IT

ဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ Tiktok နဲ့ Zoom သုံးစွဲမှု ရုပ်သိမ်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်း လူသုံးများတဲ့ App တခုဖြစ်တဲ့ Tiktok ကို ဟောင်ကောင် App stores ကနေ ရုပ်သိမ်းတော့မယ်လို့ ဆိုပါတယ်။ Tiktok အပြင် နောက်ထပ် App တခုဖြစ်တဲ့ Zoom လည်း ရုပ်သိမ်းသွားမယ့်အကြောင်း ကြေညာလိုက်ပါပြီ။

အမျိုးသားလုံခြုံရေး ဥပဒေသစ်အရ ဟောင်ကောင်အာဏာပိုင်တွေက သုံးစွဲသူတွေရဲ့ အချက်အလက်တောင်းဆိုတာတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ထပ် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Microsoft, Twitter, Google နဲ့ Telegram တို့လည်း အချက်အလက် တောင်းခံမှုတွေကြောင့် လုပ်ငန်းတွေ ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

App ကတဆင့် ဗီဒီယိုတွေ ဝေမျှနိုင်တဲ့ Social network platform တခုဖြစ်တဲ့ Tiktok ဟာ တရုတ်အခြေစိုက် ByteDance က ပိုင်ဆိုင်တာဖြစ်ပြီး သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဦးစားပေးတာကြောင့် ဝေမျှပေးဖို့ကို ငြင်းဆိုထားပါတယ်။

တရုတ်ပိုင်ကုမ္ပဏီတခုဖြစ်ပေမယ့် Tiktok ဟာ တရုတ်မှာတော့ သုံးစွဲခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒီအစား ByteDance က ပိုပြီးကိုက်ညီအောင် လုပ်ပေးထားတဲ့ Duoyin App ကိုပဲ တရုတ်နိုင်ငံမှာ သုံးစွဲကြပါတယ်။ Tiktok က ပြောရေးဆိုခွင့်ရှိသူကတော့ ဟောင်ကောင်မှာ ရုပ်သိမ်းလိုက်တဲ့ Tiktok အစား Duoyin ကို အစားထိုးဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမေရိကန်ဘက်က တရုတ် App တွေကို ပိတ်ပင်ကန့်သတ်သွားဖို့ ဆန္ဒရှိနေပြီး ဒီထဲမှာ Tiktok လည်းပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံကလည်း WeChat နဲ့ Tiktok အပါအဝင် တရုတ်ဆိုရှယ် App တော်တော်များများကို ပိတ်ပင်ထားပါတယ်။

WhatApps, Facebook နဲ့ Telegram တို့ကလည်း ဟောင်ကောင်အစိုးရက သုံးစွဲသူတွေရဲ့ အချက်အလက်ကို တောင်းဆိုတာဟာ လူအခွင့်အရေးနဲ့ ငြိစွန်းတာနေတာကြောင့် လုပ်ငန်းတွေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့နောက်မှာတော့ တခြား နည်းပညာကုမ္ပဏီကြီးတွေက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကို စောင့်ကြည့် လေ့လာဦးမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ကနေ Tiktok ရုပ်သိမ်းမယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာပဲ Zoom က ပြောရေးဆိုခွင့်ရှိသူက လွတ်လပ်စွာ အတွေးအမြင် ဖလှယ်ခွင့်ကို အားပေးထောက်ခံတယ်လို့ ကြေညာခဲ့ပြီး ရုပ်သိမ်းတော့မယ့် အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

ဟောင်ကောင်ဒေသခံတချို့က ဇူလိုင် ၇ ရက်ကစပြီး Tiktok ကို Download ဆွဲလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အစိုးရက အင်တာနက်ကုမ္ပဏီတွေဘက်က ဥပဒေသစ်ကို ချိုးဖောက်မယ်ဆိုရင် အမျိုးသားလုံခြုံရေးအရ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ချခံရမှာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ထမ်းကိုလည်း ထောင်ဒဏ် ၆ လ ချမှတ်နိုင်ပါတယ်။

ဥပဒေသစ်ကို လိုက်နာကျင့်သုံးမယ်ဆိုရင် ကုမ္ပဏီဘက်ကလည်း ဆောင်ရွက်ရမယ့် အချက်အလက်တွေကို ဖော်ပြထားပြီး အသေးစိတ် သိလိုမယ်ဆိုရင် အွန်လိုင်းပေါ်ကတဆင့် ဆွေးနွေးနိုင်တယ်လို့ ကြေညာထားပါတယ်။

Ref: The Guardian

Did you find apk for android? You can find new Free Android Games and apps.
Loading