TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ Douyin Application ကို နေ့စဉ်အသုံးပြုသူ ပမာဏဟာ တရုတ်နိုင်ငံမှာပဲ သန်း ၄၀၀ အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။TechCrunch က ဖော်ပြထားတဲ့ သတင်းမှာတော့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာ Douyin App ကို အသုံးပြုသူဟာ သန်း ၂၅၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
TikTok ကို အသုံးပြုမှုဟာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံမှာ အမြင့်ဆုံးဖြစ်ပြီး သုံးစွဲပုံကတော့ အရမ်းကို ကွာခြားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၅၀ ကျော် အမျိုးသားနဲ့ အမျိုးသမီးတွေက ပုံစံတူ ကကွက်မျိုးကို ကပြီး ဗီဒီယိုတွေ လုပ်ကြပေမယ့် အမေရိကန်မှာတော့ ဆယ်ကျော်သက်တွေကသာ ဒီလို ကတဲ့ ဗီဒီယိုတွေကို ပြုလုပ်ကြပါတယ်။
Douyin ကို အသုံးပြုတဲ့ လူတွေဟာ ဘေဂျင်းမြို့မှာ အများဆုံးဖြစ်ပြီး ဘေဂျင်းရဲ့ နောက်မှာတော့ လျောင်းနင်း၊ ရှန်ဟိုင်း၊ ဂျီလင်နဲ့ ဟေလောင်ဂျင်းတို့က အနောက်မှာ ရှိနေကြပါတယ်။ တရုတ်လူငယ်တော်တော်များများကတော့Douyin ကို ဗဟုသုတရရှိဖို့ အခြေခံတဲ့ ဇာတ်လမ်းတိုလေးတွေကို ရိုက်ကူးလေ့ရှိကြပါတယ်။
eMarketer က ဖော်ပြတဲ့ အချက်အလက်တွေ အရ တရုတ်နိုင်ငံက မိုဘိုင်းလူမှုကွန်ရက် အသုံးပြုသူများရဲ့ ၆၇.၉ ရာခိုင်နှုန်း နဲ့ စမတ်ဖုန်းသုံးသူများရဲ့ ၅၉ ရာခိုင်နှုန်းဟာ Douyin ကို အသုံးပြုနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒီထက်များလာဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref;techcrunch.com
Facebook က TikTok ကို ယှဉ်ပြိုင်ဖို့အတွက် သီးသန့် App တခု ဖန်တီးနေ
TikTok ကုမ္ပဏီထုတ် ပထမဆုံး စမတ်ဖုန်း ထွက်ရှိ
TikTok ကုမ္ပဏီ နှစ်ဝက်အတွင်း ဒေါ်လာ ၇ ဘီလျံကျော် ရရှိ