IT

ကြီးမားတဲ့ ကိုယ်ထည်ပြည့် မျက်နှာပြင်နဲ့ Huawei P Smart Pro စမတ်ဖုန်း ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

တရုတ် စမတ်ဖုန်းကုမ္ပဏီ Huawei က ယနေ့မှာ P Smart Pro အမည်ရ ဖုန်းသစ်တလုံးကို ဥရောပဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ဖုန်းရှေ့မျက်နှာပြင်မှာ Notch နဲ့ အပေါက်တွေ ပါဝင်တာကို မနှစ်သက်သူတွေ သဘောကျမယ့် စခရင်ပြည့် ဖုန်းတလုံးပါ။ ဘူဂေးရီးယား၊ ဂရိ၊ ပိုလန်၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံအချို့မှာ တန်ဖိုး ယူရို ၃၅၀ နဲ့ ယနေ့ပဲ စတင် ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

တကယ်တမ်းတော့ Huawei P Smart Pro ဟာ နိုဝင်ဘာလက အာရှဈေးကွက်မှာ မိတ်ဆက်ပေးခဲ့တဲ့ Huawei Y9s စမတ်ဖုန်းနဲ့ ကွာခြားမှု မရှိပါဘူး၊ Pop-up ရှေ့ကင်မရာဒီဇိုင်း၊ Notch ပျောက် မျက်နှာပြင်၊ ကျောကင်မရာ ၃ လုံးနဲ့ ဘေးဘက် လက်ဗွေရာဆန်ဆာတို့ ပါဝင်ပါတယ်။ ဖုန်းရဲ့ ကျောဘက်ကို ဖန်သားနဲ့ လုပ်ပေးထားပြီး ညက်ညောတဲ့ အရောင်ပြေး အသွင်အပြင်ကို ရရှိဖို့အတွက် နာနိုဆေးသား ၂၁ လွှာ အုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ကြီးမားတဲ့ ၆ ဒဿမ ၅၉ လက်မ အရွယ် IPS LCD မျက်နှာပြင်ကို အသုံးပြုထားပြီး၊ Full HD ရုပ်ထွက်အရည်အသွေးနဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ ရှေ့ကင်မရာအတွက် Notch တွေ၊ အပေါက်တွေ လုံးဝ ပါဝင်မဟုတ်တာကြောင့် မြင်ကွင်းအနှောင့်အယှက်မရှိ စခရင်ပြည့် အရသာ ခံစားနိုင်မှာပါ။ 16MP ရှေ့ကင်မရာကို ကိုယ်ထည်အတွင်းက မော်တာတပ် Pop-up အစိတ်အပိုင်းထဲမှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။

 

ယခုဒီဇိုင်းကြောင့် စခရင်က ဖုန်းကိုယ်ထည်ရဲ့ ၉၁ ရာခိုင်နှုန်းအပြည့် နေရာယူနေမှာ ဖြစ်တယ်လို့ Huawei က ဆိုပါတယ်။ 19.5:9 မျက်နှာပြင်အချိုးအစား ဆိုတော့ စခရင်ကတော့ သာမန်ဖုန်းတွေထက် အနည်းငယ် ပိုရှည်လျားနေပါလိမ့်မယ်။

Huawei P Smart Pro မှာ ကုမ္ပဏီထုတ် Kirin 710F Chipset ကိုပဲ အသုံးပြုထားပြီး၊ 6GB RAM နဲ့ 129GB Storage တို့ ပါဝင်ပါတယ်။ မြန်ဆန်တဲ့ UFS 2.1 Storage အမျိုးအစားကို သုံးထားတာကြောင့် App တွေ ဖွင့်တာ၊ ဖိုင်ကူးတာအစ ပေါ့ပါး လျင်မြန်နေမှာပါ။ Storage ထပ်တိုးချင်ရင်လည်း microSD ကတ်ကို 512GB အထိ ထပ်စိုက်နိုင်ပါတယ်။

ဖုန်းရဲ့ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Depth ဆန်ဆာ သုံးလုံးတွဲကို တွေ့မြင်ရမှာပါ။ 4,000mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ USB Type-C Port ကနေ 10W နှုန်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒီဖုန်းရဲ့ ထူးခြားချက်တခုကတော့ လက်ဗွေရာဆန်ဆာကို ဘေးဘက် ပါဝါခလုတ်မှာပဲ ပူးတွဲ ထည့်ပေးထားတာပါ။ အရောင်ကတော့ Midnight Black အနက်ရောင်နဲ့ Breathing Cystal စိမ်းပြာရောင် ၂ မျိုးပဲ ရွေးချယ်နိုင်မှာပါ။ အထက်ဖော်ပြပါ ဥရောပဈေးကွက်အချို့မှာ ဒေါ်လာ ၃၆၀ နဲ့ စတင် ဝယ်ယူနိုင်ပါပြီ။

Ref: Gizmochina, Gadgets NDTV, GSM Arena

You may also like these stories:

Huawei ရဲ့ ကိုယ်ပိုင် HarmonyOS အသုံးပြုထားတဲ့ “Honor Vision” စမတ်တီဗီ မိတ်ဆက်

Huawei ရဲ့ ပထမဆုံး Smart TV မှာ ကိုယ်ပိုင် OS အသုံးပြုသွားမည်

Gentle Monster နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Huawei စမတ် နေကာမျက်မှန်

Did you find apk for android? You can find new Free Android Games and apps.
Loading