ရုပ်သံ - ဧရာဝတီ https://burma.irrawaddy.com/category/multimedia Covering Burma and Southeast Asia Tue, 11 Feb 2025 06:26:35 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ရုပ်သံ - ဧရာဝတီ https://burma.irrawaddy.com/category/multimedia 32 32 စစ်တပ်ဟာ လက်နက်ကိုင်ခြိမ်းခြောက်တဲ့ အုပ်စုတစုသာဖြစ်တယ် (ရုပ်/သံ) https://burma.irrawaddy.com/video/2025/02/11/397040.html Tue, 11 Feb 2025 02:57:19 +0000 https://burma.irrawaddy.com/?p=397040 CDM မှာပါဝင်ခဲ့ကြတဲ့ တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်တာ၊ တချို့က နယ်စပ် မြို့တွေမှာ တိမ်းရှောင်ပြီးရရာအလုပ်ကို လုပ်ကိုင်နေကြရတာအပြင် တဦးတယောက်စီတိုင်းဟာ ခက်ခဲတဲ့ လူနေမှုအခြေအနေတွေကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။]]>

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အာဏာသိမ်းမှုကိုလက်မခံဘဲ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာလည်း ၄ နှစ်တာကာလကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။

CDM မှာပါဝင်ခဲ့ကြတဲ့ တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်တာ၊ တချို့က နယ်စပ် မြို့တွေမှာ တိမ်းရှောင်ပြီးရရာအလုပ်ကို လုပ်ကိုင်နေကြရတာအပြင် တဦးတယောက်စီတိုင်းဟာ ခက်ခဲတဲ့ လူနေမှုအခြေအနေတွေကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။

ဒီထဲမှာ စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲ CDM မှာပါဝင်ခဲ့တဲ့အပြင် မိသားစုတွေကပါ စစ်အာဏာရှင် ပြုတ်ကျရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်နေတာကြောင့် နေအိမ်တွေချိတ်ပိတ်ခံရ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒေါက်တာ အေးချမ်းမွန် လဲပါဝင်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲဆန့်ကျင်ပုန်ကန်တာဟာ မိမိကိုယ်ကိုယ်လွတ်မြောက်အောင် ကြိုးပမ်းတာဖြစ်တယ်လို့ သူကဆိုလိုက်ပါတယ်။

]]>
တရုတ်ဖိအားကြောင့် လားရှိုးမြို့ ပြန်ပေးရနိုင်လား (ရုပ်/သံ) https://burma.irrawaddy.com/video/2025/02/11/397024.html Tue, 11 Feb 2025 00:47:18 +0000 https://burma.irrawaddy.com/?p=397024 လားရှိုးမှ ကိုးကန့်တပ်ကို ဆုတ်ခွာခိုင်းခြင်းသည် ကိုးကန့် MNDAA တပ်ဖွဲ့ကိုလည်း သူနှင့်အတူတွဲ၍ အသက်ပေးတိုက်ခဲ့သည့် မဟာမိတ်များအား သစ္စာဖောက်ခိုင်းသည့် လုပ်ရပ်ဖြစ်သည်။]]>

လားရှိုးမှ ကိုးကန့်တပ်ကို ဆုတ်ခွာခိုင်းခြင်းသည် ကိုးကန့် MNDAA တပ်ဖွဲ့ကိုလည်း သူနှင့်အတူတွဲ၍ အသက်ပေးတိုက်ခဲ့သည့် မဟာမိတ်များအား သစ္စာဖောက်ခိုင်းသည့် လုပ်ရပ်ဖြစ်သည်။

တရုတ်တို့ ခြိမ်းခြောက် အကျပ်ကိုင်၍ ပြုလုပ်ရသည်ဆိုသော်လည်း လားရှိုးမှဆုတ်ခွာပြီး စစ်တပ်ကို ပြောင်းလွှဲပေးပါက ကိုးကန့်တို့ကိုလည်း သူ၏ မဟာမိတ်တပ်ဖွဲ့များနှင့် မြန်မာပြည် တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်မှု ပျက်ပြားစေမည့်လုပ်ရပ် ဖြစ်လာပေလိမ့်မည်။

၂၀၁၅ ခုနှစ် ကိုးကန့် တကျော့ပြန်စစ်ပွဲတွင် ကိုးကန့်တပ်ဖွဲ့သည် မြန်မာလူထု ထောက်ခံမှု မရခဲ့‌သည့်အပြင် ဆန့်ကျင်ခံခဲ့ရ၏။ ယခု ၁၀၂၇ စစ်ဆင်ရေးကျမှသာ ကိုးကန့်တပ်ဖွဲ့ကို မြန်မာလူထု ထောက်ခံမှု ရရှိခဲ့ခြင်းဖြစ်၏။

ယခု လားရှိုးအား စစ်တပ်ထံ ပြန်ပေးရပါက မည်သည့်အကြောင်းကြောင့် ပေးရသည်ဖြစ်စေ MNDAA ကို မြန်မာလူထု၏ ထောက်ခံမှု ဆုံးရှုံးသွားလိမ့်မည်ဖြစ်၏။ MNDAA ၏ စစ်ရေး၊ နိုင်ငံရေးအောင်ပွဲများနှင့် ပတ်သက်၍ မြန်မာပြည်လူထု၏ ထောက်ခံမှုနှင့် ပူးပေါင်းမှု အရေးကြီးသည်ကို MNDAA အနေဖြင့် လက်တွေ့ ကြုံခဲ့ရပြီးဖြစ်ရာ အလေးထားရန် လိုအပ်၏။

ထို့ကြောင့် တရုတ်တို့၏ ဖိအားကြောင့် MNDAA ကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး လားရှိုးမြို့တမြို့တည်းကို အတင်းအကျပ် စစ်ကောင်စီလက်ထဲသို့ ပြန်လွှဲခိုင်းခြင်းသည် ရှမ်းမြောက်သာမက မြန်မာပြည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သကဲ့သို့ မည်သူအတွက်မှ အကျိုးရှိမည် မဟုတ်ပေ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ထိုင်းနိုင်ငံ မြောက်ပိုင်းက တောဈေးလေး https://burma.irrawaddy.com/multimedia/photo-essay/2023/03/25/331186.html Fri, 24 Mar 2023 18:59:15 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af.html --ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်းမြောက်ပိုင်းက ဒေသတွေမှာ နေ့အလိုက်ဖွင့်တဲ့ ငါးရက်တဈေးလေးတွေ ရှိသလို တောင်ပေါ်ရွာလေးတွေဘက်ကို လှမ်းလိုက်ရင်ဖြင့် ဒေသရဲ့ ချစ်စရာ တောဈေးလေးတွေကိုလည်း တွေ့ရတတ်ပါ တယ်။ Jungle Market လို့ခေါ်ကြတဲ့အတိုင်း တောဈေးလေးတွေဟာ ရွာနီးချုပ်စပ်ကထွက်တဲ့ အသီးအနှံ သားငါး စတာတွေ အပြင် ဒေသအတွက် လိုအပ်တဲ့ လူသုံးကုန်နဲ့ အဝတ်အထည်တွေကိုပါ စုံလင်စွာ ရောင်းချတတ်တာကြောင့် အထူးပဲ စည်ကားနေတတ်ကြပါတယ်။ ဒီလို တောဈေးလေးတွေထဲမှာမှ ချင်းမိုင်မြို့နဲ့ ၁၉မိုင်ခန့် အကွာမှာရှိတဲ့ လမ်းဖွန်းမြို့လေး အနီးက Doi Kaeo Market လို့ လူသိများတဲ့ တောဈေးလေးဟာဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေအပြင် ဟင်းစားနဲ့ ပတ်သက်ရင်လည်း တောဝက်ကအစ တွင်းအောင်း သတ္တဝါတွေအထိ ရတာကြောင့် အနီးအနားက လမ်းဖွန်းမြို့ခံတွေ […]]]> --

ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်းမြောက်ပိုင်းက ဒေသတွေမှာ နေ့အလိုက်ဖွင့်တဲ့ ငါးရက်တဈေးလေးတွေ ရှိသလို တောင်ပေါ်ရွာလေးတွေဘက်ကို လှမ်းလိုက်ရင်ဖြင့် ဒေသရဲ့ ချစ်စရာ တောဈေးလေးတွေကိုလည်း တွေ့ရတတ်ပါ တယ်။

Jungle Market လို့ခေါ်ကြတဲ့အတိုင်း တောဈေးလေးတွေဟာ ရွာနီးချုပ်စပ်ကထွက်တဲ့ အသီးအနှံ သားငါး စတာတွေ အပြင် ဒေသအတွက် လိုအပ်တဲ့ လူသုံးကုန်နဲ့ အဝတ်အထည်တွေကိုပါ စုံလင်စွာ ရောင်းချတတ်တာကြောင့် အထူးပဲ စည်ကားနေတတ်ကြပါတယ်။

ဒီလို တောဈေးလေးတွေထဲမှာမှ ချင်းမိုင်မြို့နဲ့ ၁၉မိုင်ခန့် အကွာမှာရှိတဲ့ လမ်းဖွန်းမြို့လေး အနီးက Doi Kaeo Market လို့ လူသိများတဲ့ တောဈေးလေးဟာဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေအပြင် ဟင်းစားနဲ့ ပတ်သက်ရင်လည်း တောဝက်ကအစ တွင်းအောင်း သတ္တဝါတွေအထိ ရတာကြောင့် အနီးအနားက လမ်းဖွန်းမြို့ခံတွေ သာမက ခရီးသွားတွေအပြင် ချင်းမိုင်မြို့လို အဝေးကလူတွေကတောင်မှ လာရောက်ဝယ်ယူရတဲ့ နေရာဖြစ်သလို ကမ္ဘာ့လှည့်ခရီးသွားတွေလည်း နှစ်သက်ရာ နေရာဖြစ်ပါတယ်။

ခပ်နိမ့်နိမ့်ဆိုင်ခန်းလေးတွေကြား ရောင်းချတဲ့ ကုန်အမယ်တွေကို ကြည့်လိုက်ရင် ပီဘိတောဈေးလေးလို့ ဆိုရမယ့် တောင်ယာစိုက်ခင်းထွက် ဂေါ်ဖီ၊ မုံလာ၊ ဂေါ်ရခါး ဗူးသီး၊ ခရမ်းသီး၊ ကိုက်လန်၊ ပြောင်းဖူး၊ ကန်စွန်းဥ စတဲ့ အသီး အနှံ တွေအပြင် ဟင်းချိုချက်သောက်ဖို့ လဲလူညွှန့် နုနုထွတ်ထွတ်လေးတွေကလည်း ဟိုတပုံ ဒီတပုံဆိုသလို မှို၊ မျှစ်၊ ခါချဉ်ဥ၊ ဘီလား၊ ပျားသလက်၊ ပျားရည်နဲ့ အနီးဝန်းကျင် ချောင်းမြောင်းများကထွက်တဲ့ ငါး၊ ငါးခြောက်စတာတွေကို ရောင်းဝယ်ကြတာ တွေ့ရပါတယ်။

ချက်ပြုတ် မစားချင်သူတွေအတွက်လည်း အသင့်စားဖို့ ငါးကင်၊ ဝက်သားကြော်၊ ဝက်သားသုတ်၊ ဟင်းရည်အမျိုးမျိုး စတာတွေကိုလည်း ရောင်းချကြပါတယ်။

ဒါအပြင် ထူးခြားတာတခုက ရပ်ရွာထုံးစံအတိုင်း အလုပ်သိမ်းကာ အိမ်ပြန်လာကြသူများအတွက်လည်း ညနေ ညနေ စည်တယ်လေ ဆိုသလို ကျွဲလေးသားဟင်းကို မြည်းရင်း တနေ့တာဘဝအမောကို ဖြေဖျောက်ဖို့အတွက် လာရောက် ကြတဲ့ ဆုံရပ်နေရာလေးလည်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ ရပ်ရွာဓလေ့ တောဈေးလေးရဲ့ သဘာဝကို ဖော်ပြလိုက် ပါတယ်။

]]>
ကျမမှာ မီးတောက်ကြီး နေ့တိုင်း ရွက်နေရသလိုပဲ ပူတာပေါ့ https://burma.irrawaddy.com/multimedia/photo-essay/2020/11/19/233583.html Thu, 19 Nov 2020 00:30:19 +0000 https://burma.irrawaddy.com/lytbox/?p=233583 ၉ လအရွယ် သမီးငယ်လေးတဘက်နဲ့ အိမ်အလုပ်တွေ လုပ်နေတဲ့ မစန်းတင့်  / ကျော်ခ / ဧရာဝတီမြန်မာပြည်က ကလေးတွေနဲ့ရော ကိုယ့်မိသားစု လုံးလုံးစည်းစည်း နေချင်တာပဲ။ ဘယ်မှာ နေရနေရပေါ့။ မိသားစုနဲ့ ဆုံမှ ဆုံပါဦးမလား ပြန်စရာ စရိတ်ကမရှိဆိုတော့ ကျမမှာ မီးတောက်ကြီး နေ့တိုင်း ရွက်ထားရသလိုပဲ … ပူတာပေါ့ ]]> ၉ လအရွယ် သမီးငယ်လေးတဘက်နဲ့ အိမ်အလုပ်တွေ လုပ်နေတဲ့ မစန်းတင့်  / ကျော်ခ / ဧရာဝတီ

