IT

စမတ်ဖုန်းအတွင်း ထားဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိ Application များ

ဒီနေ့ခေတ်လို နည်းပညာခေတ်မှာ စမတ်ဖုန်း အသုံးပြုမှု များပြားလာတာနဲ့အမျှ ထည့်သွင်း အသုံးပြုမယ့် Application တွေရဲ့ အရေအတွက်ကလည်း တိုးပွားလာပါတယ်။ တချို့သော Application တွေက စမတ်ဖုန်းရဲ့ Memory ဒါမှမဟုတ် ဘက်ထရီကို မလိုအပ်ဘဲ အကုန်အကျ များစေသလို ပုဂ္ဂိုလ်ရေး အချက်အလက် ခိုးယူ သိမ်းဆည်းတာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ စမတ်ဖုန်းအတွင်း ထားရှိဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိ Application တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Free Games

ဂိမ်းတခု ဖန်တီး ထုတ်လုပ်တဲ့အခါ ငွေကြေး အမြောက်အများနဲ့ အချိန် အကန့်အသတ်တခု သုံးစွဲရတာဖြစ်ပါတယ်။ စမတ်ဖုန် းအသုံးပြုသူတွေအနေနဲ့ Game တခုကို Download လုပ် သုံးစွဲတော့မယ်ဆိုရင် တခြားအသုံးပြုသူတွေဆီက အကြံပြုချက်တွေ လေ့လာတာမျိုး ပြုလုပ်သင့်ပြီး Free Game တချို့ဟာ ဖုန်း Memory ပြည့်သွားစေတဲ့အပြင် ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ခိုးယူခံရတာတွေအထိ ဖြစ်ပွားနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

(၂) Fast Charge Apps

အားသွင်းတဲ့အခါ ဖုန်းအားဝင်မှုကို မြန်ဆန်စေရမယ်လို့ အာမခံထားတဲ့ Application တွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အဲဒီလို Application တော်တော်များများဟာ ဖုန်းရဲ့ Setting ကို ပြောင်းလဲဖို့ အသုံးပြုသူရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီး Allow ဒါမှမဟုတ် Accept နှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်း Screen ပိတ်ထားချိန်အထိ Ads (ကြော်ငြာတွေ) အများအပြား ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

(၃) Wi-Fi Apps

Wi-Fi Apps တွေဟာ Wi-Fi ရှိနေတဲ့နေရာတွေ ၊ Wi-Fi Keys တွေနဲ့ Password ခံထားတဲ့ Wi-Fi တွေကို ဖြတ်ကျော်နိုင်တယ်လို့ ဖော်ပြထားပေမယ့် တကယ်တမ်းမှာတော့ အသုံးပြုသူရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်နဲ့ Credit Card အချက်အလက်တွေကို ခိုးယူနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ဖော်ပြထားပါတယ်။

(၄) Location Trackers

ဒီ App အမျိုးအစားတွေကတော့ အသုံးပြုသူရဲ့ တည်နေရာကို အတိအကျ သိရှိနိုင်ပြီး ဖုန်းဘက်ထရီကို လိုတာထက် ပိုကုန်ကျစေနိုင်ပါတယ်။ အခု App အမျိုးအစားတွေထဲမှာ Delivery App တွေ၊ Pokemon Go လို ဂိမ်းမျိုးတွေနဲ့ တချို့ Social Media App တွေ ပါဝင်တပြီး အသုံးမလိုတဲ့ App တွေအတွက် Location Access ပေးထားတာတွေကို စိစစ် ဖယ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။

Ref. Brightside.me

You may also like these stories:

ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းရင်း ၅ ချက်

iOS, Mac နဲ့ Apple TV တွေကနေ ဆော့ကစားနိုင်မယ့် ဂိမ်းလစဉ်ကြေး ဝန်ဆောင်မှု Apple Arcade

MPT မှ အသစ် မိတ်ဆက်တဲ့ APPBOX မိုဘိုင်းဂိမ်း Application

မိဘတွေကို စာပြန်မှ ဖုန်း Unblock ဖြုတ်လို့ရမယ့် App ကို တီထွင်လိုက်တဲ့ ဖခင်

Loading