• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်

by မစ်ကီ
1 April 2021
in IT
A A
Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်

Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်

10.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ နာမည်ကျော် လူမှုကွန်ရက် ကုမ္ပဏီ Facebook ဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကွန်ရက်ကို အသုံးပြုနေသူ အကောင့်ပိုင်ရှင်တွေအနေနဲ့ ဘေးကင်းလုံခြုံမှု ရရှိနိုင်စေမယ့် လုပ်ဆောင်ချက်တခုကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်အတွင်း အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံမှု ရှိစေနိုင်ဖို့အတွက် ဆောင်ရွက်ပေးလိုက်ရတာဖြစ်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်အရ Facebook ကို အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ရေး အချက်အလက် ဒေတာ (Profile) ကို သူငယ်ချင်း ပြုလုပ်မထားသူ အများသူငါ ကြည့်မရအောင် ပိတ်ပင်ထားနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေက မိမိတို့ရဲ့ အတွေးအကြံ အစီအစဉ်ကို ထုတ်ဖော် ပြောဆိုတဲ့နေရာမှာ လုံခြုံမှုရှိတဲ့ ပလက်ဖောင်းတခု ဖြစ်စေဖို့နဲ့ ပြည်သူတွေ ဘေးကင်းမှု ရှိစေဖို့ ထပ်တိုး နည်းလမ်းတခု အနေနဲ့ ရှာဖွေလုပ်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
139
သဇင်ပန်း

သဇင်ပန်း

10 January 2026
151

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ မကြာသေးမီ သီတင်းပတ်တွေအတွင်း တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေနဲ့ လူမှုအသိုက်အဝန်း အဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုအကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ထပ်တိုးလုပ်ဆောင်ချက်တခု လိုအပ်နေတယ်ဆိုတာကို နားလည် သဘောပေါက်ခဲ့တယ်လို့ Facebook က ဆိုပါတယ်။

အခုလို အသစ် ထပ်တိုးလိုက်ရတဲ့ လုပ်ဆောင်ချက်အရ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Profile ကို အများသူငါ ကြည့်ရှုနိုင်ခြင်း မရှိအောင် ပိတ်ထားနိုင်သလို Facebook သုံးစွဲနိုင်မှုအပေါ် ထိန်းချုပ်မှု ပိုလိုချင်သူတွေအတွက် လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်

အခုလို ထပ်တိုး လုပ်ဆောင်ချက်ဖြင့် Profile ကို ပိတ်ထားသူတွေဟာ မိမိရဲ့ Profile ဓာတ်ပုံနဲ့ မျက်နှာဖုံးဓာတ်ပုံ (Cover Photo) ကို မိမိနှင့် သူငယ်ချင်းဖြစ်မထားသူက ပုံကြီးချဲ့ခြင်း၊ ဝေမျှခြင်းနဲ့ ဒေါင်းလုဒ် ရယူခြင်းတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ အချိန်နှင့်အမျှ ဖော်ပြမှု (Timeline) ပေါ်က ဓာတ်ပုံနဲ့ ပို့စ်တွေကိုလည်း မိမိနှင့် သူငယ်ချင်း မဟုတ်သူများက မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အဲဒီလို ထပ်တိုးလုပ်ဆောင်ချက် အသစ်ကို ရယူလိုသူတွေ အနေနဲ့ Facebook မှာရှိတဲ့ မိမိ Profile ဓာတ်ပုံအောက်မှ အစက် ၃ စက်ကို နှိပ်ပါ။ Lock Profile ကို နှိပ်ပြီး အတည်ပြုကြောင်း ထပ်မံနှိပ်ပေးပါက သုံးစွဲလို့ရနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကို ယနေ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပေမယ့် သုံးစွဲသူအများစုက VPN များကို အသုံးပြုကာ ရယူသုံးစွဲနေကြဆဲ ဖြစ်ပါတယ်။ သတင်းအမှားတွေ ထုတ်ဖော် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုကာ အာဏာသိမ်း စစ်ကောင်စီ၊ တပ်မတော်နဲ့ ဆက်စပ်တဲ့ အကောင့်တွေ၊ လူပုဂ္ဂိုလ် အကောင့်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Facebook က ပိတ်ပင်ခဲ့ပါတယ်။

Ref: Facebook

You may also like these stories:

အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး

Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ

Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်
Your Thoughts …
Tags: Facebookဒေတာဘေးကင်းလုံခြုံမှုလူမှုကွန်ရက်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

by ဧရာဝတီ
19 April 2025
5k

"မြန်မာက လက်ရှိအခြေအနေမှာ အင်မတန်များပြားတဲ့ သတင်းတုတွေကို ငွေကြေးရလို့ ဖြန့်ချိနေကြတယ်"

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
3.1k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

မြန်မာငလျင်ကြောင့် ဘန်ကောက် ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု ပြန်လည်သုံးသပ်

မြန်မာငလျင်ကြောင့် ဘန်ကောက် ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု ပြန်လည်သုံးသပ်

by ဧရာဝတီ
3 April 2025
1.6k

အဆောက်အအုံဒီဇိုင်း၊ ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု လုပ်ထုံးလုပ်နည်း လိုက်နာမှုနှင့် နိုင်ငံတော် စာရင်းရုံးကို တည်ဆောက်နေသည့် တရုတ်နိုင်ငံပိုင် ကန်ထရိုက်တာတို့နှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

Next Post
မန္တလေးတွင် နေအိမ်အတွင်း မိဘရင်ခွင်ထဲထိ ဝင်ပစ်ခံလိုက်ရသည့် အသက် ၇ နှစ် အရွယ် မခင်မျိုးချစ်

စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့

သမ္မတဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ခွင့်ရရန် ရှေ့နေတင်ပြ(ရုပ်သံ)

သမ္မတဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ခွင့်ရရန် ရှေ့နေတင်ပြ(ရုပ်သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved