ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် စမတ်ဖုန်း တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းမည်
ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှာ သေဆုံးသူပေါင်း ၃၆၁ ဦးနဲ့ ရောဂါကူးစက်ခံရသူပေါင်း ၁၇,၀၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို
ဒါ့အပြင် ယခုအခြေအနေဟာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း တင်ပို့ ရောင်းချမှုကိုလည်း ၂၀၂၀ နှစ်ဝက်လောက်အထိ ကြီးမားစွာ ရိုက်ခတ်နိုင်ခြေရှိကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ Strategy Analytics ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဈေးကွက် အစီရင်ခံစာအရ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖို
၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချမှုက ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး၊ ပထမသုံးလပတ်မှာ အဆိုးရွားဆုံး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းမှုကို ကြုံတွေ့ရနိုင်ခြေရှိကြောင်း Strategy Analytics က ခန့်မှန်းထားပါတယ်။ အလားတူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချ
ကမ္ဘာတဝှမ်း ရောင်းချနေတဲ့ စမတ်ဖုန်း ၇၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်တဲ့အတွက် အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာမှု ကန့်သတ်ထားခြင်း၊ ရောဂါကူးစက်ရာ ဒေသများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ဖုန်းစက်ရုံ လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနိုင်ပြီး၊ ကမ္ဘာ့ဖုန်းဈေးကွက် ဝယ်လိုအားနဲ့ ကုန်ထုတ်လုပ်မှုတို့ကို ဆိုးရွားစွာ ထိခိုက်စေမှာဖြစ်ကြောင်း ဈေးကွက် အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
အခုဆို အစောဆုံး အရိပ်လက္ခဏာအဖြစ် အိန္ဒိယမှာ ASUS ရဲ့ ROG Phone 2 လက်ကျန် ပြတ်တောက်နေမှုကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အကယ်၍ လာမယ့်လအနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကို မထိန်းချုပ်နိုင်ပါက တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း တင်ပို့ ရောင်းချမှုဟာ ယခု ခန့်မှန်းထားတာထက် ပိုမိုဆိုးရွားနိုင်ကြောင်း Strategy Anlytics ရဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုမ္ပဏီတွေကို ပွဲအခမ်းအနားတွေ မကျင်းပဖို့ တားမြစ်ထားတာကြောင့် တရုတ်နိုင်ငံမှာ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲ အခမ်းအနားတွေလည်း ရက်ဆိုင်းထားကြပါတယ်။

Xiaomi Mi 10 ဖုန်း မိတ်ဆက်မယ့် ကြော်ငြာ ပိုစတာ
Huawei က ဖေဖော်ဝါရီ ၁၁ ကျင်းပမယ့် Developer Conference ပွဲကို နောက်ဆုတ်ထားပြီးဖြစ်သလို၊ မကြာခင် မိတ်ဆက်မယ့် Xiaomi Mi 10 ဖုန်းကိုလည်း အွန်လိုင်းကနေပဲ မိတ်ဆက်သွားတော့မယ်လို့ သတင်းထွက်နေပါတယ်။
Ref: Gizmochina, Strategy Analytics