• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

တရုတ်နိုင်ငံမှာ “အွန်လိုင်းဂိမ်းများကို ညမဆော့ရ” အမိန့် ထုတ်ပြန်

by Nigma
6 November 2019
in IT
A A
လူငယ်တွေအတွက် "အွန်လိုင်းဂိမ်းများကို ညမဆော့ရ" အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လူငယ်တွေအတွက် "အွန်လိုင်းဂိမ်းများကို ညမဆော့ရ" အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

22.6k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှာ လူငယ်တွေ ဂိမ်းအလွန်အကျူး စွဲလမ်းမှုကို တိုက်ဖျက်ဖို့အတွက် အစိုးရက အွန်လိုင်းဂိမ်းတွေကို “ညမဆော့ရ” ကာဖြူးမိန့် ထုတ်ပြန်လိုက်ပါတယ်။

ယခု အမိန့်ကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူ လူငယ်အားလုံးကို ည ၁၀ နာရီ ကနေ မနက် ၈ နာရီအတွင်း အွန်လိုင်းဂိမ်းတွေ လုံးဝ ဆော့ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ရုံးဖွင့်ရက်တွေမှာလည်း အသက် မပြည့်သေးရင် တနေ့ကို အလွန်ဆုံး မိနစ် ၉၀ အထိပဲ ဆော့ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ပိတ်ရက်နဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာတော့ တနေ့ကို ၃ နာရီအထိ ဆော့ခွင့်ပေးထားပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
4
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
188
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
613

ဒါ့အပြင် ဆယ်ကျော်သက် လူငယ်တွေရဲ့ အွန်လိုင်းဂိမ်းအကောင့်ထံ ပိုက်ဆံ လွှဲပြောင်းနိုင်တဲ့ ပမာဏကိုလည်း အစိုးရက ကန့်သတ်ချက် ထုတ်လိုက်ပါတယ်။ အသက် ၈ နှစ်ကနေ အသက် ၁၆ နှစ်ကြား ဂိမ်မာတွေအနေနဲ့ တလကို ယွမ် ၂၀၀ (၂၉ ဒေါ်လာ) ပဲ ဖြည့်သွင်းနိုင်မှာ ဖြစ်ပြီး၊ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်ကြားဆိုရင်တော့ အများဆုံး ယွမ် ၄၀၀ (၅၇ ဒေါ်လာ) အထိ ဖြည့်သွင်းနိုင်မှာပါ။

ဘေဂျင်းအစိုးရရဲ့ တရားဝင် ထုတ်ပြန်လိုက်တဲ့ ယခု လမ်းညွှန်ချက် အသစ်တွေကို အရွယ် မရောက်သေးသူတွေသာမက တရုတ်နိုင်ငံမှာ ရှိတဲ့ အွန်လိုင်းဂိမ်း ပလက်ဖောင်းတိုင်းလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကမ္ဘာ့အကြီးဆုံး ဂိမ်းကုမ္ပဏီဖြစ်တဲ့ Tencent လည်း အပါအဝင်ပါ။

စည်းကမ်းချက်အတိုင်း လိုက်နာကြစေဖို့ ဆော့ကစားသူတွေကို အသက်အရွယ် အုပ်စုအလိုက် သတိပေးချက်တွေ သတ်မှတ်ပေးဖို့ကိုလည်း အစိုးရက အွန်လိုင်းဂိမ်း ကုမ္ပဏီတွေထံ တောင်းဆိုထားပါတယ်။ ဒါ့အပြင် အရွယ်မရောက်သေးသူတွေကို အဓိက ဦးတည်ထားတဲ့ ဂိမ်းတွေမှာ အဖော်အချွတ်၊ အကြမ်းဖက်မှုနဲ့ လောင်းကစားပိုင်းဆိုင်ရာ အကြောင်းအရာတွေ မထည့်သွင်းဖို့လည်း တားမြစ်ထားပါတယ်။

မလိုက်နာတဲ့ ကုမ္ပဏီတွေကို မဖြစ်မနေ အပြောင်းအလဲ လုပ်ခိုင်းတာ ဒါမှမဟုတ် ပြစ်ဒဏ်ပေးတာတွေ လုပ်ဆောင်သွားမှာပါ။ အဆိုးရွားဆုံးအနေနဲ့ လုပ်ငန်းလိုင်စင်ပါ သိမ်းနိုင်တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခု စည်းကမ်းချက်အသစ်တွေဟာ “လွတ်လပ် သန့်ရှင်းတဲ့ အင်တာနက် နယ်ပယ်” တခုကို ဖန်တီးပေးနိုင်ဖို့နဲ့ “အရွယ်မရောက်သေးသူတွေရဲ့ ကိုယ်စိတ်နှလုံး ကျန်းမာရေးကို ကာကွယ်ပေးဖို့အတွက်” ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက အစိုးရပိုင် Xinhua သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

“အခု ကြေညာချက်က ကော်ပိုရေးရှင်းကြီးတွေရဲ့ တာဝန်ယူမှု ရှိစေဖို့ အဓိက မီးမောင်းထိုးပြထားတာပါ။ ဒီပြဿနာကို ကြီးကြပ်ဖြေရှင်းရမယ့် အစိုးရရဲ့ တာဝန်ဝတ္တရားကိုလည်း တရားဝင် အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်”

