IT

ဒရုန်းများတွင် လက်နက် မတပ်ဆင်ရန် အမေရိကန်အစိုးရ သတိပေးချက် ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ဒရုန်းလို့ခေါ်တဲ့ အဝေးထိန်း မောင်းသူမဲ့ လေယာဉ်တွေမှာ လက်နက် မတပ်ဆင်ကြဖို့ အမေရိကန်အစိုးရလေကြောင်း အာဏာပိုင်အဖွဲ့ (FAA – Federal Aviation Administration) က တားမြစ်လိုက်ပါတယ်။

ဒရုန်းတွေမှာ လက်နက် တပ်ပြီး ပျံသန်းမောင်းနှင်တာဟာ အန္တရာယ်များပြီး အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်တခု ဖြစ်သလို၊ ဥပဒေ ချိုးဖောက်မှု မြောက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ FAA ရဲ့ သတိပေးချက်မှာ ဖော်ပြထားတာပါ။

“အသက်သေစေနိုင်ပြီး၊ ဆိုးရွားစွာ ခန္ဓာကိုယ် ထိခိုက်နာကျင်စေနိုင်တဲ့ မည်သည့်ပစ္စည်းမျိုးကို မဆို” အန္တရာယ်ရှိ လက်နက်ပစ္စည်း အဖြစ် သတ်မှတ်နိုင်တယ်လို့ ပြောကြားထားပါတယ်။

“သေနတ်၊ ဗုံး၊ မီးရှူးမီးပန်း၊ မီးသေနတ်နဲ့ အခြားအန္တရာယ်ရှိပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုန်း ပုံတွေ၊ ဗီဒီယိုတွေကို အွန်လိုင်းမှာ မြင်ဖူးကြမှာပါ။ ဒီလို လက်နက်ပစ္စည်းတွေကို ဒရုန်းမှာ တပ်ဖို့ အတွေးမရောက်ပါနဲ့။ ဒရုန်းတစီးမှာ အထက်ပါ အန္တရာယ်ရှိပစ္စည်းတွေ တပ်ဆင်ထားတာက အခြား လူတယောက်ကို ဘေးဖြစ်စေနိုင်သလို၊ သင့် ဘဏ်အကောင့်ကိုလည်း ထိခိုက်နိုင်ပါတယ်” လို့ FAA က ရေးသားထားပါတယ်။

အကယ်၍ FAA ထံက အထူးခွင့်ပြုချက် မရဘဲ ဒရုန်းမှာ လက်နက် တစုံတရာ တပ်ဆင် ပျံသန်းနေကြောင်း စစ်ဆေးတွေ့ရှိပါက အမြင့်ဆုံးဒဏ်ကြေး ဒေါ်လာ ၂ သောင်းခွဲအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒရုန်းဆိုတာ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကမှ စတင်ပေါ်ပေါက်လာတဲ့ နည်းပညာတခု ဖြစ်ပေမယ့် ယခုအချိန်မှာတော့ မည်သူမဆို ဒရုန်းတစီးကို ဈေး သက်သက်သာသာနဲ့ ဝယ်နိုင်နေပါပြီ။ သေနတ်၊ မီးမှုတ်သေနတ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အဆင်သင့် တပ်ဆင်ထားတဲ့ ဒရုန်းတွေကို အွန်လိုင်းကနေ အလွယ်တကူ ဝယ်လို့ ရနေတာလည်း နှစ်အတော်ကြာခဲ့ပါပြီ။

အထူးသဖြင့် အမေရိကန်နိုင်ငံတွင်းမှာ ဒရုန်းကို လက်နက်တပ်ဆင်ပြီး မောင်းနှင်ပျံသန်းနေကြသူတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို ဖောက်ခွဲရေးပစ္စည်းတွေ ပတ်ချည်ထားတဲ့ ဒရုန်းနှစ်စီးနဲ့ လုပ်ကြံတိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီးမှာတော့ FAA ဘက်က ဒရုန်းတွေကို စတင် စည်းကမ်းတင်းကြပ်လာတာ ဖြစ်ပါတယ်။

အရင်က ဒရုန်း ID အချက်အလက်ကို ဘက်ထရီ ကိုယ်ထည်အတွင်းမှာပဲ တပ်ဆင်ဖို့ ခွင့်ပြုထားခဲ့ပေမယ့် အခုဆို ဒရုန်းတိုင်းရဲ့ အပြင်ကိုယ်ထည်မှာ လိုင်စင် နံပါတ်ပြား အသေးတခု တပ်ဆင်ထားဖို့လည်း FAA က ညွှန်ကြားထားပါတယ်။

Ref: The Verge, PC Mag

You may also like these stories:

DJI ဒရုန်းအသစ်တွေမှာ လေယာဉ် နီးကပ်လာရင် သတိပေးမယ့် ဆန်ဆာများ ပါဝင်လာမည်

တရုတ်နိုင်ငံထုတ် ဒရုန်းတွေက သတင်းအချက်အလက် ခိုးယူနေကြောင်း အမေရိကန်အစိုးရ သတိပေး

ဘန်ကောက်တွင် မီးခိုးမြူများ လျော့ပါးသွားရန် ဒရုန်းများဖြင့် ရေ ပက်ဖျန်း

ဗန်နူအာတူ ကျွန်းစုတွင် ဒရုန်းဖြင့် ကာကွယ်ဆေးများ စမ်းသပ် ပို့ဆောင်

Did you find apk for android? You can find new Free Android Games and apps.
Loading