“ရှေ့ရေးကို ကျမကတော့ မိသားစုနဲ့ လုံးလုံး စည်းစည်း နေရပါစေ၊ ဒီကပ်ရောဂါကြီး အမြန်ဆုံး ကင်းစင်သွားပါစေလို့ပဲ ဆုတောင်းပါတယ်” လို့ နွမ်းရော်နေတဲ့ အဖြူရောင်အင်္ကျီနဲ့ အစိမ်းရောင် ထဘီကို ဝတ်ဆင်ထားတဲ့ မစန်းတင့် က ခင်ပွန်းဖြစ်သူ ကောက်လာတဲ့ ပလက်စတစ်ဗူးခွံတွေ၊ ပုလင်းခွံတွေကို ရွေးနေရင်းက ရှင်းပြပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မစန်းတင့် ဟာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် တသိန်းရွာဇာတိဖြစ်ပြီး သူမ အခုရှိနေတာက ထိုင်းနိုင်ငံမယ်ဆိုင်မြို့ပေါ်က ရွှေ့ပြောင်းလုပ်သားတွေ စုပေါင်းနေထိုင်ကြတဲ့ ခြံဝန်းကြီး တခုထဲမှာပါ။

 

၉ လအရွယ် သမီးငယ်လေးတဘက်နဲ့ အိမ်အလုပ်တွေ လုပ်နေတဲ့ မစန်းတင့် (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ဒီခြံဝန်းကြီးထဲက ရှစ်ပေ၊ ဆယ့်ငါးပေးသာကျယ်တဲ့ အခန်းကျဉ်းလေးတွေမှာ ဘဝတူ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သား မိသားစု ၃၀ ကျော်နေထိုင်ကြပြီး မစန်းတင့်တို့ မိသားစုကတော့ ကီလိုကောက်တယ်လို့ ခေါ်တဲ့ လူအများ စွန့်ပစ်ထားတဲ့ မြို့ပေါ် အမှိုက်ပုံတွေထဲက ဗူးခွံ၊ ပုလင်းခွံတွေကို ကောင်းနိုးရာရာရွေးပြီး ကီလိုချိန်နဲ့ ပြန်ရောင်းတဲ့ အလုပ်ပါ။

ဒီအခန်းကျဉ်းလေးတွေကို တလ ဘတ် ၁၅၀၀ (ကျပ် ၆ သောင်းဝန်းကျင်) ပေးပြီး ငှားရမ်းနေထိုင်ကြတာဖြစ်ပါတယ်။ မစန်းတင့်တို့ အခန်းကတော့ စွန့်ပစ်ပစ္စည်းတွေထဲက ကောင်းနိုးရာရာရွေးထုတ်ထားတဲ့ မွေ့ယာတွေ၊ ရေခဲသေတ္တာ အဟောင်းတွေ၊ ကီလိုချိန်နဲ့ ရောင်းစားလို့ရတဲ့ ဝါယာကြိုးဟောင်းတွေနဲ့ ပစ္စည်းဟောင်းတွေ ခြေချစရာ မလပ်အောင် ပါပဲ။

မစန်းတင့်တို့ အပါအဝင် မြန်မာနိုင်ငံသား မိသားစု ၃၀ ကျော်နေထိုင်တဲ့ ခြံဝန်းထဲက အိမ်ခန်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

နေရပ်ရင်းဒေသတွမှာ အလုပ်အကိုင်၊ ဝင်ငွေ အခွင့်အလမ်း နည်းပါးလို့ ထိုင်းမြေပေါ်မှာ ကျောတခင်းစာ နေရာငှားပြီး ငွေရှာနေကြတာဖြစ်ပါတယ်။ အခုတော့ သူတို့အားလုံးလည်း ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုဒဏ်ကို ခံရပြီး အလုပ် အကိုင်နဲ့ ဝင်ငွေ ကြပ်တည်းမှုကို ရင်ဆိုင်နေကြရပါတယ်။

ကိုဗစ်ကပ်ရောဂါ ဂယက်ဟာ တကမ္ဘာလုံး ခံစားနေရသလို ထိုင်းနိုင်ငံရဲ့ လုပ်ငန်းတော်တော်များများလည်း ထိခိုက်ခဲ့တာကြောင့် ထိုင်းလုပ်ငန်းရှင်တွေကို မှီခိုလုပ်ကိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေလည်း အကြပ် အတည်းကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

၈ ပေ၊ ၁၅ ပေသာ ကျယ်ဝန်းတဲ့ မစန်းတင့်တို့ အခန်းလေး (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

တခြား စားသောက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ ကုန်တင်၊ ကုန်ချ လုပ်ငန်းမျိုး တင်မကဘဲ စွန့်ပစ်အမှိုက်ပုံတွေက ဗူးခွံ၊ ပုလင်းခွံတွေကို ကောက်ရောင်းတဲ့ မစန်းတင့်တို့ရဲ့ လုပ်ငန်းတောင် ကိုဗစ် ရိုက်ခတ်မှုက သိသိသာသာ ခံစားနေရတာ တွေ့ရပါတယ်။

“ကျမတို့ ရောင်းတဲ့ ပစ္စည်းတွေ အကုန် ဈေးကျတယ်။ အရင်က တကီလို ၆ ဘတ်လောက် ရှိတာတွေက အခု ၃ ဘတ်လောက်ပဲရတော့တယ်။ ကိုဗစ်ဖြစ်မှ ရွာကိုတောင် ငွေပြန်မပို့နိုင်တော့ဘူး။ အိမ်ငှားခနဲ့ စားဖို့ သောက်ဖို့ လောက်ပဲ ရတော့တယ်” လို့ မစန်းတင့် က ဆိုပါတယ်။

စွန့်ပစ် ပစ္စည်းတွေ ထဲက ကီလိုချိန်နဲ့ ရောင်းဖို့ သိမ်းထားတဲ့ ပစ္စည်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

အဆိုးတွေထဲက အကောင်း ဆိုသလို သူတို့အတွက် ကံကောင်းတဲ့ နေ့ရက်တွေ မိသားစု ဝမ်းသာရတဲ့ နေ့တွေလည်း ရှိပါသေးတယ်တဲ့၊ အဲဒါကတော့ အခုလို အခက်အခဲဖြစ်တဲ့ အချိန် ဆန်၊ ဆီ၊ ဆားဝေတဲ့သူတွေရှိတဲ့နေ့တွေနဲ့ အမှိုက်လိုက်ကောက်ရင်း စက်ဘီးဟောင်း၊ ဆိုင်ကယ်ဟောင်းလေးတွေ ပေးသူရှိတဲ့နေ့တွေလို့ ဆိုပါတယ်။

“ပေးတဲ့လူလည်းပေးပါတယ်။ စက်ဘီးလေးပေးလိုက်တော့လည်း ကိုယ်က စီးရတယ်။ မပြည့်စုံတဲ့လူဆိုတော့ အဲလိုမျိုးပေါ့။ ဆိုင်ကယ်က တခါ ပျက်နေပြန်လို့ ဆိုင်ကယ်ပေးလိုက်တဲ့လူရှိတော့လည်း ကိုယ့်မှာ ဝမ်းသာတာပေါ့။ အဲလိုပေးသူ ကမ်းသူရှိတော့” လို့ မစန်းတင့် က ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကိုဆန်းလင်း ကတော့ မန္တလေးတိုင်း မလှိုင်မြို့နယ် ခြောက်ခွဲရွာ ဇာတိပါ။ သူတို့ ဇနီးမောင်နှံ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်ကိုရောက်ရှိနေတာ ၁၇ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူတို့မှာ သားသမီး ၅ ဦးရှိပါတယ်။

စွန့်ပစ် ပစ္စည်းတွေ ထဲက ကီလိုချိန်နဲ့ ရောင်းဖို့ သိမ်းထားတဲ့ ပစ္စည်းတချို့ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

အိမ်ထောင်ကျသွားပြီဖြစ်တဲ့ အသက် ၂၀ ကျော် သမီးကြီး၊ ၁၇ နှစ်အရွယ် သားတဦးနဲ့ ၉ လ အရွယ် အငယ်ဆုံး သမီးလေးကတော့ သူတို့နဲ့ အတူတူ ထိုင်းမြေပေါ်မှာရှိနေပေမယ့် ၁၅ နှစ် အရွယ် သမီးတယောက်နဲ့ ၉ နှစ်အရွယ် သားတယောက်ကတော့ မစန်းတင့်ရဲ့ ရွာမှာ အဖိုးအဖွားတွေနဲ့ အတူ ကျန်ရစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းက ကူးစက်မှုတွေ တရက် တထောင်ကျော်ရှိနေပြီး သေဆုံးသူလည်း နေ့စဉ် ဆယ်ဂဏန်းဖြစ်နေပါတယ်။ မြန်မာပြည်က ကိုဗစ်ကူးစက်မှု ထိန်းချုပ်မှုသတင်းတွေကို သူတို့ နေ့စဉ် နားစွင့်နေကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုက ရွာမှာ ကျန်ခဲ့တဲ့ ကလေး ၂ ယောက်နဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။

ထိုင်းအစိုးရကတော့ ကိုဗစ် ပထမလှိုင်းမှာ စနစ်တကျ ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက်ကြောင့် နိုင်ငံအတွင်း လုပ်ငန်းတချို့ ပြန်စနိုင်သလို ကျန်းမာရေး အရ လမ်းပန်းဆက်သွယ်ရေး၊ ဆေးရုံ ဆေးခန်းလည်း အခက်အခဲမရှိတာကြောင့် ပူပန်ရမှုတွေ နည်းပါတယ်။

မစန်းတင့်ကတော့ သူရဲ့ ဇာတိရွာဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးရုံ ဆေးခန်း ခက်ခဲတာကြောင့် ကပ်ရောဂါ ရွာဘက်ရောက်သွားမှာကိုလည်း နေ့စဉ် ပူပန်နေပါတယ်။ မြန်မာပြည်က ကူးစက်မှုနှုန်း တက်နေတဲ့ သတင်းတွေ ကတော့ သူတို့ အတွက် မွန်းကြပ်စရာ သတင်းဆိုးတွေပါပဲ။

ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နိုင်ဖို့အတွက် အထောက်အထားဖြစ်သည့် CI ကတ် (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

“ကျမတို့ မြန်မာပြည်က နှိမ်တာမဟုတ်ဘူး။ ကျမတို့ ရွာဆို တောဘက်ကျတယ်။ တောဘက်ဆိုတော့ ဆေးရုံ ဆေးခန်းတွေလည်း အဝေးကြီးလေ အဆင့်ဆင့် သွားရတာ၊ ဆိုင်ကယ်ရှိမှ ဆိုင်ကယ်မရှိလဲ ကားသွားတော့ လမ်းက သိပ်မပေါက်တော့ မလွယ်ဘူးလေ။ အဲတော့ ပူရတာပေါ့။ ဘာလို့လဲဆိုတော့ ဒီရောဂါကြီးကြောင့် ကလေးတွေနဲ့ မိသားစုနဲ့ ဆုံမှ ဆုံဖြစ်ပါ့တော့မလားနဲ့ ဒါပဲတွေးပူနေရတာ” လို့ မစန်းတင့် က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ပြင်းထန်လာတဲ့ တချိန်တည်းမှာဘဲ ထိုင်းအာဏာပိုင်တွေက နယ်စပ်အဝင်အထွက် ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး လုံခြုံရေး တင်းကြပ်လိုက်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဘက်က ကူးစက်မှု အရှိတွေ လျော့ကျသွားစေဖို့ပဲ ဆုတောင်းနေရကြောင်း ခင်ပွန်းဖြစ်သူ ကိုဆန်းလင်းကလည်း ဆိုပါတယ်။

“ကိုယ့်ရွာကိုယ့်ဒေသကို ပြန်မရတဲ့ အခြေအနေကတော့ ခက်ခဲတာပေါ့။ ရွာမှာ မိဘ၊ ဆွေမျိုးတွေများ သေဆုံးခဲ့ရင် ချက်ချင်း ပြန်သွားလို့မရဘူးလေ။ အဲတော့ ဒီမှာဘဲ ဖြေသိမ့်နေရတာပေါ့။ ရွာမှာ သမီးလေးရယ်၊ သားလေးရယ် ရှိတယ်။ ပြန်တွေ့ချင်လို့လည်းတွေ့လို့မရဘူး။ ကျန်းမာရေး မကောင်းဘူးဆိုလဲ ချက်ချင်းတွေ့လို့မရတော့ဘူး။ အဲဒါ စိတ်မကောင်းတာ။ တရယ်တမ်းကျတော့ မျက်ရည်ကျတယ်” လို့ ကိုဆန်းလင်း က သူ့ခံစားချက်ကို ရှင်းပြပါတယ်။

စွန့်ပစ် ပစ္စည်းတွေထဲက ကီလိုချိန်နဲ့ ရောင်းဖို့ ရွေးလာတဲ့ ပစ္စည်းများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ကိုဗစ်ကပ်ရောဂါ ဂယက်ကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေမှာ တပူပေါ် နှစ်ပူဆင့် ဆိုသလို ကပ်ရောဂါကြောင့် အလုပ်အကိုင်နဲ့ ဝင်ငွေ ကြပ်တည်းမှုတွေ ရင်ဆိုင်နေရသလို မစန်းတင့်နဲ့ ကိုဆန်းလင်းတို့လို ရွာမှာ ကျန်ခဲ့တဲ့ မိသားစု အတွက် ပူပန်နေရတဲ့ ဖြစ်စဉ်မျိုးတွေက တော်တော်များများမှာ ကြုံတွေ့နေကြရပါတယ်။

“မြန်မာပြည်က ကလေးတွေနဲ့ရော ကိုယ့်မိသားစု လုံးလုံးစည်းစည်း နေချင်တာပဲ။ ဘယ်မှာ နေရနေရပေါ့။ မိသားစုနဲ့ ဆုံမှ ဆုံပါဦးမလား ပြန်စရာ စရိတ်ကမရှိဆိုတော့ ကျမမှာ မီးတောက်ကြီး နေ့တိုင်း ရွက်ထားရသလိုပဲ … ပူတာပေါ့” လို့ ပြောရင်း ခင်ပွန်းသည် ပါလာတဲ့ ဗူးခွံတွေကို ရွေးဖို့ အတွက် ထွက်သွားပြန်ပါတယ်။

]]>
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည် https://burma.irrawaddy.com/multimedia/photo-essay/2020/08/31/228976.html Mon, 31 Aug 2020 05:30:01 +0000 https://burma.irrawaddy.com/lytbox/?p=228976 --သင်းခွေချပ်များသည် ကမာ္ဘပေါ်တွင် တရားမဝင် ကုန်ကူးမှု အများဆုံးခံရသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည်ဟု ယုံကြည်ရသည်။]]> --

မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ မြိတ်နှင့် တနင်္သာရီမြို့များကြားမှ ကရင်ကျေးရွာများ၏ ပတ်ဝန်းကျင်ရှိ သစ်တောများထဲတွင် သင်းခွေချပ်များသည် လွန်ခဲ့သော ၁၅ နှစ်ကကဲ့သို့ ကံမကောင်းကြတော့ပါ။

ယခင်ကဆိုလျှင် တနင်္သာရီ အမျိုးသားဥယျာဉ်အနီးအနားမှ ရွာသားများသည် တောတွင်းသို့ သွားရောက်သည့်အခါ လူတွေ့ သွားသည့်အချိန် ဘောလုံးတလုံးလို ခွေပစ်လိုက်သော ရှက်တတ်သည့် ထို တောရိုင်းတိရိစ္ဆာန် သတ္တဝါများနှင့် ကြုံရခြင်းက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ များသောအားဖြင့် ကျေးရွာသားများက သူတို့ လျစ်လျူရှု ထားခဲ့ကြသော်လည်း တခါတရံတွင်မူ သူတို့ အဖမ်းခံရသည်။ ထမင်းစားပွဲတွင် အဆုံးသတ်ကြရသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

“တကယ်လို့ ကျနော်တို့ နေလို့ သိပ်မကောင်းဘူးဆိုရင် သင်းခွေချပ်သား ဆန်ပြုတ်သောက်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက နေမြန်မြန် ပြန်ကောင်းဖို့ အထောက်အကူ ဖြစ်တယ်” ဟု ရွာသားတဦးက ပြန်ပြောပြသည်။

သူတို့၏ အသက်အန္တရာယ်အတွက် ရံဖန်ရံခါ ကြုံရသော ထိုကဲ့သို့ ခြိမ်းခြောက်မှု မျိုးမှလွဲ၍ အကြေးခွံများနှင့် ဖုံးနေသည့် ထိုတိရိစာ္ဆန်များသည် မျိုးစုံသော ဇီဝ မျိုးကွဲများကြောင့် ထင်ရှားသည့် စိမ်းလန်းစိုပြေသော တနင်္သာရီတောင်ကုန်းများတွင် ဘေးကင်းလုံခြုံမှု ရှိခဲ့သည်။ သို့သော် ယခု ထိုသို့ မဟုတ်တော့ပါ။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ကွမ်းနှင့် ဆီအုန်းစိုက်ပျိုးခြင်းဖြင့် အစဉ်အလာအရ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသော ရွာသူရွာသားများက သင်းခွေချပ်များသည် တရားမဝင် ကုန်သွယ်မှုမှ တဆင့် ငွေကြေး အမြောက်အမြား ရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာကြ ခြင်းက သူတို့ကို ကမာ္ဘတလွှားမှာ ဖြစ်နေသကဲ့သို့ပင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ကြုံလာစေခဲ့ပြီ။

National Geographic မဂ္ဂဇင်း၏ အဆိုအရ သင်းခွေချပ်များသည် ကမာ္ဘပေါ်တွင် တရားမဝင် ကုန်ကူးမှု အများဆုံးခံရသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည်ဟု ယုံကြည်ရသည်။

နှစ်စဉ်သောင်းနှင့် ချီသော သင်းခွေချပ်များ အဖမ်းခံနေကြရသည်။ တရုတ် တိုင်းရင်းဆေးအတွက် အသုံးပြုသော အကြေးခွံများနှင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ ကြွယ်ဝချမ်းသာသူများကြား အလွန်လူကြိုက်များသည့် နူးညံ့သော သူတို့၏ အသားအတွက် သတ်ဖြတ်ခြင်း ခံနေကြရသည်။

တနင်္သာရီတိုင်းတွင် သင်းခွေချပ်များကို ဖမ်းပြီး ယခုလို ပီနန်အိတ်ထဲ ထည့်ကာ ဝယ်လက်ဆီ ပို့သည်/ဟိန်းထက်/ဧရာဝတီ

ဤဖြစ်စဉ်က တနင်္သာရီတိုင်း အပါအဝင် မြန်မာနိုင်ငံမှ သင်းခွေချပ်များ မျိုးသုဉ်းရမည့် အန္တရာယ်တခုကို ဖော်ပြနေသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ထမင်းစားပွဲများနှင့် တိုင်းရင်းဆေးဆိုင်များအတွက် သူတို့ကို အကြီးအကျယ် အမဲလိုက် ဖမ်းဆီးနေကြသည်။

မြန်မာနိုင်ငံတွင် ဆန်ဒါသင်းခွေချပ် (မလေးသင်းခွေချပ်ဟုလည်း ခေါ်သည်) နှင့် တရုတ် သင်းခွေချပ်တို့ ပေါများသည်။ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များအဖြစ် ယူဆခြင်းခံရသောကြောင့် အစိုးရက သူတို့ကို “ အကာအကွယ် ပေးထားသော တောရိုင်းတိရိစာ္ဆန်များ” အဖြစ် သတ်မှတ်ထားသည်။ ထိုသတ္တဝါများအား သတ်ဖြတ်၊ အမဲလိုက်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် စုဆောင်းခြင်း ပြုလုပ်သည့် မည်သူမဆို ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့သော ဇီဝမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ် အထိ ကျခံရနိုင်သည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ဥပဒေအရ အကာအကွယ် ပေးခြင်းက အလုပ်ဖြစ်ပါသလား။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကျေးရွာ ၉ ရွာသို့ သွားရောက်ခဲ့သည့် ဧရာဝတီ၏ ခရီးစဉ်အတွင်း သင်းခွေချပ်များအား အကာအကွယ်ပေးရေးက အလွန်ပင် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဝေးလံခေါင်သီသော ကျေးရွာများသို့ သွားရောက်စဉ် ဆန်ဒါ သင်းခွေချပ်များ အမဲလိုက်ခံနေရကြောင်း ဧရာဝတီက တွေ့ခဲ့ရသည်။ အဆိုပါ တိရိစာ္ဆန် အများစုကို ဆင်ခွန်(Singkhon) နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းကြသည်။ ထိုင်းနိုင်ငံမှ တဆင့် ထိုသတ္တဝါများကို အခြားနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

ဥပဒေ နှင့် ပတ်သက်၍ မေးမြန်း ကြည့်သည့်အခါ တိရိစာ္ဆန်များ ရောင်းဝယ်ခြင်းနှင့် စုဆောင်းခြင်းက တရားမဝင်ကြောင်း ရွာသားအများစုက အနည်းငယ်မျှသာ သတိထားမိကြပြီး ပြစ်ဒဏ်နှင့် ပတ်သက်၍လည်း မသိကြပါ။ အစိုးရက အရေးယူ အပြစ်ပေးမည်ကို စိုးရိမ်သဖြင့် သူတို့၏ ရွာနာမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် ရွာသားများက ဧရာဝတီကို တောင်းဆိုခဲ့ကြသည်။

တနင်္သာရီတိုင်းတွင် သင်းခွေချပ်များကို ဖမ်းပြီး ယခုလို ပီနန်အိတ်ထဲ ထည့်ကာ ဝယ်လက်ဆီ ပို့သည်/ဟိန်းထက်/ဧရာဝတီ

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက် အထိ သူတို့ဆီက ငွေရှာနိုင်မယ်ဆိုတာ ကျနော်တို့ မသိခဲ့ဘူး” ဟု အမည်မဖော်လိုသူ ရွာသားတဦးက ပြောသည်။ တပိဿာ (၁.၆ ကီလိုဂရမ်) အလေးချိန်ရှိသည့် သင်းခွေချပ်တကောင်က သူ့အတွက် ကျပ်ငွေ ၈၀၀၀၀ မှ ၉၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၀ မှ ၆၇ ခန့် အတွင်း) ဝင်ငွေရနိုင်သည်ဟု သူက ထပ်ပြောသည်။ လက်လုပ်လက်စားများအတွက် အခြားအလုပ်များထက် ပို၍ များပြားသော ပမာဏ ဖြစ်သည်။

ကျေးသားတဦး၏အဆိုအရ တရားမဝင် ဝယ်ယူသောနေရာများက တနင်္သာရီမြို့မှ ကားဖြင့် ၄ နာရီမှ ၅ နာရီခန့် မောင်းရသည့် ဆင်ခွန်(Singkhon ) နယ်စပ်ဂိတ် အနီးရှိ မြန်မာဘက်ခြမ်း နယ်စပ်မြို့ဖြစ်သော မောဒေါင်(Mawdaung ) တွင် ရှိပြီး ထိုနေရာများတွင် သင်းခွေချပ် အရှင်များ သို့မဟုတ် အကြေးခွံများကို ရောင်းချနိုင်သည်။ ထိုဆိုင်များတွင် သင်းခွေချပ်များကို စုစုပေါင်း အလေးချိန် ၁၀၀ ကီလိုဂရမ် ရသည် အထိ ထိန်းသိမ်းထားပြီး ဖုန်းခေါ်လိုက်သည့်အခါ ထိုင်းနိုင်ငံဘက်မှ ဝယ်သူတဦး ရောက်လာပြီး ၎င်းတို့ကို ယူဆောင်သွားသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာတွင် ပုံးထဲ ဖမ်းထည့်ထားသော သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

ပုံမှန်အားဖြင့် မုဆိုးများက သင်းခွေချပ်များကို ၁၀ ကောင်မပြည့်မှီ အိမ်တွင် ထိန်းသိမ်းထားလေ့ရှိသည်။ ထို့နောက် ၎င်းတို့ကို ပီနန်အိတ်များဖြင့် မော်တော်ဆိုင်ကယ်ပေါ်တွင် တင်၍ မောဒေါင်သို့ ပို့ ပေးသည်။

ကျေးရွာများသို့ သွားရောက်စဉ် ဖမ်းမိထားသော သင်းခွေချပ်အချို့ကို အိမ်များတွင် ပလတ်စတစ်ပုံးများဖြင့် အလွယ်တကူပင် ထည့်ထားလေ့ရှိပြီး အချို့က ခြံထဲတွင် လျှောက်သွားခွင့် ပေးထားသည်ကို ဧရာဝတီက တွေ့ရှိခဲ့ရပါသည်။ ထိုင်းနိုင်ငံတွင် COVID-19 ကြောင့် ဝယ်လက်မရှိဘဲ ဖြစ်နေသောကြောင့် အချို့ ဆိုင်များက ဝယ်ယူရန် တွန့်ဆုတ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကံမကောင်းသော သင်းခွေချပ်များမှာ အခြားနေရာများရှိ အခြားဝယ်ယူရေးစင်တာများသို့ ရောက်ရှိ သွားခဲ့ကြသည်။

အမဲလိုက်သည့် အခါ ပုံမှန်အားဖြင့် တနှစ်လျှင် ၁၀ ကောင်မျှ ရရှိနိုင်သည်ဟု ရွာသားတဦး က ဧရာဝတီသို့ ပြောသည်။

“ကျနော် ဖမ်းမိဖူးသမျှထဲမှာ အကြီးဆုံးက အလေးချိန် ၃ ပိဿာ ၄ ပိဿာ (၆.၄ ကီလိုဂရမ်ခန့်) လောက် ရှိတယ်” ဟု သူ က ပြန်ပြောပြသည်။

တနင်္သာရီတိုင်းရှိ ရွာတရွာ၏ အိမ်ခြံဝင်းအတွင်း လျှောက်သွားနေသော အဖမ်းခံ သင်းခွေချပ်တကောင်/ဟိန်းထက်/ဧရာဝတီ

သင်းခွေချပ်များသည် များသောအားဖြင့် ညအချိန်တွင် လှုပ်ရှားလေ့ရှိပြီး ပုံမှန်အားဖြင့် သူတို့ကို ခွေးများ၏ အကူအညီဖြင့် အမဲလိုက်ကြသည်။

သင်းခွေချပ်များ နေ့ခင်းဘက်တွင် ပုန်းအောင်းနေကြကြောင်း ရွာသားတဦးက ရှင်းပြသည်။ သို့သော်လည်း ခွေးများက သူတို့ကို အနံ့ခံနိုင်သည်။ သင်းခွေချပ် ပုန်းအောင်းနေသော နေရာတွင် ဟောင်သံပြုကြသည်။

“ ကျနော်တို့ လုပ်ရမှာက အဲဒီနေရာကို ပိုက်စိတ်တိုက် ရှာဖို့ပဲ” ဟု သူက ဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hein Htet ၏ Protections Fail to Stop Pangolin Trafficking in Myanmar’s Deep South ကို ဘာသာပြန်သည်။)

ဧရာဝတီ လင်းပိုင်များကို မသတ်ဖြတ်ကြဖို့ အနုပညာရှင်များ တိုက်တွန်း

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား

မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း

]]>
ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ https://burma.irrawaddy.com/multimedia/photo-essay/2020/08/28/228686.html Fri, 28 Aug 2020 08:03:05 +0000 https://burma.irrawaddy.com/lytbox/?p=228686 --စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။]]> --

ကမ္ဘာ့ကပ်ရောဂါ COVID 19 ကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် မတ်လမှ စတင်ကာ စီးပွားရေးလုပ်ငန်း ကဏ္ဍအမျိုးမျိုးအပေါ် နည်းလမ်းပေါင်းစုံဖြင့် ရိုက်ခတ်မှု ရှိခဲ့သည်။

အချိန်ကြာမြင့်လာသည့်နှင့်အမျှ အမေရိကန်ဒေါ်လာ သန်းနှင့် ချီဝင်ငွေရသော ပြည်ပပို့ကုန်လုပ်ငန်းများမှသည် အိမ်တွင်း တနိုင်တပိုင်စီးပွားရေး လုပ်ငန်းအထိ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေကြရသည်။

ထိုသို့ စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိပြီး နောက်ပိုင်း အစိုးရ၏ အသွားအလာကန့်သတ်မှုစည်းမျဉ်းစည်းကမ်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်သွားခြင်း အပါအဝင် ဈေးကွက်ဝယ်လိုအားကျဆင်းမှုများက သင်ဖြူး ဖျာလုပ်ငန်းများ အပေါ်ရိုက်ခတ်မှုက ကြီးမားခဲ့သည်။

ဈေးကွက်ဝယ်လိုအားကျဆင်းသွားမှုကြောင့် ယခင်က သင်ဖြူးဖျာတချပ် (အကြမ်း)ဈေးနှုန်းသည် ကျပ် ၁ သောင်းကျော်အထိ ရှိရာမှ ကိုဗစ်ကာလအတွင်းတွင် ကျပ် ၇၀၀၀ မှ ကျပ် ၆၀၀၀ ခန့်အထိ ဈေးနှုန်း ကျဆင်း သွားခဲ့သည်။

ဈေးကွက်ဝင် ဖျာအချော တချပ် ဈေးနှုန်းသည် အရွယ်အစားပေါ်မူတည်ပြီး ကျပ် တသောင်းကျော် မှ ကျပ်  လေးသောင်း ဝန်းကျင်အထိ ရှိသည်။

တချပ်ကို ကျပ် ၇၀၀၀ ခန့် ပေါက်ဈေးရှိသည့် ဖျာ(အကြမ်း) ၄ ချပ်ကို ထုတ်လုပ်ရန်အတွက် အသုံးပြုရသည့် သင်ပင်ကုန်ကြမ်း ဈေးနှုန်းသည် ကျပ် ၃၄၀၀၀ အထိ ကုန်ကျလျက်ရှိသည့်အတွက် လက်ရှိဈေးနှုန်းများအရ သင်ဖြူးဖျာ (အကြမ်း) ရက်လုပ်ကြသူများအတွက် လုပ်အားခပင်မဆိုထားနှင့် ရင်းနှီးလိုက်သည့်  ငွေသည်ပင်  ပြန်မရရှိ ကြသည့် အနေအထားဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ ကျုံးတုံးကြီးကျေးရွာ အုပ်စု  တော်တရလေး ကျေးရွာမှာ သင်ဖြူးဖျာ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ထိုသို့ တွက်ချက်ကိုက်လာသည့် ဈေးကွက်အနေအထားကြောင့် အငှားဖျာရက်လုပ်သူများကို ယခင်က ငှားရမ်း လုပ်ကိုင်နိုင်ခဲ့ကြသည့် သင်ဖြူးဖျာ(အကြမ်း) လုပ်ငန်းရှင်များသည် ယခုဈေးကွက်အနေအထားကြောင့် လုပ်သားများကို လုပ်အားခ ပေးချေရန် အခက်အခဲရှိလာခြင်းကြောင့် လုပ်သားလျှော့ချခြင်း နှင့် ဖျာထုတ်လုပ် မှုကို လျှော့ချခြင်းများ ပြုလုပ်၍ လုပ်ငန်းရပ်တည်နိုင်ရန် လုပ်ဆောင်လျက်ရှိကြသည်။

အချိန် ၅ လခန့် ဈေးကွက်မရှိသည့်အတွက် ယခင်က သင်ဖြူးဖျာများကို ဒိုင်ခံ ဝယ်ပေးနေသော ဖျာကုန်သည် များ နှင့် ဖျာအချောထည် ထုတ်လုပ်သည့် ဒိုင်များထံတွင်လည်း ပစ္စည်းများ ပိုလျှံလာပြီဖြစ်သည့် ယခုကာလ ပိုင်းတွင် အဝယ်ရပ်တန့်လျက်ရှိနေသည်။

ဖျာအချောထည်ထုတ်လုပ်သည့် ဖျာအဝယ်ဒိုင်များ နှင့် ကုန်သည်များဘက်တွင်လည်း ယခုကိုဗစ်ကာလ အတွင်းတွင် ဝယ်ယူရင်းနှီးမြှုပ်နှံထားသော ဖျာများပင် အရောင်းမထွက်သေးခြင်း၊ ပုံမှန်အချိန်ကာလမှာပင်  ဈေးကွက်အေးလေ့ရှိသည့် မိုးတွင်းကာလဖြစ်ခြင်း နှင့် မည့်သည်အချိန်တွင် ပြီးဆုံးနိုင်မည်ကို ခန့်မှန်း၍ မရ သော ရောဂါဆိုးကြောင့် မရေရာသေးသည့် ဈေးကွက်ကို စိုးရိမ်နေကြရသည်။

ထိုအခြေအနေများကြောင့် ကျေးရွာနေ အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးထား သည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းထုတ်ကုန်လုပ်ငန်းများသည်လည်း ဆက်လက်ရပ်တည်နိုင်ရန်အတွက် အခက် အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေကြရသည်။

You may also like these stories:

ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ

လားရှိုးမြို့က ဆေးဖြတ်စခန်း (သို့) “ဘဝသစ်”မှာ ဘဝသစ်ကို စကြမည့်သူများ

မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း

]]>
ဧည့်သည်မလာလို့ ဝမ်းရေးကြပ်တည်းလာတဲ့ ဆင်နှင့် ဆင်ထိန်းများ ဘဝ https://burma.irrawaddy.com/multimedia/photo-essay/2020/08/28/228798.html Fri, 28 Aug 2020 01:30:43 +0000 https://burma.irrawaddy.com/lytbox/?p=228798 ဧည့်သည်မလာလို့ အလုပ်နားရပေမယ့် ဝမ်းရေး အတွက်တော့ သူတို့ အခက်အခဲ ကြုံနေကြရပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက် အရင်က ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ဆင်စခန်းတွေဟာ ခြောက်ကပ်သွားပါတယ်။]]> ဧည့်သည်မလာလို့ အလုပ်နားရပေမယ့် ဝမ်းရေး အတွက်တော့ သူတို့ အခက်အခဲ ကြုံနေကြရပါတယ်။

ဧည့်သည် တယောက်စ နှစ်ယောက်စနဲ့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ဆင်စခန်းထဲမှာ ဆင်ထိန်းတချို့က ဆင်ပေါ်မှာဘဲ ဧည့်သည်စောင့်ရင်း ငိုက်မြည်းနေကြပုံပါ။ အရင်က အပတ်စဉ် တနင်္ဂနွေနေ့ ဆင်ရှိူးပွဲဆို ပွဲကြည့်စင်ပေါ်မှာ လူတွေ ပြည့်နှက်နေပေမယ့် အခုမြင်ကွင်းကတော့ မိသားစု တစု၊ နှစ်စုကိုသာ ဧည့်ခံနေပါတယ်။

ဒါကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ဇင်းမယ် လို့ခေါ်တဲ့ ချင်းမိုင်မြို့ပြင်က Maetaeng Elephant Park and Clinic ဆိုတဲ့ မယ့်တန်ဆင်စခန်း ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအတွက် နာမည်ကြီး ဆင်စခန်းတခုဖြစ်ခဲ့တဲ့ မယ့်တန် ဆင်စခန်းဟာ ကိုဗစ်ကာလမှာ ပိတ်ထားခဲ့ရပြီး ဒီသြဂုတ်လမှာ ပြန်ဖွင့်ခဲ့တာပါ။

“အရင်တုန်းကတော့ အဆင်ပြေပါတယ်။ အခုဧည့်သည်လည်းမလာတော့ ဆင်တွေလည်းငတ်၊ လူတွေလည်း ငတ်ပေါ့” လို့ လက်ရှိကာလမှာ ကြုံတွေ့နေရတဲ့အခြေအနေကို ပြောလာသူကတော့ မယ့်တန် ဆင်စခန်းက ပန်းခြံမှာ လုပ်နေတဲ့အိုင်စော ဖြစ်ပါတယ်။

အရင်က ဆင်စခန်းက ပုံမှန်ကျွေးတဲ့ အစားအစာတွေအပြင် ဧည့်သည်တွေများရင် များသလို အလျှံပယ် စားရတဲ့ ဘူဖေးပမာ အစားစာတွေဟာ အခုချိန်မှာတော့ အိပ်မက်တခုလိုဖြစ်နေရပါပြီ။ ကိုဗစ်ကာလ အတွင်းမှာတော့ ဧည့်သည်ကျွေးတဲ့ အစားအစာများမဆိုထားနဲ့ ပုံမှန် ဆင်စခန်းက ကျွေးတဲ့ ပြောင်းပင်တောင် လျှော့ပြီး စားနေရပါတယ်။

ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်ပြီး အနားရကြပေမယ့် ဝမ်းရေး အတွက်တော့ ဝဝလင်လင် မစားကြရဘဲ ဖြစ်နေကြရပါတယ်။ အရင်က ဆင်တကောင်ကို တရက်လုံးအတွက် ပြောင်းပင် လက်တပိုက်စာ အစီး ၁၅ စီး နှုန်းနဲ့ ၃ ကြိမ်ကျွေးရပြီး အခုကာလမှာတော့ တကောင်ကို ၈ စီးဝန်းကျင်ခန့်နဲ့ နှစ်ကြိမ်ကျွေးရတယ်လို့ ဆင်ထိန်း တဦးက ပြောပါတယ်။

ဆင်စခန်းတွေဟာ ထိုင်းနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးသော ထိပ်တန်း လည်ပတ်စရာ နေရာတွေ ထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆင်စခန်းပေါင်း ၇၀ ကျော်ရှိပြီး အဲဒီထဲကမှ ဆင်စခန်းပေါင်း ၃၀ ကျော်ခန့်က ဆင်စခန်း၊ ဆင်ခြံ၊ ဆင်ဘေးမဲ့တော စတဲ့ နာမည်အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာရှိပါတယ်။

မယ့်တန် ဆင်စခန်းမှာတော့ ပန်းချီဆွဲခြင်း၊ ဘောလုံးကန်ခြင်း စတဲ့ ဆင်တွေရဲ့ လှုပ်ရှားမှုကို ပြသတဲ့ ဆင်ရှိုးတွေ၊ ဆင်တွေကို ကိုယ်တိုင်အစာကျွေးပြီး ဆင်တွေနဲ့ ပွေ့ဖက် ဓါတ်ပုံရိုက်နိုင် သလို ဆင်စီးပြီး တောတောင်ထဲ ခရီးတိုလည်ပတ်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆင်ဆွဲတဲ့ ပန်းချီများ၊ ဆင်ပုံကလေးတွေနဲ့ အမှတ်တရပစ္စည်းများကိုလည်း ဝယ်ယူနိုင်ပါတယ်။

ဆင်တွေဟာ ဧည့်သည်တွေကို သူတို့ တတ်ကျွမ်းမှုတွေကို ပြသဖျော်ဖြေရင်း၊ ဧည့်သည်တွေကို တောတောင် ထဲ လည်ပတ်ဖို့ လမ်းညွှန်ခေါ်ဆောင်ရင်း သူတို့ နေထိုင်စားသောက်ဖို့အတွက် တာဝန်ကိုယ်စီနဲ့ အလုပ်လုပ်ကြရ ပါတယ်။ ချင်းမိုင်မြို့အတွက်တော့ ဆင်တွေဟာ Tourism အတွက် အမှတ်အသားတခုပါ။

ဒါပေမယ့် ဒီအရာတွေအားလုံးဟာ အခုတော့ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက် အရင်က ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ဆင်စခန်းတွေဟာ ခြောက်ကပ်သွားပါတယ်။

ဆင်စခန်းထဲက မင်းသား၊ မင်းသမီးတွေလို့ အရင်က အလေးထားခံခဲ့ရတဲ့ ဆင်တွေဟာ အခုတော့ ပုံမှန်ထက် လျှော့စားနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ဆင်စခန်းမှာ ဆင်တွေကို မီခိုနေကြရတဲ့ ဆင်ထိန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာလည်း ဆင်တွေနဲ့ ဘဝတူတွေဖြစ်ကုန်ကြပါတယ်။

“အရင်က ဧည့်သည်လာရင် အင်္ဂလိပ်တွေက မုန့်ဖိုးတွေပေးတယ်။ တရက်ကို သုံး လေးရာလောက်ရတယ်။ လခက (ဘတ်) ၈၀၀၀ (ကျပ် ၃ သိန်းကျော်) လောက်ရတယ်။ အခုတော့ အလုပ်သွားတဲ့ရက်မှ ပိုက်ဆံရတယ်။ တရက်သွားရင် ၁၀၀ ရတယ်။ အလုပ်မဆင်းရတဲ့ ရက်ဆို မရဘူး” လို့  အိုင်စော က ပြောပါတယ်။

ဆင်စခန်းမှာနေတဲ့အမျိုးသမီးအများစုက အရင်လုပ်နေတဲ့ လက်မှု ပစ္စည်းရောင်း၊ စားစရာရောင်းတဲ့ အလုပ်တွေကိုလည်း ဧည့်သည်မရှိလို့ ရပ်လိုက်ရပြီး အချို့က သူတို့အမျိုးသား ဆင်ထိန်းလစာနဲ့ ဖြစ်သလိုစားနေရတဲ့သူရှိပြီး အချို့က အသီးခူး၊ သန့်ရှင်းရေး စတဲ့ အပြင်အလုပ်တွေကို အမျိုးသားတွေ နည်းတူ နေ့စားပုံစံနဲ့ သွားရောက်လုပ်ကိုင်နေကြရပါတယ်။

ကိုဗစ်ကာလကြောင့် အလုပ်လက်မဲ့အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆင်ထိန်းမိသားစုတွေဟာ ဆန်၊ ဆီ၊ ဆား လာကူမှုအချို့ကြောင့် ခံသာနေရပေမယ့် သူတို့ရဲ့ အနာဂတ်အတွက်တော့ ပူပန်မှုတွေ အပြည့်နဲ့ပါ။

အသက် ၂၀ ကျော်အရွယ် ဆင်ထိန်း ညေးရယ် က “အရင်ကနဲ့ အခုတော်တော်ကွာတယ်။ အရင်ကဆိုရင် မနက်ကြက်သားဟင်းဆို၊ နေ့ လည်ကြက်ဥဖြစ်ဖြစ်၊ ညနေဆို ငါးသေတ္တာဖြစ်ဖြစ် စားနိုင်တယ်။ အခုကျတော့ ဆန်နဲ့ ဟင်းချိုမှုန့်၊ ဆားရှိဖို့က အဓိကဖြစ်နေတယ်။ ဟင်းကတော့ အရွက်တွေ တောင်ပေါ်မှာ လိုက်ခူးပြီး ချက်စားပေါ့” လို့ ဆိုပါတယ်။

မြန်မာပြည်ပြန်ဖို့ကလည်း လက်တလော လမ်းပိတ်ထားပြီး အကယ်၍ လမ်းပြန်ဖွင့်ခဲ့ရင်တောင် အလုပ်အကိုင် အခွင့်လမ်းနည်းတဲ့အတွက် ပြန်ဖို့ စဉ်းစားနေရတယ်လို့ ဆင်စခန်းမှာ ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အသက် ၃၅ နှစ်ခန့်အရွယ် မနဲနယ်က ပြောပါတယ်။

သူမအနေနဲ့ လက်ရှိနေ့စားလုပ်နေတဲ့ လန်း(မ်)ရိုင်း သီးတွေက ကုန်ချိန်ရောက်တော့မှာမို့ အခြား နေ့စား အလုပ်ကို ကြိုးစားရှာဖို့ ကြိုတင်စဉ်းစားနေပါတယ်။

ဧည့်သည်တွေအရင်လိုပြန်လာဖို့ဆိုတဲ့ မျှော်လင့်ချက်က ဆင်စခန်းမှာအလုပ်လုပ်တဲ့လူတွေတင်မကပါဘူး။ အကယ်၍များ ဆင်တွေသာ စကားပြောတတ်ခဲ့မယ်ဆိုရင် ကပ်ရောဂါ ပြီးဆုံးပြီး အရင်လို ဧည့်သည်တွေ များများနဲ့ အစာ၀၀ စားရတဲ့ဘဝကို ပြန်လိုချင်တယ်လို့ တမ်းတနေကြမလားပဲ။

You may also like these stories:

အကျဉ်းထောင်ထဲမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ပြုတဲ့ အင်ဒီယားနားပြည်နယ်

ဆင်တွေအကြောင်း ဗဟုသုတလည်းရ စိတ်အပန်းလည်းပြေစေမယ့် ဝင်္ဂဘောဆင်စခန်း

အောက်တိုဘာလကစပြီး နိုင်ငံခြားခရီးသွားများကို ထိုင်းသို့ ဝင်ရောက်ခွင့်ပြုမည်

]]>
ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ https://burma.irrawaddy.com/multimedia/photo-essay/2020/08/07/227616.html Fri, 07 Aug 2020 02:30:40 +0000 https://burma.irrawaddy.com/lytbox/?p=227616 --သူတို့၏ ဘဝများက မသေချာ မရေရာမှုများ အပေါ်တွင် မူတည် နေရသည်။]]> --

ထိုင်းနိုင်ငံနှင့် ကမာ္ဘတဝန်း စီးပွားရေးကျဆင်းခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများပိတ်ခဲ့ကြရပြီး ရွှေ့ပြောင်းအလုပ်သမားများသည် ဝန်ထမ်းအင်အား လျှော့ချသည့် အချိန်တွင် ပထမဆုံး ဖယ်ရှားခံရသူများ ဖြစ်ခဲ့ကြရသည်။ ထိုင်းနိုင်ငံက ၎င်း၏ သမိုင်းကြောင်းတွင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုထဲသို့ ရောက်ရှိနေသည့် အချိန်၌ ပုံမှန်အားဖြင့် နေ့စားလုပ်အားခဖြင့် အလုပ်လုပ်နေရသော ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ခက်ခဲသော အချိန်များနှင့် ရင်ဆိုင်နေကြရသည်။

COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံက မတ်လနှောင်းပိုင်းတွင် အရေးပေါ်အမိန့်တခုကို ထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏ နယ်စပ်များကို ပိတ်လိုက်ခြင်းကြောင့် သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း နိုင်ငံ အတွင်း သောင်တင်နေခဲ့ကြရသည်။ အချို့အလုပ်သမားများက နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်သွားနိုင်ခဲ့ကြသော်လည်း အများစုက ထိုင်းနိုင်ငံတွင် အလုပ်မရှိဘဲ ပိတ်မိနေပြီး ကျန်ရစ်နေဆဲ ဖြစ်သည်။ သူတို့ကို ကူညီရေးတွင်လည်း ရွေးချယ်စရာက အနည်းငယ်သာရှိသည်။ ၎င်းတို့ထဲတွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားများလည်း အပါအဝင် ဖြစ်သည်။

အဆိုပါ အလုပ်သမားများ အနေဖြင့် ဒေသခံ ဘာသာစကား အခက်အခဲများကို ကျော်လွှားရေး စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်ခဲ့ကြရသည်။ အများစုမှာ အသုံးဝင်မည့် သတင်းအချက်အလက်များနှင့် လမ်းညွှန်မှု သို့မဟုတ် အထောက်အပံ့ ရယူရန် နည်းပညာနှင့် ကွန်ပျူတာ စွမ်းရည် မရှိကြပါ။ ကိုရိုနာဗိုင်းရပ် အကျပ်အတည်း တလျှောက် အများကို ကူညီရန် ရည်ရွယ်ထားကြသူများ အပါအဝင် အစိုးရ၏ လူမှုဖူလုံရေးအစီအစဉ်များကို ရရှိနိုင်ရန် အခွင့်အရေးများက သူတို့တွင် အကန့်အသတ် ဖြင့်သာ ရှိခဲ့သည်။ သူတို့၏ ဘဝများက မသေချာ မရေရာမှုများ အပေါ်တွင် မူတည် နေရသည်။

တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ကျေးရွာများက ပိတ်ဆို့မှုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် သူတို့၏ လယ်ယာများကို စွန့်ခွာခဲ့ကြရပြီး စားနပ်ရိက္ခာ ဝေငှမှုအပေါ်တွင် ကြီးလေးစွာ မှီခိုလာခဲ့ကြရသည်။ ဝေငှပေးသည့် ဆန်ပမာဏက  ၃ ရက် ဝန်းကျင်သာ ခံပြီး စားသောက်ရန် မလုံလောက်ဟု သူတို့က ပြောသည်။

“ရွာသားတွေက ဆန်အိတ်တွေ အကြွေးနဲ့ ဝယ်ဖို့ လာကြတာ ၅ ကြိမ်တောင် ရှိပြီ။ အဲဒါက အရစ်ကျ ပြန်ဆပ်ဖို့ သူတို့အတွက်  အနည်းဆုံး တနှစ်လောက်ကြာလိမ့်မယ်” ဟု အသက် ၂၆ နှစ် အရွယ် ရွှေ့ပြောင်းအလုပ်သမား တဦး ဖြစ်သည့် မချိုဇင်ဝင်း ကပြောသည်။

ချင်းမိုင်မြို့တွင်လည်း ပိတ်ဆို့ ကန့်သတ်မှုများပြုလုပ်ထားစဉ်အတွင်း ဝေငှသည့် အစားအစာများကို ရယူရန် တန်းစီနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ရောနှောနေသော လူများက ပုံမှန်မြင်တွေ့နေရသည့် မြင်ကွင်းတခု ဖြစ်ခဲ့သည်။
ချင်းမိုင်ရှိ ဆောက်လုပ်ရေး စခန်းများထဲမှ တခုသို့ သွားရောက်သည့်အခါ စီးပွားရေး လုပ်ငန်းများ ပိတ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သားများ၏ ဇနီးများသည် ဟိုတယ်များတွင် သန့်ရှင်းရေးနှင့် အိမ်ဖော်များအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြသည့် သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ကြရပြီး သူတို့၏ ခင်ပွန်း အချို့သာ အလုပ်သမားအဖြစ် ငှားရမ်းခြင်း ခံရကြောင်း တွေ့ခဲ့ရသည်။ အချို့မိသားစုများ၏ လက်တွင် ထိုင်းငွေ ဘတ် ၁၀၀၀ (မြန်မာကျပ်ငွေ ၄ သောင်း ၃ ထောင်ကျော်) ပင် မကျန်တော့သော်လည်း ကုန်ကျစရိတ်များနှင့် အကြွေးများ၏ ဝန်ထုပ်ဝန်ပိုးကို တောင့်ခံနေကြရဆဲဖြစ်သည်။

ခမ်းခန်ဝုံအောင်း Kham Kheng Wong-Ong သည် ချင်းမိုင်မြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ရှမ်းပြည်နယ်မှ အသက် ၂၇ နှစ် အ ရွယ် ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်ပါသည်။ “ကျမရဲ့ အလုပ်က ပိတ်လိုက်တာကြောင့် ကျမမှာ ပိုက်ဆံ များများစားစား မကျန်တော့ဘူး။ ဘယ်မှာ အလုပ်ရှာရမှန်းလည်း မသိဘူး။ ကျမက ၄ နှစ် အရွယ် ကျမ သားနဲ့ အတူ ဆောက်လုပ်ရေး တန်းလျား တခုမှာ နေပါတယ်။ ကျမခင်ပွန်းက နေ့စား ဆောက်လုပ်ရေး အလုပ်သမား တယောက်ပါ။ သူ ဘယ်တော့ အလုပ်ပြုတ်မယ်ဆိုတာကိုလည်း ကျမတို့ မသိပါဘူး။ လျှပ်စစ်မီးဖိုး၊ ကျောင်းစရိတ်၊ အစားအသောက်နဲ့ ဆေးဝါး စတဲ့ ကုန်ကျစရိတ်တွေ အားလုံးက ကျမတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပါတယ် ” ဟု သူက မျက်ရည်ကျရင်း ပြောသည်။

ဇူလိုင်လတွင် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်မှုများ ရုပ်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်း အများစုကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ သို့သော် ကပ်ရောဂါ အကျပ်အတည်းကြောင့် စီးပွားရေးပြိုလဲရခြင်းနှင့် အတူ စီးပွားရေးလုပ်ငန်းများက သူတို့၏ အလုပ်သမားများကို ပြန်လည် မခေါ်ယူနိုင်သေးပါ။ ထိုင်းနိုင်ငံ အတွင်းမှ သိန်း နှင့်ချီသော (ပို၍လည်း များနိုင်ပါသည်) ရွှေ့ပြောင်းအလုပ်သမားများမှာ  အလုပ်လက်မဲ့ ဖြစ်နေကြဆဲဖြစ်ပြီး အများစုမှာ စီးပွားရေး၏ “ပုံမှန် အခြေအနေသစ် (new normal ) ” နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ခြင်း မရှိကြသေးပါ။

You may also like these stories:

မလေးရှားမှာ ဒုက္ခရောက်နေသူတွေကို ပူးပေါင်းကယ်ဆယ်လို့ မရဘူးလား

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

ပြည်ပ အမှာမရှိ၍ အထည်ချုပ်လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာ

]]>
လားရှိုးမြို့က ဆေးဖြတ်စခန်း (သို့) “ဘဝသစ်”မှာ ဘဝသစ်ကို စကြမည့်သူများ https://burma.irrawaddy.com/multimedia/photo-essay/2020/07/13/226167.html Mon, 13 Jul 2020 06:00:37 +0000 https://burma.irrawaddy.com/lytbox/?p=226167 ဘဝသစ်တွင် လာရောက် ဆေးဖြတ်နေသူတစ်ဦးအဲဒီအထဲက တစ်ခုက “ဘဝသစ်” ဆေးဖြတ် စခန်းပါ။ “ဘဝသစ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီပြန်လည်ထူထောင်ရေးစင်တာကို ၂၀၀၀ ပြည့်နှစ်မှာ ဦးရန်လီရွှေဆိုသူက တည်ထောင်ပါတယ်။ သူဟာ တစ်ချိန်က ဆေးစွဲခဲ့ဖူးပြီး ကိုယ်တိုင် ဒုက္ခတွင်းက ပြန်လည်ရုန်းထွက်နိုင်ခဲ့ချိန်မှာ ဘဝတူ ညီအစ်ကိုတွေကို ကူညီလိုတဲ့ ဆန္ဒနဲ့ ဒီစင်တာကို တည်ထောင်ခဲ့တာလို့သိရပါတယ်။ အခုဆိုရင်တော့ ဘဝသစ်ရဲ့ သက်တမ်းက နှစ် ၂၀ တိတိ ရှိနေပါပြီ။]]> ဘဝသစ်တွင် လာရောက် ဆေးဖြတ်နေသူတစ်ဦး

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့အကြောင်းပြောကြရင် လာရှိုးရေပူစမ်း၊ မန်ဆူရှမ်းကျောင်းစတဲ့ အထင်ကရနေရာတွေနဲ့ လူတွေက တွဲသိကြပေမယ့် လူသိနည်းပြီး အရေးပါတဲ့ နေရာအချို့လည်း လားရှိုးမှာ ရှိနေပါတယ်။

အဲဒီအထဲက တစ်ခုက “ဘဝသစ်” ဆေးဖြတ် စခန်းပါ။ “ဘဝသစ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီပြန်လည်ထူထောင်ရေးစင်တာကို ၂၀၀၀ ပြည့်နှစ်မှာ ဦးရန်လီရွှေဆိုသူက တည်ထောင်ပါတယ်။ သူဟာ တစ်ချိန်က ဆေးစွဲခဲ့ဖူးပြီး ကိုယ်တိုင် ဒုက္ခတွင်းက ပြန်လည်ရုန်းထွက်နိုင်ခဲ့ချိန်မှာ ဘဝတူ ညီအစ်ကိုတွေကို ကူညီလိုတဲ့ ဆန္ဒနဲ့ ဒီစင်တာကို တည်ထောင်ခဲ့တာလို့သိရပါတယ်။ အခုဆိုရင်တော့ ဘဝသစ်ရဲ့ သက်တမ်းက နှစ် ၂၀ တိတိ ရှိနေပါပြီ။

နှစ်ပေါင်း ၂၀ သက်တမ်းအတွင်း “ဘဝသစ်”ကနေ ဘဝသစ်ပြန်စခဲ့သူပေါင်း ၁၀၀၀ ကျော်ရှိပြီလို့ ဦးရန်လီရွှေက ဆိုပါတယ်။ လတ်တလောမှာတော့ စခန်းမှာ လာရောက်ဆေးဖြတ်နေသူ ၇၀ ကျော်ရှိပြီး အရက်ဖြစ်သူအချို့လည်း ရှိနေတာပါ။

“ဘဝသစ်”မှာ ဆေးဖြတ်သူတွေဟာ မက်သဒုံးမသုံးဘဲ အစိမ်းနည်းနဲ့ ဖြတ်ကြပြီး ဧက ၃၀ ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ စုပေါင်းစိုက်ပျိုးရေးလုပ်တာ၊ ကျန်းမာရေးအတွက် အလေးမ၊ ခြင်းခတ် စတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ကြရပါတယ်။

နံနက် ၅ နာရီခွဲအိပ်ယာထရပြီး ၉ နာရီခွဲ အိပ်ယာဝင်ရတဲ့ ဒီစင်တာမှာ နေ့လည်စာနဲ့ ညစာကို ဆေးလာဖြတ်သူတွေထဲက ဟင်းချက်နိုင်သူတွေက တာဝန်ယူ ချက်ပြုတ်ပေးပါတယ်။

ဒီစင်တာမှာ ဆေးဖြတ်သူတချို့ကို တရုတ်စာလည်း သင်ပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ဆေးဖြတ်နေချိန်မှာ တရုတ်ဘာသာနဲ့ရေးထားတဲ့ ကျမ်းစာဖတ်နိုင်ပြီး ဘုရားသခင်နဲ့ ပိုမို နီးစပ်နိုင်ဖို့လို့ ဦးရန်လီရွှေက ဆိုပါတယ်။

“ဘဝသစ်”မှာ ဆေးလာဖြတ်သူတွေအနေနဲ့ စင်တာမှာ ၁ နှစ်နေဖို့ လိုအပ်ပါတယ်။ ပြီးတော့ ၁ သိန်းပေးသွင်းရတာပါ။ စင်တာရဲ့ စည်းမျဉ်းအတိုင်း ၁ နှစ်အချိန်ပြည့်ရင် ငွေ ၁ သိန်းကို ပြန်ပေးပြီး ၁ နှစ်မပြည့်ခင် ထွက်သွားခဲ့ရင်တော့ ဒီငွေ ၁ သိန်း ပြန်မရပါဘူး။

တချို့ ဆေးဖြတ်သူတွေဟာ “ဘဝသစ်”မှာ ၂ နှစ်၊ ၃ နှစ်လောက်အထိ နေကြပြီး ဆေးဖြတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ သက်တမ်း နှစ် ၂၀ ထဲရောက်လာပြီဖြစ်တဲ့ “ဘဝသစ်”ဟာ ဒီစင်တာကထွက်သွားတဲ့ ညီအစ်ကိုဟောင်းတွေ ပြန်လည်လှူဒါန်းတဲ့ အလှူငွေတွေနဲ့ အဓိက ရပ်တည်ပြီး စင်တာရဲ့ အစိတ်အပိုင်းတွေဟာလည်း ညီအစ်ကိုစိတ်ဓာတ်အခြေခံနဲ့ လည်ပတ်နေတာလို့ ဦးရန်လီရွှေက ဆိုခဲ့ပါတယ်။

]]>
ထိုင်းတောင်ပိုင်းရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ https://burma.irrawaddy.com/multimedia/photo-essay/2020/02/05/214720.html Wed, 05 Feb 2020 05:43:50 +0000 https://burma.irrawaddy.com/lytbox/?p=214720 / မျိုးမင်းစိုး  / ဧရာဝတီအလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့်ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများကပြောပါတယ်။]]> / မျိုးမင်းစိုး  / ဧရာဝတီ

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့်ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများကပြောပါတယ်။

ထိုရွှေ့ပြောင်းအလုပ်သအမားများထဲမှ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင်ရှိ ငါးဖမ်းစက်လှေများ၊ ဆီအုန်းခြံများ၊ ရာဘာခြံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ခရီးသွားလုပ်ငန်းများမှာလုပ်ကိုင်ကြသူများနှင့် အထွေထွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြပါတယ်။

ထို့အတူ မဟာချိုင်ဒေသတွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ ငါးသေတ္တာစက်ရုံနှင့် အခြားစက်ရုံအလုပ်ရုံများမှာ လုပ်ကိုင်လျက်ရှိကြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ် မြန်မာကျောင်းသား ၃၀၀ ကျော် ပညာသင်ကြားလျက်ရှိတဲ့  ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားပါတယ်။

အဆိုပါကျောင်းကို ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် ပညာသင်ကြားနိုင်ရန် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ထားခြင်းြဖစ်ပြီး မြန်မာသင်ရိုး မူကြိုမှ  အဋ္ဌမတန်း အထိသင်ကြားနိုင်ပြီး အများစုမှာ မိဘများရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေရသဖြင့် အတန်းကြီးလာလေ လူဦးရေ အရေအတွက် နည်းပါးသွားတယ်လို့  အဆိုပါကျောင်းမှ တာဝန်ရှိသူကဆိုပါတယ်။

အဆိုပါကျောင်းမှ တဆင့် ထိုင်းနိုင်ငံကျောင်းများသို့ တက်ရောက်နိုင်သလို မြန်မာနိုင်ငံသို့ ပြန်လည် တက်ရောက်ရန်နှင့် ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမှုများကို လည်းကောင်း ကူညီပံ့ပိုးပေးနေသည့်နေရာလည်းြဖစ်ပါတယ်။

ကလေးငယ်များအား ကျောင်းမှ ကြိုပို့ယာဉ်များ စီစဉ်ပေးပြီး အချို့မိဘများမှလည်း ကိုယ်တိုင် ကလေးငယ်များအား စာသင်ကျောင်းသို့ လာရောက်ပို့ဆောင်ကြတာကိုလည်းတွေ့ရပါတယ်။

အဆိုပါကျောင်းကို ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများနှင့် ပညာသင်ကြားနေသော ကလေးငယ်များမှ အဖေ့ကျောင်းဟု တင်စားခေါ်ဝေါ်ကြပြီး မိဘများလုပ်ငန်းခွင်ဝင်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်သဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အားကိုးရာ နေရာတခုလည်းဖြစ်ပါတယ်။

 

 

]]>
နှစ်ပေါင်း ၁၂၀ ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တခုတည်းသော ဂျူးဘုရားကျောင်း https://burma.irrawaddy.com/multimedia/photo-essay/2019/09/28/205102.html Sat, 28 Sep 2019 03:00:45 +0000 https://burma.irrawaddy.com/lytbox/?p=205102 / အောင်ကျော်ထက် / ဧရာဝတီဂျူးဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ တိုရာကျမ်းပေါင်း ၁၂၆ စုံထိ ရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့ပေါ်မှာ တိုရာကျမ်းအများဆုံးရှိခဲ့ဖူးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တိုရာကျမ်းနှစ်စုံသာရှိပါတော့တယ်။ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြတဲ့ ဂျူးလူမျိုးများဟာ ယင်းတိုရာကျမ်းများကို သယ်ဆောင်သွားကြပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျနှင့် အစ္စရေး နိုင်ငံတို့က ဘုရားကျောင်းတွေဆီသို့ ရောက်ရှိကုန်ပါတယ်။ယင်းအပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ဂျူးလူမျိုး နှစ်ဆယ်ကျော်သာရှိတော့ကြောင်း ဘုရားကျောင်းမှတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။]]> / အောင်ကျော်ထက် / ဧရာဝတီ

မတ်စ်မီးယား ရေရှူအာ ဂျူးဘုရားကျောင်း (Musmeah Yeshua Synagogue) ဟာ မြန်မာနိုင်ငံရဲပ တခုတည်းသော ဂျူးဘုရားကျောင်းဖြစ်ပါတယ်။ဒီဘုရားကျောင်းဟာ ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ ၂၆လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားမှာရှိပါတယ်။

ကုန်သည် အရောင်းအဝယ်ပြုလုပ်ရာမှာ ကျွမ်းကျင်ကြတဲ့ ဂျူးလူမျိုးများဟာ မြန်မာနိုင်ငံမှာ စတင်အခြေချနေထိုင်ခဲ့တာတော့ ၁၈ ရာစုထဲက ရောက်ရှိနေထိုင်ကြပြီး ဒုတိယကမ္ဘာစစ် မတိုင်မီ ရန်ကုန်မြို့တွင် ဂျူးလူမျိုး ၂၅၀၀ ခန့် နေထိုင်ခဲ့ကြကာ ၁၉၄၂ ခုနှစ် မြန်မာနိုင်ငံ ကို ဂျပန်စစ်တပ်များဝင်ရောက်ချိန်နှင့် ၁၉၆၂ စစ်အစိုးရအာဏာသိမ်းချိန်မှာတော့ ဂျုးလူမျိုးအများစုဟာ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပါတယ်။ လက်ရှိ သိမ်ဖြူလမ်းလို့အမည်ရှိတဲ့လမ်းဟာ ဟိုယခင်က ဂျုးလူမျိုးကုန်သည်တစ်ဦးဖြစ်တဲ့ Judah Ezekiel ကို အစွဲပြုပြီး Judah Ezekiel street လို့ခေါ်တွင်ခဲ့ကြပါတယ်။

Musmeah Yeshua Synagogue (ဂျုးဘုးရားကျောင်း)ကို ၁၈၅၄ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး သစ်သားအဆောက်အဦးဖြစ်ပါတယ်။ ယင်းသစ်သားဘုရားကျောင်းဟာ ၁၈၉၃ ခုနှစ် -၁၈၉၆ ခုနှစ်ထိသာတည်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ထိုနောက် ၁၈၉၆ခုနှစ်မှာတော့ လက်ရှိတည်ရှိနေတဲ့ အဆောက်အဦးကိုပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။

ဒီဘုရားကျောင်းမှာ ဂျူးဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ တိုရာကျမ်းပေါင်း ၁၂၆ စုံထိ ရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့ပေါ်မှာ တိုရာကျမ်းအများဆုံးရှိခဲ့ဖူးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တိုရာကျမ်းနှစ်စုံသာရှိပါတော့တယ်။ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြတဲ့ ဂျူးလူမျိုးများဟာ ယင်းတိုရာကျမ်းများကို သယ်ဆောင်သွားကြပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျနှင့် အစ္စရေး နိုင်ငံတို့က ဘုရားကျောင်းတွေဆီသို့ ရောက်ရှိကုန်ပါတယ်။ယင်းအပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ဂျူးလူမျိုး နှစ်ဆယ်ကျော်သာရှိတော့ကြောင်း ဘုရားကျောင်းမှတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။

ဘုရားကျောင်းကို တနင်္ဂနွေတစ်ရက်သာ ပိတ်ပြီး နေ့စဉ် မနက် ကိုးနာရီခွဲ မှ နေ့လည် ၂နာရီထိ ဖွင့်လှစ်ထားကာ အခြားဘာသာဝင်များအနေဖြစ်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှလည်း အဆိုပါ ဂျူးဘုရားကျောင်းကို မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြာကိုတပ်ဆင်ထားရှိခဲ့ပါတယ်။

]]>
မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း https://burma.irrawaddy.com/multimedia/photo-essay/2019/09/14/203795.html Sat, 14 Sep 2019 02:30:35 +0000 https://burma.irrawaddy.com/lytbox/?p=203795 မျှစ်ချိုးရန် ကိုဖိုးလ တောအတွင်း လှည့်လည်သွားလာနေစဉ်။မျှစ်ချိုးသမားများ တောတွင်းလှည့်လည်သော အခါ ၎င်းတို့ကို ဒုက္ခအပေးဆုံးမှာ သားရိုင်းတိရစ္ဆာန်များ မဟုတ်ဘဲ ခြင်များသာ ဖြစ်ကြောင်း ကိုဖိုးလ ပြောသည်။]]> မျှစ်ချိုးရန် ကိုဖိုးလ တောအတွင်း လှည့်လည်သွားလာနေစဉ်။

မျှစ်သည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ဟင်းလျာဖြစ်သည်။ မျှစ်သည် မိုးရာသီတွင် ပေါ်ပြီး မိုးရေသည် ၎င်းတို့ကို အညှောင့် အလွန်ပေါက်စေသောကြောင့် ဇွန်လ အစောပိုင်းမှ စက်တင်ဘာလ နှောင်းပိုင်းအထိ တရာသီလုံး ရနိုင်သည်။

တို့စရာဖြင့် စားသော မျှစ်ပြုတ်သည် မြန်မာအိမ်ထောင်စု အများအပြား၏ ထမင်းစားပွဲတွင် ပြီးပြည့်စုံသော အရန်ဟင်းလျာ ဖြစ်သည်။ ပုဇွန်ခြောက်နှင့် သို့မဟုတ် စားတော်ပဲပြုတ်နှင့် ကြော်သော မျှစ်သည်လည်း လူကြိုက်များသော ဟင်းလျာဖြစ်သည်။ ဝက်သားနှင့် ချက်သော မျှစ်ချဉ်ဟင်းရည်နှင့် ဟင်းလျာများသည် မြန်မာ စားသောက်ဆိုင်များတွင် လူကြိုက်များလှသည်။

သို့သော် မျှစ်ချိုးသူများ၏ ဘဝမှာမူ ဆန့်ကျင်ဖက် ဖြစ်နေသည်။ ကိုဖိုးလ သည် ဧရာဝတီတိုင်း ကျီးပင် ကျေးရွာမှ မျှစ်ချိုးသူ တဦးဖြစ်သည်။ ထိုကျေးရွာသည် ပုသိမ် – မုံရွာလမ်း၏ အနောက်ဖက် ရခိုင်ရိုးမအနီး အင်္ဂပူ ကျေးရွာတွင် တည်ရှိသည်။

အချို့သော ကျေးရွာသားများသည် လယ်တောများတွင် လုပ်ကိုင်ကြသော်လည်း အများစုမှာ ထင်းကောက်ခြင်း၊ မျှစ်ချိုးခြင်း တို့ကိုသာ လုပ်ကိုင်ကြရသည်။ ကိုဖိုးလသည် မြေငှား လယ်သမား အဖြစ်လည်း လုပ်ကိုင် သော်လည်း မိုးရာသီတွင် စပါးစိုက်ပြီးသောအခါ ဝင်ငွေ လုံလောက်ရေးအတွက် မျှစ်ချိုးရသည်။

မိုးရာသီ အစောပိုင်းနေ့များတွင် မျှစ်ကို ရွာမှ မဝေးသော နေရာတွင် တွေ့နိုင်သော်လည်း မုတ်သုန်မိုး အရှိန်အဟုန် ရလာသောအခါ ကိုဖိုးလ သည် ရောင်းတန်းဝင်သော မျှစ်များရရှိရန် ရခိုင်ရိုးမ တောနက်အတွင်း အထိ သွားရသည်။

မျှစ်ချိုးသမားများ တောတွင်းလှည့်လည်သော အခါ ၎င်းတို့ကို ဒုက္ခအပေးဆုံးမှာ သားရိုင်းတိရစ္ဆာန်များ မဟုတ်ဘဲ ခြင်များသာ ဖြစ်ကြောင်း ကိုဖိုးလပြောသည်။

ကောင်းကင်ထက်တွင် နေမြင့်လာလေလေ ခြင်တပ်ဖွဲ့ကြီးသည် ကြီးမားလာလေလေပင် ဖြစ်သောကြောင့် မျှစ်ချိုးသူများသည် နံနက်ခင်းတွင် မျှစ်များနိုင်သမျှ များများရအောင် အချိန်လု လုပ်ကိုင်ကြရပြီး မွန်လွဲပိုင်းတွင် အလုပ်သိမ်းကြသည်။ ခြင်များအပြင် မြွေများသည်လည်း ၎င်းတို့အတွက် မကြာခဏဆိုသလို ခြိမ်းခြောက်မှု ဖြစ်တတ်ကြောင်း ကိုဖိုးလ က ပြောသည်။

မျှစ်ချိုးသူများသည် ခြေလျှင်မပြန်ကြဘဲ ၎င်းတို့၏ မျှစ်များကို ရခိုင်ရိုးမတွင် မြစ်ဖျားခံသည့် နန်ကသူ ချောင်းအတိုင်း ရေတွင်မျှောကာ တောင်ခြေရှိ ၎င်းတို့ရွာသို့ ရေလမ်းမှ ပြန်ကြသည်။

၎င်းတို့သည် တကြိမ်မျှစ်ချိုးထွက်လျှင် ထုံးစံအားဖြင့် မျှစ် ၁၀ ပိဿာမှ ၂၀ ပိဿာအထိ ချိုးကြသည်။ သူသည် ပျှမ်းမျှအားဖြင့် တကြိမ်လျှင် မျှစ် ၁၅ ပိဿာ ချိုးနိုင်ရန် ကြိုးစားသည်ဟု ကိုဖိုးလ က ပြောသည်။ အိမ်သို့ ရောက်သောအခါ ထိုမျှစ်များကို ရောင်းရန်အသင့် ဖြစ်စေရန် ရေနှင့်ပြုတ်ရသည်။

မျှစ်များကို ပုသိမ်-မုံရွာ လမ်းတလျှောက်ရှိ ဝယ်ယူသူများကို တပိဿာလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ကျီးပင်ရွာနှင့် အနီးဆုံး ကွင်းကောက်ဈေးတွင် မျှစ်တပိဿာလျှင် ၈၀၀ ကျပ် ဈေးရှိသည်။

]]>
ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ https://burma.irrawaddy.com/multimedia/photo-essay/2019/08/31/202503.html Sat, 31 Aug 2019 02:30:46 +0000 https://burma.irrawaddy.com/lytbox/?p=202503 ကွတ်ခိုင်မြို့ပေါ်က စစ်ရှောင်စခန်းမြင်ကွင်း / ဇော်ဇော် / ဧရာဝတီမြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA၊ MNDAA)မှ တိုက်ခိုက်ခဲ့ပြီး နောက် ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျှောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သြဂုတ်လ ၂၄ ၇က်နေ့က နေပြည်တော် စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲ တွင် “ကျနော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက် မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလားတပ်မတော်အနေန ဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ” ဟု ပြောဆိုလိုက်သည်။]]> ကွတ်ခိုင်မြို့ပေါ်က စစ်ရှောင်စခန်းမြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တိုးဂိတ် အပါအဝင် နောင်ချိုမြို့အထွက် တိုးဂိတ်၊ မူးယစ်ဂိတ်၊ မြို့ရှောင်ဂိတ် စသည့် နေရာ ၆ နေရာကို တပြိုင် တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်နှင့် ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

တရုတ်မြန်မာ ကုန်သွဝ်ရေးလမ်းရှိ ဂုတ်တွင်းတံတားလည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ စစ်သားများနှင့် ရဲများအပါအဝင် လူ ၁၅ ဦးသေဆုံးပြီး နေက်ဆက်တွဲတိုက်ပွဲများကြောင့် လူထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယများတွင် ကျေးရွာများမှ ထွက်ပြေး လာကြသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၄၀၀ ကျော် ရှိပြီဟုသိရသည်။

သြဂုတ်လ ၁၇ ရက်က လားရှိုး-မူဆယ်လမ်း လားရှိုးမြို့အထွက် ၁၂ မိုင်ခန့်အကွာ နမ့်တွန်း ကျေးရွာအုပ်စု အတွင်းရှိ တိမ်ဖြူစက်သုံးဆီ ရောင်းဝယ်ရေး ဆီပန့် ပစ်ခတ်မှုဖြစ်သည့်အတွက် အကူအညီလို နေသူများကို လားရှိုး လူငယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်စဉ် ကားကို ပစ်ခတ်ခဲ့ခြင်း ကြောင့် ဥက္ကဋ္ဌ ဖြစ်သူ သေဆုံးခဲ့သည်။

တပ်မတော် နည်းပညာ တက္ကသိုလ် သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ပါဝင်သည်ဟု သံသယ ဖြစ်သူ ရှမ်းပရဟိတ ကျောင်းဆရာများဖြစ်သူ ညီအကို နှစ်ဦး ဖြစ်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့ ၂ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားရာ ကွတ်ခိုင်မြို့တွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးအား သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ကယ်ထုတ်လာခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (FPNCC) ကို သြဂုတ် ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ဆင်ရေး ရပ်တန့်ပေးရန် ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များမှ ဝါရင့်ခေါင်းဆောင်များက မေတ္တာရပ်ခံပြီး အစိုးရနှင့် ထိုတိုက်ခိုက်မှုများတွင်ပါဝင်သော သုံးဖွဲ့တို့အကြား အမြန်ဆုံး ညှိနှိုင်းသင့်ကြောင်း ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA၊ MNDAA)မှ တိုက်ခိုက်ခဲ့ပြီး နောက် ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျှောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သြဂုတ်လ ၂၄ ၇က်နေ့က နေပြည်တော် စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲ တွင် “ကျနော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက် မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလားတပ်မတော်အနေန ဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ” ဟု ပြောဆိုလိုက်သည်။

သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး တံခါး ဖွင့်ထားပေးကြောင်း နေပြည်တော် သမ္မတ အိမ်တော်တွင် ပုံမှန် ပြုလုပ်သည့် သြဂုတ်လ ၁၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်ကိုတွေ့ရသည်။

]]>
၀င်္ဂဘော် ဆင်စခန်းမှ မိဘမဲ့ ဆင်ကလေးများ https://burma.irrawaddy.com/multimedia/photo-essay/2019/08/24/201735.html Sat, 24 Aug 2019 01:45:05 +0000 https://burma.irrawaddy.com/lytbox/?p=201735 --မိဘမဲ့ဆင်လေးများ အဖြစ်သတ်မှတ်ထားသောအကြောင်းမှာ မိဘနှင့်ကွဲကွာပြီး လမ်းပျောက်ကျန်နေခဲ့သည့်ဆင်ငယ်လေးများ၊ ဆင်မုဆိုးများ၏လက်ချက်ဖြစ် မိဘများသေဆုံးသွားသဖြစ် ခေါ်ယူထိန်းသိမ်းထားသောဆင်ငယ်များ၊ ကျော့ကွင်းမိပြီး မိမိအုပ်စုတွင် ကျန်ရစ်ကာ ဒဏ်ရာများဖြင့် ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်ငယ်လေးများကို မိဘမဲ့ ဆင်ငယ်လေးများဖြစ်သတ်မှတ်ပြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခြင်းဖြစ်သည်။]]> --

လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောဆင်ရိုင်း ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀၀၀နှင့် ၅၀၀၀ ခန့်ထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆင်များအား အမဲလိုက်သတ်ဖြတ်သည့် ပြဿနာကို မကြုံစဖူး ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ဆင်သတ်ဖြတ်ခံရမှုပမာဏအနေဖြင့် တစ်ပတ်လျင် အနည်းဆုံးဆင်တစ်ကောင်နှုန်းအထိ အသတ်ခံနေရကြောင်းသိရသည်။

တောဆင်ရိုင်းများကိုသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင်၊ မွေးမြူထားသောဆင်များကိုပါ သတ်ဖြတ်လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဆင်စခန်းများစွာရှိသည့်အနက် ဝင်္ဂဘော်ဆင်စခန်းဟာ မိဘမဲ့ဆင်လေးများကို အဓိကပြုစုထိန်းသိမ်းပေးသည့် တစ်ခုတည်းသော ဆင်စခန်းဖြစ်သည်။

ဒီဆင်စခန်းကို ဖွင့်လှစ်ခဲ့သည်မှာ ယခုဆိုရင် သုံးနှစ်ကျော်ခဲ့ပြီး စခန်းမှာ ဆင်ကြီး ၁၀ ကောင်၊ ဆင်ငယ် ၁၀ ကောင် ပေါင်း ၂၀ ကောင်ရှိကာ ထိုအထဲတွင် မိဘမဲ့ ဆင်ငယ် ၈ ကောင်လည်း ပါဝင်သည်။

မိဘမဲ့ဆင်လေးများ အဖြစ်သတ်မှတ်ထားသောအကြောင်းမှာ မိဘနှင့်ကွဲကွာပြီး လမ်းပျောက်ကျန်နေခဲ့သည့်ဆင်ငယ်လေးများ၊ ဆင်မုဆိုးများ၏လက်ချက်ဖြစ် မိဘများသေဆုံးသွားသဖြစ် ခေါ်ယူထိန်းသိမ်းထားသောဆင်ငယ်များ၊ ကျော့ကွင်းမိပြီး မိမိအုပ်စုတွင် ကျန်ရစ်ကာ ဒဏ်ရာများဖြင့် ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်ငယ်လေးများကို မိဘမဲ့ ဆင်ငယ်လေးများဖြစ်သတ်မှတ်ပြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

မိဘမဲ့ဆင်လေး ရှစ်ကောင်ကို ဧရာမေ၊ မေရီ၊ ဧရာမိုး၊ ယုယုထွေး၊ ဧရာမောင်၊ ပန်းနုမေ၊ နှင်းမေ နှင့် ဧရာစိန် ဟု အမည်အသီးသီးပေးထားသည်။

၎င်းဆင်ငယ်များထဲမှ ဧရာမောင် တစ်ကောင်သာ ဆင်ထီးလေးဖြစ်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကြိုးဝိုင်းအနီး၊ ဖိုးလွန်းချောင်း ကျာက်ဆောင်ကြားတွင်ညှပ်နေသည်ကို ဒေသခံများက တွေ့ရှိပြီး သွားရောက်ကယ်တင်ခဲ့ကြရသည်။

တွေ့ရှိစဉ်က မုဆိုးများ၏ ကိုင်းကြိုးမိခဲ့သောကြောင့် လက်တွင်ဒဏ်ရာရရှိခဲ့ပြီး ဆင်စခန်းရောက်မှ ကုသပေးခဲ့ရသည်။

ဧရာစိန်သည် မကြာသေးမီက ပုသိမ်သစ်ထုတ်လုပ်ရေးဒေသတွင် တွေ့ရှိခဲ့ပြီး လက်တွင်ဒဏ်ရာများရရှိထားသောကြောင့် ဆင်စခန်း၌ ဆင်ဆရာဝန်နှင့် ဝန်ထမ်းများမှ ကုသပေးလျက်ရှိသည်။

ဆင်စခန်းသို့ ရောက်ရှိလာသော မိဘမဲ့ဆင်ငယ်လေးများသည် အသက်အရွယ်ငယ်သေးသဖြင့် နို့အဓိက တိုက်မွေးမြုလျက်ရှိသည်။

မနက်ပိုင်းတွင် ဘေးမဲ့တောထဲလွှတ်ပေးကာ ရေချိုးဆင်းပြီးသောအချိန်မှသာ ဆင်စခန်းအတွင်းပြန်လည်ထိန်းသိမ်းကြရပြီး ညပိုင်းတွင် နို့အပြင် ထမင်းလုံးကျွေးရသည်။

ဆင်စခန်းမှ မိဘမဲ့ဆင်လေးများ၏ ပြုမူနေထိုင်ပုံနှင့် ဆင်ဝန်ထမ်းများစောင့်ရှောက်ပုံများကို ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် အောင်ကျော်ထက်မှ ရိုက်ကူးဖော်ပြပါသည်။

]]>
ကမ်းရိုးတန်းသွား ငါးဖမ်းသဘောၤတို့၏ ပြင်ဆင်သောနေရာ https://burma.irrawaddy.com/multimedia/photo-essay/2019/08/03/199632.html Sat, 03 Aug 2019 02:45:27 +0000 https://burma.irrawaddy.com/lytbox/?p=199632 --လွန်းကျင်းကိုတော့ ရေလုံတံခါးဖြင့် ပြုလုပ်ထားပြီး ပြုပြင်ရန် ရောက်ရှိလာတဲ့ သဘောၤအား ရေလုံတံခါးအတွင်းသို့ပို့ဆောင်ပြီး ရေလုံတံခါးကို ပိတ်ကာ သဘောၤများပြုပြင်ရန်အတွက် အထိုင်ချပါတယ်။သဘောၤတစ်စီးပြင်ရန် အချိန်အားဖြင့် ၁၅ ရက်ခန့်ကြာနိုင်ပါတယ်။ရေကျပြီးတဲ့နောက်မှာတော့ ရေလုံတံခါးကိုပိတ်ကာ ပြုပြင်ခြင်းလုပ်ငန်းကို စတင်ပြုလုပ်ပါတယ်။ သင်္ဘောပြုပြင်ရာမှာတော့ အဓိကအားဖြင့် ဝရိန်ဆော်ခြင်း၊ သံချေးခေါက်ခြင်း၊ ဖာတေးခြင်း၊ သုံးမရတော့သည့် အပိုင်းအစများအား ဖျက်ထုတ်ကာ အသစ်ပြန်လည်တပ်ဆင်ခြင်း၊ စက်ပြင်ဆင်ခြင်းတွေကို လုပ်ပါတယ်။]]> --

မြန်မာကမ်းရိုးတန်းတွင် သွားလာနေသော ငါးဖမ်းသင်္ဘောများ ပြုပြင်သည့်နေရာတခုဖြစ်သော ရန်ကုန်မြို့တဖက်ကမ်းရှိ ဆိပ်ကြီးခနောင်တိုမြိုနယ်ရှိ လွန်းကျင်း ( သဘောၤကျင်း) လုပ်ငန်းအား ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် အောင်ကျော်ထက်မှ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။

ဆိပ်ကြီးခနောင်တိုမှာ နေကြသူအများစုဟာ ရန်ကုန်ဘက်ကမ်းသို့လာရောက် အလုပ်ဆင်းကြသူများပြီး တချို့ကတော့ ငါးဖမ်းခြင်း၊ သမ္ဗာန်အငှားလိုက်ခြင်း၊ သဘောၤပြုပြင်တဲ့ လွန်းကျင်းတွေမှာ လုပ်ကြပါတယ်။ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြို့တဖက်ကမ်းတွင်တည်ရှိပြီး ဝါးတန်းဆိပ်ကမ်းမှ သမ္̕ဗာန်နဲ့ ကူးသန်းသွားလာရတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။

ကမ်းရိုးတန်းတွင် ၃ လအထိဆက်တိုက်အသုံးပြုသည့် သဘောၤများနှင့် ၆ လအထိအသုံးပြုပြီး သဘောၤများ၏ ကြံခိုင်မှုများကိုစစ်ဆေးပြီး လိုအပ်သည်များကိုပြုပြင်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းမှာရှိတဲ့ သင်္ဘောလွန်းကျင်းတွေဟာ အစိုးရပိုင်များလည်း ရှိသလို ပုဂ္ဂလိကပိုင်တွေ ရှိပါတယ်။

လွန်းကျင်းကိုတော့ ရေလုံတံခါးဖြင့် ပြုလုပ်ထားပြီး ပြုပြင်ရန် ရောက်ရှိလာတဲ့ သဘောၤအား ရေလုံတံခါးအတွင်းသို့ပို့ဆောင်ပြီး ရေလုံတံခါးကို ပိတ်ကာ သဘောၤများပြုပြင်ရန်အတွက် အထိုင်ချပါတယ်။သဘောၤတစ်စီးပြင်ရန် အချိန်အားဖြင့် ၁၅ ရက်ခန့်ကြာနိုင်ပါတယ်။ရေကျပြီးတဲ့နောက်မှာတော့ ရေလုံတံခါးကိုပိတ်ကာ ပြုပြင်ခြင်းလုပ်ငန်းကို စတင်ပြုလုပ်ပါတယ်။

သင်္ဘောပြုပြင်ရာမှာတော့ အဓိကအားဖြင့် ဝရိန်ဆော်ခြင်း၊ သံချေးခေါက်ခြင်း၊ ဖာတေးခြင်း၊ သုံးမရတော့သည့် အပိုင်းအစများအား ဖျက်ထုတ်ကာ အသစ်ပြန်လည်တပ်ဆင်ခြင်း၊ စက်ပြင်ဆင်ခြင်းတွေကို လုပ်ပါတယ်။

ဒီလုပ်ငန်းခွင်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေ တန်းတူအလုပ်လုပ်ကြပြီး၊ အများအားဖြင့် အမျိုးသမီးများသည် သံချေးခေါက်ခြင်းအပိုင်းကို ပြုလုပ်ကြပါတယ်။ပုဂ္ဂိလိက သဘောၤလွန်းကျင်းတွေမှာ အလုပ်သမားတွေမှာ နေ့စား၊ လခစား၊ ပုတ်ပြတ်ဟူ၍ ရှိကြပြီး လခစားတွေကို ပိုင်ရှင်က ထမင်းကျွေးတယ်လို့သိရပါတယ်။ နေ့စားသမားတွေအနေနဲ့ တစ်နေ့ကို လုပ်ခ အနိမ့်ဆုံး ၆၀၀၀ ကျပ် မှ အမြင့်ဆုံး ၁၅၀၀၀ ဝန်းကျင်ထိ ရရှိပါတယ်။ ဒီလိုကာလာတွေမှာတော့ ငါးဖမ်းသဘောၤတွေအများဆုံးလာပြင်တဲ့အချိန်အခါမို့ အလုပ်အကိုင်အဆင်ပြေကြောင်း သိရသည်။

]]>