အစိုးရဌာနတွေအနေနဲ့ ယခု စည်းကမ်းချက်အသစ်တွေကို လေ့လာဖို့ လိုအပ်ကာ ကော်ပိုရေးရှင်းတွေကိုလည်း စည်းကမ်းလိုက်နာကြဖို့ ကြီးကြပ်ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ ရဲဌာနတို့ ပူးပေါင်းပြီး အမည်မှန် တင်သွင်းပြုစုရေး စနစ်တခုကိုလည်း အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဂိမ်းကုမ္ပဏီတွေအနေနဲ့ ၎င်းတို့ဆီမှာ ဆော့ကစားနေသူတွေရဲ့ နာမည် အစစ်အမှန်ကို နိုင်ငံတော် အမည်စာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်တော့မှာပါ။

ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက် ဖြစ်တဲ့ တရုတ်နိုင်ငံဟာ အလျင်အမြန် ကြီးထွားတိုးတက်နေတဲ့ ဂိမ်းဈေးကွက်ကို ကြပ်မတ်ဖို့အတွက် ကြိုးစားအားထုတ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လမှာ တရုတ် ဆယ်ကျော်သက်ကလေးတွေရဲ့ အဝေးမှုန် ဖြစ်မှုကို လျော့ချဖို့ အွန်လိုင်းဂိမ်းသစ် ထုတ်လုပ်မှု အရေအတွက်ကို လျော့ချမယ့် အစီအစဉ်တွေကို ထုတ်ပြန် ကြေညာခဲ့ဖူးပါတယ်။

ဒါ့အပြင် သွေးထွက်သံယိုပါတဲ့ ဂိမ်းတွေကိုလည်း တားမြစ်ချက်တွေ ထုတ်ပြန်ထားသလို၊ ၂၀၁၇ ခုနှစ်တုန်းကလည်း နာမည်ကျော် “Honor of Kings” မိုဘိုင်းဂိမ်းကို လူငယ်တွေ အစွဲလမ်း လွန်စေတယ်ဆိုပြီး အစိုးရကိုယ်တိုင် ပြစ်တင်ဝေဖန်ခဲ့ဖူးပါတယ်။

Ref: Xinhua, CNN

Your Thoughts …
Tags: တရုတ်နိုင်ငံလူငယ်အွန်လိုင်းဂိမ်း
Nigma

Nigma

Contributor

Similar Picks:

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.7k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

စစ်မြေပြင်မှာ ကြုံလာရင်တော့ ဘယ်သူ့ဘယ်သူမှ ညှာလို့ မရဘူး

စစ်မြေပြင်မှာ ကြုံလာရင်တော့ ဘယ်သူ့ဘယ်သူမှ ညှာလို့ မရဘူး

by စောလွင်
12 October 2024
6.7k

ပင်လည်ဘူးကနေ ပထမဆုံးခြေလှမ်းတလှမ်းစပြီးတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့တွေအားလုံးကို တိုက်ခိုက် သိမ်းပိုက်ဖို့အတွက် ကျနော်တို့မှာ အစီအစဉ်ကောင်းတွေ အများကြီးရှိပါတယ်။အဲဒီအတွက်လည်း ကျနော်တို့အမှတ်၁ စစ်ဒေသ PDF တွေ ၊ ပကဖ တွေရော တခြားဌာနဆိုင်ရာအသီးသီးက အားစိုက်ပြီးတော့ လုပ်နေကြပါတယ်

စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

by ဧရာဝတီ
29 January 2025
5.9k

မကွေးဘက်ကိုပို့တာ။ အမြန်လမ်းပေါ်ရောက်သွားတော့လည်း စစ်တပ်ဂိတ်တွေက ပုံမှန်ဆိုရင် ခရီးသွားတွေကို မှတ်ပုံတင်တွေ စစ်တာကို အခုကဘာမှကို မစစ်တာ၊ သူတို့တားတဲ့အချိန်ကျရင် ဘာပြောလဲဆိုရင် စုဆောင်းရေး စုဆောင်း ရေးပဲ အဲဒီလိုပြောပြီးတော့ အဲဒီအတိုင်း အမြန်လမ်းကို ကျော်လာတာ

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

by ရိုးကျော်
30 July 2024
4.7k

ဧည့်စာရင်းလာတိုင်ပါက ယင်းသို့ စစ်မှုထမ်းလျှောက်လွှာ အတင်းကျပ်ဖြည့်ခိုင်းနေသောကြောင့် နေရာ အတည်တကျ မနေထိုင်ရဲတော့ဘဲ ရန်ကုန်မြို့နယ်အနှံ့ ပြောင်းရွှေ့နေထိုင်ရသည့် လူငယ်များရှိနေသလို၊ ဧည့်စာရင်းစစ် မည်စိုးသဖြင့် စိတ်မလုံခြုံမှုများနှင့် စိုးရိမ်ထိတ်လန့်စွာနေရ

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

by ဧရာဝတီ
20 March 2024
4.4k

ယင်းသို့ ညှိနှိုင်းသည့်ငွေကြေးမှာ ယခုတကြိမ် ကောက်ယူမှုအတွက်သာဖြစ်ပြီး အမြဲတမ်း ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်း ပြောဆိုသွားသည်

Next Post
ဝရမ်းပြေးစာရင်း ကြေညာခံထားရသည့် ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေ / Reuters/ အောင်ကျော်ထက် / ဧရာဝတီ

ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

ဗစ်တိုးရီးယားအမှု စစ်ဆေးနေသည့် ဒက္ခိဏခရိုင် တရားရုံး  / မိုးမိုး / ဧရာဝတီ

Wisdom Hill မှ တင်သည့် သက်သေခံ CCTV မှတ်တမ်းတွင် ဖိုင်များ မပါလာ ဟုဆို

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate