• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Portable SSD ကို Samsung ထုတ်လုပ်

by Nigma
10 January 2020
in IT
A A
လက်ဗွေရာဆန်ဆာ ပါတဲ့ Samsung Portable SSD

လက်ဗွေရာဆန်ဆာ ပါတဲ့ Samsung Portable SSD

5.3k
VIEWS
Share on FacebookShare on Twitter

ယနေ့ ကွန်ပျူတာဈေးကွက်မှာ သွားလေရာ သယ်ဆောင် အသုံးပြုနိုင်တဲ့ Storage Devices တွေ ခေတ်စားလာပေမယ့် လုံခြုံရေးစနစ်ပါတဲ့ မော်ဒယ်မျိုးကတော့ လက်ချိုးရေလို့ ရအောင် နည်းပါးပါတယ်။

မော်ဒယ်အများစုက ကွန်ပျူတာတွေလို စကားဝှက် သို့မဟုတ် လက်ဗွေစနစ်တွေ မပါတာကြောင့် ဘယ်သူမဆို သင့်ဒေတာတွေကို ရယူကြည့်ရှုဖို့ အခွင့်ပေးထားသလိုပါပဲ။ ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung က လက်ဗွေရာဆန်ဆာ အသင့်ပါတဲ့ SSD တမျိုးကို ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
573
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
487

မြန်နှုန်းမြင့် ခရီးဆောင် SSD အမျိုးအစားဖြစ်တဲ့ Samsung T7 Touch မှာ အရင်ဖုန်းတွေမှာ ပါနေကျ လျှပ်ကူး လက်ဗွေရာဆန်ဆာ (Capacitive Fingerprint Scanner) တခုကို ကိုယ်ထည်အပေါ်ဘက်မှာ ထည့်သွင်းပေးထားပါတယ်။

ပိုင်ရှင်လက်ဗွေရာ စစ်မှန်ကြောင်း အတည်ပြုပြီးမှ အတွင်းမှာ သိမ်းဆည်းထားတဲ့ ဒေတာဖိုင်တွေကို ရယူအသုံးပြုခွင့်ပေးမှာပါ။ မတူညီတဲ့ လက်ဗွေရာ ၄ ခုအထိ ထည့်ထားနိုင်တာကြောင့် Drive တခုကို လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေနဲ့ မျှဝေသုံးတဲ့အခါမှာလည်း အဆင်ပြေမှာပါ။

Samsung T7 Touch ရဲ့ ကိုယ်ထည်ကို အလူမီနီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး၊ ကုမ္ပဏီအဆိုအရ အမြင့် ၂ မီတာကနေ ပြုတ်ကျမှုကို ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ USB-C အပေါက်တခုနဲ့ LED မီးတလုံး ပါဝင်ပြီး၊ စက်ကို တပ်ထားတဲ့အခါ သို့မဟုတ် ဖိုင်တွေ ကူးယူတဲ့အခါ မီးလင်းအချက်ပြပေးမှာ ဖြစ်ပါတယ်။

လုံခြုံရေးစနစ် မြင့်မားသလို ဒေတာကူးပြောင်းနှုန်းလည်း မြန်ဆန်ပါတယ်။ အမြင့်ဆုံး Write Speed 1000MB/s နဲ့ Read Speed 1000MB/s အထိ ရရှိမှာပါ။ အရင်မျိုးဆက် T5 ထက် ၂ ဆ ပိုမို မြန်ဆန်လာတယ်လို့ Samsung က ပြောကြားထားပါတယ်။

လက်ဗွေရာဆန်ဆာ အသင့်ပါပြီးသား Samsung S7 Touch 500GB မော်ဒယ်ကို ယခုလကုန်မှာ တန်ဖိုး ၁၂၉ ဒဿမ ၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ 1TB နဲ့ 2TB မော်ဒယ်တွေကိုတော့ ၂၂၉ ဒေါ်လာနဲ့ ၃၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

အနက်နဲ့ ငွေရောင် ၂ မျိုး ရွေးချယ်နိုင်မှာပါ။ လက်ဗွေရာဆန်ဆာ မပါတဲ့ S7 မော်ဒယ်ကိုလည်း ၂၀၂၀ နှစ်ဝက်လောက်မှာ ထပ်မံထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena, Gizmochina

You may also like these stories:

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

Samsung ရဲ့ ကမ္ဘာ့ပထမဆုံး ဘေးဘောင်မဲ့ TV ကို မကြာခင် တွေ့မြင်ရမည်

ဖုန်းဈေးကွက်မှာ အမြတ်ငွေ အများဆုံး ဖုန်းကုမ္ပဏီအဖြစ် Apple ဆက်လက် ရပ်တည်

Your Thoughts …
Tags: Portable SSDSamsung
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Samsung Galaxy Note 7 မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

၆ လ အရစ်ကျ အတိုးမဲ့ ၀ယ်ယူနိုင်မယ့် Galaxy Note 7

by သီဟတိုး
4 August 2016
830

Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊...

Next Post
ကျောက်ကြီး ဒေသခံတို့ တပ်မတော်နှင့် KNU ကို ဆန္ဒပြ

ကျောက်ကြီး ဒေသခံတို့ တပ်မတော်နှင့် KNU ကို ဆန္ဒပြ

အထူးစီးပွားရေးဇုန်အတွင်းရှိ အီတာလျံ-ထိုင်း ကုမ္ပဏီ ဆောက်လုပ်ရေး ပရောဂျက်အနီး / EarthRights International  / Supplied

ထားဝယ်အထူးစီးပွားရေးဇုန် မေလ ပြန်စမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate