• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ကမ္ဘာ့ဖုန်းဈေးကွက် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် အတက်ပြ

by Nigma
10 November 2019
in IT
A A
ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဟာ ၂ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဟာ ၂ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်ပါတယ်။

9.1k
VIEWS
Share on FacebookShare on Twitter

အချိန်အတော်ကြာ အိပ်စက်နေတဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကြီး ပြန်လည် နိုးထလာပါပြီ။ နိုင်ငံတကာဒေတာကော်ပိုရေးရှင်း (International Data Corportaion) က ထုတ်ပြန်လိုက်တဲ့ ယခုနှစ်၊ တတိယသုံးလပတ် ဈေးကွက်အစီရင်ခံစာအရ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဟာ ၂ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် အတက်ပြခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်ကနေ စက်တင်ဘာအထိ ၂၀၁၉၊ တတိယ သုံးလပတ်အတွင်းမှာ ကမ္ဘာတဝှမ်းလုံး စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၃၅၈ ဒဿမ ၃ သန်း အထိ တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ် တတိယသုံးလပတ်ထက် ၀ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့တာပါ။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3k
Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

6 July 2025
355
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
408

ကြီးမားတဲ့ တိုးတက်မှု မဟုတ်ပေမယ့် ၂၀၁၇ ခုနှစ်ကတည်းက ကျဆင်းနေတဲ့ ကမ္ဘာ့ဖုန်းဈေးကွက်အတွက်တော့ ဝမ်းသာစရာ သတင်းတခုပါ။ ပြီးခဲ့တဲ့ ၂၀၁၉၊ ဒုတိယသုံးလပတ်နဲ့ ယှဉ်ရင်လည်း ၈ ဒဿမ ၁ ရာခိုင်နှုန်းအထိ အတက်ပြခဲ့တာ တွေ့ရပါတယ်။

IDC ရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်၊ တတိယ သုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ အများဆုံး တင်ပို့ရောင်းချနိုင်တဲ့ ကုမ္ပဏီစာရင်းမှာလည်း Samsung နဲ့ Huawei တို့ကပဲ ဆက်လက် ဦးဆောင်နေတာ တွေ့ရပါတယ်။

တောင်ကိုရီးယားအခြေစိုက် Samsung က ယခုနှစ် သုံးလပတ်အတွင်းမှာ ဖုန်းအလုံးရေ ၇၈ ဒဿမ ၂ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ယမန်နှစ်ထက် ရောင်အား ၈ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ဝေစု ၂၁ ဒဿမ ၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Samsung နောက် ဒုတိယနေရာမှာတော့ တရုတ်အခြေစိုက် Huawei က ဈေးကွက်ဝေစု ၁၈ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ ရပ်တည်လျက် ရှိပါတယ်။ Huawei ဟာ ယခုနှစ်၊ တတိယ သုံးလပတ်အတွင်း Honor အမှတ်တံဆိပ် အပါအဝင် ဖုန်းအလုံးရေ စုစုပေေါင်း ၆၆ ဒဿမ ၆ သန်းအထိ တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ်ထက် ၂၈ ဒဿမ၂ ရာခိုင်နှုန်းအထိ အတက်ပြခဲ့တာပါ။ ထိပ်သီး ကုမ္ပဏီ ၅ ခုမှာ ရောင်းအား တိုးတက်မှုအများဆုံးလည်း ဖြစ်ပါတယ်။

ကူပါတီနို အခြေစိုက် Apple အနေနဲ့လည်း ယခုနှစ် ဖုန်းမော်ဒယ်အသစ်တွေနဲ့ ပတ်သတ်ပြီး ဝေဖန်မှုအချို့ ရင်ဆိုင်ခဲ့ရပေမယ့် ကမ္ဘာ့ဖုန်းဈေးကွက်မှာ တတိယနေရာကို ဆက်လက် သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။ တတိယသုံးလပတ်အတွင်း Apple ဖုန်းအလုံးရေ ၄၆ ဒဿမ ၆ သန်း တင်ပို့ ရောင်းချခဲ့ရပြီး၊ ဈေးကွက်ဝေစု ၁၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ သို့ပေမယ့် ယမန်နှစ်နဲ့ ယှဉ်မယ်ဆိုရင်တော့ ရောင်းအား ဝ ဒဿမ ၆ ရာခိုင်နှုန်း ကျသွားခဲ့တာပါ။

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံး ၃ နေရာက အပြတ်အသတ် ကွာခြားပေမယ့် ကျန်နေရာတွေမှာတော့ ကွာခြားမှု သိပ်မရှိဘဲ ပြိုင်ဆိုင်မှု ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ Xiaomi က ဈေးကွက်ဝေစု ၉ ဒဿမ ၁ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာ၊ OPPO က ၈ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာကို သိမ်းပိုက်ထားပါတယ်။

တခြား အမှတ်တံဆိပ်တွေကတော့ ယခုနှစ်၊ တတိယ သုံးလပတ်ထဲမှာ စုစုပေါင်း ဖုန်းအလုံးရေ ၁၀၃ သန်း တင်ပို့ ရောင်းချနိုင်ခဲ့တယ်လို့ IDC က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တခုလုံး ဝ ဒဿမ ၈ ရာခိုင်နှုန်းပဲ တိုးတက်မှု ရှိခဲ့တယ် ဆိုပေမယ့် ၂ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် တိုးတက်မှု မြင်တွေ့ခဲ့ရတာပါ။

Ref: Gizchina, IDC

You may also like these stories:

CEO Lei Jun ကို ဆုကြေးငွေ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ပေးအပ်လိုက်တဲ့ Xiaomi

၂၀၁၈ ဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်း မှတ်ကျောက်တင်နိုင်ခဲ့တဲ့နှစ် ဖြစ်ကြောင်း Huawei ပြေ

Your Thoughts …
Tags: ကမ္ဘာ့ဖုန်းဈေးကွက်
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
နေပြည်တော် ရေပန်းဥယျာဉ်ထဲတွင် တွေ့ရှိသည့် မိုင်း အတု / ရဲတပ်ဖွဲ့

နေပြည်တော် ရေပန်းဥယျာဉ်ထဲတွင် တွေ့ရှိသည့် မိုင်း အတုဖြစ်နေဟုဆို

ရန်ကုန်မြို့လယ်တွင် မြင်တွေ့ရသည့် ယာဉ်များ / ကျော်ခ / ဧရာဝတီ

အမည်ပေါက် မှန်ကန်မှသာ ယာဉ်သက်တမ်းတိုးပေးမည့် အပေါ် စိုးရိမ်မှုများရှိနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.7k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

1 week ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate