IT

OLED မျက်နှာပြင်အပြည့်ပါ Vivo S5 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ထိပ်သီး စမတ်ဖုန်းကုမ္ပဏီတခု ဖြစ်တဲ့ Vivo က ယနေ့မှာ Vivo S5 အမည်ရ မော်ဒယ်လတ် စမတ်ဖုန်းတလုံးကို မိခင် တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။

အရင် Vivo ဖုန်းတွေလိုပဲ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေ ပါဝင်တဲ့ စမတ်ဖုန်းတလုံးပါ။ အဓိကထူးခြားချက်ကတော့ Samsung Galaxy S10 စီးရီး ဖုန်းတွေလိုမျိုး Super AMOLED မျက်နှာပြင်ကို အပေါက်ဖောက်ထားတဲ့ Punch-hole ဒီဇိုင်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Samsung ဖုန်းတွေပြီးနောက် AMOLED Punch-hole ဒီဇိုင်းသုံး ပထမဆုံးဖုန်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Vivo S5 ဖုန်းမှာ ရှေ့ကင်မရာကို AMOLED မျက်နှာပြင်အပေါ်ပိုင်း ညာဘက်ထောင့်မှာ ၂ ဒဿမ ၉၈ မီလီမီတာအရွယ် သေးငယ်တဲ့ အပေါက်လေးတခု ဖောက်ပြီး ထည့်သွင်းပေးထားပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ Punch-hole ဒီဇိုင်းက တခြားပြိုင်ဘက်ဖုန်းတွေထက် အဆပေါင်းများစွာ ပိုမိုသေးငယ်ကြောင်း Vivo က ဂုဏ်ယူစွာ ပြောကြားထားပါတယ်။

လက်ဗွေရာဆန်ဆာကိုလည်း ဖုန်းရဲ့ မျက်နှာပြင်အောက်မှာပဲ ထည့်သွင်းထားပြီး၊ ဝ ဒဿမ ၃၈ စက္ကန့်အတွင်း ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။

Super AMOLED မျက်နှာပြင်က ၆ ဒဿမ ၄၄ လက်မအရွယ်ရှိပြီး၊ FullHD+ ရုပ်ထွက်အရည်အသွေးနဲ့ ဖြစ်ပါတယ်။ Punch-hole ဒီဇိုင်းကြောင့် စခရင်နဲ့ ကိုယ်ထည်အချိုးအစားက ၉၁ ဒဿမ ၃၈ ရာခိုင်နှုန်းအထိ ရှိပြီး၊ စခရင်အပြည့် အရသာကို အပြည့်အဝ ခံစားနိုင်မှာပါ။ ဒါ့အပြင် TUV Rhineland အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ မျက်နှာပြင်ဖြစ်တာကြောင့် မျက်စိညောင်းညာ ကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချပေးမှာပါ။

Vivo S5 ဖုန်းရဲ့ ကျောဘက်ကိုတော့ အခုံးပုံစံ လုပ်ထားပြီး၊ အခုခေတ်စားနေတဲ့ အရောင်ပြေးဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ ကျောကင်မရာ ၄ လုံးကို စိန်ပွင့်ပုံစံ အစိတ်အပိုင်းအတွင်းမှာ ထည့်သွင်းထားတဲ့ ဒီဇိုင်းကလည်း ဒီဖုန်းရဲ့ အထင်ကရ ဒီဇိုင်းတခုပါ။ ကင်မရာဆန်ဆာ ၃ ခုနဲ့ LED ဖလက်ရှ်မီးကို စိန်ပွင့်မော်ဂျူးထဲ ထည့်ထားပြီး၊ စတုတ္ထမြောက်ဆန်ဆာကိုတော့ အောက်ဘက်ကပ်လျက်မှာ သီးသန့် ထည့်သွင်းထားပါတယ်။

အဓိက ကင်မရာက 48MP ဆန်ဆာ ဖြစ်ကာ၊ ကျန်ကင်မရာတွေက 8MP မြင်ကွင်းကျယ်ဆန်ဆာ၊ 2MP Macro ဆန်ဆာနဲ့ 5MP Depth ဆန်ဆာတို့ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်အပေါက် အတွင်းမှာတော့ 32MP ဆန်ဆာတခုကို ထည့်သွင်းပေးထားပါတယ်။ Selfie ကင်မရာမှာ ပိုမိုကြည်လင်ပြတ်သားနဲ့ ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် အထူး အယ်ဂရစ်သမ်စနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Qualcomm Snapdragon 712 Chipset ကို 8GB RAM နဲ့ တွဲဖက်ပေးထားပါတယ်။ Storage ကိုတော့ 128GB နဲ့ 256GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ ဘက်ထရီအနေနဲ့ 4,100mAh ဘက်ထရီ ပါဝင်ပြီး၊ 22.5W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Vivo ရဲ့ Jovi ဒီဂျစ်တယ် အထောက်အကူစနစ်၊ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် AI Turbo ၊ Net Turbo ၊ Game Turbo စတဲ့ “Turbo” စနစ်များစွာလည်း ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ 128GB မော်ဒယ်ကို ၂,၆၉၈ ယွမ် (၃၈၄ ဒေါ်လာ) ပေးရမှာဖြစ်ကာ၊ 256GB မော်ဒယ်ဆိုရင်တော့ ၂,၉၉၈ ယွမ် (၄၂၇ ဒေါ်လာ) ကျသင့်မှာပါ။ တရုတ်ပြည်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က စပြီး ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ။ ဖုန်းအရောင်းဆိုင်တွေကိုတော့ နိုဝင်ဘာ ၂၂ ရက်နေ့မှ ရောက်ရှိမယ်လို့ သိရပါတယ်။

Ref: Gizmochina, Gadgets NDTV

You may also like these stories:

Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ

Vivo က iQOO အမည်ရ အမှတ်တံဆိပ်ခွဲ အသစ်ကို မိတ်ဆက်

ကျောကင်မရာ ၃ လုံး ပါ တန်ဖိုးသင့် Y19 စမတ်ဖုန်းကို Vivo မိတ်ဆက်

Vivo ရဲ့ ကိုယ်ပိုင်ငွေပေးချေမှုစနစ် “Vivo Pay” ကို တရုတ်မှာ မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading