• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

အကန့်အသတ်မဲ့ အင်တာနက် မြန်နှုန်း လျှော့ချမှုကြောင့် AT&T ကို ဒေါ်လာ သန်း ၆၀ ဒဏ်ရိုက်

by Nigma
8 November 2019
in IT
A A
အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ AT&T

အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ AT&T

13.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ AT&T ဟာ အကန့်အသတ်မဲ့အင်တာနက် အစီအစဉ်ကို မြန်နှုန်းလျှော့ချခဲ့ကြောင်း စွပ်စွဲချက်တွေကို ပြေငြိမ်းဖို့အတွက် ဒေါ်လာ သန်း ၆၀ ပေးဆောင်ရန် သဘောတူညီလိုက်ပါတယ်။

AT&T ရဲ့ အကန့်အသတ်မဲ့ အင်တာနက် အစီအစဉ်တွေဟာ “အကန့်အသတ်မဲ့” လို့သာ အမည်တပ်ထားပြီး တကယ်တမ်းမှာတော့ ဒေတာပမာဏ အသုံးများရင် မြန်နှုန်းလျှော့ချမှုတွေ ရှိကြောင်း အမေရိကန်ဆက်သွယ်ရေးကော်မရှင် (FTC) က စွပ်စွဲထားတာပါ။ အသုံးပြုသူ သန်းပေါင်းများစွာကို အထင်မှားစေတဲ့ လုပ်ရပ်ကြောင့် AT&T ကို ၂၀၁၄ ခုနှစ်ကတည်းက အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.5k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
595

FTC ရဲ့ အဆိုအရ AT&T ဟာ ၂၀၁၁ ခုနှစ်မှာ အကန့်အသတ်မဲ့ အစီအစဉ် ရယူထားတဲ့ အသုံးပြုသူတွေရဲ့ အင်တာနက်မြန်နှုန်းကို စတင် ထိန်းချုပ်လျှော့ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တလကို 2GB ပမာဏလောက် သုံးပြီးရုံနဲ့တင် AT&T ဘက်က မြန်နှုန်းလျှော့ချပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်နှုန်း သိသိသာသာ ကျသွားတာကြောင့် သာမန် အင်တာနက် ကြည့်ရာမှာတောင် အခက်တွေ့ခဲ့ရပြီး၊ တခါတလေ မြန်နှုန်း ၉၀ ရာခိုင်နှုန်းလောက်အထိ ကျသွားခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ FTC ရဲ့ သတင်းစာရှင်းလင်းချက်မှာ ဖော်ပြထားပါတယ်။

AT&T ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့”FTC ပြောသလို ကွန်ရက် ထိန်းချုပ်မှုစနစ်မျိုးကို ကျနော်တို့ မသုံးတော့တာ အခုဆို နှစ်တော်တော်ကြာနေပါပြီ။ ဒီကျေအေးမှုကလည်း အသုံးပြုသူတွေကို အကျိုးဖြစ်စေနိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်” လို့ CNN ကို ပြောကြားခဲ့ပါတယ်။

AT&T ရဲ့ ကျေအေးငွေကို ၂၀၁၁ ခုနှစ် မတိုင်မီ အကန့်အသတ်မဲ့ အစီအစဉ် ရယူထားတဲ့ အသုံးပြုသူတွေထံ ငွေအချို့တဝက် ပြန်အမ်းဖို့အတွက် အသုံးပြုသွားမှာပါ။ အသုံးပြုသူတွေအနေနဲ့ နစ်နာကြေးရဖို့အတွက်လည်း လျှောက်လွှာတွေ တင်စရာမလိုဘူးလို့ သိရပါတယ်။ လက်ရှိ AT&T အသုံးပြုနေသူတွေဆိုရင် လစဉ် ကျသင့်ငွေကနေ ပြန်နှုတ်ပေးသွားမှာ ဖြစ်ပြီး၊ လက်ရှိ မသုံးတော့တဲ့သူတွေကိုတော့ ချက်လက်မှတ် ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာလည်း FTC ဟာ AT&T ကို အလားတူ စွပ်စွဲချက်တွေနဲ့ ဒေါ်လာ သန်း ၁၀၀ ဒဏ်ရိုက်ခဲ့ပါသေးတယ်။ အခုလိုပဲ အကန့်အသတ်မဲ့ အင်တာနက် အစီအစဉ်မှာ သက်တမ်း မကုန်မီအတွင်း ဒေတာပမာဏ သတ်မှတ်ချက်တခု ပြည့်သွားတာနဲ့ မြန်နှုန်းလျှော့ချတယ်ဆိုပြီး စွပ်စွဲချက်နဲ့ပါ။

ယခု ကျေအေးချက်ကြောင့် AT&T အနေနဲ့လည်း နောက်ပိုင်းမှာလည်း သက်ဆိုင်ရာကန့်သတ်ချက်တွေ ဖော်ပြခြင်းမရှိဘဲ မိုဘိုင်းဒေတာ မြန်နှုန်းနဲ့ ပမာဏတွေကို “အကန့်အသတ်မဲ့” လို့ အမည်တပ် ရောင်းချတာမျိုး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဆိုပါ ကန့်သတ်ချက်တွေကို ထင်ရှားစွာ အသားပေး ဖော်ပြရမှာ ဖြစ်ကာ၊ စာလုံးသေးနဲ့ မမြင်ကွယ်ရာ ဖွက်ထားတာမျိုး၊ နောက်တနေရာမှာ သွားဖတ်ဖို့ လင့်ခ်ချိတ်ထားပေးတာမျိုး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

AT&T ဟာ ၂၀၁၄ ကတည်းက ဖြစ်ပွားခဲ့တဲ့ FTC နဲ့ အမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သေးပါတယ်။ FTC အနေနဲ့ ဒီအမှုကို စွဲဆိုဖို့အတွက် အခွင့်အာဏာ မရှိကြောင်း ပြန်လှန်ချေပေခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ အမှုရှုံးနိမ့်ခဲ့တာပါ။

Ref: CNN, Reuters

Your Thoughts …
Tags: AT&Tအင်တာနက်မြန်နှုန်း လျှော့ချမှု
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
မိုင်းငေါ့မြို့န် မန်းမော်ရွာမှ မိုင်းထိသည့် လူနာများ

မိုင်းထိပြည်သူ ၄ဦး ကျောက်မဲဆေးရုံကြီးသို့ ရောက်ရှိ

ယနေ့ ညနေပိုင်းက မိုး/ဇလမှ ထုတ်ပြန်သည့် မုန်တိုင်းအခြေအနေပြပုံ / မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဆိုင်ကလုန်း ဘာဘ်ဘယ် အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့ မိုးကြီးမည်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate