• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ကမ္ဘာ့ကွန်ပျူတာဈေးကွက် ၈ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဦးမော့

by Nigma
22 January 2020
in IT
A A
  ၈ နှစ်တာအတွင်း PC ရောင်းအားဟာ ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်ပါတယ်။

  ၈ နှစ်တာအတွင်း PC ရောင်းအားဟာ ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်ပါတယ်။

5.2k
VIEWS
Share on FacebookShare on Twitter

၈ နှစ်တိုင်တိုင် တိုးတက်မှု မရှိ တုံ့ဆိုင်းနေခဲ့တဲ့ PC ဈေးကွက် နောက်ဆုံးမှာတော့ ပြန်လည် ဦးမော့လာပါပြီ။ နည်းပညာဈေးကွက် လေ့လာရေးကုမ္ပဏီ Canalys ရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ PC တင်ပို့ရောင်းချမှုပေါင်း အလုံးရေ ၂၆၈ ဒဿမ ၁ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပမာဏာဟာ အရင်နှစ် ၂၀၁၈ နဲ့  နှိုင်းယှဉ်ရင် ၂ ဒဿမ ၇ ရာခိုင်နှုန်းတိတိ တိုးတက်လာတာပါ။ ၈ နှစ်တာအတွင်း ပထမဆုံးအကြိမ် ရောင်းအား အတက်ပြခဲ့တာလည်း ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
746
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
330

၂၀၁၉ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ၃ ခုစာရင်းမှာတော့ Lenovo, HP နဲ့ Dell တို့က ဦးဆောင်ရပ်တည်လျက် ရှိပါတယ်။ PC ဈေးကွက်အနေနဲ့ ယမန်နှစ် အားလပ်ရက်ရာသီအတွင်း ရောင်းအား အထူးကောင်းမွန်ခဲ့တာကြောင့် အခုလို ပထမဆုံးအကြိမ် အတက်ပြခဲ့တာ ဖြစ်တယ်လို့ Canalys ကုမ္ပဏီရဲ့ ဈေးကွက်လေ့လာရေးပညာရှင် Ishan Dutt က ပြောကြားခဲ့ပါတယ်။

“PC ဈေးကွက်က ပြီးခဲ့တဲ့ အားလပ်ရက်ရာသီမှာ တော်တော်လေး အခြေအနေကောင်းခဲ့ပါတယ်။ သူ့အရင် သုံးလပတ် (Q3) မှာလည်း ဈေးကွက် စံချိန်တင် တိုးတက်ခဲ့တာ ဆိုတော့ အခြေအနေကတော့ အားရစရာပါပဲ။ ထုတ်လုပ်ဖြန့်ဖြူးရေးပိုင်းမှာ အခက်အခဲတွေ ရှိနေသည့်တိုင် PC ရောင်းချသူတွေဘက်က ဈေးကွက်အပေါ် ယုံကြည်မှုအပြည့်ရှိဆဲပါ” လို့ Dutt က ဆိုပါတယ်။

တရုတ်အခြေစိုက် Lenovo အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း PC အလုံးရေ ၆၄ ဒဿမ ၈ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ကုမ္ပဏီစာရင်းမှာ ထိပ်ဆုံးက ရပ်တည်လျက် ရှိပါတယ်။ သူ့နောက်မှာတော့ အမေရိကန်အခြေစိုက် HP က အလုံးရေ ၆၃ သန်း နဲ့ ဒုတိယနေရာ၊ နောက်ထပ် အမေရိကန်အခြေစိုက်ကုမ္ပဏီတခုဖြစ်တဲ့ Dell က အလုံးရေ ၄၆ ဒဿမ ၅ သန်းနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်လျက် ရှိပါတယ်။

Apple နဲ့ Acer တို့ကတော့ စတုတ္ထနဲ့ ပဉ္စမနေရာ မှာပဲ ဆက်လက် ရပ်တည်နေပါတယ်။ ထိပ်သီးကုမ္ပဏီ ၅ ခုမှာ Acer ကုမ္ပဏီတခုပဲ ၂၀၁၈ နဲ့ ယှဉ်ရင် ရောင်းအား ကျဆင်းခဲ့ပြီး၊ ကျန်ကုမ္ပဏီအားလုံး အတက်ပြခဲ့တာ တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေး ကျဆင်းနေလင့်ကစား PC ဈေးကွက် ဆက်လက် ခိုင်မာဆဲဖြစ်ကာ၊ ယမန်နှစ်ထက် ရောင်းအား ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာလည်း ၂ ရာခိုင်နှုန်းခန့် တိုးတက်မှု ရှိခဲ့ကြောင်း Canalys ရဲ့ ဈေးကွက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အခြား နာမည်ကြီး ဈေးကွက်လေ့လာရေး ကုမ္ပဏီတွေဖြစ်တဲ့ IDC နဲ့ Gartner တို့ရဲ့ အစီရင်ခံစာမှာလည်း PC ဈေးကွက် အတက်ပြခဲ့ကြောင်း တညီတညွတ်တည်း ဖော်ပြထားတာ တွေ့ရပါတယ်။

