ASUS ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ Gaming စမတ်ဖုန်းအသစ် “ROG Phone II” ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သာမန် စမတ်ဖုန်းတွေထက် ပိုမိုချော့မွေ့မြန်ဆန်တဲ့ 120Hz OLED Display၊ အကောင်းဆုံး Specs တွေ ပါဝင်တာကြောင့် နာမည်ကြီးခဲ့တဲ့ ဖုန်းတလုံးပါ။ ဒါပေမဲ့ ဒီနေ့ ကျင်းပခဲ့တဲ့ IFA 2019 ပွဲမှာတော့ မူလ ROG Phone II ထက် ပိုမိုအဆင့်မြင့်တဲ့ မော်ဒယ် အသစ်တလုံးကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။
အဓိက အဆင့်မြှင့်တင်မှုကတော့ Storage ကို ကွန်ပျူတာတလုံးစာ 1TB အထိ ထည့်ပေးလိုက်တာပါ။ 1TB UFS 3.0 Storage ပါဝင်တဲ့ ပထမဆုံး Android ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။ (Samsung Galaxy S10+ မှာလည်း 1TB ပါဝင်ပေမယ့် UFS 2.1 Storage အမျိုးအစားကို သုံးထားတာ ဖြစ်ပါတယ်။)
ဒါ့အပြင် ယခု ROG Phone II Ultimate Edition မှာ LTE ကွန်ရက်မြန်နှုန်းလည်း ပိုကောင်းလာပါတယ်။ Download မြန်နှုန်း 2Gbps အထိ ရနိုင်တဲ့ Cat 20 4G LTE ချိတ်ဆက်နိုင်မှု ပါဝင်လာမှာပါ။ ကျန်အချက်အလက်တွေကတော့ မူလ ROG Phone II နဲ့ သိပ်မကွာပါဘူး။
အရောင်တိကျစွာ ထုတ်ပေးနိုင်တဲ့ 6.59-inch 120Hz OLED HDR Display၊ Snapdragon 855 Plus Chipset အသစ်၊ သာမန် ဗားရှင်းထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ “အထူးထုတ်” Adreno 640 GPU၊ ကြီးမားတဲ့ 6,000mAh ဘက်ထရီ နဲ့ ‘Vapor Chamber’ အအေးခံစနစ်တွေ အားလုံး ပါဝင်မှာပါ။
DTS;X Ultra စပီကာ ၂ လုံးကို စခရင်ပေါ်မှာ ထည့်ပေးထားတာကြောင့် အကောင်းဆုံး အသံထွက်အရည်အသွေးကို ခံစားနိုင်မှာပါ။ ကျောဘက်မှာလည်း အရင်အတိုင်း 48MP အဓိက ကင်မရာနဲ့ 13MP မြင်ကွင်းကျယ်ကင်မရာတို့ကို သုံးပေးထားပါတယ်။
ASUS ROG Phone II Ultimate Edition ကို ASUS ဝဘ်ဆိုဒ်ကနေ ဒီနေ့ကစပြီး ကြိုတင် အော်ဒါမှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဆိုင်တွေကိုတော့ စက်တင်ဘာ ၂၀ မှ ရောက်လာမှာပါ။ Ultimate Edition အတွက် သီးသန့် Matte Black အရောင်လည်း ထွက်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ (ယူရို ၁,၁၉၉) ဆိုတော့ ရိုးရိုး ROG Phone II ထက် (ယူရို ၃၀၀) လောက် ပိုများပါတယ်။
Ref: The Verge, 9to5Google
You may also like these stories:
Samsung Galaxy Note 10 ဖုန်းမှာ PC ဂိမ်းတွေ ကစားနိုင်မယ့် ဝန်ဆောင်မှုကို ရှေ့လ ထုတ်ပေးမည်
Xiaomi ရဲ့ Mi Gaming Laptop 2019 မော်ဒယ်အသစ် ထွက်ရှိ
Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ
AMD နဲ့ Samsung တို့ ပူးပေါင်းကာ Radeon ဂရပ်ဖစ်ကို မိုဘိုင်းဖုန်းတွေဆီ ယူဆောင်လာမည်