Nintendo ကနေ Mario ဂိမ်းများကို ၃၅ နှစ်ပြည့်အဖြစ် ပြန်လည် ရောင်းချမည်
ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီကြီးဖြစ်တဲ့ Nintendo ကုမ္ပဏီကနေ ၁၉၈၀ ခုနှစ် ကာလများက နာမည်ကျော်ခဲ့တဲ့ ဂိမ်းစက်တွေကို နိုဝင်ဘာလအတွင်းမှာ ပြန်လည် ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံး လက်ကိုင်ဂိမ်းစက်လို ဂန္တဝင်စက်တွေကို ပြန်မြင်ခွင့်ရတော့မှာပါ။ အဆိုပါ ဂိမ်းစက်တွေကို အရောင်စုံမြင်ရအောင် Display အဆင့်မြင့်ထားပြီး အကန့်အသတ်နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လအထိ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။ Nintendo ရဲ့ တရားဝင် Online Shopping ဝက်ဘ်ဆိုက်ကနေ ကြိုတင် အမှာစာတွေ လက်ခံပေးနေပါပြီ။
ပြန်လည် ထုတ်လုပ်မယ့် New version တွေထဲမှာ မှတ်တိုင်တခု စိုက်ထူနိုင်တဲ့အထိ အောင်မြင်မှုတွေရရှိနေဆဲ “Super Mario Bros” ထွက်ရှိခြင်း ၃၅ နှစ်မြောက်အဖြစ် ဂန္တဝင် Mario ဂိမ်းတွေပါ ပြန်လည် ရောက်ရှိလာတော့မှာပါ။
၁၉၈၀ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တဲ့ လက်ကိုင်ဂိမ်းစက်တွေကို ကုမ္ပဏီရဲ့ ဒီဂျစ်တယ်နာရီ နည်းပညာကို အသုံးပြုကာ အဆင့်မြင့်တင် ထုတ်လုပ်သွားမှာပါ။ Games & Watch စီးရီးမှာဆိုရင် ယနေ့ခေတ်လူကြီးတွေ ငယ်စဉ်က အကြိုက်တွေ့ခဲ့တဲ့ အသက် ၄၀ အရွယ် Mario ဂိမ်းတွေလို ဂန္တဝင်ဂိမ်းအမြောက်အမြား ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကိုတော့ ဂျပန်ယန်းငွေ ၅,၄၇၈ (အမေရိကန်ဒေါ်လာ ၅၁) သတ်မှတ်ထားပါတယ်။
COVID-19 ဖြစ်ပွားနေချိန်မှာ Nintendo ရဲ့ရှယ်ယာဈေးကွက်ဟာ ၁၂ နှစ်တာ ကာလအတွင်း မြင့်တက်သွားခဲ့ပါတယ်။ အကြောင်းကတော့ Switch ဂိမ်းစက်ဟာ ရောင်းအားအကောင်းဆုံး နေရာမှာ ရှိနေသလို၊ အမေရိကန်ဂိမ်းစက် ဈေးကွက်မှာလည်း ပထမနေရာ ယူထားနိုင်ပါတယ်။
“Animal Crossing: New Horizons” ဂိမ်းကြောင့် အမေရိကန်နဲ့ အာရှမှာ ဝယ်ယူမှု များလာခဲ့တာပါ။
Switch ဟာ ထွက်ရှိပြီး ၃ နှစ်ကျော် ကာလအတွင်းမှာ စံချိန်တင် ရောင်းအားတက်ခဲ့ပြီး ဂျပန်ပြည်တွင်းဈေးကွက် တခုတည်းမှာတင် သန်း ၆၀ ကျော်လောက် ရောင်းချခဲ့ရတယ်လို့ ဂျပန်အခြေစိုက် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
Mario ဂိမ်း ၃၅ နှစ်ပြည့်အဖြစ် “Super Mario Bros” ထဲမှာပါတဲ့ Mario Kart က ဇာတ်ကောင်အရုပ်တွေကို Switch ကနေ ဂိမ်းထဲကအတိုင်း အပြင်မှာပဲ ကိုယ်တိုင် ထိန်းချုပ်ကစားနိုင်မယ့် ပုံစံအသစ်ကို အောက်တိုဘာလထဲမှာ ကျိုတိုအခြေစိုက် Nintendo ကနေ ဈေးကွက်ထဲ ရောင်းချသွားမှာပါ။ လက်ရှိမှာတော့ Mario နဲ့ Luigi ၂ မျိုးပဲရှိသေးပြီး တမျိုးကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပါတယ်။
Ref: CNA Lifestyle, Nikkei Asian Review
You may also like these stories:
ဂျပန်မှာ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံ စမ်းသပ်မှု အောင်မြင်
WeChat ပိတ်လိုက်တာကြောင့် တရုတ် iPhone ဈေးကွက် ရောင်းအား ကျဆင်းနိုင်