Huawei ရဲ့ ပထမဆုံး ရောင်းသူမဲ့စတိုး စတင် ဖွင့်လှစ်
ကမ္ဘာတလွှား ရောင်းသူမဲ့စတိုးများ စတင်ခေတ်စားလာချိန်မှာ နည်းပညာထိပ်သီး Huawei ကလည်း ရောင်းသူမဲ့ စတိုးတခုကို မိခင် တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ လူသားဝန်ထမ်း ခန့်အပ်ထားခြင်း မရှိဘဲ စက်ရုပ်တွေနဲ့ပဲ လည်ပတ်သွားမယ့် Huawei ရဲ့ ပထမဆုံး ရောင်းသူမဲ့ စမတ်စတိုးပါ။
ဝယ်သူလက်ထဲ ပစ္စည်းရောက်တဲ့အထိ ရောင်းချမှုကိစ္စအဝဝကို စက်ရုပ်တွေနဲ့ တာဝန်ယူ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
တရုတ်ပြည်၊ ဝူဟန်မြို့၊ Optics Valley အပြည်ပြည်ဆိုင်ရာ နည်းပညာဖွံ့ဖြိုးရေးစင်တာမှာ တည်ရှိတဲ့ Huawei ရောင်းသူမဲ့ စတိုးဆိုင်ကို ဆလင်ဒါပုံစံ တည်ဆောက်ထားပြီး၊ ရှေ့မျက်နှာစာကို ကျည်ကာမှန်တွေနဲ့ ကာရံထားပါတယ်။ ဆိုင်တွင်းမှာတော့ ၃၆၀ ဒီဂရီ လှည့်နိုင်တဲ့ စက်ရုပ်လက်တံအကြီး ၁ ခုနဲ့ အသေး ၂ ခုကို တပ်ဆင်ထားပါတယ်။
စျေးဝယ်သူတွေအနေနဲ့ အရင်ဆုံး အရောင်းကောင်တာမှာ တပ်ဆင်ထားတဲ့ ဖန်သားပြင်ကနေတဆင့် မိမိ လိုချင်တဲ့ ပစ္စည်းကို ရွေးချယ်ဝယ်ယူရမှာပါ။
ဝယ်ယူမှု ပြီးမြောက်ပြီဆိုရင် စက်ရုပ်လက်တံအကြီးက ပစ္စည်းတွေကို ကောက်ယူပြီး၊ ပစ္စည်းထုတ်ရမယ့်ဧရိယာမှာ ချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျန်လက်တံအသေး ၂ ခုက ပစ္စည်းတွေကို ဝယ်ယူသူလက်ထဲအရောက် တွန်းပို့ပေးမှာ ဖြစ်ပါတယ်။
လောလောဆယ်တော့ Huawei ရောင်းသူမဲ့စတိုးမှာ Huawei Vision TV လို ထုတ်ကုန်ပစ္စည်း ကြီးကြီးမားမားတွေ ထားရှိထားခြင်း မရှိပါဘူး။ စမတ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေလောက်ပဲ ဝယ်ယူရရှိနိုင်မှာပါ။
လူသားဝန်ထမ်း မလိုအပ်တာကြောင့် ၂၄ နာရီ အပြည့် လည်ပတ်နိုင်ပြီး၊ အွန်လိုင်းက ဖြစ်စေ လူကိုယ်တိုင် လာရောက်ပြီးဖြစ်စေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ကောင်းမွန်တဲ့ မှတ်ချက်တွေ ရရှိပါက အလားတူ ရောင်းသူမဲ့စတိုးဆိုင်မျိုး တရုတ်နိုင်ငံတွင်း ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။
Ref: Gizchina, Gizmochina
You may also like these stories:
ကျောကင်မရာ ၄ လုံးနဲ့ ပွဲထွက်လာတဲ့ Huawei Nova 5i Pro စမတ်ဖုန်း
အမေရိကန်အစိုးရက Huawei ကို နောက်ထပ် ရက် ၉၀ ယာယီလိုင်စင် ထုတ်ပေးမည်
ဖုန်းဈေးကွက်မှာ Sony နဲ့ LG တို့ ရုန်းကန်နေရပြီး Huawei ဆက်လက် အတက်ပြ