေါ်လာအထိ ကျသင့်ပါလိမ့်မယ်။ မားသားဘုတ် ပြင်မယ်ဆိုရင်တော့ ၄၃ ဒေါ်လာကနေ ၈၅ ဒေါ်လာလောက်အထိ ပေးရမှာပါ။ ဒီဝန်ဆောင်မှု ယူလိုက်ပေမယ့် ပုံမှန် အာမခံသက်တမ်း ပျက်သွားမှာ မဟုတ်ပါဘူး။ ယခုအစီအစဉ်သစ်မှာ အောက်ဖော်ပြပါ Meizu ဖုန်းမော်ဒယ်အားလုံး ပါဝင်ပါတယ်။
Meizu ဟာ ယခု မမ်မိုရီတိုးတဲ့ အစီအစဉ်ကို လစဉ် လုပ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တရုတ်နိုင်ငံမှာပဲ ရဦးမှာပါ။
Ref: Gizmochina, My Driver
You may also like these stories:
တရုတ်နိုင်ငံက Meizu အရောင်းဆိုင် အများအပြားကို ပိတ်သိမ်း
ဈေးနှုန်းချိုသာတဲ့ အရည်အသွေးမြင့် ဖုန်းတလုံးကို Meizu မိတ်ဆက်
မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Meizu 16X ကို မိတ်ဆက်