• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Galaxy A စီးရီးရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို Samsung မိတ်ဆက်

by Nigma
4 September 2019
in IT
A A
Samsung က မိတ်ဆက်လိုက်တဲ့ "Galaxy A90 5G" စမတ်ဖုန်း

Samsung က မိတ်ဆက်လိုက်တဲ့ "Galaxy A90 5G" စမတ်ဖုန်း

5.4k
VIEWS
Share on FacebookShare on Twitter

5G ကွန်ရက်သစ် စတင်ပေါ်ထွက်လာတာနဲ့အတူ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေလည်း ဆက်တိုက် ထွက်လာပါပြီ။ ဒါပေမဲ့ လက်ရှိ ထုတ်ထားတဲ့ 5G ဖုန်း အများစုက မော်ဒယ်မြင့်၊ တန်ဖိုးကြီးဖုန်းတွေပါ။ ဈေးနှုန်းသင့်တင့်တဲ့ မော်ဒယ်လတ် 5G ဖုန်းရယ်လို့ မရှိသေးချိန်မှာ Samsung က ပထမဆုံးအနေနဲ့ Mid-range 5G ဖုန်းတလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ “Galaxy A90 5G” လို့ နာမည် ပေးထားပါတယ်။

Galaxy A90 5G ဟာ Galaxy A စီးရီးရဲ့ ပထမဆုံး 5G ဖုန်းဖြစ်သလို၊ Samsung DeX အသုံးပြုနိုင်တဲ့ ပထမဆုံး A စီးရီး ဖုန်းလည်း ဖြစ်ပါတယ်။ Samsung Dex ဆိုတာက ဖုန်းကို မော်နီတာ ဒါမှမဟုတ် ကွန်ပျူတာ စခရင်ကြီးကြီးမှာ ချိတ်ဆက် အသုံးပြုနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
315
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
260
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
349

ဒီဇိုင်းအနေနဲ့လည်း Galaxy A90 5G ဖုန်းဟာ တခြား A စီးရီးဖုန်းတွေနဲ့ တော်တော်လေး ကွာသွားပါတယ်။ ကျောဘက်မှာ အပေါ်ခြမ်းနဲ့ အောက်ခြမ်းကို နှစ်ရောင် စပ်ထားပြီး၊ အပေါ်ဘက်က အရောင်ပြေး ဒီဇိုင်းနဲ့ပါ။ အောက်ခြမ်းကတော့ ရိုးရိုးအရောင်နဲ့ ဖြစ်ပါတယ်။

 

Galaxy A90 5G ဟာ Samsung ရဲ့ မော်ဒယ်လတ် A စီးရီးထဲက ဖြစ်ပေမယ့် စွမ်းဆောင်ရည်အားဖြင့် မော်ဒယ်မြင့် ဖုန်းတလုံးလို့ ခေါ်ဆိုနိုင်ပါတယ်။ Snapdragon 855 Chipset ကို အသုံးပြုထားပြီး၊ အမြင့်ဆုံး 8GB RAM နဲ့ 128GB Storage အထိ ပါဝင်မှာပါ။ microSD ကတ်လည်း 512GB အထိ ထပ်စိုက်နိုင်ပါတယ်။

 

မျက်နှာပြင်ကိုလည်း ၆ ဒဿမ ၇ လက်မအရွယ်ရှိတဲ့ Super AMOLED Full HD Display သုံးပေးထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာစနစ်နဲ့ မျက်နှာဖတ်သားမှု နည်းပညာတွေလည်း ပါလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောကင်မရာကလည်း အရည်အသွေးမြင့် ကင်မရာ ၃ လုံးနဲ့ ဖြစ်ပါတယ်။ 48MP အဓိက ကင်မရာ ၁ လုံး၊ 8MP မြင်ကွင်းကျယ် ကင်မရာ ၁ လုံးနဲ့ 5MP Depth ဆန်ဆာတို့ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်က ရေစက်ပုံစံ Notch အတွင်းမှာတော့ 32MP ရှေ့ကင်မရာ ၁ လုံးကို တွေ့မြင်ရမှာပါ။

ကြီးမားတဲ့ 4,500mAh ဘက်ထရီကို သုံးပေးထားသလို၊ 25W အားအမြန်သွင်းစနစ်လည်း ပါဝင်လာပါတယ်။ Android 9 Pie စနစ်အခြေခံ One UI နဲ့ပဲ ထွက်ရှိလာမှာပါ။ Samsung ဟာ Galaxy A90 5G ဖုန်းကို တောင်ကိုရီးယားနိုင်ငံမှာ ယနေ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

ကုမ္ပဏီဘက်က ဈေးနှုန်း တရားဝင် မကြေညာသေးပေမယ့် တောင်ကိုရီးယား သတင်းမီဒီယာ Yonhap က ကိုရီးယားဝမ် ၉ သိန်း (မြန်မာငွေ ၁၁ သိန်းကျော်) ကျသင့်မယ်လို့ ရေးသားထားပါတယ်။ Galaxy S10 5G နဲ့ Galaxy Note 10 5G တို့ပြီးနောက် Samsung ရဲ့ တတိယမြောက် 5G ဖုန်း ဖြစ်ပါတယ်။

Ref: Gadgets NDTV, The Verge, Samsung

Your Thoughts …
Tags: 5G စမတ်ဖုန်းGalaxy A စီးရီးSamsung
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Screen နှစ်ခုပါဝင်တဲ့ Samsung ရဲ့ ခေါက်ဖုန်း

ကျပ် သိန်း ၃၀ ကျော်တန် Screen နှစ်ခုပါ ခေါက်ဖုန်းကို Samsung မိတ်ဆက်

by Nigma
11 November 2018
7k

ဒေါ်လာ ၂၇၀၀ (မြန်မာငွေ ကျပ် သိန်း ၃၀ကျော်) အထိ ပေးရမှာဖြစ်တာကြောင့် W2019 ဖုန်း ဝယ်ယူသူတိုင်းကို အထူးဝန်ဆောင်မှုတွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Next Post
အသင့်စား အစားအစာတွေဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်

နေ့စဉ် အသင့်စား အစာအစားတွေ စားခဲ့လို့ မျက်စိကွယ်ခဲ့ရတဲ့ ဆယ်ကျော်သက်တဦး

လက်ကို Scan ဖတ်ပြီး ငွေပေးချေနိုင်မယ့် စနစ်ကို Amazon က စမ်းသပ်နေပါတယ် 

လက်နဲ့ ငွေပေးချေနိုင်တဲ့ စနစ်ကို Amazon စမ်းသပ်လျက်ရှိ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate