• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG

by Aurora
12 April 2021
in IT
A A
LG နည်းပညာ ကုမ္ပဏီ

LG နည်းပညာ ကုမ္ပဏီ

6k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား LG လျှပ်စစ်ကုမ္ပဏီကြီးဟာ စမတ်ဖုန်းလောကရဲ့ အစောပိုင်းကာလ စွန့်ဦးတီထွင်သူထဲမှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဖုန်း ထုတ်လုပ်ရေးပိုင်းကို ရပ်ဆိုင်းတော့မယ့်အကြောင်း ဧပြီလဆန်းပိုင်းကပဲ ကြေညာသွားပါတယ်။

နည်းပညာကုမ္ပဏီကြီးဟာ နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို စမတ်ဖုန်း ထုတ်လုပ်ရေးမှာ အရှုံးပေါ်ခဲ့ပြီးနောက် Android လောကကြီးကို နှုတ်ဆက်လက်ပြ ကျောခိုင်းသွားခဲ့ရပါပြီ။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
7
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
188
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
613

၂၀၁၉ ခုနှစ်တုန်းကလည်း မိခင် တောင်ကိုရီးယားနိုင်ငံ ဈေးကွက်မှာ အရှုံးပေါ်ခဲ့တာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။ ကုမ္ပဏီကနေ ထုတ်လုပ်ထားထားတဲ့ ကျန်ရှိနေသေးတဲ့ မော်ဒယ်တချို့ကိုတော့ ဆက်လက် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းနယ်ပယ်မှာ တန်ဖိုးနည်း တရုတ်နိုင်ငံထုတ် ဖုန်းတွေအပြိုင်အဆိုင် ထွက်ပေါ်လာတာကြောင့် ဈေးကွက်ဝေစု ရဖို့ ရုန်းကန်နေချိန်မှာတောင် အမေရိကန်ဈေးကွက်မှာ အိုင်ဖုန်း၊ ဆမ်ဆောင်းဖုန်းတွေနဲ့အပြိုင် ရောင်းအားအကောင်းဆုံး စာရင်းထဲ ဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံး ၅ နှစ်အတွင်းမှာ ကုမ္ပဏီဟာ ဒေါ်လာ ၄ ဘီလီယံခွဲလောက် အရှုံးပေါ်ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကဆိုရင် ကမ္ဘာ့စမတ်ဖုန်းလောကရဲ့ ထိပ်ဆုံး အဆင့် ၃ ခုထဲ ဝင်ခဲ့ဖူးပေမယ့် ၂၀၂၀ မှာတော့ ထိပ်သီးအဆင့် ၇ အတွင်းတောင် မဝင်နိုင်တော့ပါဘူး။ ၂၀၂၁ နှစ်ဆန်းပိုင်းမှာတော့ LG ဟာ သူတို့ရဲ့ ဖုန်းလုပ်ငန်းကို နောက်ထပ် လုပ်ငန်းစုတခုဆီ ရောင်းချမယ့်အကြောင်း အရိပ်အမြွက် ထွက်လာခဲ့ဖူးပါတယ်။

LG ဘက်က စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမယ့်အကြောင်း ကြေညာခဲ့အပြီးမှာပဲ အသုံးပြုခဲ့သူတွေက သူတို့ရဲ့ LG လက်ကိုင်ဖုန်းဟောင်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံရိုက်တင်ရင်း အမှတ်တရ ဝေမျှပေးခဲ့ကြပါတယ်။

ရွှေရောင်လွှမ်းခဲ့တဲ့ ၂၀၁၃ ခုနှစ်ကဆိုရင် LG ဟာ အဲဒီခေတ်အခါတုန်းက ကွေးညွတ်နေတဲ့ ဖုန်းမျက်နှာပြင်ကို ပထမဆုံး ချပြခဲ့တာပါ။ နောက်ထပ် ၂ နှစ်အကြာမှာ ပညာရှင်တွေကတောင် ချီးကျူးရတဲ့ အရည်အသွေးမြင့် ဓာတ်ပုံရိုက်ကူးနိုင်တဲ့ LG G4 ကို ထုတ်ပြခဲ့ချိန်မှာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းကင်မရာအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာလည်း LG ဟာ 5G network အသုံးပြုနိုင်ပြီး မျက်နှာပြင်နှစ်ခု ပါတဲ့အပြင် ၉၀ ဒီဂရီလှည့်နိုင်တဲ့ WING 5G ကို ဈေးကွက်ထဲ ရောင်းချခဲ့ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၃ လလောက်က စမတ်ဖုန်းကနေ Tablet အဖြစ် ပြောင်းလဲသုံးနိုင်မယ့် LG Rollable ကို ဒီနှစ်အတွင်း ထုတ်ပြသွားမယ့်အကြောင်း အတည်ပြု ပြောကြားခဲ့ပေမယ့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်အပြီးမှာ အဆိုပါ အမျိုးအစားသစ်ကို သုံးစွဲသူတွေ မြင်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။

Ref: edition.cnn

Your Thoughts …
Tags: 5G networkLGTabletစမတ်ဖုန်း
Aurora

Aurora

Contributor

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
891

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်ပါတယ်

ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း

by ဟယ်လ်သင်
11 March 2019
5.6k

ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

by Nigma
7 January 2020
8k

ဈေးပိုမို သက်သာသွားပေမယ့် မူလ Flagship ဖုန်းတွေက အမြင့်စားစွမ်းဆောင်ရည်တွေကို မပျက်မယွင်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။

Tablet ကောင်းကောင်း ဝယ်မယ် ဆိုရင်

Tablet ကောင်းကောင်း ဝယ်မယ် ဆိုရင်

by သက်နိုင်ဦး (UCSL)
20 August 2017
14.6k

Tablet တွေဟာ ကုမ္ပဏီတွေရဲ့ အဆင့်မြှင့်တင်မှုနဲ့ အတူ တဖြည်းဖြည်းနဲ့ ကွန်ပျူတာ နေရာမှာ အစားထိုး သုံးနိုင်လာလို့ လူကြိုက် များလာနေပါတယ်။ ဈေးကွက်ထဲမှာ Tablet အမျိုးအစား များစွာနဲ့ ဈေးနှုန်း အမျိုးမျိုးရှိနေလို့ အကောင်းဆုံး အမျိုးအစားတွေကို...

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းများ

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ

by Nigma
13 February 2020
9k

Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
6.8k

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။

Next Post
မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့တနေရာတွင် တွေ့ရသော စစ်သားများ / ဧရာဝတီ 

စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်

ဒီဖြစ်စဉ်ဟာ ကာကွယ်ဆေး ထိုးထားပြီးသူ တယောက်ချင်းစီမှာလည်း ရောဂါကူးစက်နိုင်သေးတာကို သတိပေးလိုက်တာပါ။

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate