ကမ္ဘာ့အစောဆုံး ခေါက်ချိုးဖုန်း တလုံးဖြစ်တဲ့ Mate X ကို တလလျှင် အလုံးရေ ၁ သိန်းခန့် ရောင်းချရလျက်ရှိကြောင်း Huaewi က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Mate X ခေါက်ချိုးဖုန်းကို ဒေါ်လာ ၂,၄၀၀ ဈေးနှုန်းနဲ့ ယမန်နှစ်၊ နိုဝင်ဘာမှာ စတင် ရောင်းချခဲ့ပြီးနောက် လစဉ် အလုံးရေ ၁ သိန်းနှုန်းနဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှုန်းအတိုင်းဆို ၂ လအတွင်း စုစုပေါင်း Mate X အလုံးရေ ၂ သိန်း ဝန်းကျင် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခေါက်ချိုးဖုန်းတွေဟာ နည်းပညာ အသစ်အဆန်း ဖြစ်တာနဲ့အညီ ဈေးနှုန်းကြီးမြင့်ပေမယ့် ဈေးကွက်တွင်း ဝယ်လိုအား အခိုင်အမာ ရှိနေတယ်လို့ သုံးသပ်ရပါတယ်။
Huawei Mate X ရဲ့ ရောင်းအားဟာ ပြိုင်ဘက် Samsung Galaxy Fold နဲ့ ယှဉ်မယ်ဆိုရင် မတိမ်းမယိမ်း အနေအထားမှာ ရှိပါတယ်။ Galaxy Fold ကို စက်တင်ဘာမှာ ဒေါ်လာ ၂,၀၀၀ ကျော် ဈေးနဲ့ ဈေးကွက် တင်သွင်းပြီးနောက် ၄ လအတွင်း စုစုပေါင်း အလုံးရေ “၄ သိန်းကနေ ၅ သိန်းကြား” ရောင်းချထားပြီး ဖြစ်တယ်လို့ Samsung က CES 2020 ပွဲမှာ ကြေညာခဲ့ပါတယ်။ ရောင်းအား တလကို အလုံးရေ ၁ သိန်း ဝန်းကျင်လောက်ပါပဲ။
သို့ပေမယ့် Huawei Mate X ကို လက်ရှိအချိန်ထိ တရုတ်ဈေးကွက် တခုတည်းမှာပဲ ဝယ်ယူ ရရှိနိုင်ပါတယ်။ Samsung Galaxy Fold ကိုတော့တော့ မိခင် တောင်ကိုရီးယားနိုင်ငံအပြင် ကမ္ဘာ့ဈေးကွက် အများအပြားမှာ တင်သွင်းရောင်းချထားပြီး ဖြစ်ပါတယ်။
Huawei အနေနဲ့ Mate X ခေါက်ချိုးကို တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ ရောင်းချမလဲဆိုတာ တရားဝင် ကြေညာထားခြင်း မရှိသေးပါဘူး။ ၂၀၂၀ ၊ ပထမ သုံးလပတ်အတွင်း ဥရောပဈေးကွက် ဝင်ဖို့ ရှိတယ်လို့တော့ အရင်က ပြောကြားခဲ့ဖူးပါတယ်။
Ref: The Verge, GSM Arena
You may also like these stories:
Huawei ရဲ့ Google အစားထိုး Apps များကို နှစ်သစ်ကူးအမီ ထုတ်ပေးမည်
ဂျာမနီ 5G ကွန်ရက် တည်ဆောက်မှုမှာ Huawei ပါဝင်မည်
Google မပါလည်း ကမ္ဘာ့ နံပါတ် ၁ ဖြစ်နိုင်ကြောင်း Huawei တည်ထောင်သူ ပြောကြား