IT

Realme Buds Air ကြိုးမဲ့နားကြပ်နဲ့ Realme 5i စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Realme အမှတ်တံဆိပ်ရဲ့ နောက်ဆုံးထုတ် “Buds Air” ကြိုးမဲ့နားကြပ်နဲ့ “Realme 5i” စမတ်ဖုန်းများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာပါပြီ။ စမတ်ဖုန်းဈေးကွက်မှာ အချိန်တိုအတွင်း နာမည်ရလာတဲ့ Realme ရဲ့ ထုတ်ကုန်အသစ်တွေ ဖြစ်ပြီး၊ အခြား Realme ထုတ်ကုန်တွေနည်းတူ ချိုသာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူ ရရှိနိုင်မှာပါ။

ကျောကင်မရာ ၄ လုံးပါ Realme 5 ဖုန်းစီးရီး အဖွဲ့ဝင်သစ် Realme 5i ကို တန်ဖိုး ကျပ် ၂၂၉,၀၀ နဲ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ “Buds Air” ကြိုးမဲ့နားကြပ်ကို ကျပ် ၇၀,၀၀၀ နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ ကြေညာခဲ့ပါတယ်။


Realme 5i စမတ်ဖုန်း မိတ်ဆက်ပွဲ (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

Realme 5i စမတ်ဖုန်းကို နိုင်ငံတကာ ဈေးကွက်မှာ ယခု အစောပိုင်းကမှ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ 4GB RAM+64GB Storage မော်ဒယ် တမျိုးတည်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Aqua Blue အပြာရောင်နဲ့ Forest Green အစိမ်းရောင် ၂ မျိုး ရွေးချယ်နိုင်မှာပါ။

လူကြိုက်များခဲ့တဲ့ အရင် 5 စီးရီး ဖုန်းတွေအတိုင်း ၁၁၉ ဒီဂရီအထိ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP Ultra Wide-angle Lens နဲ့အတူ 12MP Camrea ၊ 2MP Portraint Lens နဲ့ 2MP Macro Lens တို့ကို ထည့်သွင်းပေးထားပါတယ်။ ကြီးမားတဲ့ 5,000mAh ဘက်ထရီ အသုံးပြုပေးထားတာကြောင့် Stand-by အနေအထားမှာ ရက် ၃၀ အထိ အသုံးခံမယ်လို့ ဆိုပါတယ်။

စွမ်းဆောင်ရည်မြင့် Snapdragon 665 Chipset ပါဝင်ပြီး၊ ရွေးချယ်ရ လွယ်ကူစေဖို့ 4GB+64GB မော်ဒယ်တမျိုးတည်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ မြန်ဆန် ချောမွေ့မှု စွမ်းဆောင်ရည်ကို ရရှိနိုင်မှာ ဖြစ်ကြောင်း ကုမ္ပဏီက အာမခံထားပါတယ်။

Realme 5i ဖုန်းနဲ့အတူ မိတ်ဆက်ပေးခဲ့တဲ့ Buds Air နားကြပ်ဟာ Realme ရဲ့ ပထမဆုံး ကြိုးမဲ့နားကြပ် (Truly Wireless Earbuds) ပါ။ Buds ၊ Buds 2 နဲ့ Buds Wireless တို့ပြီးနောက် စတုတ္ထမြောက် Realme အမှတ်တံဆိပ် ဂီတဆက်စပ်ပစ္စည်းလည်း ဖြစ်ပါတယ်။

အထူးသီးသန့်ထုတ် R1 Chip ကို အသုံးပြုထားတာကြောင့် အသံနဲ့ ရုပ်တထပ်တည်း ခံစားနိုင်မှာဖြစ်သလို အခြားအမျိုးတူ နားကြပ်တွေမှာ မပါတဲ့ Gaming Mode ကိုလည်း Realme Buds Airs မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ပြင်ပဆူညံသံကို ပယ်ဖျောက်ပေးမယ့် Dual Mic Noise Cancellation စနစ်၊ နားကြပ် ၂ ဖက်လုံးကို ပြည့်ဝတဲ့ အသံစနစ် တပြိုင်တည်းပေးပို့နိုင်တဲ့ Dual Channel Real-time Transmission စတဲ့ အဆင့်မြင်စနစ်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

Realme Buds Air ကြိုးမဲ့နားကြပ်ကိုတော့ တန်ဖိုး ကျပ် ၇၀,၀၀၀ နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။ စတင်ရောင်းချစဉ်မှာတော့ အဖြူရောင် တမျိုးတည်း ရရှိမှာ ဖြစ်ပါတယ်။ နောက်မှ Realme အမှတ်တံဆိပ်ရောင် အဝါရောင် မော်ဒယ် ထပ်မံရောင်းချပေးမယ်လို့ သိရပါတယ်။

Ref: Realme, Gizmochina

You may also like these stories:

Realme ရဲ့ ပထမဆုံး 5G ဖုန်း “X50 5G” ထွက်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading