IT

Air Force One ကို အသံထက်မြန်တဲ့ လေယာဉ်နဲ့ ပြောင်းလဲဖို့ စီစဉ်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတ စီးနင်းတဲ့ Air Force One လေယာဉ်ကို အဆင့်မြင့်တင့်ဖို့ လုပ်ဆောင်နေပါတယ်။ ၂၀၂၅ လောက် အစောဆုံးထားပြီး အသံထက်မြန်တဲ့ Supersonic လေယာဉ်ပုံစံ ပြောင်းလဲနိုင်အောင် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာပါ။

ကယ်လီဖိုးနီးယားအခြေစိုက် Exosonic ကနေ လတ်တလော တည်ဆောက်နေတဲ့ အသံထက်မြန်တဲ့ supersonic Mach 1.8 twinjet ကို Air Force သမ္မတရုံး လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့က မျက်စိကျနေပါတယ်။ Exosonic ကနေ ယခင်အပတ်က ကြေညာခဲ့တဲ့ အသံထက်မြန်တဲ့ လေယာဉ်စာချုပ်ဟာ Air Force One အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သြဂုတ်လတုန်းကလည်း ထိပ်ဆုံးသတင်းမှာ နေရာယူခဲ့တဲ့ အတ္တလန်တာအခြေစိုက် Hermeus Corporation ရဲ့ အယောက် ၂၀ စီး နယူးယောက်နဲ့ လန်ဒန်ကို မိနစ် ၉၀ အတွင်း ပြေးဆွဲနိုင်တဲ့ အသံထက်မြန် hypersonic လေယာဉ်ကလည်း သမ္မတရုံးအဖွဲ့ဆီကပဲ ရင်းနှီးမြှုပ်နှံဖို့ လက်ခံရရှိထားပါတယ်။

US Air Force နဲ့ Hermeus ဟာ အတူပူးပေါင်းပြီး Mach 5 မြန်နှုန်းရှိ လေယာဉ်အတွက် လက်တွဲလုပ်ဆောင်နေတာပါ။ မနှစ်က ကြေညာချက်တခုမှာ သမ္မတ ဒေါ်နယ်ထရမ့်က ဆယ်စုနှစ် ၅ စုအကြာ၊ အုပ်ချုပ်မှုပိုင်း ၁၁ ဆက်လောက်မှာ လက်ရှိ Air Force One နဲ့ မတူတဲ့ပုံစံမျိုးကို ပြောင်းလဲသွားဖို့ အစီအစဉ် ရှိနေပါတယ်။

Exosonic ရဲ့ အယောက် ၇၀ စီး Mach 7 မြန်နှုန်းနဲ့ အသံထက် နှစ်ဆမြန်တဲ့ လေယာဉ် ဖြတ်သန်းသွားတဲ့အခါ မြေပြင်က အိမ်တွေမှာ တုန်ခါမှုလို အနှောင့်အယှက် မဖြစ်အောင် လုပ်ဆောင်ထားရပါမယ်။ “အနာဂတ်မှာ ခရီးသည်ပို့ဆောင်ရေးလေကြောင်းတွေမှာ အသံထက်မြန်တဲ့ Supersonic လေယာဉ်တွေ အသုံးတွင်ကျယ်လာနိုင်တယ်” လို့ Exosonic ရဲ့ စီအီးအို Norris Tie က ပြောပြသွားပါတယ်။

အသံထက်မြန်တဲ့ အမြန်နှုန်းတွေက ဘယ်လိုမျိုးလဲ။ ဥပမာပြောရရင် Mach 1.8 ဟာ တနာရီကို မိုင်ပေါင်း ၁,၃၈၁ မှိုင် (၂,၂၂၂ ကီလိုမီတာ) နှုန်းရှိတာကြောင့် လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေထက် ခရီးစဉ်ကြာချိန်ကို ထက်ဝက်လျော့ကျသွားစေနိုင်ပါတယ်။

US Air Force နဲ့ Exosonic အတူ ပူးပေါင်းပြီး လုပ်ဆောင်မယ့် လေယာဉ်ဟာ လုံခြုံရေးအတွက် ဆက်သွယ်ရေး ကိရိယာတွေ လိုအပ်သလို စီးနင်းလိုက်ပါမယ့် အမေရိကန်သမ္မတနဲ့ ဧည့်သည်တွေဟာ လေယာဉ်ပေါ်မှာ အနားယူ၊ အလုပ်လုပ်နိုင်အောင် ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်။

Military.com မှာလည်း အသံထက်မြန်တဲ့ Air Force One လေယာဉ် ရှေ့ပြေးပုံစံကို ၂၀၂၅ လောက်မှာ မြင်တွေ့နိုင်မယ်လို့ ဖော်ပြထားပါတယ်။ Exosonic ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ် စီအီးအို Norris Tie က သူတို့ရဲ့ အသံထက်မြန်တဲ့ supersonic လေယာဉ်ကို ၂၀၃၀ နှစ်လယ်ပိုင်းမှာ ပျံသန်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

ဘယ်လ်ဂျီယံမှာ စူပါမားကတ်က ဈေးဝယ်လှည်းတွေကို UV light သုံးပြီး ပိုးသတ်

Nintendo ကနေ Mario ဂိမ်းများကို ၃၅ နှစ်ပြည့်အဖြစ် ပြန်လည် ရောင်းချမည်

ဂျပန်မှာ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံ စမ်းသပ်မှု အောင်မြင်

Did you find apk for android? You can find new Free Android Games and apps.
Loading