၂၀၁၅-၂၀၁၇ ခုနှစ်ထုတ် MacBook Pro တွေဟာ အရွယ်အစားအားဖြင့် ၁၅ လက်မသာ ရှိပါတယ်။ ပြန်လည် သိမ်းဆည်းခံနေရတဲ့ အဲဒီ MacBook Pro တွေဟာ လီသီယမ် (Lithium) ဘက်ထရီကို အသုံးပြုထားတဲ့အတွက် အပူနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။
“ထိုင်းနိုင်ငံက နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာကနေ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြန့်ဖြူးရောင်းချခဲ့တဲ့ MacBook Pro တွေယူဆောင်ပြီး ခရီးသွားခွင့်ပြုမှာ မဟုတ်တော့ဘူး”လို့ လေကြောင်းအန္တရာယ် ဘေးကင်းလုံခြုံရေးဌာနမှ ဒုတိယဥက္ကဋ္ဌ Prathana Pattanasiri က သြဂုတ်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂလေကြောင်းဆိုင်ရာ လုံခြုံရေးအေဂျင်စီက Apple အမျိုးအစားဖြစ်တဲ့ ၂၀၁၅ -၂၀၁၇ ခုနှစ်ထုတ် MacBook Pro တွေကို လေကြောင်းလိုင်း လုံခြုံရေးမူဝါဒအရ တားမြစ်မှုတွေ လုပ်ပြီးနောက်ပိုင်း ထိုင်းလေကြောင်းလိုင်းတွေကလည်း အဲဒီအမျိုးအစား MacBook Pro တွေကို တားမြစ်ခဲ့ပါတယ်။
အဆိုပါ MacBook Pro တွေဟာ ဘက်ထရီ အပူချိန်ကြောင့် မီးလောင်နိုင်ပါတယ်။ ဒါကြောင့်လည်း ဥရောပသမဂ္ဂနိုင်ငံတွေက သူတို့လေကြောင်းလိုင်း အားလုံးမှာ ၂၀၁၅ စက်တင်ဘာလကနေ ၂၀၁၇ ဖေဖော်ဝါရီလအတွင်းက ထုတ်ခဲ့တဲ့ Macbook Pro ယူဆောင်ခွင့် တားမြစ်ရတာပါ။
ဥရောပသမဂ္ဂလေကြောင်းလိုင်းနဲ့ ထိုင်းလေကြောင်းလိုင်းတွေကသာ ၂၀၁၅-၂၀၁၇ ထုတ် MacBook Pro ကို တားမြစ်ထားတာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အေဂျင်စီဖြစ်တဲ့ FAA ကလည်း အဲဒီအမျိုးအစားကို လေယာဉ်ပေါ် ယူဆောင်ခွင့် ပိတ်ပင်ထားပါတယ်။
မြောက်အမေရိကမှာတင် အဲဒီ MacBook Pro အမျိုးအစားကို အသုံးပြုနေသူက သန်းဝက်လောက် ရှိပြီး အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေမှာ ဘယ်လောက် သုံးစွဲနေတယ်ဆိုတာကိုတော့ မသိရပါဘူး။
Ref. Bangkokpost, Pocket-lint
You may also like these stories:
Retina Display နဲ့ Touch ID ပါ MacBook Air အသစ်ထွက်ရှိ
၁၆ လက်မ ဘောင်မဲ့ မျက်နှာပြင် ပါဝင်တဲ့ Honor MagicBook Pro ထွက်ရှိ
ဒီဇိုင်း ပုံစံအသစ်နဲ့ Notebook 7 ကို Samsung မိတ်ဆက်
ဟောင်ကောင်လေဆိပ် ပြန်ဖွင့်၊ လေကြောင်းလိုင်းတချို့ ပျံသန်း