OPPO ရဲ့ အမှတ်တံဆိပ်ခွဲ တခုဖြစ်တဲ့ Realme က မျိုးဆက်သစ် “Realme 5” စမတ်ဖုန်းတွေကို သြဂုတ်လ ၂၀ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ Realme 5 နဲ့ Realme 5 Pro ဆိုပြီး မော်ဒယ် ၂ မျိုး ထုတ်လုပ်သွားမှာပါ။ ကျောကင်မရာ ၄ လုံးအထိ ပါဝင်လာသလို စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာပါတယ်။ အရင် Realme ဖုန်းတွေလိုပဲ ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ။
Realme 5 နဲ့ Realme 5 Pro မှာ ထုံးစံအတိုင်း “Pro” မော်ဒယ်ကတော့ စွမ်းဆောင်ရည်ပိုကောင်းမှာပါ။ Snapdragon 712 Chipset သုံးပေးထားပြီး၊ 4,050mAh ဘက်ထရီ၊ 6.3-inch 1080p LCD စခရင်နဲ့ ဖြစ်ပါတယ်။ ရေစက်ပုံစံ Notch အတွင်းမှာတော့ 16MP ရှေ့ကင်မရာတလုံး ထည့်သွင်းပေးထားပါတယ်။
အမြင့်ဆုံး 8GB RAM နဲ့ 256GB Storage အထိ ရရှိမှာ ဖြစ်ပါတယ်။ USB-C အပေါက်ကနေ VOOC 3.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ နားကြပ်ပေါက်နဲ့ microSD ကတ်ပေါက်တို့လည်း အစဉ်အလာမပျက် ပါဝင်လာပါတယ်။
ဈေးနှုန်းသင့်တဲ့ ဖုန်းဖြစ်ပေမယ့် ထူးထူးခြားခြား ကျောကင်မရာ ၄ လုံးတိတိ ပါဝင်လာပါတယ်။ အဓိက ကင်မရာက 48-megapixel Sony IMX586 ဆန်ဆာနဲ့ ဖြစ်ပါတယ်။ ကျန် ၃ လုံးကတော့ မြင်ကွင်းကျယ် 8-megapixel ကင်မရာ၊ 2-megaxpixel Depth ကင်မရာနဲ့ အနီးကပ်ရိုက်ချက်တွေအတွက် 2-megapixel macro ကင်မရာတို့ ဖြစ်ပါတယ်။
ရိုးရိုး Realme 5 မှာတော့ ၆ ဒဿမ ၅ လက်မ LCD Display သုံးပေးထားတာကြောင့် Pro မော်ဒယ်ထက် စခရင်အရွယ်အစား ပိုကြီးသွားမှာပါ။ ဒါပေမဲ့ ရုပ်ထွက်အရည်အသွေးကိုတော့ 720p HD+ အဖြစ် လျော့ချပေးထားပါတယ်။ စခရင် ပိုကြီးတာကြောင့် ဘက်ထရီကိုလည်း ပိုမိုကြီးမားတဲ့ 5,000mAh ဘက်ထရီ သုံးပေးထားပါတယ်။ စိတ်မကောင်းစရာ တချက်ကတော့ microUSB အပေါက်နဲ့ ဖြစ်သွားတာပါ။ microSD ကတ်အပေါက်နဲ့ နားကြပ်ပေါက်တော့ ပါဝင်လာပါသေးတယ်။
Snapdragon 665 Chipset နဲ့ ဖြစ်တာကြောင့် Pro မော်ဒယ်ထက် အနည်းငယ် စွမ်းဆောင်ရည်နိမ့်မှာပါ။ 4GB RAm နဲ့ 128GB Storage အထိ ရရှိမှာ ဖြစ်ပါတယ်။ Realme 5 မှာလည်း ကျောကင်မရာ ၄ လုံးပဲ ဖြစ်ပေမယ့် အဓိကဆန်ဆာက 12-megapixel ဆန်ဆာ ဖြစ်သွားပါတယ်။ ထို့အတူ ရှေ့ကင်မရာကိုလည်း 13-megapixel ဆန်ဆာအဖြစ် လျှော့ချထားပါတယ်။
ဈေးကွက်တွင်းက တခြား Realme ဖုန်းတွေလိုပဲ Realme 5 နဲ့ Realme 5 Pro ကိုလည်း ဟိုလိုဂရပ်ဖစ် စိန်ပွင့်သဏ္ဍာန်ဒီဇိုင်း ဖော်ထားတဲ့ ကျောကာဗာနဲ့ အရောင်အသွေးစုံ ထုတ်လုပ်ရောင်းချသွားမှာပါ။ ရေစက်ဖိတ်စင်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ပထမဆုံး Realme ဖုန်းတွေ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ IP အဆင့် သတ်မှတ်ချက်တော့ မပါလာပါဘူး။
Realme 5 နဲ့ Realme 5 Pro တို့ကို အိန္ဒိယဈေးကွက်မှာ ဦးဆုံး ရောင်းချသွားမယ်လို့ သိရပါတယ်။ Realme 5 ကို အနိမ့်ဆုံး ၁၄၀ ဒေါ်လာခန့်၊ Realme 5 Pro ကို အနိမ့်ဆုံး ၁၉၅ ဒေါ်လာခန့် သတ်မှတ်ထားပါတယ်။ ရိုးရိုးမော်ဒယ်ကို သြဂုတ်လ ၂၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ကာ Pro မော်ဒယ်ကိုတော့ စက်တင်ဘာလ ၄ ရက်နေ့ကျမှ ရောင်းချသွားမှာပါ။
Ref: The Verge, GSM Arena
You may also like these stories:
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ
Huawei က Nova 5 Series အသစ်ကို မိတ်ဆက်
ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Xiaomi Mi 9 စမတ်ဖုန်း ထွက်ရှိ