OPPO Reno 2F စမတ်ဖုန်း Nebula Green အရောင်သစ်ကို Limited Edition အနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံ ဈေးကွက်မှာ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက မိတ်ဆက်ပေးခဲ့တဲ့ Reno 2F စမတ်ဖုန်းကိုပဲ Nebula Green အရောင်သစ်နဲ့ ထပ်မံ ထုတ်လုပ်လိုက်တာပါ။ OPPO Reno 2F Nebula Green မော်ဒယ်ဟာ အရောင်ကလွဲလို့ အရင် မိတ်ဆက်ပေးခဲ့တဲ့ Reno 2F နဲ့ ကွာခြားမှု ရှိမှာ မဟုတ်ပါဘူး။ Sky White အဖြူရောင်နဲ့ Lake Green စိမ်းပြာရောင်တို့အပြင် အစိမ်းနဲ့ ခရမ်းရောင်ပြေး မော်ဒယ်အသစ် ထပ်မံ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
အရင် မော်ဒယ်တွေအတိုင်း ၆ ဒဿမ ၅ လက်မ Full HD+ AMOLED မျက်နှာပြင်၊ အရည်အသွေးမြင့် 48MP ကျောကင်မရာ ၄ လုံး၊ ကိုယ်ထည်အတွင်းကနေ ထွက်ရှိလာမယ့် Pop-Up ဒီဇိုင်းနဲ့ 16MP ရှေ့ကင်မရာ ၁ လုံးတို့ ပါဝင်ပါတယ်။ MediaTek Helio P70 SoC ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 128GB Storage တို့ ပါဝင်ပါတယ်။
ညဘက်မှာ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ Ultra Night Mode 2.0 စနစ်၊ လှုပ်ရှားနေချိန်မှာ ဗီဒီယိုတွေကို တုန်ခါမှု မရှိ ရိုက်ကူးနိုင်ဖို့အတွက် Anti-Shake Video စနစ် စသဖြင့် ကင်မရာ စနစ်မျိုးစုံလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ 4,000mAh ဘက်ထရီနဲ့ VOOC Flash Charge 3.0 အားအမြန်သွင်းစနစ်တို့လည်း ပါဝင်တာ တွေ့ရပါတယ်။
Limited Edition အဖြစ် မိတ်ဆက်ပေးခဲ့တဲ့ OPPO Reno 2F စမတ်ဖုန်း Nebula Green အရောင်သစ်ကို ဝယ်ယူချင်သူတွေအနေနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကြိုတင် မှာယူနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းအားဖြင့် ၅၃၉,၉၀၀ ကျပ်နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
You may also like these stories:
ကျောကင်မရာ ၄ လုံးပါ OPPO Reno 2 စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် မိတ်ဆက်
OPPO ရဲ့ ပထမဆုံး AR မျက်မှန်ကို မိတ်ဆက် ပြသ
OLED မျက်နှာပြင်အပြည့်ပါ Vivo S5 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်