Ref: Gizmochina, Canalys

You may also like these stories:

Lenovo ရဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို ဈေးကွက်ဝင် မိတ်ဆက်

နောက်ဆုံးထုတ် Dell XPS နဲ့ Inspiron Laptop မော်ဒယ်အသစ်များ မြန်မာနိုင်ငံတွင် မိတ်ဆက်

Your Thoughts …
Tags: LenovoPC ဈေးကွက်ကွန်ပျူတာဈေးကွက်
Nigma

Nigma

Contributor

Similar Picks:

Lenovo မှ မိတ်ဆက်လိုက်တဲ့ "ThinkPad P52" Laptop

128GB RAM ၊ 6TB Storage နဲ့ ထွက်ရှိလာတဲ့ Lenovo “ThinkPad P52” Laptop

by Nigma
17 June 2018
6.9k

ThinkPad P25 ဟာ VR (သို့) 3D Contents တွေကို ရောက်လေရာမှာ ဖန်တီးချင်တဲ့သူတွေအတွက် ရည်ရွယ် ထုတ်လုပ် ထားတဲ့ Laptop တလုံး ဖြစ်ပါတယ်။

Lenovo ရဲ့ တန်ဖိုးနည်း Tablet

အနိမ့်ဆုံး ဒေါ်လာ ၇၀ တန် တန်ဖိုးနည်း Tablet ၅ မျိုးကို Lenovo မိတ်ဆက်

by Nigma
26 August 2018
7.8k

M10 နဲ့ P10 Tablet တွေကို ယခုနှစ်ကုန်လောက်မှာ Amazon ကနေ မှာယူနိုင်ပြီး၊ ကျန်မော်ဒယ်သုံးခုကိုတော့ အောက်တိုဘာလအတွင်း Walmart ကနေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Lenovo Z5 Pro GT  စမတ်ဖုန်း

Snapdragon 855 Chipset နဲ့ 12GB RAM ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း ထွက်ရှိလာ

by Nigma
19 December 2018
7.3k

Snapdragon 855 SoC ဟာ ယခု ဒီဇင်ဘာလအတွင်းကမှ မိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့ Mobile Chipset အသစ် ဖြစ်ပါတယ်။ X50 modem အသစ်နဲ့အတူ 5G ကွန်ရက် အသုံးပြုနိုင်မယ့် Chipset...

Lenovo ရဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာ

Lenovo ရဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို ဈေးကွက်ဝင် မိတ်ဆက်

by Nigma
8 January 2020
5.1k

ThinkPad X1 Fold ကို Windows 10 Pro နဲ့ အသုံးပြုရမှာပါ။ ခေါက်ချိုးမျက်နှာပြင်မှာ Windows OS အဆင်ပြေစွာ အသုံးပြုနိုင်ဖို့အတွက်လည်း Lenovo ကိုယ်တိုင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

Lenovo ရဲ့Snapdragon 850 သုံး ကမ္ဘာ့ပထမဆုံးလက်ပ်တော့ Yoga C630

Snapdragon 850 သုံး ကမ္ဘာ့ပထမဆုံးလက်ပ်တော့ Yoga C630 ကို Lenovo မိတ်ဆက်

by Nigma
31 August 2018
5.5k

Yoga C630 ဟာ Always-connected PC တလုံးဖြစ်ပြီး၊ အမြဲဖွင့်ထားနိုင်ကာ Standby အခြေအနေကနေလည်း ချက်ချင်းဖွင့်ပြီး အသုံးပြုနိုင်မယ့် လက်ပ်တော့ဖြစ်ပါတယ်။

i3 နဲ့ i5 နှစ်မျိုး ရွေးချယ်နိုင်မယ့် Lenovo IdeaPad 310

i3 နဲ့ i5 နှစ်မျိုး ရွေးချယ်နိုင်မယ့် Lenovo IdeaPad 310

by သက်နိုင်ဦး
3 March 2017
19k

Lenovo ကနေ အသစ် ထုတ်လုပ်ရောင်းချလာတဲ့ တန်ကြေးသင့် Lenovo IdeaPad 310 Notebook မော်ဒယ် ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ကတော့ i3 နဲ့ i5 ပုံစံ ၂ မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ...

Next Post
နေပြည်တော်ရှိ ဟိုတယ်ဇုန်တွင် လုံခြုံရေး ယူနေကြသည့် ရဲတပ်ဖွဲ့ဝင်များ  / သီဟလွင် / ဧရာဝတီ

နေပြည်တော်လုံခြုံရေး ကျပ် ၄ ဘီလီယံကျော် အကုန်ခံ၍ CCTV များ တပ်ဆင်မည်

ဟောင်ကောင်မှာ တွေ့ရတဲ့ ခရီးသွားများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate