Google ရဲ့ Android OS ဟာ လူသုံးအများဆုံးနဲ့ မော်ဒယ် အစုံလင်ဆုံး မိုဘိုင်း ပလက်ဖောင်းတခု ဆိုတာ သိပြီးဖြစ်ကြမှာပါ။
ကမ္ဘာပေါ်က မိုဘိုင်းပစ္စည်းစုစုပေါင်းမှာ ၇၅ ရာခိုင်နှုန်းလောက်က Android OS နဲ့ လည်ပတ်နေပြီး၊ iOS က ၂၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် Porn ကြည့်ရှုမှုနှုန်းမှာတော့ iOS က Android ကို အသာစီးရနေကြောင်း နာမည်ကြီး လိင်ဖျော်ဖြေရေး ဝဘ်ဆိုဒ်တခု ဖြစ်တဲ့ Pornhub Website က ထုတ်ပြန်လိုက်ပါတယ်။
Pornhub ရဲ့ နှစ်ချုပ်စစ်တမ်းအရ ၂၀၁၉ ခုနှစ်မှာ မိုဘိုင်းဖုန်းတွေကနေ ဝင်ရောက်ကြည့်ရှုသူ ဦးရေက ၇၆ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ နဲ့ ယှဉ်ရင် မိုဘိုင်းကနေ ကြည့်ရှုသူဦးရေ ၅ ရာခိုင်နှုန်းလောက် တက်လာခဲ့တာပါ။ အံ့အားသင့်စရာကောင်းတာက မိုဘိုင်းကနေ ကြည့်ရှုသူတွေထဲမှာ ၅၂ ဒဿမ ၈ ရာခိုင်နှုန်းလောက်က iOS အသုံးပြုသူတွေ ဖြစ်နေတာပါ။
ယမန်နှစ်နဲ့ ယှဉ်ရင် ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာတာ ဖြစ်ပါတယ်။ Android အသုံးပြုသူတွေကတော့ ယခုနှစ်မှာ ၄၆ ဒဿမ ၆ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး၊ ၂၀၁၈ နဲ့ ယှဉ်ရင် ၁၄ ရာခိုင်နှုန်းအထိ ကျသွားခဲ့ပါတယ်။ အခြားမိုဘိုင်းပလက်ဖောင်းတွေကနေ ကြည့်ရှုမှုနှုန်းကတော့ ဝ ဒဿမ ၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
၂၀၁၉ မှာ အခုလို ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်ခဲ့ရခြင်းဟာ ပထဝီဝင် အနေအထားနဲ့လည်း သက်ဆိုင်နေတယ်လို့ ကုမ္ပဏီရဲ့ ဘလော့ဂ်ပို့စ်မှာ ရှင်းပြထားပါတယ်။ “အိန္ဒိယမှာ Android ဖုန်းနဲ့ တက်ဘလက်တွေကိုပဲ အသုံးများပါတယ်။ ၂၀၁၉ မှာ အိန္ဒိယကနေ Pornhub ဝင်ကြည့်တာ ကျသွားတာကြောင့် Android အရေအတွက်လည်း ကျဆင်းသွားတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အိန္ဒိယဟာ ၂၀၁၈ ခုနှစ်အတွင်း Pornhub အကြည့်အများဆုံးနိုင်ငံစာရင်းမှာ တတိယ ချိတ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ အဆင့် ၁၅ အထိ ထိုးကျသွားခဲ့ပါတယ်။ ဒီလို သိသိသာသာ အဆင့်ကျသွားတာဟာ အိန္ဒိယအစိုးရက လိင်ဖျော်ဖြေရေးဝဘ်ဆိုဒ်အချို့ကို ပိတ်ပင်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ Pornhub က ပြောကြားခဲ့ပါတယ်။
Mobile Browser စာရင်းမှာတော့ Google Chrome က Apple ရဲ့ Safari ကို ဆက်လက် ဦးဆောင်နေတာ တွေ့ရပါတယ်။ ၂၀၁၉ မှာ Chrome ကနေ ကြည့်ရှုမှု ၄၄ ဒဿမ ၃ ရာခိုင်နှုန်း နဲ့ Safari ကနေ ၄၁ ဒဿမ ၆ ရာခိုင်နှုန်း အထိ ရှိခဲ့တာပါ။ UC Browser နဲ့ Opera Browser တွေကတော့ ဒီနှစ်မှာ ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပါတယ်။
ဂိမ်းမင်းပလက်ဖောင်းကနေ ကြည့်ရှုမှုနှုန်းထားမှာတော့ PlayStation စက်တွေက Traffic စုစုပေါင်းရဲ့ ၅၁ ဒဿမ ၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။ ဒါပေမယ့် အရင်နှစ်နဲ့ ယှဉ်ရင်တော့ ၅ ဒဿမ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။ Microsoft ရဲ့ Xbox စက်တွေကနေ ကြည့်ရှုမှုနှုန်းကတော့ အရင်နှစ်ထက် ၅ ဒဿမ ၃ ရာခိုင်နှုန်း တက်လာပြီး၊ ၃၄ ဒဿမ ၇ ရာခိုင်နှုန်း ရှိနေပါတယ်။
Ref: Android Authority
You may also like these stories:
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
ညစ်ညမ်းရုပ်ရှင်မှာ ဒါရိုက်တာ လုပ်ဦးမယ့် သရုပ်ဆောင် Bella Throne