ဧရာဝတီ သတင်း ဌာနကနေ “လွတ်လပ် အတွေး” အပျော်တမ်း ကာတွန်းပြိုင်ပွဲ (The Irrawaddy’s Amateur "Freedom of Thought" Cartoon Talent Competition) ကို ကျင်းပရန် စီစဉ်နေပြီး ချီးမြှင့်မယ့် ဆုငွေက ၁၂ သိန်း ဖြစ်ပါတယ်။]]>
အေမေရိကန် ဒေါ်လာ ၁၀၀၀ ဆုချီးမြှင့်မယ့် ဧရာဝတီ ကာတွန်းပြိုင်ပွဲ “လွတ်လပ် အတွေး” အပျော်တမ်း ကာတွန်းပြိုင်ပွဲ (The Irrawaddy’s Amateur “Freedom of Thought” Cartoon Talent Competition) မှာ ပါဝင်ယှဉ်ပြိုင်မယ့် ဝါသနာရှင်တွေရဲ့ အသက် အကန့်အသတ်ကို ပရိသတ် တောင်းဆိုချက်ကြောင့် ပြင်ဆင်လိုက်ပါတယ်။
ယခင် သတ်မှတ်ချက် အသက် ၂၀ နှစ်မှ ၂၅ နှစ်ကြားလို့ သတ်မှတ်ထားတာကို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားလို့ ပြန်လည် ပြင်ဆင်လိုက်ပါတယ်။
ပြိုင်ပွဲ နောက်ဆုံးရက်ကိုလည်း ၂၀၁၆ ဩဂုတ်လ ၃၁ ရက်ထိ နောက်ထပ် တလတိုးလိုက်ပါတယ်။
ချီးမြှင့်မယ့် ဆုငွေက မြန်မာငွေ ၁၂ သိန်း (အမေရိကန်ဒေါ်လာ ၁၀၀၀) ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို ထင်ဟပ်တဲ့ ကာတွန်း ဖြစ်ရပါမယ်။
မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ မြန်မာပြည်သား ဖြစ်ရပါမယ်။ လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။
ပြိုင်ပွဲဝင် တဦးလျှင် A4 အရွယ်အစား စာမျက်နှာ ပြိုင်ပွဲဝင် ပုံတပုံသာ ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီကာတွန်းဟာ တခြား စာနယ်ဇင်းတွေမှာ ဖော်ပြပြီးတဲ့ ကာတွန်း၊ တခြားပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကာတွန်းများ မဖြစ်ရပါ။
ပြိုင်ပွဲဝင်သူများထဲမှ တဦးတည်းကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်နဲ့ ဆွဲဆွဲ ကွန်ပြူတာနဲ့ ဆွဲဆွဲ လက်ခံပါတယ်။
စတင်လက်ခံ သည့်နေ့ – ၂၀၁၆ ဇူလိုင်လ ၁ ရက်
ပြိုင်ပွဲ နောက်ဆုံးရက် – ၂၀၁၆ ဩဂုတ်လ ၃၁ ရက်
အီးမေးလ်မှ တဆင့် ပေးပို့လိုလျှင်
ပေးပို့ရမည့် ဖောမက် – 6MB မှ 8MB ကြားရှိ JPG ဖိုင်
ပေးပို့ရန် အီးမေးလ် – [email protected]
တိုက်ရိုက် ပေးပို့လိုလျှင်
အမှတ် (၁၇၀/၁၇၅)၊ ၈ လွှာ၊ အခန်း (၈၀၆)၊ MGW တာဝါ၊ ဗိုလ်အောင်ကျော်လမ်း (အလယ် ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ပြိုင်ပွဲဝင်သူများ ထည့်သွင်းပေးပို့ရန် အချက်အလက်များ
ပြိုင်ပွဲဝင်သူ အမည် –
ကလောင်အမည် –
မှတ်ပုံတင် နံပါတ် –
အသက်၊ ကျား/မ –
လက်ရှိ နေရပ်လိပ်စာ –
ဆက်သွယ်ရန် ဖုန်းနံပါတ် –
အီးမေးလ်-
မောင်ကေတို့တိုင်းပြည်ကို စင်ကာပူရဲ့ဦးသျှောင် လီရှန်လုံးက မြန်မာနိုင်ငံ အစိုးရသစ်နဲ့ ဖွံံ့ဖြိုး တိုးတက်မှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာပြည်ကို လာလည်ပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက် လွှတ်တော်ဥက္ကဌတွေ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တို့နဲ့ တွေ့ဆုံနေတာ သတင်းတွေထဲမှာ မြင်နေ ကြားနေရတယ်လေ။
စင်ကာပူနဲ့ မြန်မာချစ်ကြည်ရေး နှစ် ၅၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဆီယံအဖွဲ့ကို ဦးဆောင်ပေးဖို့ သတင်းမီဒီယာများမှာ ဖတ်ရှုရတာမို့ စင်ကာပူ ဝန်ကြီးချုပ်ဟာ အကြောင်းမဲ့လာရောက်လည်ပတ်တာ မဟုတ်ဘူးဆိုတာ မောင်ကေတို့လို ဟိုမရောက် ဒီမရောက် ပြည်တွင်းဖြစ် ဘွဲ့လေးရှိထားပေမယ့် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းမှာပါ နေဖူးထားသူတွေက ချက်ဆို နားကွက်က မီးတောက်ပြီးသားပါ။
အဲ ဒါပေသိ စိန်ကောင်းကျောက်ကောင်း ရောင်းချိန်မှာ မကျေမနပ်တွေဖြစ် ပေါက်ကွဲထွက်လာတဲ့ ဆေးရိုးသည်တယောက် အသံတသံကြောင့် မောင်ကေတို့ မျက်လုံးပြူးပြီး အာရုံစိုက်သွားရတယ်။ အဲဒီ မောင်ရင်က ဘီလီယံနာ သူဌေးကလေး၊ တိုင်းပြည်ကို “ဆိုရှယ်လစ်တော်လှန်ရေး အောင်ရမည်”လို့ လိမ်ပြီး သူ့မိသားစုတွေ ကျိကျိတက် ချမ်းသာသွားတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး မောင်အေးနေဝင်း ဆိုသူပါ။
သူကလေးက သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာမှာ စင်ကာပူဝန်ကြီးချုပ်ကို သမ္မတကြီးဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တည်ခင်းတဲ့ ညစာစားပွဲမှာ ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီး တိုက်လို့ဆိုပြီး ခံစားမရနိုင် ဖြစ်ပါသတဲ့။ လစ်ပတန်တီး တိုက်တာ တိုင်းပြည်သိက္ခာကျသတဲ့။ အဲဒီအစား အထုပ်၂၀ ပါတဲ့ဘူးကို ၁၃ဒေါ်လာလောက်ပေးရတဲ့ နာမည်ကျော် Twinings Earl Grey ဒါမှမဟုတ် Queen Anne Tea ကို ဗြိတိသျှ ကုန်တိုက်ကြီးတွေက မှာယူလို့ရနိုင်ကြောင်း ရွှေဉာဏ်တော် စူးရောက်စွာ ရေးသား ထောက်ပြခဲ့တယ်။
သူ့အဖိုးက တိုင်းပြည်ကို အရှေ့တောင်အာရှမှာ အချမ်းသာဆုံးကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် လုပ်သွားနိုင်ခဲ့တော့ အခု အစိုးရသစ် ရက် ၁၀၀ စီမံကိန်းအတွက် အကြံပေးခိုင်းရင် ဘယ်လိုနေမလဲလို့ မောင်ကေ စဉ်းစားကြည့်မိတယ်။ သေချာတာကတော့ သူပြောတဲ့ ၁၃ ဒေါ်လာ (မြန်မာငွေတသောင်းခွဲ) ဆိုတာ လှိုင်သာယာလိုနေရာမျိုးမှာနေသူတွေ တပတ်စာကောင်းကောင်း ဖူလုံတယ်ဆိုတာ သူ မစဉ်းစားမိတာပဲ။ တိုင်းပြည်ဆင်းရဲနေချိန်မှာ ခေါင်းဆောင်ဟာ အတတ်နိုင်ဆုံးခြိုးခြံချွေတာပြီး တိုင်းပြည် တည်ဆောက်ရေးမှာ အားဖြည့်ရမယ်ဆိုတာ ခေတ်ပျက်သူဌေးလေး မောင်အေးနေဝင်း သိတောင်သိပုံ မပေါ်ပါဘူး။
သမိုင်းကြောင်းလေးနဲ့ စပ်ဆက်ပြီး ပြောရရင် မောင်အေးနေဝင်းရဲ့ အဖိုး ဦးနေဝင်းလက်ထက် ယခု စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးရဲ့ဖခင် လီကွမ်ယုက အင်တာဗျူးတခုမှာ ဦးနေဝင်းအစိုးရနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားလေးတခွန်းကို သတိရမိတယ်။ လီကွမ်ယုက “ဒီလောက် သယံဇာတတွေ ပေါများစွာ ထွက်ပြီး သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်လှတဲ့ နိုင်ငံတနိုင်ငံကို ဆင်းရဲမွဲတေသွားအောင် ဘယ်လိုများ အုပ်ချူပ်ခဲ့ပါလိမ့်တဲ့”ခမျ။
ခုညစာစားပွဲမှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားကာလသားချက်ရယ် လစ်ပတန်တီးလေးရယ်ကို စင်ကာပူ ဝန်ကြီးချုပ် နဲ့ဇနီးသည်တို့က နှစ်သက်ကျေနပ်ကြတယ်တဲ့။ စင်ကာပူ ဝန်ကြီးချုပ်ဟာ ဆင်းရဲသား အလုပ်ကြိုးစားတဲ့ စင်ကာပူနိုင်ငံကို သူဌေးဖြစ်အောင် ဦးဆောင်ခဲ့တဲ့ သူ့ဖခင် လီကွမ်ယု ဆုံးမပဲ့ပြင်မှုအောက်ကနေ ကြီးပြင်းခဲ့သူတယောက်ဖြစ်လို့ ပကာသနနဲ့ အဓိကကို သိသူမို့ ငြိုငြင်မှာ မစိုးရပါဘူး ခေတ်ပျက်သူဌေးလေးရယ်။
ငယ်စဉ်က လူမိုက်ဂိုဏ်းတွေထောင်၊ လမ်းသူရဲ ဆန်ဆန် ပြုမူ၊ ကိုယ့်နိုင်ငံက စစ်တပ်ထဲ အုပ်စုဖွဲ့ တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားလို့ ထောင်သွင်းအကျဉ်းခံရ၊ ထောင်ကထွက်တော့လည်း တိုင်းပြည်က မွဲနေပေမယ့် အမည်ဝှက်အမည်ပုန်းတွေနဲ့ ဘဏ်လုပ်ငန်းတွေလုပ်၊ ဒေါ်လာသိန်းချီတန်တဲ့ ကားကြီးတွေစီးသူတွေက ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီးကို မကြိုက်သောအခါ မောင်ကေတယောက် ဘာများ တတ်နိုင်ပါဦးမည်နည်း။
]]>
]]>
]]>
“မင်္ဂလာပါ တပည့်တို့” …။
“ဆဝါဒီ ခပ်” …။
ဆရာလုပ်သူက မြန်မာလို နှုတ်ဆက်၊ တပည့်များက ထိုင်းလို ပြန်နှုတ်ဆက်နေသော ထူးဆန်းသည့် အနီးကပ် သင်တန်း ဝိုင်းကျူရှင်ကို တအံ့တသြ ငေးကြည့်နေသူက ဦးရုက္ခစိုးဖြစ်သည်။ သင်တန်းဆရာကား တခြားမဟုတ်၊ ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ကြွက်စုတ်ပင်ဖြစ်သည်။
ဆရာက မြန်မာ၊ တပည့်များက ထိုင်းကလေးများ ဖြစ်၏။ သင်တန်း ခေါင်းစဉ်က “ရွေးကောက်ပွဲမှာ ဘယ်လို အနိုင်ယူမလဲ” တဲ့။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲအတွက် သင်တန်းပေးရန် ဖန်ဒင် (ရန်ပုံငွေ) ရထားသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရထားသမျှ ဖန်ဒင်များကို သုံးဖြုံးပြီး ကုန်သလောက် ရှိမှ ကမန်းကတန်း လက်ပူတိုက် သင်တန်းတခု ပေးနေကြခြင်း ဖြစ်သည်။ ဖိုးရှုပ်က သူ့အချိန် မကျသေးသောကြောင့် ဦးရုက္ခစိုးနှင့် အတူ စောင့်ကြည့်နေသည်။
“တပည့်တို့ အနေနဲ့ ရွေးကောက်ပွဲတပွဲမှာ ကိုယ်က နိုင်ခြေမရှိတော့ဘူး ဆိုတာ သေချာနေရင် အနိုင်ရဖို့ကြံနည်း ဖန်နည်းတွေ ပြောပြမယ်၊ နားထောင်။ မင်းတို့ တတ်နိုင်သမျှ ဉာဏ်နီဉာဏ်နက် နည်းပေါင်းစုံသုံးရမယ်ကွဲ့”
“ဆရာတို့က ရွေးကောက်ပွဲဆိုတာ အခုမှ ကြုံရတာပါ ဆရာ၊ ကျနော်တို့က တောက်လျှောက် ကြုံခဲ့ရတာ၊ ကလိန်ကကျစ် နည်းပေါင်းစုံ ကျနော်တို့ သုံးတတ်ပါတယ်”
“အဲဒါပဲ အဲဒါခက်တာ၊ မင်းတို့ ကလိန်ကကျစ် ကျတယ်ဆိုတာ ငါတို့ အိပ်နေသလောက်ပဲ ရှိတယ်ကွဲ့။ ၂၀၁၀ တုန်းက ငါတို့ဆီမှာ ဘယ်လို အနိုင်ရသွားတယ်ဆိုတာ မင်းတို့ အမြင်ပဲ”
“အဲဒါက အကြီးဆုံး အတိုက်အခံ ပါတီကြီး မရှိတော့ ဆရာတို့ လုပ်ချင်တိုင်း လုပ်လို့ရခဲ့တာလေ။ အခု အဲဒီလို အတင်း အနိုင်ယူပြီး ပြည်သူတင်မြှောက်သော အစိုးရ လုပ်လို့ ဘယ်ရတော့မလဲ”
“ကြိုက်တယ်။ အဲဒီလို ဒီဘိတ်မျိုးကို သဘောကျတာ။ မင်းတို့ တခါမှ မကြားဘူးသေးတဲ့ လိမ်နည်းတွေ သင်ပေးရဦးမယ် ဟဲဟဲ”
“ခပ်” (ထိုင်းလို ပြောခြင်း ဖြစ်သည်၊ မြန်မာလို ဟုတ်ကဲ့ ဟု အဓိပ္ပာယ်ရသည်။)
ရုက္ခစိုး။ ။ ဘုရား … ဘုရား … ဒုက္ခပါပဲ။ ဖိုးရှုပ် … မင်းတို့ ဘာတွေ မဟုတ်တရုတ် သင်နေတာလဲကွ။
ဖိုးရှုပ်။ ။ ဟဲဟဲ … ဦးရုက္ခစိုးကလည်းလေ … ဒီနည်းတွေက ဦးရုက္ခစိုးပဲ သင်ပေးခဲ့တာပဲဟာ။
ရုက္ခစိုး။ ။ ဟ … ငါလည်း မင်းတို့ လူကြီးတွေ လုပ်သလို လိုက်လုပ်ကြည့်တာ … တကယ်က ပြည်သူလူထု ပါလာဖို့ ဆိုရင် အဲဒီလိုကြီး အတင်းလုပ်လို့ မရဘူးနော်။
ဦးရုက္ခစိုးက စိတ်ပျက်လက်ပျက် ခေါင်းတခါခါ လည်တခါခါ ဆိုသည်။ ကြွက်စုတ်ကလည်း အားပါးတရ သင်သည်။
“၂၀၁၀ တုန်းက ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တယ်။ ဟုတ်တယ် … ဒါပေမယ့် အခု ၂၀၁၅ မှာ ဟိုပါတီကြီးက မဲတွေကို ပယ်မဲမဖြစ်ဖြစ်အောင် ကြံဖန်မယ်”
“ပယ်မဲတွေ များတဲ့ကြားက အတိုက်အခံပဲ နိုင်သွားတယ် ဆိုရင်ကော၊ ၉၀ တုန်းကလို အာဏာမလွှဲပေးလို့ မရတော့ဘူးနော်၊ အခုက နိုင်ငံတကာက စောင့်ကြည့်နေတာ”
“မင်းတို့ … ရှုံးမဲ မဲတယ်ဆိုတာ ကြားဖူးကြလား”
ကြွက်စုတ်က တပည့်များနှင့် အပြန်အလှန်ပြောဆိုရင်း စိတ်ဓာတ်တွေ တက်ကြွလာသည်။ ဖိုးရှုပ်ကတော့ တပြုံးပြုံး … ဦးရုက္ခစိုးကတော့ နားထောင်ရင်း ကျောချမ်းဟန်ပြသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းတို့က ပြဿနာတက်မယ့် ကိစ္စတွေ ဖန်တီးနေသလိုပဲနော်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် … အာဏာလက်ရှိ ပါတီဆိုတာ လူထုမကြိုက်တိုင်း ဆင်းပေးစရာ မလိုဘူးလို့ တပည့်တွေ သိအောင် ပြောပြနေတာပါ။ ဝှက်ဖဲရှိရမယ်လေ။
ရုက္ခစိုး။ ။ ဘာတုန်း ဝှက်ဖဲ။
ဖိုးရှုပ်။ ။ မဆူဆူအောင် ကွိုင်ရှာမယ့် လူမိုက်တွေကို တံခါးဖွင့်ပေးထားတယ်လေ၊ လွှတ်ပေးထားတယ်။ သူတို့က ကွိုင်ရှာ၊ လူထုက မကျေနပ်၊ ဒေါသထွက်၊ ပြဿနာတွေတက်တော့ စစ်အာဏာ ယာယီ သိမ်းတယ်ပေါ့။
ရုက္ခစိုး။ ။ ဟဲ့ကောင် … အဲဒီနည်းလမ်းက ငါတို့ ရုက္ခစိုးတွေ သုံးခဲ့ပြီးပြီ … မအောင်မြင်ဘူးကွ။ ငါတို့ ရုက္ခစိုးတွေက လူထု … အဲ နတ်ထုကြီး အနာတရဖြစ်မှာကို မလိုလားဘူးလေ။ အာဏာရှင်စနစ်ကို ပြန်ရောက်အောင် နှပ်ကြောင်း မပေးချင် ပါနဲ့တော့ကွာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီးပဲ နိုင်ချင်ရတာနဲ့၊ သမ္မတဖြစ်ချင်ရတာနဲ့၊ အခုမှ ဘယ်လို ဖြစ်တာလဲဗျ။ အာဏာ မဖယ်ပေးရေးက လိုရင်းပဲ မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ လူထုမလိုလားဘဲ နှစ်ပေါင်းများစွာ အစိုးရလုပ်ခဲ့ပြီးပြီလေ၊ တော်ရောပေါ့။ ပြည်သူ့မေတ္တာ အစူးမခံချင်စမ်းပါနဲ့၊ ပြည်သူလိုလားတဲ့ ပါတီကိုပဲ အစိုးရဖွဲ့ခွင့်ပေးလိုက်၊ ၅ နှစ်လုပ်ကြည့်ခွင့် ပေးလိုက်ပေါ့ကွာ။ အဲဒါဆို လက်ရှိ အာဏာရ ပါတီကြီးအနေနဲ့ သဘောထား ကြီးကြောင်း ပြရာကျမယ်၊ နိုင်ငံတကာက လက်ခုပ်တီးမှာ၊ နာမည်ဆိုးခဲ့သမျှ ဒီတခုနဲ့ ခြေဖျက်ပြီးသား ဖြစ်သွားမယ်။
ဖိုးရှုပ် စဉ်းစားသည်၊ ဦးရုက္ခစိုးကြီးတောင် သမ္မတ ဖြစ်ချင်စိတ်ကို စွန့်လွှတ်၍ သူတို့ရုက္ခစိုး ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို လွှဲပြောင်းပေးလိုက်ပြီ၊ အခု မကြာခင် ချင်းမိုင်ပြန်၍ ဒွိုင်ဆူထေ့တောင်ပေါ်မှာ တရားကျင့်တော့မည်တဲ့။ ကြွက်စုတ်က သူ့သင်ခန်းစာကို အဆုံးသတ်တော့မည်။ ဖိုးရှုပ်ကမန်းကတန်း ထိုင်ရာက ထကာ ကြွက်စုတ်ကို တားသည်။
ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … ခဏလေး … ခဏလေး … ငါတို့ သင်ခန်းစာကို ပြောင်းမယ်ဟေ့။
ထိုင်းတပည့်များက ပြိုင်တူ ဟစ်ကြွေးလိုက်သည်။
“ဆဝါဒီ ခပ် ဆရာ”
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)
]]>
မဖြစ် ခံနိုင်ရိုးလား … သူတို့ ရုက္ခစိုးရွေးကောက်ပွဲက နီးလာပြီလေ …။ သူ့ဖာသာ အနီရောင်ကိုသာ အားပေးပါ ပြောမိသော်လည်း အနီတွေ နိုင်သွားမှာ နည်းနည်း ကြောက်နေသည်။ ဒီကြားထဲ ရုပ်ဆိုးဆိုး ရုက္ခစိုးကြီး စိတ်ဆိုးသွားတာကိုလည်း နည်းနည်း လန့်သည်။ အဲဒီ ရုက္ခစိုးကြီးက ကာတွန်းစာအုပ်တွေချည်း ဖတ်နေပေမယ့် ဦးနှောက်က တချိန်လုံး အလုပ်လုပ်နေသူ … ကြောက်ရသည်လေ။ နတ်ငယ်တွေကတော့ အနီရောင်တွေ တကိုယ်လုံး ဆင်ပြီး “ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်” ချည်းသာ အော်နေကြသည်။
အဲဒီတော့ ဦးရုက္ခစိုး ကြံမိကြံရာ ကြံသည့် အနေဖြင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ဖြင့် တိုင်ပင်သည်။ အဲဒီကောင်တွေက ချင်းမိုင်မှာ ကတည်းက ဦးရုက္ခစိုး၏ ရဲဘော် ရဲဘက်များ ဆိုလည်းဟုတ်သည်လေ။
ရုက္ခစိုး။ ။ လုပ်စမ်းပါဦးဟ … အစိမ်းတွေ နိုင်အောင် ဘာလုပ်သင့်သလဲဆိုတာလေး။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် … ရုက္ခစိုးက လူကို ပြန်မေးရတယ်လို့ ကြားလို့မှ မကောင်းဘူး။
ရုက္ခစိုး။ ။ မတတ်နိုင်ဘူးလေ … အကြံကုန် ဂဠုန်ဆားချက် ဆိုသလို ငါ့မှာ ရှိသမျှ ဉာဏ်စိမ်း ဉာဏ်နက်တွေလည်း ကုန်ပြီ။
ကြွက်စုတ်။ ။ ဉာဏ်နီ ဉာဏ်နက် လုပ်ပါ ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ အနီဆိုတာ အသံတောင် မကြားချင်ဘူးကွာ … ။ လုပ်စမ်းပါ … ငါ့ကို အကြံလေးဘာလေး ပေးကြပါဦး။
ဖိုးရှုပ်။ ။ အင်းလေ … အကြံတောင်းတော့လည်း ပေးရတာပေါ့၊ ဒီလိုလုပ် ဦးရုက္ခစိုး … ဆိုင်းဘုတ် အကြီးကြီးတွေ ထောင်ဗျာ … အစိမ်းနိုင်ရင် ဘာပေးမယ် ညာရမယ် … အဲဒီလိုတွေပြော။
ရုက္ခစိုး။ ။ ဘာပေးမယ် … ညာရမယ်က အကြောင်းမဟုတ်ဘူးကွ … နိုင်ပြီးမှ တကယ်မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။
ကြွက်စုတ်။ ။ ဒါများ ခက်တာလိုက်လို့ ဦးရုက္ခစိုးရယ်၊ ကျနော်တို့ လူ့ပြည်မှာ လုပ်သလိုပဲ လုပ်ပေါ့။
ရုက္ခစိုး။ ။ ဘယ်လို လုပ်ရမှာလဲဟ။
ကြွက်စုတ်။ ။ ရူးချင်ယောင် ဆောင်ဗျာ … ရူးချင်ယောင် ဆောင်ရတာလောက် လွယ်တာ မရှိဘူး။
ရုက္ခစိုး။ ။ အေးကွာ … ဖြစ်ချင်ရာဖြစ် မင်းတို့ ပေးတဲ့ အကြံအတိုင်း လုပ်မယ်ကွာ။
သို့ဖြင့် ဦးရုက္ခစိုးတို့ အစိမ်းရောင်များသည် အနီရောင်များထက် ကြီးသော ဆိုင်းဘုတ်များ ထူရန် စတင် ကြိုးစားတော့သည်။ သို့သော် … ဆိုင်းဘုတ်များမှာ ကြီးလွန်းလှ သောကြောင့် လည်းကောင်း၊ တွင်းထွက်များ တူးကြ၊ သစ်တောများ ခုတ်ထားကြသောကြောင့်၊ ရေကြီးမြေပြိုထားသောကြောင့် လည်းကောင်း မြေကြီးများမှာ အောက်ခြေ မခိုင်ဘဲ မြေပွများ ဖြစ်နေလေသည်။ သို့ဖြင့် ဦးရုက္ခစိုးတို့ အစိမ်းဆိုင်းဘုတ်ကြီးများ မြေမြိုကာ ထိပ်ပိုင်းလေးသာ ပေါ်နေသည့်ဘဝ ရောက်ရလေတော့၏။
ရုက္ခစိုး။ ။ သွားပြီကွာ … ငါ့ကို ရုပ်ဆိုးရုက္ခစိုးကြီးက ကောတာ ခံရပြီ။ နိမိတ်မကောင်းဘူးတဲ့ … လုပ်ဦးဟ ဖိုးရှုပ်နဲ့ ကြွက်စုတ်။
ဖိုးရှုပ်။ ။ ခက်တာပဲ ဦးရုက္ခစိုးရာ … မြေပျော့မှာ ဆိုင်းဘုတ်သွားထူတော့ မြေမြိုတာခံရတာ နည်းတောင် နည်းသေးတယ်။
ကြွက်စုတ်။ ။ ကဲ ဒါဆို ဒီလိုလုပ်ဗျာ ဦးရုက္ခစိုး။ အခုက သီတင်းကျွတ် ကာလဆိုတော့ အစိမ်းရောင် မီးပုံးပျံ အကြီးကြီး လွှတ်တင်ဗျာ …။
ကြွက်စုတ်။ ။ ဟာ ဟုတ်တယ် ဟုတ်တယ် … မီးပုံပျံ ဆိုတော့ အပေါ်ကို တက်မှာပဲ။ ဒါဆို အစိမ်းက အနီတွေရဲ့ အပေါ်ကို ရောက်သွားပြီပေါ့။ ပြီးရင် အဲဒီအပေါ်မှာလည်း ဦးရုက္ခစိုး ပေးနိုင်နိုင် မပေးနိုင်နိုင်၊ စိတ်ကူးတည့်ရာ ကတိတွေ ရေး။
ဖိုးရှုပ်။ ။ မိုက်တယ် … ဒီအကြံ မိုက်တယ်။ မီးပုံးပံျဆိုတော့ အလင်းရောင်ကိုလည်း ကိုယ်စားပြုတယ်လေ။ အဲဒီတော့ … အစိမ်းရောင် ရုက္ခစိုးများကို မဲပေးရင် လမင်းကြီးကို အမြဲတမ်း ဆယ့်နှစ်ရာသီ သာနေအောင် လင်းနေအောင် လုပ်ပေးမယ်လို့ပါ ထည့်ရေး။ လမိုက်ညဆိုတာ မရှိစေရဘူး ဘာညာသာရကာပေါ့။
ရုက္ခစိုး။ ။ ဟဲ့ကောင် … အဲဒါက ဖြစ်နိုင်ပါ့မလားဟ။ လဆိုတာ ဘယ်လိုလုပ် ဆယ့်နှစ်ရာသီ သာမှာလဲ။
ကြွက်စုတ်။ ။ ဘာဖြစ်လဲဗျာ … လောလောဆယ် မဲရဖို့ လိုရင်းပဲဟာ …။ နိုင်တဲ့အခါကျမှ ရူးချင်ယောင် ဆောင်လိုက်ပါဆို။
ရုက္ခစိုး။ ။ အေးလေ ဒါလည်း မဆိုးပါဘူး။ … လွှတ်မယ်ကွာ … သီတင်းကျွတ်လပြည့် ညမှာကို လွှတ်ဦးမယ်။
သို့ဖြင့်် ဘယ်သူတဦးတယောက်မှ တကြိမ်တခါမှ မမြင်ဖူးသော မီးပုံးပျံကြီးကို ဦးရုက္ခစိုး၏ မဟာတန်ခိုးဖြင့် အပ်ချလောင်း ဖန်ဆင်းကာ လပြည့်ညတွင် လွှတ်တင်ရန် ပြင်ဆင်လေတော့သည်။
လပြည့်ညတွင် ဦးရုက္ခစိုး၏ မီးပုံးပျံ စိမ်းစိမ်းကြီးသည် မိုးပေါ်သို့ တလွင့်လွင့် ပျံတက်လျှက်ရှိလေပြီ … လေထဲဝဲပျံနေသော မီးပုံးပျံကြီးကို ငေးရင်း ဦးရုက္ခစိုး ကြည်နူးလျှက်ရှိ၏။
“လမင်းကြီးကို ဖမ်းပေးထားမှာ အစိမ်းရောင်”
“တလောကလုံးကို အလင်းဆောင်မယ့် အစိမ်းရောင်”
“အစိမ်းရောင်ကို မဲပေးခြင်းဖြင့် အလင်းရောင်ကို အပိုင်သိမ်းပါ”
စသည်ဖြင့် စိတ်ကူးတည့်ရာ ရေးထားသော စာသားများကလည်း အစိမ်းရောင်မီးပုံး ပေါ်တွင် ထင်းထင်းကြီး မြင်သာ ထင်ရှားနေသည်။ လပြည့်ည၏ လရောင်အောက်တွင် အစိမ်းရောင်မီးပုံးကြီး တဖြည်းဖြည်း မိုးပေါ်လွင့်တက်သွားသည်။ ထိုစဉ် …။
ထို … “ထိုစဉ်” သည် … တော်တော်လေး ကိုးယို့ကားယားနိုင်သော “ထိုစဉ်” ဖြစ်သည်။
ဦးရုက္ခစိုး၏ တန်းခိုး ဘယ်နေရာတွင် ချော်သွားသည်မသိ။ မီးပုံးပျံကြီး စတင် မီးလောင်လေတော့သည်။ မီးပုံးပျံကြီးသည် မီးလောင်ရုံဖြင့် အားမရ … လူတို့ကို လျှပ်စစ်ဓာတ်အား ပေးနေသော ဓာတ်အားပေးရုံကြီးပေါ်သို့ ပြုတ်ကျလေတော့၏။ ထိုအခါ … ဖုန်း … ဒိုင်း … ဂွမ်း ဟူသော အသံကြီးသုံးသံ ပေါ်ထွက်လာပြီး တလောကလုံး မှောင်အတိ ကျသွား လေတော့သည်။ လမင်းကြီးကတော့ သာမြဲသာလျှက် … လပြည့်ညပေကိုး …။ အချိန်ကျလျှင် လဆုတ်မြဲဆုတ်ကာ လကွယ်ညက ရောက်လာပေဦးမည် …။
မီးခိုးမှိုင်းများဖြင့် မဲမှောင်နေသော ဦးရုက္ခစိုး ကိုယ်တွင် အစိမ်းရောင်ကို တစတလေမှ ရှာမတွေ့တော့ … ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း အကြံကုန်ပြီ … ချက်စရာ ဆားလည်း မရှိတော့။ ဒေါသထွက်နေသော ဦးရုက္ခစိုးကိုကြည့်ကာ ဖိုးရှုပ်နှင့် ကြွက်စုတ် လန့်လာသည်။ ဖိုးရှုပ်က တိုးတိုးလေး ပြောလိုက်၏။ တိုးတိုးပြောကာ ထိုနေရာမှ တခါတည်း လစ်ပြေးကြခြင်း ဖြစ်သည်။
ဖိုးရှုပ်ပြောလိုက်သည့် စကားကတော့ “ဦးရုက္ခစိုး … မင်းသား မလုပ်ရတာနဲ့ ပတ်မကြီးတော့ ထိုးမခွဲလိုက်ပါနော်” ဟူ၏။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)
]]>
ဘယ်အစိုးရ တတ်လာလာ ပြည်သူတွေမှာ ဘာမှ မပြောင်းလဲ ပါဘူးလို့ ပြောနေတဲ့ ပြည်သူတွေကရော တာဝန် မကျေဘဲ၊ သူတို့ ကိုယ်တိုင် မဲပေးဖို့ မကြိုးစားဘဲနဲ့ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်လာမှာ မဟုတ်သလို ပြည်သူ့အသံလည်း ကြားမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို သွယ်ဝိုက်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်]]>
ရပ်ကွက်ငယ် တခုထဲက ဆယ်ပေသာသာ အခန်းငယ်ပေါင်း မြောက်များစွာထဲမှာ မိသားစုတွေ ပြွတ်သိပ်ကျဉ်းကျပ် နေအောင် နေထိုင်ကြတယ်။ လမ်းကလေး ကျဉ်းကျဉ်းထဲမှာ နိစ္စဓူဝ သွားလာလှုပ်ရှားနေရတဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေရဲ့ ဘဝနေထိုင်မှုက ခက်ခဲပင်ပန်းတယ် ဆိုတာ မြင်နေရသူများ အဖို့ သိသာထင်ရှားနေတယ်။
သောက်သုံးရေ နေ့စဉ် မလာတဲ့ ပြည်သူတွေရဲ့ အခက်အခဲ၊ ရေဆိုးမြောင်းတွေထဲက ပြည့်နှက်နေတဲ့ အမှိုက်တွေနဲ့ အတူ နေ့စဉ် နေထိုင်နေရတဲ့ ပြည်သူတွေရဲ့ ဘဝ၊ တဝမ်းတခါး ပုံမှန် စားသောက်ရဖို့ အတွက် ပင်ပင်ပန်းပန်း ဝမ်းစာ ရှာနေရတဲ့ ပြည်သူတွေ အပါအဝင် ကျောင်းမတက်နိုင်လို့ လမ်းပေါ်မှာ စိတ်ပျော်ရာ ကစားနေကြတဲ့ ကလေးငယ် တွေရဲ့ ဘဝတွေကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
အိန္ဒိယ နိုင်ငံအတွင်းက မွမ်ဘိုင်းမြို့ တနေရာက ရပ်ကွက်လေးတခုကို နောက်ခံပြု ရိုက်ကူးထားတဲ့ “ဘဟူးနသ် ရီတမ်းစ် (Bhoothnath Returns)” ဆိုတဲ့ အိန္ဒိယ ဇာတ်ကားကို သာမန် ကြည့်လိုက်မယ် ဆိုရင် ဝိညာဉ်တခု ဝိညာဉ် ပီသစွာ ရပ်တည်နိုင်ဖို့ ကြိုးစားတဲ့ ဇာတ်ကားလို့ အစပိုင်းမှာ ထင်မိပေမယ့် ဇာတ်ကား တကားလုံးကို ပြီးဆုံးတဲ့ အထိ ကြည့်မယ် ဆိုရင်တော့ အိန္ဒိယ နိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေကို ပြနေတာ မြင်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီ နည်းလမ်းကျပါတယ် ဆိုတဲ့ ရွေးကောက်ပွဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ အဖွဲ့ရဲ့ အကျင့်ပျက် ချစားမှုတွေနဲ့ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပုံဖော်ပြသ ထားပါတယ်။
နောက်ပြီး နိုင်ငံတခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အသက်ရှင်နေတဲ့ ပြည်သူတွေတင် မကဘဲ ဘဝကူးဖို့ စောင့်နေတဲ့ ဝိညာဉ်တွေ အတွက်လည်း မျှော်လင့်ချက်တခု ဖြစ်တယ် ဆိုတာကို ပြည်သူတွေကို ကူညီရင်း နိုင်ငံရေး ကိုယ်စားလှယ်လောင်း ဖြစ်လာတဲ့ “ဘဟူးနက်” နာမည် ရှိတဲ့ ဝိညာဉ်တခုရဲ့ ဥပဒေဘောင်အတွင်းက ကိုယ်စားလှယ် ဖြစ်အောင်ကြိုးစား ယှဉ်ပြိုင်လာပုံကို ရိုက်ကူးထားပါတယ်။
ရွေးကောက်ပွဲမှာ အာဏာရ ပါတီက တင်မြှောက်တဲ့ ကိုယ်စားလှယ်လောင်းကို အတိုက်အခံဘက်က ကိုယ်စားလှယ် လောင်း အဖြစ် ဘဟူးနက်က ယှဉ်ပြိုင်မဲဆွယ်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှု ရအောင် ကြိုးစားခဲ့တာကို တွေ့ရ ပါတယ်။
ဇာတ်ကားထဲမှာ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခြေ မရှိတဲ့ ဝိညာဉ် တခုက ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်အရွေးအချယ် ခံခဲ့ပါတယ်။ ဘဟူးနက် ဝိညာဉ်က ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် အိန္ဒိယ နိုင်ငံအတွင်းက အစိုးရ ဌာနတွေရဲ့ အကျင့်ပျက် ခြစားမှုတွေအပေါ် လက်တလုံးခြား ပြန်လည် လုပ်ဆောင်ခဲ့ပါသေးတယ်။
ကိုယ်စားလှယ်လောင်း တဦးဟာ သက်ရှိ ထင်ရှား ရှိရမယ်လို့ ဥပဒေမှာ မပြဌာန်းထားတဲ့အတွက် ဘဟူးနက် ဝိညာဉ်က ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲကော်မရှင်ကို လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင်တော့ ပြဌာန်းချက် ဥပဒေကို လက်တလုံးခြား လုပ်လိုက်တဲ့ သဘောနဲ့ ဝိညာဉ်တွေလည်း ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း ဇာတ်လမ်းဆင်ထားတာပါ။
နောက်ပြီး ဘဟူးနက်ဟာ သေဆုံးသွားပြီ ဆိုတာကို လက်ရှိ အချိန်အထိ အစိုးရဘက်က သေစာရင်းမှာ နာမည် မထည့်ထားသလို ငါးနှစ် တကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နောက်ဆုံး ရွေးကောက်ပွဲ အထိ သေဆုံးခဲ့တဲ့ ဘဟူးနက်ဟာ သက်ရှိ ထင်ရှား ရှိနေသေးတဲ့ မဲဆန္ဒရှင် တဦးအဖြစ် မဲပေးခဲ့တယ် ဆိုတဲ့ အချက်ကို တွေ့ရတယ်။
လက်ရှိ ကျင်းပတော့မယ့် မဲဆန္ဒရှင် နာမည် စာရင်းမှာလည်း ဘဟူးနက်ဟာ သက်ရှိထင်ရှား မဲပေးသူ အဖြစ် စာရင်း ရှိနေတာကလည်း ဘဟူးနက်ကို သက်ရှိ လူတဦး အဖြစ် အစိုးရက လက်ခံနေဆဲပဲ ဆိုတာကို ဖော်ပြထားတယ်။
ပြောချင်တာ ကတော့ အိန္ဒိယ အစိုးရဟာ ရွေးကောက်ပွဲ မဲစာရင်းမှာ သေဆုံးသူတွေကိုလည်း စာရင်းမထုတ်ဘဲ မဲလိမ် နိုင်ဖို့ မဲပေးခဲ့တာတွေကို ဇာတ်လမ်းက အသိပေးချင်တာ ဖြစ်ပါတယ်။ ဒီတော့ ဝိညာဉ်တွေလည်း မဲထည့်နိုင်တယ်၊ ကိုယ်စားလှယ်လောင်းလည်း ဖြစ်နိုင်တယ် ပေါ့။
အဲဒီလိုနဲ့ ကိုယ်စားလှယ်လောင်း ဖြစ်လာတဲ့ ဘဟူးနက်ဟာ ပြည်သူတွေကို မဲဆွယ်ရာမှာလည်း ဝိညာဉ်တခုကို ပြည်သူတွေ လိုလိုလားလား မဲပေးလာဖို့ တော်တော် ကြိုးစားခဲ့ရတာ တွေ့ရတယ်။
ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်ပွဲတွေ အိန္ဒိယနိုင်ငံမှာ ဘယ်လောက် ကျင်းပနေပေမယ့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းရေးမှာပဲ အဓိက ကျနေတော့ ရွေးကောက်ပွဲကို အာဏာရ အစိုးရက လိုသလို ချယ်လှယ်နေပြီး အခွင့်အာဏာတွေကို လိုသလို အသုံးချနေတာကို ပြောင်းလဲနိုင်ဖို့ ပြည်သူတွေက မဲလာပေးသင့်တယ် ဆိုတာကိုလည်း အဲဒီဇာတ်ကားလေးမှာ မြင်အောင် ပြသထားတယ်။
အဲဒီထဲက ဇာတ်ကွက် တကွက်က ဘယ်အစိုးရပဲ တက်လာလာ ပြည်သူတွေမှာ ဘာမှ မပြောင်းလဲပါဘူး ဆိုတဲ့ ပြည်သူတွေရဲ့ အတွေးအမြင်တွေကို ပြောင်းလဲလိုက်ပြီး ပြည်သူတွေ ပြောတဲ့ အသံ အစိုးရ ကြားဖို့၊ ပြည်သူ ရွေးချယ်တဲ့ အစိုးရဖြစ်ဖို့ ပြည်သူတွေ ဘက်ကလည်း မဲပေးမှ ရတယ် ဆိုတဲ့ အတွေးအမြင်ကို ပေးလိုက်တာ တွေ့ရတယ်။
ရိုက်ကူးပြတဲ့ ဇာတ်ကွက်လေးက ရိုးရိုးရှင်းရှင်းလေးပါ။ ဘဟူးနက် မဲဆွယ်ဟောပြောပွဲမှာ ပြည်သူတဦးက မေးခွန်းတခု မေးဖို့ ကြိုးစားတယ်။ သူပြောတာကို ဘဟူးနက်က ဘာမှ မကြားသလို မင်းပြောတဲ့ အသံ ငါကြားရဖို့ ဆိုရင် မင်းမှာ မှတ်ပုံတင် ရှိပြီလားလို့ ပြန်မေးခွန်းထုတ်လိုက်တဲ့ အကွက်ပါ။
ဆိုလိုချင်တာကတော့ အစိုးရက ဘာမှ မလုပ်ပေးဘူး၊ ဘယ်အစိုးရ တတ်လာလာ ပြည်သူတွေမှာ ဘာမှ မပြောင်းလဲ ပါဘူးလို့ ထပ်ခါထပ်ခါ ပြောနေတဲ့ ပြည်သူတွေကရော ပြည်သူ့တာဝန် မကျေဘဲ၊ သူတို့ ကိုယ်တိုင် မဲပေးဖို့ မကြိုးစားဘဲနဲ့ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်လာမှာ မဟုတ်သလို ပြည်သူ့အသံလည်း ကြားမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို သွယ်ဝိုက်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။
ဇာတ်လမ်း သဘောကို အကျဉ်းချုံး ပြောပြရမယ် ဆိုရင် သေဆုံးသွားပြီ ဖြစ်တဲ့ အသက် ၅၀ ကျော် ဝိညာဉ် တခုက လူ့ပြည်ကို ပြန်လာပြီး ကလေးတွေကို ကြောက်ရွွံ့အောင် ခြောက်လှန့်ဖို့ ကြိုးစားရာကနေ ဆင်းရဲချို့တဲ့ပြီး စိတ်ပျော်ရာ သွားလာ ကစားနေတဲ့ ၁၀ နှစ်အရွယ် လမ်းပျော်ကောင်လေးတဦးနဲ့ ခင်မင်သွားရာက အစပြု ရိုက်ကူးထား ပါတယ်။
အမေတခု သားတခု ဘဝနဲ့ ကျင်လည်နေရတဲ့ ကလေးငယ်ရဲ့ မိခင်က အထည်ချုပ် အလုပ်သမလေး တဦး ဖြစ်ပြီး သူတို့ နေထိုင်တာကတော့ လမ်းကျဉ်းကျဉ်းလေးတွေ ရှိတဲ့ ရပ်ကွက်တခုထဲက တခန်းတည်းသာ ရှိတဲ့ အိမ်ခန်းမှာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံရေးကို အခြေခံရိုက်ကူးထားတဲ့ အိန္ဒိယ ရုပ်ရှင်းဇာတ်ကား “ဘဟူးနသ် ရီတမ်းစ် (Bhoothnath Returns) ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာ အဓိက သရုပ်ဆောင် ဘဟူးနက် ဝိညာဉ် အဖြစ် အိန္ဒိယ မင်းသားကြီး Amitabh Bachchan က သရုပ်ဆောင်ထားပြီး ဆယ်နှစ်အရွယ် ကလေးငယ်အဖြစ် Parth Bhalerao က သရုပ်ဆောင်ထားပါတယ်။
ဘဟူးနက် ရီတမ်းစ် ဇာတ်ကားရဲ့ အရှေ့က ၂၀၀၈ ခုနှစ်တုန်းက ဘဟူးနက် ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ပြီး ဘဟူးနက် ရီတမ်းစ်ကတော့ ဒုတိယအဆက် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဘဟူးနက် ရုပ်ရှင်ကားကတော့ ဝိညာဉ်တခုနဲ့ ကလေးတဦးရဲ့ ဆက်သွယ်မှုကို ရိုက်ကူးထားပေမယ့် ဘဟူးနက် ရီတမ်းစ်လို နိုင်ငံရေး ဇာတ်ကားတော့ မဟုတ်ပါဘူး။
ဘဟူးနက် ရီတမ်းစ် ဇာတ်ကားကို ကြည့်ရင်း မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ်မိနေပါတယ်။
ရုပ်ရှင် ဇာတ်လမ်း ကျောရိုးက ရွေးကောက်ပွဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ လက်ရှိ ဒုက္ခပေါင်းများစွာ ခံစားနေရတဲ့ ပြည်သူတွေကို ထင်ဟပ်ပြနေသလိုပါပဲ။ ။
]]>
ရုက်ခစိုး။ ။ ငါ ယူနီဖောင်း ပြောင်းတော့ရင် ကောင်းမလား မသိဘူးကွာ။
ဖိုးရှုပ်။ ။ ဘယ်လို ဖြစ်ရပြန်တာလဲ ဦးရုက္ခစိုးရယ်၊ တလောကပဲ ဖက်ဖူးစိမ်းရောင် ပြောင်းထားသေးတယ်လေ။
ရုက္ခစိုး။ ။ မဟုတ်ဘူးကွ … အခု အနီရောင်း ပြောင်းရင် ကောင်းမလားလို့။
ကြွက်စုတ်။ ။ ဟင် … ထူးဆန်းလိုက်တာ။ ရွေးကောက်ပွဲက နီးနေပြီနော်၊ ဦးရုက္ခစိုးကြီး သမ္မတ ဖြစ်ချင်ဇောနဲ့ စိတ်ဖောက်ပြန်သွားပြီ ထင်တယ်။
ရုက္ခစိုး။ ။ မဟုတ်ဘူးကွ … အခု ငါတို့ ရုက္ခစိုးရွေးကောက်ပွဲမှာ နတ်သမီးကြီး တပါးက ဝင်ပြိုင်ဖို့ လုပ်နေတယ်။ မဏိမေခလာ ပါတီရဲ့ ကိုယ်စားလှယ်ကွ။
ဖိုးရှုပ်။ ။ မဏိမေခလာ ပါတီဆိုတော့ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီမှာပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ အေးလေ … အဲဒါကြောင့် နတ်ငယ်တွေ အားလုံးက အခု အနီမှ အနီပဲ ဖြစ်နေတာ။ ငါတို့ အထက်ပိုင်းက ရုက္ခစိုးကြီးတွေက ဘာမှ မသိကြဘူး။ စွတ်ပြီး စိမ်းမယ် စိမ်းမယ်ပဲ လုပ်နေကြတယ်။
ကြွက်စုတ်။ ။ ဒါနဲ့ ဦးရုက္ခစိုး … ချင်းမိုင်က ဦးရုက္ခစိုးရဲ့ ပိုင်နက်ဟောင်းနော်၊ ဘယ်လိုလဲ … ချင်းမိုင်က ရွှေ့ပြောင်း နတ်ငယ်တွေရဲ့ ကြိုတင်မဲတွေ ရောက်လာပြီလား။
ရုက္ခစိုး။ ။ ဘာပြောကောင်းမလဲကွာ … တချို့နတ်ငယ်တွေဆို ပလက်ဖောင်းပေါ် ခေါင်းအုံးအိပ်ပြီး ညကတည်းက တန်းစီ မဲပေးကြတာတဲ့။ အစိမ်းတွေဆိုတာ ခွက်ခွက်လန်ပဲ။ ဒါပေမယ့် ဒီက ရုက္ခစိုးကြီးတွေက လက်မခံချင်ဘူး ဖြစ်နေတယ်။ အဲဒီမဲထုပ်တွေကို ပြောင်းပြန်လှန်ရင်တော့ နိုင်ငံတကာ ရောက်နေတဲ့ နတ်ငယ်တွေက ကျေနပ်ကြမှာ မဟုတ်ဘူး။
ဖိုးရှုပ်။ ။ အဲဒါတော့ သတိထားနော်၊ ခေတ်ကြီးက အရင်နဲ့ တူတာ မဟုတ်ဘူး။ ဒါနဲ့ ဦးရုက္ခစိုးက ဘာလို့ ယူနီဖောင်း အနီ ပြောင်းချင်တာလဲ။
ရုက္ခစိုး။ ။ နတ်ငယ်တွေအားလုံးက နတ်သမီးကြီးရဲ့ ပါတီအရောင် အနီမှ အနီဖြစ်နေတာလေ။ သီချင်းတွေလည်း ဆိုကြတာ မကြားချင်မှ အဆုံးပဲ။ ဘာတဲ့ ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်၊ ဒေါ်ဒေါ်နိုင်မှ ဖြစ်မှာပါ … တဲ့။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးပဲ ဟိုတပတ်က ပြောတော့ … စည်းရုံးရေး အပီအပြင် ဆင်းထားတယ်ဆို။ တနေ့ကို နတ်သုဒ္ဓါ အပြည့်အစုံ စားပြီးသောက်ပြီး စားရိတ်ငြိမ်း ဒင်္ဂါးတသောင်းတောင် ပေးထားတာဆို။
ရုက္ခစိုး။ ။ အေးလေ အဲဒါ ခက်နေတာပေါ့။ အဲဒီနတ်ငယ်တွေက ပေးသမျှယူတယ်၊ လိုက်ခဲ့တယ်။ ဒါပေမယ့် သီချင်းဆိုတော့ ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ် ဆိုတာချည်းပဲ။
ဖိုးရှုပ်။ ။ ဟာ … ဒါဆို ပဉ္စသိင်္ခ နတ်သားကို စည်းရုံးကြည့်ပါလား။ သူ စောင်းတီးပြီး ဦးရုက္ခစိုးတို့ ဘက်က လိုက်ဖျော်ဖြေပေးရင် နတ်ငယ်တွေ ပါလာနိုင်တာပေါ့။
ရုက္ခစိုး။ ။ နောက်ကျသွားပြီကွ … ရှိသမျှ ပဉ္စသိင်္ခရဲ့ အဖွဲ့သားတွေကလည်း နတ်သမီးကြီးနောက် လိုက်ပြီး ဖျော်ဖြေပေးနေတာ လက်ကုန်ပဲ။ အနီမှ အနီ ဖြစ်နေကြတာ … အဲဒါနဲ့ ငါလည်း စိတ်ပေါက်ပေါက်နဲ့ နတ်ငယ်တွေကို မနေ့က ပြောလိုက်တယ်။ မင်းတို့ မေခလာကိုယ်စားလှယ် နတ်သမီးကြီးကိုပဲ မဲပေးကြပါလို့ …။
ထိုစဉ် သူတို့ စကားပြောနေရာ ညောင်ပင်နဘေးတွင် ဝုန်းခနဲ အသံကြီးတခု ကြားလိုက်ရပြီး ရုပ်ဆိုးဆိုး ရုက္ခစိုးကြီး တပါး ပေါ်လာလေသည်။
ယုံချင်ယုံ မယုံချင်နေ … ရုက္ခစိုးတို့မည်သည် ဖုန်းဆက်စရာမလို …။ တနေရာက စကားသံကို တနေရာက အလိုလို ကြားရပြီး ဖြစ်ရာ ချင်းမိုင်ရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ပြောနေသော စကားများကို ထို ရုပ်ဆိုး ရုက္ခစိုးကြီးက ကြားသွားပြီး ဒေါသတကြီး ရောက်လာခြင်း ဖြစ်၏။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကတော့ အနည်းငယ် လန့်သွားသည်။
ရုပ်ဆိုးရုက္ခစိုး။ ။ ဒီမှာ ဦးချင်းမိုင် … ခင်ဗျား ဘာသဘောလဲဗျ။ ခင်ဗျားက အစိမ်းရောင်အတွက် မဲဆွယ်နေရင်း … နတ်ငယ်တွေကို အနီပဲ မဲထည့်ဖို့ ပြောလိုက်တာ … အဲဒါရှင်း … အဲဒါ အခုရှင်း …။
ချင်းမိုင်ရုက္ခစိုး။ ။ သြော် ဦးရုပ်ဆိုးရယ်၊ ခင်ဗျားတို့ အထက်က ရုက္ခစိုးကြီးတွေက အောက်ခြေအထိ ဆင်းမကြည့်ဘဲ လျှောက်ပြောနေကြတာ၊ အောက်ခြေအထိလည်း ဆင်းကြည့်လိုက်ဦး။ နတ်ငယ်တွေ အားလုံး အနီမှ အနီ ဖြစ်ကုန်ပြီဗျ။ ကျုပ်တို့ ပေးသမျှယူ၊ ကျွေးသမျှ စားထားတဲ့ နတ်ငယ်တွေတောင် ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်တွေ ဖြစ်ကုန်ပြီ သိရဲ့လား။
ရုပ်ဆိုး။ ။ ခင်ဗျား ဒီလို မပြောနဲ့ … ကျုပ်တို့လည်း နတ်ရထား အကောင်းစားကြီးတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာပဲ။
ချင်းမိုင်။ ။ လုပ်လေ … လုပ်တာပဲ ရှိတာ … ခင်ဗျားရဲ့ နတ်ရထား အကောင်းစားကြီးတွေနားမှာ နတ်ဘယ်နှပါး တွေ့လဲ။ ဟိုဘက်က နတ်ရထားတွေတွေ့ပြီ ဆိုတာနဲ့ နတ်ငယ်တွေက ကြိုလိုက်တာ အုံးအုံးကျက်ကျက်၊ နတ်ပိသေမှာတောင် ကြောက်ရတယ်။ တချို့ဆို နတ်မြင်းပျံတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုလိုက်ကြတာ ဆိုတာ။
ရုပ်ဆိုး။ ။ ဒါပေမယ့်ဗျာ … ခင်ဗျားက အစိမ်းပဲဟာ … အစိမ်းက အနီကို မဲဆွယ်ပေးတာတော့ ဟုတ်သေးပါဘူး။
ချင်းမိုင်။ ။ မဲဆွယ်ပေးတယ် ရယ်လို့တော့ မဟုတ်ပါဘူးဗျာ …။ ကျုပ် အဲဒီလို ပြောလိုက်တာ ဟိုနတ်သမီးကြီး ကြားရင် လွှတ်သဘင်ထဲ ရောက်တဲ့အခါကျ ကျုပ်ကို နေရာ တနေရာတော့ ပေးမှာပေါ့။ ခင်ဗျားလို ဘုဂလန့် ခွစာ လုပ်နေရင် လွှတ်သဘင်မှာ ထိုင်ခုံတောင်မရဘဲ လွင့်သွားမှာ မြင်ယောင်သေး … အဟေးဟေး … အဲဒါကြောင့် နိုင်မယ် သေချာတဲ့ ပါတီဘက်ကို နည်းနည်း စကားလွှတ်ထားတာ။
ချင်းမိုင်ရုက္ခစိုးကြီး စကားကြောင့် ရုပ်ဆိုးဆိုး ရုက္ခစိုးကြီးမှာ စိတ်ဆိုးဆိုးနှင့် ဘာမှ ပြန်မပြောနိုင်တော့ဘဲ လက်ညှိုး တချောင်းထောင်ရင်း ကိုယ်ယောင်ဖျောက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်ကျမှ ငြိမ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့လည်း စကား စရဲလေတော့သည်။
ဖိုးရှုပ်။ ။ အဆန်းပဲနော် ဦးရုက္ခစိုး … ဦးရုက္ခစိုးတို့ ဖြစ်နေတာတွေကလည်း ကျနော်တို့ လူတွေ အတိုင်းပါပဲလား။
ရုက္ခစိုး။ ။ အေးလကွာ …။ ရုက္ခစိုး ဆိုတာလည်း လူသေပြီးမှ ဖြစ်လာရတာဆိုတော့ လူတွေရဲ့ အကျင့်နဲ့ ဘယ်ကင်းပါ့မလဲ …။ ကိုင်း မင်းတို့လည်း ပြန်တော့ … ငါလည်း ယူနီဖောင်းပြောင်းသင့် မပြောင်းသင့် စဉ်းစားရဦးမယ်။ လက်တွေ့ မြင်နေရတာကိုတော့ လက်မခံချင်လို့ မဖြစ်ဘူးကွ။
ပြောပြောဆိုဆိုနှင့် ချင်းမိုင်ရုက္ခစိုးမှာ လက်ညှိုးထောင် ကိုယ်ယောင်ဖျောက်သွား သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့လည်း ထိုနေရာမှ လှည့်ပြန်ရန် ပြင်ရတော့သည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် ထွက်လာစဉ် ဦးရုက္ခစိုးကြီးက ကိုယ်ယောင်မပြဘဲ လှမ်းအော်ပြောလိုက်သေးသည်။
“ဟေ့ကောင်တွေ … လက်တွေ့နော် … လက်တွေ့ … လက်တွေ့ဖြစ်နေတာကိုတော့ လက်မခံချင်လို့ မရဘူးကွ”
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)
]]>
ဖိုးရှုပ်နှင့် ကြွက်စုတ် ရောက်ရှိချိန်တွင် ဦးရုက္ခစိုး၏ ညောင်ပင် မကြီးမတကြီးလေးက ငြိမ်သက်နေသည်။ ညောင်ပင် ပင်စည်တွင် “ရင်မှာမြတ်နိုး ဦးရုက္ခစိုး” ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ ထိုညောင်ပင်ကလေးကို သူ့ဘာသာ အတင်း ရယူထားသောကြောင့် နယ်ခံရုက္ခစိုးများက မကျေနပ်သော်လည်း ဦးရုက္ခစိုးကမူ ရုက္ခစိုးအားလုံး သဘောတူသဖြင့် နေနေခြင်းဖြစ်သည်ဟုသာ ဖိုးရှုပ်တို့ကို အမြဲ ပြောလေ့ရှိသည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ ဦးရုက္ခစိုး ဘယ်သွားနေလဲ မသိဘူး။ ခါတိုင်း ငါတို့ရောက်လာရင် ကိုယ်ယောင်ပြနေကျပါ။
ကြွက်စုတ်။ ။ ငါခေါ်ကြည့်လိုက်ဦးမယ် ဦးရုက္ခစိုးရေ … ဦးရုက္ခစိုး …။
ရုက္ခစိုး။ ။ ဟကောင်တွေ အသံပြဲကြီးတွေနဲ့ အော်မနေနဲ့။ ငါ အခုမှ ပြန်ရောက်တာကွ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း … ဘယ်တွေ လျှောက်သွားနေတာလဲဗျာ။
ရုက္ခစိုး။ ။ ရုက္ခစိုးစုံညီ အဖြစ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲသွားနေတာ။
ကြွက်စုတ်။ ။ ဘာလဲ အဖြစ်ရပ်၊ အပစ်ရပ်ပဲ ကြားဖူးပါတယ်ဗျာ။
ရုက္ခစိုး။ ။ မင်းတို့လူတွေက ပစ်ကြခတ်ကြတာ၊ ငါတို့ရုက္ခစိုးတွေ ကျတော့ မပစ်ဘူး၊ ရန်ပဲ ဖြစ်နေကြလို့ အဖြစ်ရပ်လို့ နာမည်ပေးထားတာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးပြောတော့ ရန်ကုန်မြို့အထွက်က ညောင်ပင်မှာ မနေ့တနေ့ကပဲ ရုက္ခစိုးတွေ ရန်ဖြစ်ကြသေးတယ်ဆို၊ အခု သူတို့နဲ့ပါ ငြိမ်းချမ်းရေးရပြီပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ ဘယ်ကလာ … သူတို့က တသက်လုံး အဖြစ်မရပ်ဘူးတဲ့။ အခု ငြိမ်းချမ်းရေးက သူတို့ မပါဘူး။
ကြွက်စုတ်။ ။ ဟွန်း … ဒါနဲ့များတောင် ရုက္ခစိုး စုံညီလေး ဘာလေးနဲ့။
ရုက္ခစိုး။ ။ သြော် မင်းတို့လူတွေတောင် နိုင်ငံလုံးချီ အပစ်ရပ်ဆိုပြီး ပစ်တဲ့နေရာက ပစ်တုန်းလေ။
ဖိုးရှုပ်။ ။ ဒါကတော့ နိုင်ငံလုံးချီဆိုတာ မထည့်မဖြစ် ထည့်သုံးရတဲ့စကားဗျ။ အဓိပ္ပာယ်တွေ ဘာတွေ ဖော်နေဖို့ မလိုဘူး။
ရုက္ခစိုး။ ။ ငါတို့လည်း တူတူပဲပေါ့။ ရုက္ခစိုး စုံညီဆိုတာ ဒီလိုပဲ နိုင်ငံတကာက တွေ့ရင် အထင်ကြီးအောင် ထည့်သုံးထားတာ၊ တကယ်တော့ ဘယ်လိုလုပ် တည့်မှာလဲ။ ခုတောင် ရန်ပြေးနတ်ဒုက္ခသည်တွေ များနေလို့ ဘယ်နား ထားရမှန်းမသိ ဖြစ်နေတာ။
ထိုစဉ် … နတ်ငယ်တပါး ကိုယ်ယောင်ပြလာသည်။
နတ်ငယ်။ ။ အရှင်ရုက္ခစိုး … အရှင်ရုက္ခစိုး … ကျနော့်သားလေးကို … သြော် … မြန်မာ ဗီဒီယိုတွေ ကြည့်တာ များပြီး ယောင်ကုန်ပါပြီ … အရှင်ရုက္ခစိုး … ကျုပ်တို့ နတ်ချုပ်ကြီးကို သရော်တဲ့ ရုက္ခစိုးတပါး ရှိနေတယ်တဲ့။ ဘယ်လို လုပ်ရင် ကောင်းမလဲ။
ရုက္ခစိုး။ ။ ဘယ်လို သရော်တာတုန်းကွ။
နတ်ငယ်။ ။ Facebook ပေါ်မှာ နတ်ချုပ်ကြီး ဓာတ်ချုပ်နေတဲ့ ပုံကို ဟာသလုပ်ပြီး ရှယ်ထားတာတဲ့။
ရုက္ခစိုး။ ။ အဲဒီ ရုက္ခစိုး ဖမ်းကွာ …။
နတ်ငယ်။ ။ ပြီးတော့ ရှိသေးတယ်။ နောက်တပါးက ကျတော့ နတ်ချုပ်ကြီးရဲ့ မျက်နှာကို လမ်းကြိတ်စက် ဘီးကြီးပေါ်မှာ ကာတွန်းရေးထားတာ။
ရုက္ခစိုး။ ။ အဲဒါဆို အဲဒီတပါးလည်း ဖမ်းကွာ။ တရားစွဲကွာ … ဒါနတ်ချုပ်ကြီးကို အသရေဖျက်တာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း သူတို့က စတာကို ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။
ရုက္ခစိုး။ ။ မင်း အသာနေစမ်းပါ ဖိုးရှုပ်ရာ။ ဒီလောက်လုပ်မှ မှတ်ကြမှာ။
နတ်ငယ်။ ။ အကျဉ်းထောင်တွေ မဆံ့တော့ဘူး ဦးရုက္ခစိုးရဲ့။ အရင် ဆန္ဒပြလို့ ဖမ်းထားတဲ့ နတ်ငယ်လေးတွေတောင် မလွှတ်ရသေးဘူးလေ။
ရုက္ခစိုး။ ။ ဒါဆို ရာဇဝတ်မှုနဲ့ ဖမ်းထားတဲ့ နတ်ငယ်တွေကို ပြန်လွှတ်ပေးလိုက်။ ရုက္ခစိုးတွေ အားလုံး ငြိမ်းချမ်းရေးရတဲ့ အထိမ်းအမှတ်နဲ့ လွှတ်ပေးတယ်လို့ ကြေညာလိုက်။
နတ်ငယ် ထွက်သွားသည်အထိ ဦးရုက္ခစိုး ဒေါဖောင်းနေသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ငြိမ်နေကြသည်။ ဦးရုက္ခစိုးက ဖိုးရှုပ်တို့ဘက် ပြန်လှည့်က မေးခွန်းထုတ်လိုက်သည်။
ရုက္ခစိုး။ ။ ဒီမှာ ဟေ့ကောင်တွေ၊ အနီရောင်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း စကားမစပ် ဘာမစပ်။
ရုက္ခစိုး။ ။ ဖြေမှာသာ ဖြေစမ်းကွာ …။
ကြွက်စုတ်။ ။ ငယ်ငယ်က ကျောင်းမှာ သင်ရတာတော့ အနီရောင်ဆိုတာ ရဲရင့်ခြင်း … ပြတ်သားခြင်း …။
ကြွက်စုတ် စကားမဆုံးခင် ဦးရုက္ခစိုးက “အေး အဲဒါဆို မင်းတို့နှစ်ကောင်ကိုလည်း ဖမ်းမယ်ကွာ” ဟု ဒေါသတကြီး အော်လိုက်သောကြောင့် ဖိုးရှုပ်က “ကြွက်စုတ်ရေ ရင်မှာ စိတ်ဆိုး ဦးရုက္ခစိုး ဖြစ်နေပြီ ပြေးကွ” ဆိုပြီး နှိုးဆော်လိုက် သည်နှင့် နှစ်ယောက် မတိုင်ပင်ရဘဲ ရှေးနည်းအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးကြ လေတော့သတည်း။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)
]]>
ဦးရုက္ခစိုး အလုပ်များနေသည်။ စိတ်များနေသည် ဆိုက ပိုမှန်မည်။ သူက သမ္မတ အလွန် ဖြစ်ချင်သူ။ လာမည့် ရုက္ခစိုးများ ရွေးကောက်ပွဲတွင် သူ သမ္မတဖြစ်မှ ဖြစ်မည်။ သူတို့ ရုက္ခစိုးလောကကို သူမှ မကယ်တင်လျှင် မဖြစ်ဟု သူက ယုံကြည်ထားသည်။ သူရရှိထားသည့် သစ်ပင် ပေါက်စလေးပေါ်တွင် တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် လုပ်ရင်း ကိုင်းပေါ်က ချော်ကျမလို ဖြစ်သွားသေးသည်။ သူမျှော်နေသည့် သူများက ခုထိ ပေါ်မလာ။ ခဏကြာတော့ ခပ်သုတ်သုတ် လျှောက်လာသူ နှစ်ဦးကို တွေ့လိုက်ရသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် …။
ရုက္ခစိုး။ ။ ကြာလိုက်တာကွာ … မင်းတို့ကလည်း။ ဘယ်မှာလဲ ငါမှာတဲ့ဟာ။
ဖိုးရှုပ်။ ။ အောင်မလေး … ဦးရုက္ခစိုးရယ်၊ အမောလေး ဘာလေး ဖြေပါရစေဦး။
ရုက္ခစိုး။ ။ အမောဖြေတာ ဖြေလို့ရပါတယ်ကွာ … ဒီမှာ ငါ့ယတြာက အချိန်နဲ့အမျှ အရေးကြီးနေလို့ … ဘယ်မှာလဲ ကျောက်ဖရုံသီး၊ မပါဘူးလား။
ကြွက်စုတ်။ ။ ပါတယ်လေ … ဒီမှာ … ရော့။
ကြွက်စုတ်က သူ့အင်္ကျီအိတ်ထဲက အသီးကင်းလေး တခုကို ထုတ်ပေးလိုက်သည်။
ရုက္ခစိုး။ ။ ဟင် မင်းဟာက ကင်းပုံသီးလေးပဲ။ ငါမှာတာ ကျောက်ဖရုံသီးကွ။
ဖိုးရှုပ်။ ။ ဒါ ကင်းပုံသီးမဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ကျောက်ဖရုံသီး အစစ်ဗျ။ ဈေးထဲမှာ ကျောက်ဖရုံသီးတွေ ရှားနေလို့ ဝယ်မရဘူး။ အဲဒါနဲ့ စိုက်ခင်းတွေလိုက်ရှာတာ အဲဒီ အသီးကင်းလေးပဲ ရလာတယ်။
ကြွက်စုတ်။ ။ လူ့ပြည်မှာလည်း ကျောက်ဖရုံသီးတွေနဲ့ ယတြာခြေနေလို့ ကျောက်ဖရုံသီးတွေ ပြတ်လပ်နေတယ်ဗျ။
ရုက္ခစိုး။ ။ ဟာကွာ … အေးလေ … အကင်းပဲရရ မတတ်နိုင်ဘူး။ ဒါနဲ့ပဲ လုပ်ရတော့မှာပဲ။ ငါ့ကို ဓာတ်ပုံတပုံလောက် ရိုက်ပေးဦး။
ဖိုးရှုပ်။ ။ ဘာလုပ်ဖို့လဲ။
ဦးရုက္ခစိုးက ကျောက်ဖရုံသီး ပေါက်စလေးကို ရင်ခွင်ထဲတွင် ဟန်ပါပါ ပိုက်ပြီး ဓာတ်ပုံ အရိုက်ခံမည်ကို ဖိုးရှုပ်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ရုက္ခစိုး။ ။ ဓာတ်ပုံထဲကျမှ ကျောက်ဖရုံသီးကို ဖိုတိုရှော့နဲ့ ပြင်ပြီး ကြီးလိုက်မလို့လေ။
ကြွက်စုတ်။ ။ ကျုပ်တို့ မဲစာရင်းကြည့်ပြီး ရူးမလိုဖြစ်တာကို ပြန်ကောင်းအောင် လုပ်ပေးတဲ့ ကျေးဇူးငဲ့ပြီး ဒီတခါတော့ လုပ်ပေးလိုက်ပါမယ်လေ။
ဖိုးရှုပ်။ ။ နေပါဦး ဦးရုက္ခစိုးရဲ့ ယတြာက “ကျောက်ဖရုံသီး” ဆိုတော့ ကာရန်လေးနဲ့ဆို “မှောက်ခုံကြီး” ဆိုတဲ့ သဘောလား။
ဦးရုက္ခစိုး။ ။ ပေါက်တတ်ကရ … ကျောက်ဖရုံသီး ဆိုတာ “ကြောက်လည်း မကြောက်ဘူး၊ ဖြုံလည်း မဖြုံဘူး” လို့ ဆိုလိုတာ။
ကြွက်စုတ်။ ။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။
ဖိုးရှုပ်။ ။ နေပါဦး … ဦးရုက္ခစိုးက ဘာလို့ သမ္မတ ဖြစ်ချင်ရတာလဲ။ အစကတော့ ကိုယ့်ဘာသာ အေးအေးဆေးဆေး သစ်ပင်လေးစိုက် မုန့်ဟင်းခါးလေးရောင်း အဲ … တရားအားထုတ်ပြီး နေတော့မလို့ဆို။
ရုက္ခစိုး။ ။ မင်းတို့ဘာသိလဲ။ ရုက္ခစိုးလောကမှာ ဒီမိုကရေစီဆိုတာ ငါက စခဲ့တာကွ။ ငါစိုက်ခဲ့တဲ့ အပင်လေးကို တခြားရုက္ခစိုးက ရေဆက်လောင်းပြီး နာမည်ယူသွားမှာ မလိုလားဘူး။
ကြွက်စုတ်။ ။ ရုက္ခစိုးဖြစ်ပြီး သဘောထား မကြီးလိုက်တာဗျာ။
ရုက္ခစိုး။ ။ ငါမှ မကယ်တင်ရင် ဒီရုက္ခစိုးလောကကြီး ပျက်စီးမှာကွ။ ငါလောက်တော်တဲ့သူ မရှိဘူး။ ငါပဲ အတော်ဆုံး။ ပြီးတော့ ငါပဲ မဲအများဆုံး ရမှာသေချာတယ်။
ဖိုးရှုပ်။ ။ မဲအများဆုံး ရမှာ သေချာနေရင်လည်း ဘာလို့ ယတြာခြေနေသေးလဲ။
ရုက္ခစိုး။ ။ ဟဲဟဲ … ဒါကတော့ ဘက်စုံထောင့်စုံက သေချာအောင် လုပ်ထားရတာပါ။
ကြွက်စုတ်။ ။ သိပါတယ်ဗျာ။ ဟိုလက်ထက်က မဟုတ်တာလုပ်လို့ သစ်ပင်လက်မဲ့ ဖြစ်သွားတဲ့ ရုက္ခစိုးတွေကို ဦးရုက္ခစိုး သစ်ပင်တွေ ပြန်ရှာပေးထားသေးတယ် မဟုတ်လား။
ဖိုးရှုပ်။ ။ ဟုတ်တယ် ဟုတ်တယ်။ အဲဒါကြောင့် မကျေနပ်တဲ့ ရုက္ခစိုးတွေက သက်တန့်ရောင် ဖဲကြိုးတွေနဲ့ ဆန္ဒပြကြသေးတယ်လေ။
ရုက္ခစိုး။ ။ ဒါတွေ ဂရုစိုက်စရာ မလိုပါဘူးကွာ၊ အဓိက အာဏာရဖို့ပဲ။ အာဏာရရင် ငါလုပ်ချင်သလို လုပ် … အဲ ငါ့ရဲ့ စီမံခန့်ခွဲမှု အမိုက်စားတွေနဲ့ ရုက္ခစိုးလောက ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်ရမယ်။
ကြွက်စုတ်။ ။ ပြုပြင်ပြောင်းလဲရေး တွေကလည်း ၅ နှစ်ရှိပြီ ဆက်လက် လုပ်ဆောင်တုန်းပဲလား။
ကြွက်စုတ် စကားကြောင့် ဦးရုက္ခစိုးကြီး နှာတင်းသွားသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဟေ့ကောင်တွေ … တော်တော့ ငါ အချိန်မရှိဘူး။ သုဝဏ္ဏ အားကစားကွင်းနားက သစ်ပင်မှာ ရုက္ခစိုးအောင်ပွဲ ဖိတ်ထားတာ သွားရဦးမယ်။ ငါ့ ယူနီဖောင်း အသစ်ကလေး လဲလိုက်ဦးမယ်။
ဖိုးရှုပ်။ ။ ဟင် ယူနီဖောင်းက ဒါပဲဟာ လဲစရာလိုလို့လား။
ရုက္ခစိုး။ ။ အရောင် ပြောင်းထားတယ်ကွ။ အခုအရောင်က ဖက်ဖူးစိမ်းရောင် နုနုလေး ဒီမှာကြည့်၊ အပ်ချလောင်း …။
ဦးရုက္ခစိုးက နတ်တန်ခိုးဖြင့် ယူနီဖောင်း လဲဝတ်လိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ မသိရင်မှတ်ထားလိုက် … ဒါလည်း ပြောင်းလဲရေးထဲက တခုပဲ။ ယတြာပဲလေ။ လစ်ပြီဟေ့။
ပြောပြောဆိုဆို ဦးရုက္ခစိုးက ကိုယ်ယောင်ဖျောက်ကာ ထွက်သွားတော့သည်။ ဖိုးရှုပ်မှာကား ဘာမှ ဆက်မပြောနိုင်ဘဲ ပါးစပ် အဟောင်းသား … ကြွက်စုတ်ကမူ … ခေါင်းယမ်းရင်း “အင်း … ‘ဖက်ဖူးစိမ်း’ ဆိုတော့ ‘ဆက်ရူးကိန်း’ ပဲ ထင်ပါရဲ့” ဟု ရေရွတ်လိုက်တော့သည်။
]]>
“မှားပြန်ပြီ”
“ဟင် … လွဲသွားတယ်”
“တောက် … မမှန်ပြန်ဘူး”
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မဲစာရင်း ကြည့်နေကြခြင်းဖြစ်သည်။ သူတို့လို မဲစာရင်း လာကြည့်သူများ၏ အလွဲတို့ကို ကြားနေရသည်။ သူတို့ကတော့ မကြည့်ရသေး …။
ဖိုးရှုပ်။ ။ မဲစာရင်း ကြည့်တာလည်း အောင်စာရင်း ကြည့်ရသလိုပဲကွာ ကြွက်စုတ်၊ ငါတို့ ဦးရုက္ခစိုးဆီ အရင်သွားပြီး ပြန်လာမှ ကြည့်ကြမလား။
ကြွက်စုတ်။ ။ အေးကွာ … မဲစာရင်းကလည်း အောင်ချက်မကောင်းတဲ့ ဆယ်တန်းအောင်စာရင်း ကျနေတာပဲ။ မင်းပြောသလို ဦးရုက္ခစိုးဆီ အရင်သွားပြီးမှ ပြန်လာကြည့်ကြမယ်။
ဖိုးရှုပ်၏ စကားကို ကြွက်စုတ်က ထောက်ခံကာ ဦးရုက္ခစိုးရှိရာ သစ်ပင်ဆီ ချီတက်ခဲ့ကြသည်။
“ချင်းမိုင် ရုက္ခစိုး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနတ်”
ဦးရုက္ခစိုး၏ သစ်ပင်တွင် ချိတ်ထားသော စာတန်းဖြစ်သည်။ ဖိုးရှုပ်တို့လာနေသည်ကို အဝေးကတည်းက လှမ်းမြင်သော ဦးရုက္ခစိုး ကိုယ်ထင်ပြလိုက်၏။
ဖိုးရှုပ်။ ။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး နတ် ဆိုပါလား။ ဦးရုက္ခစိုးကို ဘယ်သူက တာဝန်ပေးလိုက် တာလဲ။
ရုက္ခစိုး။ ။ ငါဖာသာငါ ပေးလိုက်တာလေ။ ငါပဲ ဥက္ကဋ္ဌ၊ ငါပဲ အတွင်းရေးမှူး၊ ငါပဲ အဖွဲ့ဝင်။ ဒါနဲ့ မင်းတို့က ဘယ်က ဘယ်လို ရောက်လာကြတာလဲ။
ကြွက်စုတ်။ ။ မဲစာရင်း သွားကြည့်တာ လူများနေလို့ ဦးရုက္ခစိုးနဲ့လည်း မတွေ့တာ ကြာတာနဲ့ လာခဲ့တာပဲ။
ရုက္ခစိုး။ ။ ငါလည်း မအားဘူးကွ။ အောင်နိုင်ရေး လုပ်နေကြတဲ့ ပါတီတွေကို စောင့်ကြည့်နေရတယ်။
ဖိုးရှုပ်။ ။ စောင့်ကြည့်တော့ ဘာတွေ တွေ့လဲ၊ လုပ်စမ်းပါဦး။
ရုက္ခစိုး။ ။ သီချင်းတွေ ဆိုနေကြတယ်၊ ပြီးတော့ ဘဘတို့ ပါတီကို မဲပေးပါ၊ အန်တီတို့ပါတီကို မဲပေးပါ ဆိုတဲ့ အသံတွေ ကြားရတာပေါ့ကွာ။
ဖိုးရှုပ်။ ။ သူတို့ကသာ မဲပေးပါ၊ မဲပေးပါ အော်နေတယ်။ ဒီမှာဖြင့် လူတွေက မဲစာရင်းတွေ မှားနေကြလို့ ဘာလုပ်ရမှန်းတောင် မသိကြဘူး။
ရုက္ခစိုး။ ။ မဲဆွယ်တဲ့ သူတွေကလည်း ဆွယ်၊ မဲစာရင်း ကြည့်တဲ့သူတွေကလည်း ကြည့်၊ မှားတဲ့သူတွေ ကလည်းမှား … ဘုရားပွဲကျနေတာပဲ၊ ပျော်စရာကြီးပေါ့ကွာ။ ကဲ … မင်းတို့ မဲစာရင်း သွားကြည့်မယ်ဆို … ငါပါလိုက်ခဲ့မယ်။
ဦးရုက္ခစိုးပါ ကိုယ်ယောင်ဖျောက်၍ ဖိုးရှုပ်တို့ မဲစာရင်း ကြည့်မည့် နေရာသို့ လိုက်လာသည်။ ခဏအကြာ လူရှင်းသွားတော့ ဖိုးရှုပ်က အရင်ရှာသည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ လုပ်စမ်းပါဦး။ ပထမ တခါမဲစာရင်း ကပ်တုန်းက သေသွားတဲ့ ငါ့အဖိုး ဦးဂျော်လီကြွက်စုတ် ပြန်ရှင်လာတယ်၊ ငါ့နာမည်ကျ မပါဘူး၊ အခုကျတော့ ငါ့နာမည်ပါတယ်၊ ဒါပေမယ့် ငါ့အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ မှားပြန်ပြီ။
ကြွက်စုတ်။ ။ ဟာ ပွတာပဲ၊ မင်းအသက် ၃၈ နှစ်ကနေ ၁၈ နှစ်ဆိုတော့ ငယ်သွားတာပေါ့။
ဖိုးရှုပ်။ ။ ငတုံး … အသက်ပဲ ငယ်သွားတာ၊ လူက သေတောမယ်လေ။ မှားတာဟ၊ ဘယ်လိုလုပ်မလဲ။ နေပါဦး … ဟ ငါ့အစ်မလည်း ၁၈ နှစ်ပဲ၊ ငါ့အစ်ကို အကြီးဆုံးလည်း ၁၈ နှစ်ပဲ။
ကြွက်စုတ်။ ။ မင်းတို့ မောင်နှမတွေက အမြွှာ မောင်နှတွေပေါ့နော်၊ မင်းအမေက သုံးမြွှာပူး မွေးလိုက်တာ ဖြစ်မယ်။ ကြည့်စမ်း မင်းတို့ကို ညာထားတာလား မသိဘူူး။
ဖိုးရှုပ်။ ။ နေဦး နေဦး၊ ငါ့အဖေ ဦးမောင်မောင်ရှုပ်လည်း ၁၈ နှစ်ပဲကွ။
ကြွက်စုတ်။ ။ ဟာ မင်းနဲ့ မင်းအဖေက အသက် အတူတူပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ နေကြပါဦးကွာ … မင်းတို့ မှားတာတွေကလည်း မဖြစ်နိုင်တာတွေ။ ကြွက်စုတ် မင်းလည်း ကြည့်ကြည့်ဦး။
ကြွက်စုတ်။ ။ ဟင် ငါ့အဖေ ဘယ်တုန်းက နောက်မိန်းမ ယူလိုက်တာလဲ မသိဘူး။ ငါ့အမေနာမည်က ဒေါ်ကြွက်မ ဖြစ်ရမှာ ဒေါ်ခွေးမ ဖြစ်နေတယ်။ တွေ့မယ်၊ အဖေနဲ့ငါနဲ့ အိမ်ရောက်မှ စာရင်းရှင်းမယ်။
ရုက္ခစိုး။ ။ ဟေ့ကောင်၊ မဟုတ်တာကွာ။
ကြွက်စုတ်။ ။ ဟုတ်တယ်၊ ဦးရုက္ခစိုးရဲ့ …။ ဟောဗျာ … ကျနော်က ကွယ်လွန်တဲ့။ ငါသေပြီ၊ ဖိုးရှုပ်ရေ … ငါဘယ်တုန်းက သေသွားပါလိမ့်။
ဖိုးရှုပ်။ ။ ဟင် ဒါဆို သရဲပေါ့၊ ကြွက်စုတ် မင်း … သရဲ … သရဲ။
ရုက္ခစိုး။ ။ ဟ နေကြပါဦးကွ ငါကြည့်ပါဦးမယ် … ဟိုက် ငါ့နာမည်လည်း မဲစာရင်းမှာ ပါနေပါလား။ မင်းတို့ မြန်မာပြည်က ရွေးကောက်ပွဲမှာ နတ်တွေပါ မဲထည့်လို့ရတယ်လား။
ကြွက်စုတ်။ ။ အဲဒါပြောတာပေါ့ ဦးရုက္ခစိုးရဲ့ … ကျနော်လည်း သေသွားပြီ … အဟီး … အီး ကျနော့်အတွက် အမျှဝေပေးကြပါ ခင်ဗျာ …။
ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … အမျှ အမျှ … ဒီဘဝ ဒီမျှနဲ့ပဲပေါ့ကွယ် … အဖေရယ်အမေရယ် အစ်ကိုရယ် မောင်ရယ် အဖိုးရယ် အဘွားရယ် … ရှုပ်ရှုပ်လေးကို မဲထည့်ကြပါကွယ် … ဒန့်တန်တန် …။
ကြွက်စုတ်က ငိုကြီးချက်မ၊ ဖိုးရှုပ်က သီချင်းဆိုကာ ထကနေသည်။ သူတို့ သွက်သွက်ခါအောင် ရူးသွားကြခြင်းဖြစ်သည်။ ဦးရုက္ခစိုးလည်း ဘာမှ မတတ်နိုင်တော့ …။ ထိုစဉ် လမ်း၏ တဖက်တချက်ဆီမှ ဆိုက်ကား တစီးစီဝင်လာသည်။ ထိုဆိုက်ကားများတွင် ဆောင်းဘောက်စ်များ တပ်ထားသည်။
တဘက်ဆိုက်ကားက “ဘဘတို့ ပါတီကို မဲပေးနော်၊ ဘဘတို့ကို မဲပေးကြနော်” ဟု အော်နေစဉ် တဘက်က “အန်တီတို့ ပါတီကိုပဲ မဲပေးနော်၊ မည်သို့ပင် ဖြစ်စေကာမူ အန်တီတို့ကို မဲပေးနော်” ဆိုသည့် အသံများ တပြိုင်နက် ထွက်ပေါ်လာရာ ဦးရုက္ခစိုးလည်း နားမခံသာတော့သဖြင့် ဖိုးရှုပ်တို့ ကြွက်စုတ်တို့လို မရူးခင် ထိုနေရာမှ လစ်ပြေးခဲ့လေတော့ သတည်း။
]]>
ပန်းချီမောင်ဒီရဲ့ လက်ရာတွေကို မော်ဒန်အနုပညာ ဖန်တီးတင်ပြမှုတွေလို့ ဆိုနိုင်သလို ခေတ်ပြိုင် အနုပညာ ဖန်တီး တင်ပြမှုတွေ လို့လည်း သတ်မှတ်နိုင်ပါတယ်။
မော်ဒန် အနုပညာ ဖန်တီးတင်ပြမှုက အနုပညာရှင်ရဲ့ တကိုယ်ရေ ခံစားရမှုကို အခြေပြုပြီး ထပ်ဆင့် ပေါ်ထွက်လာတဲ့ ဖန်တီးမှု ရလဒ် ဖြစ်ပြီး ခေတ်ပြိုင်အနုပညာ ဖန်တီးတင်ပြမှုကတော့ ဗဟုသဘော ဆောင်တဲ့ အတွေး စိတ်ကူးကို အခြေပြုပြီး ထွက်ပေါ်လာတဲ့ ဖန်တီးမှု ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ရဲ့ ရှင်းလင်း ပြောပြချက်တွေ ကလည်း ခေတ်ကာလရဲ့ ဆာလောင်မှု၊ လိုလားမှုနဲ့ အတွေးအမြင်ကို ထင်ဟပ်နေပါတယ်။ အဲဒီလို ထင်ဟပ်နေတာကိုက ခေတ်ပြိုင်အနုပညာရဲ့ ဝိသေသ လက္ခဏာတရပ် အဖြစ် ရှိနေပါတယ်။
အသက် ၇၄ နှစ် ရှိပြီ ဖြစ်တဲ့ ပန်းချီဆရာ မောင်ဒီရဲ့ ၇ ကြိမ်မြောက် အရှေ့ရွာ (East Village) တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းက Think Art Gallery မှာ သြဂုတ် ၇ ကနေ ၁၁ ရက်နေ့ အထိ ကျင်းပခဲ့ ပါတယ်။
ပန်းချီမောင်ဒီရဲ့ ရေးဆွဲတင်ပြပုံကို အစ်ဇင်တရပ်နဲ့ ကိုက်ညှိကြည့်မယ် ဆိုရင်တော့ သူ့လက်ရာ အများစုဟာ မော်ဒန် အနုပညာ ဖန်တီးမှုမှာ ထင်ရှားအရေးပါတဲ့ မီနီမယ်လစ်ဇင် (Minimalism) ပန်းချီကားတွေလို့ သတ်မှတ် နိုင်ပါတယ်။
ပန်းချီမောင်ဒီဟာ မြန်မာ့ မော်ဒန်ပန်းချီ ခေတ်ဦးကာလ ကတည်းက ပါဝင်လာတဲ့ ပန်းချီဆရာ တဦးပါ။ ဖခင် ဦးမြသီးနဲ့ မိခင် ဒေါ်အုန်းပြိုင် တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ဇာတိက ပခုက္ကူခရိုင် မြစ်ခြေအုပ်စု သရက်ကုန်းရွာ ဖြစ်ပါတယ်။ အမည်ရင်းက မျိုးညွန့်ဖြစ်ပြီး ငယ်စဉ် ကတည်းက ရုပ်ပုံတွေ ရေးဆွဲတာ ဝါသနာပါခဲ့တယ်လို့ သိရပါ တယ်။ သူဟာ ၁၉၅၉ ခုကနေ ၁၉၆၂ ခု အထိ မန္တလေး ဗဟိုစည် သတင်းစာမှာ ကာတွန်းဆရာ တဦးအဖြစ် လုပ်ကိုင် ခဲ့ပါတယ်။
သူဟာ ၁၉၆၇ ကနေ ၁၉၇၀ အထိ ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်ကတည်းက ပြပွဲတင်ဆက်မှုတွေ ရှိခဲ့သလို အမည်ရင်း မျိုးညွန့် အမည်အစား အနုပညာအမည် မောင်ဒီ လို့ ပြောင်းလဲခံယူပြီး ပန်းချီ ရေးဆွဲခြင်းနဲ့ စာပေရေးသားခြင်းတွေ ပြုလုပ်ခဲ့တဲ့ အပြင် မော်ဒန်ပန်းချီ အုပ်စုပြပွဲမှာလည်း ပါဝင်ပြသခဲ့ပါတယ်။ သူဟာ ကဗျာရေးသားခြင်း၊ မဂ္ဂဇင်း သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ ဆောင်းပါးများ ရေးသားခြင်းကို ယနေ့တိုင် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲတွေကို ၁၉၇၉၊ ၁၉၉၈၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၂ ခုနှစ်တွေမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ပန်းချီဆရာမောင်ဒီရဲ့ ပန်းချီကားတွေမှာ မရေးသလောက်နီးပါး လျှော့ရေးဆွဲ ဖန်တီးတာတွေ့ရတာကြောင့် ဘာကြောင့် လျှော့ပြီး ရေးဆွဲ ဖန်တီးတာလဲ လို့ မေးမြန်းဖြစ်တော့ သူက “ဟုတ်တယ်..၊ တော်တော် လျှော့ချထား တယ်။ ဒါကလည်း မီနီမယ်လစ်ဇင်ရဲ့ သဘောတရား လို့လည်း ပြောလို့ ရပါတယ်။ အဓိက ကတော့ ပန်းချီမှာရော တခြား နယ်ပယ်တွေ မှာရော ပင်ပင်ပန်းပန်း ရေးဆွဲမှ ပန်းချီ ဖြစ်တယ်လို့၊ ခက်ခက်ခဲခဲ လုပ်ကိုင်မှ အလုပ် ဖြစ်တယ်လို့ ယူဆ စွဲလမ်းနေတဲ့ ကျနော်တို့ဆီက အစွဲကြီးကို ကျော်လွန်တာပဲ။ အနုပညာနယ်မှာရော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေ အားလုံးမှာ ဒီအစွဲက ကြီးနေဆဲ၊ ရှိနေဆဲပါ။ ဒါ မကောင်းဘူး။ ကျနော်ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာပဲ၊ ကိုယ်ယုံကြည်ရာကို တင်ပြတာပဲ။ ငွေအတွက် မဟုတ်ဘူး၊ ကျော်ကြားဖို့ အတွက်လည်း မဟုတ်ဘူး” လို့ ရှင်းပြတယ်။
ထင်ရှားမြင်သာတဲ့ ဥပမာ တခုအနေနဲ့ လက်ရှိ တွေ့ဆုံညှိနှိုင်းနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆိုရင် ခက်ခက်ခဲခဲကြီး လုပ်ယူမှ ရမယ် လို့ အယူကြောင့် ဒီလောက် ကြာနေကြတာ ဖြစ်မယ်လို့ ထင်မြင်တဲ့အကြောင်း သူက ဆက်လက် ပြောပါတယ်။ ပြီးတော့ ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်ကို သွားရောက်ပြီး နိုင်ငံလွတ်လပ်ရေး အတွက် အရေးဆိုခဲ့ ရာမှာလည်း အလွန် ခက်ခက်ခဲခဲ စကားအသုံး အနှုန်းတွေနဲ့ ပြောဆိုတာ မဟုတ်ဘဲ အလွန်ရိုးရှင်းပြီး နက်ရှိုင်းစွာ နားလည်စေနိုင်တဲ့ စကားတွေသာ သုံးပြီး ပြောဆိုခဲ့တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။
“ဗိုလ်ချုပ် ပြောဆိုခဲ့တဲ့ စကားကို အတိအကျ အတိုင်းတော့ မမှတ်မိတော့ဘူး၊ ဒါပေမယ့် မြန်မာတို့ ဆိုရိုးစကားမှာ လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေး ဆိုတာ ရှိတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပေးချင်တဲ့ စိတ်ဆန္ဒရှိရင် အနီးလေး၊ စိတ်ဆန္ဒ မရှိရင် ခရီးဝေးနေမှာပါပဲ ဆိုပြီး အစချီ ပြောခဲ့တယ်။ အလွန်ထိရောက် ခံစား လွယ်စေတဲ့ ဒီစကားကြောင့် တနှစ်အတွင်း လွတ်လပ်ရေး ပေးဖို့ ဆိုပြီး ဖြစ်လာတယ် မဟုတ်လား။ ဒါကြောင့် ခက်ခက်ခဲခဲတွေကို ကျော်လွန်ပြီး နယ်ပယ်တိုင်းမှာ ရိုးရိုးရှင်းရှင်း ဖန်တီးဖို့ အရေးကြီးတယ် လို့ ယူဆတယ်”
အရင်ခေတ်များဆီက နိုင်ငံတခုရဲ့ ခေါင်းဆောင်တဦး တခြားနိုင်ငံကို အလည်အပတ် ခရီး သွားရောက်တဲ့ အခါ ခမ်းနားကြီးကျယ်စွာ ကြိုဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အဲဒီလို ဇာချဲ့တာမျိုးတွေ လျှော့ပစ်ပြီး သင့်တင့်လျောက်ပတ်တဲ့ စားသောက်ဆိုင် တခုခု၊ နေရာတခုခုမှာ သာမန်လူတွေလိုပဲ တွေ့ဆုံ ဆွေးကြတယ် ဆိုတဲ့ အကြောင်းလည်း ပန်းချီမောင်ဒီက ဆက်လက် ပြောပြပါတယ်။
“အဲဒီလို ပြောဆိုရာမှာ ဖြောင့်မတ် ရိုးရှင်းမှု၊ တကယ့်ပင်ကိုယ် အစစ်အမှန် ဖြစ်မှု၊ လှပပြေပြစ်မှုနဲ့ အကြွင်းမဲ့ အမှန်တရား တွေလည်း အပြည့်ရှိနေတယ်၊ ရှိနေဖို့လည်း လိုတယ်။ ကျနော်က အဲဒီလို သမိုင်းကြောင်းတွေ၊ အဖြစ် အပျက်တွေ၊ သိပ္ပံပညာနဲ့ သိပ္ပံတွေ့ရှိချက်တွေကို စိတ်ဝင်စားတာ ဆိုတော့ ကျနော် စဉ်းစားတွေးခေါ်မိတာတွေ ခံစားမိတာ တွေလည်း ကျနော့်ရဲ့ ပန်းချီကားတွေထဲမှာ ဒီသဘောတရားတွေ ပါနေနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပန်းချီမောင်ဒီက ဘယ်လို မြင်သလဲ ဆိုတော့ ပညာရေးက တခြား၊ အနုပညာက တခြား၊ နိုင်ငံရေးက တခြား၊ စီးပွားရေးက တခြား၊ လူမှုရေးက တခြား စသဖြင့် တခြားစီလို့ ထင်နေကြတယ်၊ အမှန် တကယ်က နယ်ပယ်တခုနဲ့ တခု ဆက်စပ်နေတယ် လို့ ပြောပါတယ်။
“ကျနော်တို့ နိုင်ငံမှာ မော်ဒန် အတွေးအမြင်၊ မော်ဒန် ခံစားမှု၊ မော်ဒန်ဘာသာစကားကို မတတ်ဘူး ဆိုရင် တိုးတက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မော်ဒန်အတ် မထွန်းကားတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဆီမှာ မော်ဒန်အတ် အာရုံခံစားမှု မရှိဘူး ဆိုရင် ကျနော်တို့ နိုင်ငံဟာ အနာဂတ် မကောင်းဘူး”
သရုပ်ဖော်ပန်းချီ ရေးဆွဲတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့ကို မေးမြန်းဖြစ်ပါတယ်။
“ကျနော်က Illustration လုပ်တာက စားဝတ်နေရေးနဲ့ ဆက်စပ်တယ်လို့ ဆိုနိုင်ပေမယ့် အဲဒီ အပေါ် ကျေနပ်တာတွေ ရှိတယ်။ စာရေး ဆရာရဲ့ ရည်ရွယ်ချက်၊ မဂ္ဂဇင်းရဲ့ Trend နဲ့ ကိုက်ညှိ ရေးဆွဲရတာတွေလည်း ရှိပါတယ်။ ပုံနှိပ် ဖော်ပြ လိုက်တဲ့ အခါ နိုင်ငံတဝှမ်း စာဖတ်သူ အများစုဆီ ရောက်ရှိသွားတယ်၊ သိမြင်သွားစေတာ ကြောင့်လည်း ပါတာပေါ့” လို့ ပန်းချီမောင်ဒီက ပြောပါတယ်။
ပန်းချီမောင်ဒီဟာ အညာသားရုပ်သွင် ရှိပြီး စကားကို အားပါးတရ ပြောတတ်သူပါ။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ပြောပြတတ်ပါတယ်။ သူ့ရဲ့ လေညင်းလေး ဆိုတဲ့ ကဗျာကို သုမောင်က လည်းကောင်း၊ သိမ်းငှက်ပျိုတို့ရဲ့ ဘဝအစ ဆိုတဲ့ ကဗျာကို အဆိုတော် ခင်မောင်တိုး ကလည်းကောင်း သီချင်းအဖြစ် သီဆိုခဲ့ပါတယ်။
ပန်းချီမောင်ဒီရဲ့ ပြပွဲ ဖိတ်စာမှာလည်း “Painting for Eyes, not for Ears. Brain is a Memory Box. It is a Computer. It is not a Man. It has no heart. You can feel.” လို့ အတွေးဒဿနဲ့ ကဗျာအလှတချို့ ပေါင်းစပ် ဖော်ပြထားတာ တွေ့ရပါတယ်။
“ပန်းချီကားကို အမြင်ဘာသာစကားနဲ့ ကြည့်ဖို့ပါ၊ အကြားကို မရှာပါနဲ့။ ဦးနှောက်ဆိုတာ သိမှတ်စရာတွေ သိမ်းဆည်း ထားရာ သေတ္တာ တခု။ သိမ်းဆည်းသိုမှီးရုံ သက်သက်ဆို ကွန်ပျူတာ စက်တလုံးသာ ဖြစ်တယ်။ လူသား မဟုတ်၊ သိမြင် ခံစားတတ်တဲ့ နှလုံးသား လည်းမရှိ။ နှလုံးသား ရှိသူ၊ သိမြင် ခံစားနိုင်သူ သင် ခံစားနိုင်ဖို့” တဲ့။
]]>
ချစ်ခြင်းဆိုသည်မှာ လူသားနှစ်ဦးနှင့်သာ ဆိုင်သည့် ပုဂ္ဂလိက ခံစားချက်သာ ဖြစ်ပါသည်။ သို့သော် လူသည် တဦး တယောက်တည်း သီးခြား နေထိုင်သည့် သတ္တဝါ မဟုတ်ဘဲ အစုအဖွဲ့နှင့် နေထိုင်သောကြောင့် ချစ်ခြင်းတွင် သက်ဆိုင်ရာ လူသားနှစ်ဦး သာမက သူတို့၏ နေထိုင်သော လူ့အဖွဲ့အစည်းနှင့်ပါ ပတ်သက် ဆက်စပ်လာရ လေတော့ သည်။
၁၈ ရာစု ပြင်သစ် စာဆိုကျော်ကြီး ဗော်လတဲယားက “အချစ်ဟူသည်မှာ သဘာဝတရား ဖန်တီးထားသော ပိတ်စပေါ် တွင် စိတ်ကူးစိတ်သန်းများဖြင့် ပန်းထိုးချယ်မှုန်းခြင်းပင် ဖြစ်၏” ဟု ဆိုခဲ့ဖူးသည်။ ချစ်စိတ်သည်က သဘာဝ၊ သို့သော် ချစ်ခြင်း ဟူသည်ကား လူသားတို့၏ ပုဂ္ဂလိက ပိုင်းဖြတ်မှုဟု ဆိုလိုသည့် သဘော၊ ထို သဘောတွင် ဆင်ခြင်တုံတရား ၏ ကဏ္ဍက အဓိက ကျလေသည်။
လူသားသည် ဆင်ခြင်ဉာဏ်ရှိကာ အသိုင်းအဝန်းနှင့် နေထိုင်သော သတ္တဝါ ဖြစ်သည်။ အဖွဲ့အစည်း အတွင်း အငြင်းပွားမှု မဖြစ်အောင် လူသားတို့သည် ဆင်ခြင်ဉာဏ်ကို အသုံးချကာ နေထိုင်မှု ဆိုင်ရာ လူမှု စည်းမျဉ်းစည်းကမ်း၊ စံ၊ ကျင့်ဝတ်များ ရှိကြသည်။ ထိုလူမှုစံ၊ စည်းကမ်း ကျင့်ဝတ်များထဲတွင် ချစ်ခြင်းနှင့် ပတ်သက်၍လည်း ပါဝင်၏။
သို့သော် ကျနော်တို့၏ စိတ်ခံစားချက်ကို ကျနော်တို့၏ ဆင်ခြင်တုံတရားက အမြဲတမ်း အနိုင်ရနေသည် မဟုတ်။ အကြောင်းအရာ များစွာတွင် လူသား၏ ဆင်ခြင်ဉာဏ်သည် သူ၏ စိတ်ခံစားချက်များကို အရှုံးပေး ကြရ၏။ ဆင်ခြင်တုံ တရားက အရှုံးပေး၊ ဝပ်စင်းပေးရသော စိတ်ခံစားချက်များထဲတွင် တစုံ တယောက်အား ချစ်ခြင်းဆိုသည်က ထိပ်ဆုံး၌ ရှိနေသည်။ ဆင်ခြင်တုံဉာဏ်ကို ရှေ့တန်းတင်ကာ လှမ်းလျှောက် နေရသော ဘဝခရီးတွင် ဆင်ခြင်တုံတရားကို အနိုင် ယူလိုက်သော စိတ်ခံစားချက်သည် ထိုလူသား၏ အားနည်းချက် ဖြစ်သွားသည်။ ထိုအခါ သူ၏ ပြိုင်ဘက်များက ထို အားနည်းချက်ကို ဦးတည်ကာ ထိုးနှက် တိုက်ခိုက် သဖြင့် ထိုသူတို့ ကျဆုံးကြရ၏။
အချစ်ဟူသော အားနည်းချက်ကြောင့် နစ်မြုပ်ကျရှုံးသွားသော ပုဂ္ဂိုလ်ကျော်များ ကမ္ဘာ့သမိုင်း တလျှောက်တွင် ဒုနှင့်ဒေး။ ထိုအထဲတွင် ဒိန်းမတ်ဘုရင် သတ္တမမြောက် ခရစ်ရှန်၏ မိဖုရားကြီး ကာရိုလင်းနှင့် ဉာဏ်အလင်းသစ် လူမှု တော်လှန်ရေး သမား ဂျာမန် သမားတော်လေး ဂျိုဟန်ဖရက်ဒရစ် စတန်းဆီး တို့သည်လည်း အပါဝင်ဖြစ်၏။ သူတို့ အကြောင်း ရိုက်ကူးထားသော A Royal Affair ဆိုသည့် အော်စကာဆုရ ဒိန်းမတ် ရုပ်ရှင်ဇာတ်ကားလေး တကားကို ပြီးခဲ့သည့် အပတ်က ကျနော် ကြည့်လိုက်ရသည်။
၁၇၆၆ တွင် အင်္ဂလန်ပြည့်ရှင် တတိယမြောက် ဂျော့၏ နှမဖြစ်သူ ကာရိုလိုင်း မာတီဒါသည် ဒိန်းမတ်ဘုရင် သတ္တမ မြောက် ခရစ်ရှန်နှင့် လက်ဆက်ရန် ဒိန်းမတ်သို့ ရောက်ရှိလာခဲ့သည်။
၁၈ ရာစုသည် ဥရောပတွင် တိုင်းပြည်၏ ရှိရှိသမျှ အရင်းအမြစ်များနှင့် အာဏာကို ဘုရင်၊ ကျောင်းတော်နှင့် သူကောင်းမျိုးများ ဟူသော လက်တဆုပ်စာ မြေရှင် ပဒေသရာဇ်များက လက်တွင်း ဆုပ်ကိုင်၍ ပြည်သူများ၏ ကံကြမ္မာကို စိတ်ကြိုက်စီမံကြသည့် နှစ်ပေါင်း ၁၃၀ဝ ကျော် အမှောင်ခေတ်၏ နိဂုံး ရာစုနှစ်ပင် ဖြစ်လေသည်။
၁၆ ရာစု လောက်က စတင်၍ အရှိန်ရလာခဲ့သော လူသားတို့၏ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှမှု သဘောတရား များကို ထုတ်ဖော်ရေးသားကြသော စာပေများသည် ၁၈ ရာစု ရောက်သော အခါ ဥရောပ၏ သြဇာအရှိဆုံး စာပေများ ဖြစ်လာခဲ့သည်။ ဖရန်စစ်ဘေကွန်၊ ရေနေးဒေးကား၊ ဂျွန်လော့ခ်၊ စပင်နိုဇာ၊ ဗော်လတဲယား၊ ရူးဆိုး၊ ဒေးဗစ်ဟျူးနှင့် အင်မင်ညူရယ်ကန့် အစရှိသူတို့၏ စာပေလက်ရာများသည် ထိုခေတ် ပညာတတ်များ အကြား အလွန်သြဇာရှိသော စာအုပ်စာတမ်းများ ဖြစ်ခဲ့ကြပါသည်။
သို့သော် သူတို့၏ စာပေများတွင် ထိုခေတ်က ဘုရားသခင် ကိုအကြောင်းပြကာ ပြည်သူအများစု၏ ကံကြမ္မာကို စိတ်ကြိုက် စီမံခြယ်လှယ် နေကြသော နန်းတော်၊ ကျောင်းတော်နှင့် သူကောင်း အမျိုးနွယ်များကို တိုက်ခိုက် ဝေဖန်သော စာများ ဖြစ်သောကြောင့် လူမှုပြုပြင်ပြောင်းလဲရေး အရှိန်ကောင်းနေသော အင်္ဂလန်၊ ပရပ်ရှား၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် အီတလီတို့ လွတ်လပ်စွာ ဖတ်ရှုနိုင်သော်လည်း ဒိန်းမတ်ကဲ့သို့ မြေရှင် ပဒေသရာဇ်များ အားကောင်းသော နိုင်ငံများတွင်မူ အများပြည်သူ ဖတ်ရှုခွင့် ပိတ်ပင်ထားသော စာပေများ ဖြစ်နေခဲ့ပါသည်။
သတ္တမမြောက် ဘုရင်ခရစ်ရှန်နှင့် လက်ဆက်ရန် ဒိန်းမတ်ရောက်ချိန်ဝယ် ကာရိုလိုင်း၏ အသက်သည် ၁၅ နှစ်မျှသာ ရှိသေး၏။ ကာရိုလိုင်းသည် ဥရောပတွင် ပြုပြင်ပြောင်းလဲရေး၌ ရှေ့တန်းရောက် တနိုင်ငံဖြစ်သည့် အင်္ဂလန်သူ ဖြစ်သဖြင့် ပညာတတ်သည်၊ ရူးဆိုး၊ ဂျွန်လော့ခ်နှင့် ဗော်လတဲယားတို့၏ ပရိသတ်ဖြစ်၏။
လွတ်လပ်သည့် အနာဂတ်ကောင်းကင်ဝယ် အတောင်ပံဖြန့်ကာ အားပြည့်အင်ပြည့် ပျံသန်းရန်ဟူသော ကလေးမလေး ကာရိုလိုင်း၏ ရွှေရောင်စိတ်ကူးယဉ် မျှော်လင့်ချက်များသည် သူလက်ဆက်ရမည့် ဘုရင်လေး ခရစ်ရှန်နှင့် တွေ့သော အခါ အကုန် အရည်ပျော် ပျက်စီးသွားရ၏။ အသက် ၁၇ နှစ်အရွယ် ဒိန်းမတ် မင်းပျိုမင်းလွင်လေး ခရစ်ရှန်သည် စိတ် ကစဉ့်ကလျား ဝေဒနာသည်လေး တယောက်သာ။
ထို့အပြင် လိင်စိတ်ကလည်း ပုံမှန် မဟုတ်။ ဒိန်းမတ်ဘုရင်နှင့် လက်ဆက်ရသောကြောင့် ဒိန်းမတ် ဘုရင့်မိဖုရားကြီး ဖြစ်လာခဲ့သော်လည်း ကာရိုလိုင်း တယောက်က အရူးကို လင်တော်ထားရသော မိဖုရားကြီးမျှသာ။ ထိုထက် ဆိုးဝါးသည့် ထိုးနှက်ချက်ကား သူ၏ စိတ်ထွက်ပေါက်၊ သူ၏ စိတ်ဖြေရာ၊ သူ့ကို စိတ်ဓာတ်ခွန်အား ပေးရာ အင်္ဂလန်မှ သယ်ယူလာခဲ့သော အတွေးအမြင်သစ် စာအုပ်စာတမ်း အားလုံးသည် ဒိန်းမတ်တွင် ပိတ်ပင် တားမြစ်ထားသော စာအုပ် စာတမ်းများ ဖြစ်နေခြင်းပင် ဖြစ်လေ၏။
ထို့ကြောင့် ပျင်းရိဖွယ်ကောင်းသော အလယ်ခေတ် တလျှောက် ခေတ်စားသော ရိုမန်းတစ်ခေါ် ဘုရားသခင်၊ အရှင်နှင့် အချစ်ကို ဦးထိပ်ထားသော အချစ် အလွမ်းအဆွေး မောင်ဘွဲ့ မယ်ဘွဲ့ စာပေများနှင့်သာ ကာရိုလိုင်း တယောက် အချိန် ကုန်ခဲ့ရသည်။
လက်ဆက်စက ခရစ်ရှန်သည် ကာရိုလိုင်းအပေါ် ကြင်ကြင်နာနာနှင့် နွေးနွေးထွေးထွေး ဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ ပုံမှန် မဟုတ်သော လိင်စိတ်ကြောင့် ကာရိုလိုင်းနှင့် အတူနေဖို့ သူရှက်လာခဲ့သည်၊ နောက်ပိုင်း မျက်နှာချင်း ဆိုင်ဖို့ပင် သူ့အဖို့ သိမ်ငယ်လာပြီး ကာရိုလိုင်းနှင့် အတူ မနေတော့၊ အတတ်နိုင်ဆုံး မတွေ့အောင် ရှောင်ဖယ်နေတော့သည်။
ကနဦး ကာလများတွင် ထိုအခြေနေကို ကျော်ဖြတ်ရန် ကာရိုလိုင်းသည် လူးဝစ်ဗွန်ပရီဆန် ဟူသော သူ့အပေါ် စာနာ နားလည်ပေးသည့် ပညာတတ် ဒိန်းမတ် ရံရွေတော် တယောက် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လူးဝစ်ဗွန်ပရီဆန် က ကာရိုလိုင်းအပေါ် ဘုရင်ခရစ်ရှန်နှင့် နန်းတွင်း တော်ဝင် အသိုင်းအဝန်း၏ ဆက်ဆံရေးကို ဝေဖန်သဖြင့် ပြည်နှင်ဒဏ် အပေးခံလိုက်ရသည်။
သို့နှင့် မိသားစုနှင့် ဝေးသော ရေခြားမြေခြား ဒိန်းမတ်ထီးနန်းဝယ် ဆယ်ကျော်သက်အရွယ် ကာရိုလိုင်းဟူသော မိန်းကလေးတယောက် ငရဲကျသကဲ့သို့သော အထီးကျန်ဆန်မှုဖြင့် ခြောက်သွေ့စွာ ဖြတ်ကျော်ရ လေတော့သည်။ သို့သော် ကံတရား ဖေးမမှု လို့ပဲ ဆိုရမည်၊ ခရစ်ရှန်နှင့် အတူ နေထိုင်ရသည့် ကာလ တိုတောင်းသော်လည်း ကာရိုလိုင်း တယောက် ကိုယ်ဝန်ရရှိခဲ့ပြီး သားတော်လေး ဆဌမမြောက် ဖရဒ်ဒရစ်ကို မွေးဖွား ခဲ့လေသည်။
ဖရဒ်ဒရစ် ကလေး ၂ နှစ် အရွယ် ၁၇၇၀ တွင် ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်တွင် ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားလေ၏။ သားတော်လေးကို ထိန်းကျောင်းမွေးမြူရင်း ပျင်းရိဖွယ်ကောင်းသည့် ခရစ်ရှန်ဘော့ဂ် နန်းတော်ကြီး တွင်းမှ လွတ်လပ်ခြင်းမဲ့ ရှင်သန်မှုတွင် သားတော်လေး ဖရဒ်ဒရစ်သည်သာ သူ၏ ဘဝဟု မှတ်ယူထားခဲ့သော ကာရိုလိုင်း တယောက် သားတော်လေးကို အကြောင်းပြု၍ ဂျွန်နသန် ဖရက်ဒရစ်စတန်းဆီး ဟူသော ဂျာမန်လူမျိုး သမားတော်လေးနှင့် ဆုံတွေ့ရသောအခါ ငြိမ်သက်နေသော လွတ်လပ်စိတ်နှင့် မျှော်လင့်ခြင်းတို့ ပြန်လည်အသက်ဝင် နိုးထလာသည်။
စတန်းဆီးသည် ပရပ်ရှား (ဂျာမန်) ပညာတတ် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး ပရက်ရှားမှ နာမည်ကျော် Halle တက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်ကာ အင်္ဂလန်နိုင်ငံတွင် ပညာဆက်လက် သင်ယူခဲ့သူ၊ ကိန်းဘရစ် တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။ ထိုအချိန်က ထိုတက္ကသိုလ်များသည် ဉာဏ်အလင်းသစ်ခေါ် လွတ်လပ်သော အတွေး အခေါ် ပညာတတ်များ စုဝေးရာ အရပ်ဖြစ်ခဲ့ပြီး စတန်းဆီးသည်လည်း ပြင်းထန်သော လူ့အခွင့်အရေးနှင့် တန်းတူညီမျှ ခြင်း ဝါဒီ တဦး ဖြစ်သောကြောင့် ဖခင်အပါဝင် ခရစ်ယာန် ကျောင်းတော်နှင့် အစေးကပ်သူ တယောက်မဟုတ်ပါ။
သူ့လိုပင် လူ့အခွင့်အရေးနှင့် တန်းတူညီမျှခြင်း အယူအဆကို လက်ခံသဖြင့် နန်းတွင်းမှ နှင်ထုတ်ခြင်း ခံထားရသူ ဒိန်းမတ်တော်ဝင်အနွယ် မိတ်ဆွေတဦး၏ ဆက်သွယ်ပေးမှုနှင့် စတန်းဆီး တယောက် ဘုရင်လေးခရစ်ရှန်၏ သမားတော် ဖြစ်လာခဲ့ကာ စတန်းဆီး၏ ကုသမှုကြောင့် ခရစ်ရှန်၏ စိတ်ဝေဒနာ အတော် တိုးတက်လာခဲ့လေ၏။ ထိုမှ ခရစ်ရှန်၏ ယုံကြည် ကိုးစားခြင်းကို ခံရကာ ခရစ်ရှန်ဘော့ဂ် နန်းတွင်းသို့ ရောက်လာခဲ့သည်။
အစဉ်အလာ အဆွေးအမြေ့များနှင့် ပိတ်လှောင်မွန်းကြပ်လှသော ခရစ်ရှန်ဘော့ နန်းတော်ကြီးအတွင်း လွတ်လပ်သော အတွေးအခေါ်များ၊ စာပေများ၊ အနုပညာရပ်များကို မြတ်နိုးကြသော ကာရိုလိုင်းနှင့် စတန်းဆီးတို့ အချိန်တိုတို အတွင်း အမြင်ချင်းသာမက နှလုံးသားချင်းပါ ရင်းနှီးသွားကြသည်က မဆန်းပါ။
သို့သော် ထိုရင်းနှီးမှုမှ တဆင့် ဒိန်းမတ်နိုင်ငံတော်ကြီး အပြောင်းအလဲ ဖြစ်လာသည်က ထူးခြား ပါသည်။
ဘုရင်နှင့် မိဖုရားကြီးတို့၏ ထောက်ခံမှုနှင့် စတန်းဆီး တယောက် နန်းတွင်း၌ အရေးပါသူ တယောက်ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် နန်းရေးဝန် ရာထူးရရှိသွား လေ၏။
တော်လှန်သော အတွေးခေါ်ရှင် စတန်းဆီးတယောက် အာဏာရလာသောအခါ ပြုပြင်ပြောင်းလဲရေးများ ရဲရဲကြီး လုပ်ပါတော့သည်။ မြေရှင် ပဒေသရာဇ်များနှင့် ကျောင်းတော်တို့၏ လုပ်ပိုင်ခွင့်များ၊ အခွင့်ထူးများကို လျှော့ချပစ် လိုက်၏။
လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ကို တားမြစ်ထားသော ဥပဒေကို ပယ်ဖျက်ပစ်လိုက်၏။ လုပ်အားခ မပေးသော မြေကျွန်စနစ်ကို ပယ်ဖျက်၏၊ ကျွန်ရောင်းဝယ်မှုကို တားမြစ်၏။ တရားစီရင်ရေးတွင် ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံစေသည့် စနစ်ကို ပယ်ဖျက် ပစ်လိုက်၏။ လောင်းကစားနှင့် ဇိမ်ခံမြင်းများ မွေးမြူခြင်းမှ အခွန်ကောက်ကာ မိခင်နှင့် ကလေး ဂေဟာများတွင် အသုံးပြုစေ၏။ နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေး အစီအစဉ်များကို ပြန်လည် ပြုပြင်ဆန်းသစ်စေ၏။ တရားစီရင်ရေးကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက်၏။ မြေရှင်ကြီးများ မိမိတို့ ပိုင်နက်အတွင်း ယခင်ကကဲ့သို့ မြေကျွန်များကို စိတ်ကြိုက်စီရင်ခွင့် မရှိတော့။
စတန်းဆီး၏ အရဲရင့်ဆုံး ပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ကို ပြုပြင်ပြောင်းလဲကာ ပြန်လည်ဖွဲ့စည်းခြင်းပင် ဖြစ်သည်။ အနောက်တိုင်း ဆိုရိုးစကား ဖြစ်သည့် စစ်တပ်စားခွက်ကို မလှုပ်မိပါစေနှင့် (One does not fiddle with the rice bowl of the military) ဟူသော အချက်ကို စတန်းဆီး လှုပ်လိုက်ခြင်းပင်။
ဤသို့ဖြင့် စတန်းဆီးသည် ဘုရားကျောင်းတော်၏ ရန်သူ၊ တော်ဝင် အမျိုးအနွယ်တို့၏ ရန်သူ၊ မြေရှင်ကြီးများ၏ ရန်သူ၊ စစ်ဗျူရိုကရက်ကြီးများ၏ ရန်သူ ဖြစ်လာသည်။ ရန်သူတို့သည် စတန်းဆီး ပြဋ္ဌာန်းပေးလိုက်သော လွတ်လပ်စွာ ထုတ်ဖော် ရေးသားပြောဆိုခွင့် ဟူသော ဥပဒေကိုပင် အသုံးပြုကာ စတန်းဆီးဟူသော ပုဂ္ဂိုလ်သည် ဒိန်းမတ်လူမျိုး မဟုတ်၊ ခရစ်တော်နှင့် ဘုရားသခင်ကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိဖြစ်၏၊
သူနှင့် ဒိန်းမတ်လူမျိုး မဟုတ်သော မိဖုရားကြီးတို့ တိတ်တိတ်ပုန်း ဖောက်ပြန်နေကြသည်၊ သနားစရာ ကောင်းသော ဘုရင်လေး ခရစ်ရှန်ကို ဆေးခတ်ကာ ထိန်းချုပ်ထားသည်။ အမျိုးဘာသာ သာသနာ အတွက် ကာရိုလိုင်းနှင့် စတန်းဆီးကို တိုက်ဖျက်သုတ်သင်ကြ ဟူသော စာတမ်းများကို ပြည်သူများအတွင်း ဖြန့်ဝေ၏၊ ပြဇာတ်များ၊ ဇာတ်ထုတ်များကို ကပြတင်ဆက်ကြကာ လှုံ့ဆော်ကြလေသည်။မိဖုရားကြီး ကာရိုလိုင်းကိုလည်း စတန်းဆီးနှင့် ဖောက်ပြန်သူ၊ ဝေဒနာသည် ဘုရင်ကြီးကို ပြုစားထားသော စုန်းမ အဖြစ် ပုံဖော်ကြသည်။
နှစ်ပေါင်း ၁၃၀ဝ ခန့် အမှောင်တိုက်ထဲ နေထိုင်ခဲ့ရကာ မျက်စိပိတ်၊ နားပိတ်၊ ဦးနှောက်အတွင်း အဆိပ်တွေသာ လောင်းထည့်ခြင်း ခံထားရသော ပြည်သူများမှာ အမျိုးဘာသာ သာသနာ ဆိုသည်နှင့် မိမိတို့ကို အမှောင်လောကထဲမှ ဆွဲထုတ်ပေးနေသော စတန်းဆီး၏ ကျေးဇူးကို မမြင်ကြတော့။ တဖြည်းဖြည်းနှင့် ပြည်သူလူထု အကြား၊ အထူးသဖြင့် ဒိန်းမတ် စစ်တပ်ထဲတွင် စတန်းဆီးနှင့် ကာရိုလိုင်းတို့သည် ဒိန်းမတ်နိုင်ငံတော်ကြီးကို အတွင်းလှိုက်ကာ ဖြိုချဖျက်ဆီး နေသော လူမျိုးခြား မိစ္ဆာများ အဖြစ် မြင်လာကြလေတော့သည်။
ထိုအချိန်တွင် ကာရိုလိုင်းတယောက် လူးဝစ်သြဂတ်စတီ အမည်ရှိသည့် သမီးတော်တပါး ထပ်မံဖွားမြင်၏။ ဘုရင်လေး ခရစ်ရှန် တယောက် ဝမ်းသာအားရနှင့် သူ၏ ဒုတိယသမီး ဖွားမြင်ကြောင်း သူ့မိဖုရားအား မကြည်မဖြူ ဖြစ်နေကြသော ဒိန်းမတ် ပြည်သူများကို အသိပေးပါသည်။ သို့သော် အမျိုးဘာသာ သာသနာ ဟူသော နိုင်ငံရေး စိတ်ကြွဆေး တိုက်ကျွေးခြင်း ခံထားရသည့် ကိုယ်ခံအားနည်း ပြည်သူများကို ကျော်လွှားရန်ကား အလွန်ခက်ခဲလှသည်။ အမျက်ဖြေ စေမည့် သမီးလေးသည်ပင် ပို၍ ကြီးထွားစေသော လောင်စာ ဖြစ်သွားရ၏။
ရုပ်ရှင်က မင်းသမီးလေး လူဝစ်သြဂတ်စတီးသည် ကာရိုလိုင်းနှင့် စတန်းဆီးတို့၏ သမီးအဖြစ် ပြသည်၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ သမိုင်းတွင် ယခုအချိန်အထိ အငြင်းပွားနေဆဲ။ မည်သို့ပင် ဖြစ်စေ နန်းတော်ကြီး အတွင်း ငြီးငွေ့ဖွယ် ဘဝနှင့် စိတ်ပျက်စွာ နေထိုင်နေရသော ဆယ်ကျော်သက်အရွယ် မိန်းကလေးတဦး၊ သူနှင့် အတွေးအမြင် တူ အမျိုးသားတဦး အား ချစ်မိသွားခြင်းသည် သဘာဝကျပါသည်။ သို့သော် အစုအဖွဲ့နှင့် နေထိုင်ကြသော လူသားတို့ တွင် သဘာဝကျ သော်လည်း ပြုမူရန် မထိုက်သော၊ မသင့်သော ကိစ္စများစွာ ရှိလေ၏။
A Royal Affair သည် ဉာဏ်ပညာကြီးရင့်သော လူသားနှစ်ဦး အကြားက ဆင်ခြင်တုံတရားကို အနိုင်ယူသွားသော အချစ်နှင့် ဒိန်းမတ်နိုင်ငံ၏ သမိုင်း တစိတ်တဒေသကို ရောစပ်ဖန်တီးထားသော ရုပ်ရှင်ကားကောင်း တကားဟူ၍ပင်။ ။
]]>
ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် ပြောခဲ့တုန်းက ပန်းချီဆရာ ဖြစ်ဖို့ထက် အနုပညာရှင် တဦးဖြစ်ဖို့ ရည်ရွယ်ပါတယ်လို့ ပြောခဲ့တဲ့ ပန်းချီမောင်ခိုင်မာနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။]]>
ပန်းချီဆရာ မောင်ခိုင်မာရဲ့ ပန်းချီကားတွေထဲမှာ အဆောက်အဦတွေကို အရောင်တွေ ရဲရဲရင့်ရင့် သုံးစွဲပြီး Birdseye View, Earthworm View, တွေနဲ့ အပြင်မှာ မြင်တွေ့နေကျမျိုး မဟုတ်ဘဲ ဖန်တီးတင်ပြ ထားတဲ့ Expressionism ပန်းချီကားတွေ ပါ။ ပြီးတော့ Distort (ရွဲ့စောင်း) လုပ်ပြီး၊ သူ့စိတ်အာရုံအမြင် Perspective နဲ့ Line, Tone, Color တွေကို ကြည့်ရှုသူကို ပသာဒဖြစ်၊ ဆွဲဆောင်စေတာ တွေ့ရပါတယ်။
“ကျနော့် ပန်းချီကားက မြင်နေကျ ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေ အဆောက်အဦတွေကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ့် အပြင်မှာ တွေ့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ သာမန် မြင်နေရတဲ့ အနေအထား မြင်ကွင်း (Normal View)၊ ပြီးတော့ Birdseye View နဲ့ Earthworm View တွေကို Subject တွေရဲ့ နီးဝေးအမြင် သဘောတရား (Perspective) အရ ပေါင်းစပ် ဖွဲ့စည်း ပါတယ်။ အရောင်တွေကို အရှိအတိုင်း သုံးစွဲတာက အရောင်တွေရဲ့ သန့်စင်မှုကို နှစ်သက်လို့ပါ” လို့ ရှင်းပြပါတယ်။
ပန်းချီ မောင်ခိုင်မာရဲ့ အစောပိုင်း လက်ရာတွေ၊ ၂၀၀၆ ကနေ ၂၀၀၇ ခုနှစ်တွေ တုန်းကတော့ Tone အား ကောင်းကောင်းနဲ့ Subject တွေကို Composition အကြပ်နဲ့ ရေးဆွဲတင်ပြတာ တွေ့ရပါတယ်။ အဲဒီလို ဖန်တီးဖို့ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ အခြေအနေက သူ့ အနုပညာအပေါ် ရိုက်ခတ်မှု ရှိနေသလားလို့ မေးကြည့်ပါတယ်။
“ကျနော့် ပန်းချီးကားတွေမှာ အဲဒီလိုနိုင်ငံရေး လူမှုရေး ဝန်းကျင် အနေအထားက ရိုက်ခတ်တာမျိုး မရှိပါဘူး။ အဲဒီ အချိန်က ကျနော် ရှာဖွေ စမ်းသပ် ဖန်တီး ရေးဆွဲနေတဲ့ အချိန်ပါ။ အထူးသဖြင့် Composition အကြပ်ထဲမှာ Tone အား ကောင်းကောင်းနဲ့ ရုန်းကြွနေတာ၊ တိုးထွက်နေတာကို အာရုံရောက်နေမိတာ ဖြစ်မယ် ထင်ပါတယ်” လို့ ရှင်းပြပါတယ်။
ဒါပေမယ့် ၂၀၀၈ ကနေ ၂၀၁၀ အတွင်းမှာတော့ ပန်းချီကားရဲ့ Foreground, Middle ground နဲ့ Backgroud တွေမှာ Middle ground ကို Tone အား ကောင်းကောင်းနဲ့ အလင်းပါအောင် ဂရုစိုက် ရေးဆွဲတာ တွေ့ရပါတယ်။ အဲဒီလို ဖန်တီးလာမှုနဲ့ ပတ်သက်ပြီး အလင်း အမှောင်နဲ့ Tone အနုအရင့်ကို ရှာဖွေပြီး စမ်းသပ်ရေးဆွဲတာလို့ ပြောပြ ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာတော့ သူဟာ Tone Line Foreground, Middle ground နဲ့ Backgroud အား၊ Line အားနဲ့ အရောင်အားကောင်းကောင်းတွေ ဖန်တီး လာမှု အပေါ် တခြားပန်းချီဆရာ တချို့နဲ့ နှိုင်းယှဉ်ပြောဆိုတာလည်း ရှိပါတယ်။ အဲဒီအပေါ် ပန်းချီမောင်ခိုင်မာက –
“ကျနော်ရဲ့ လိုင်းအသွက်နဲ့ ရေးဆွဲတာမျိုး၊ အတိအကျ မဟုတ်ဘဲ စိတ်ကူးရှိသလို ဖန်တီးယူတာကို ဟန်အနေနဲ့ တဦးတယောက်နဲ့ တူနေသလို ဖြစ်နေတာမျိုး ရှိချင်လည်း ရှိနေနိုင်ပါတယ်၊ ဒါပေမယ့် ကျနော် သွားချင်တဲ့ အနေ အထားနဲ့ ကျနော့်ရဲ့ သဘောထား ရည်ရွယ်ချက်က လုံးဝကွဲပြားနေတာ တွေ့နိုင်ပါတယ်” လို့ ပြောပြပါတယ်။
အနုပညာ ဖန်တီးတင်ပြရာမှာ တချို့က ဒဿန အမြင်တရပ်ရပ်ကို ထည့်သွင်းဖန်တီးတတ်ကြသလို၊ တချို့ကတော့ သဘာဝတရားကို အလေးဖန်တီးကြပြန်ပါတယ်။ ဒါပေမယ့် သူကတော့ သူ့စိတ်ခံစားမှုကို ထင်ဟပ်ပြဖို့ အားသန်သူ ဖြစ်တယ် လို့လည်း ပြောပါတယ်။
မောင်ခိုင်မာကို ၁၉၈၀ ခုနှစ်၊ စစ်တွေမြို့မှာ ဦးစိန်မောင်လှနဲ့ ဒေါ်မြသန်းကြည်တို့က မွေးဖွားပြီး သူငယ်စဉ် ကတည်းက ဂွမြို့မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၃ ဦးရှိပြီး၊ သူ့ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းမှာ အနုပညာမျိုးရိုး မရှိဘူးလို့ သိရပါတယ်။ မောင်ခိုင်မာဟာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၄ မှာ ရန်ကုန် အမျိုးယဉ်ကျေးမှုတက္ကသိုလ်က ပန်းချီအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး သူဟာ အုပ်စုပြပွဲ အတော်များများမှာ ပါဝင် ပြသခဲ့ပါတယ်။
သူ့ဘဝနဲ့ အနုပညာ စတင်ဆက်စပ်လာတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော် ငယ်ငယ်ကတည်းက အများဆုံး ထိစပ်ခဲ့တာက ကာတွန်းနဲ့ သရုပ်ဖော်ပုံတွေပါ။ တခါတလေ ကူးဆွဲလိုက်၊ တခါတလေ အလွတ်ရေးဆွဲလိုက်နဲ့ ပေါ့။ နောက်ပိုင်း ကျနော် ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးချင်လာတယ်။ ဒါနဲ့ ၁၀ တန်းအောင်ပြီးတော့ ကျနော် ယဉ်ကျေးမှု တက္ကသိုလ် ဆက်တက်ဖြစ်ပါတယ်။ တက္ကသိုလ် တက်နေတဲ့ နှစ်တွေမှာ လည်း ကာတွန်းတွေ သရုပ်ဖော်ပုံ တချို့လည်း မဂ္ဂဇင်း တချို့မှာ ရေးဆွဲခဲ့ဖူးပါတယ်။ နောက်ပိုင်း အဆက်အသွယ် အရရော တခြားကိစ္စတွေကြောင့် ဆက် မလုပ်ဖြစ်တော့ဘူး။ နောက်ပိုင်းမှာ ပန်းချီကို ပိုပြီး အာရုံရောက်သွားတယ်။ ဒါပေမယ့် ကျနော့်ပန်းချီလက်ရာတွေထဲမှာ ကာတွန်းနဲ့ သရုပ်ဖော် ငွေ့အသက်တွေ ပါဝင်နေဆဲပါ” လို့ သူက ပြောပါတယ်။
သူဟာ ကာတွန်း၊ သရုပ်ဖော်တွေ အပြင် ဟာသ ဝတ္ထုတိုတချို့လည်း ရေးခဲ့သူပါ။ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ဖြစ်တဲ့ About Yangon (ရန်ကုန်အကြောင်း) ပန်းချီပြပွဲကို လောကနတ် ပြခန်းမှာ ၂၀၁၃ ခုနှစ် မတ် ၄ ကနေ ၉ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ My Yangon My Home အနုပညာ လှုပ်ရှားမှုမှာလည်း ဒုတိယ တကိုယ်တော် ပန်းချီပြပွဲကို ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။
သူဟာ ရခိုင်တိုင်းရင်းသား ပန်းချီဆရာတဦး ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ လို့ မေးကြည့်တော့ မောင်ခိုင်မာက –
“ကျနော့် အနေနဲ့ ပြောင်းချင်ယောင်ဆောင်နေဆဲပဲ လို့ မြင်ပါတယ်။ စောစောက ပြောခဲ့သလို ကျနော့် အနုပညာ ဖန်တီးမှု အပေါ်မှာတော့ သက်ရောက်မှု မရှိပေမယ့် လက်ရှိ ပြောင်းလဲမှုတွေက ပြောင်းချင်ယောင် ဆောင်နေဆဲပါပဲ၊ အကောင်းဆုံး အပြောင်းအလဲကိုတော့ ကျနော် တယောက်တည်းမှ မဟုတ်ဘူး၊ အားလုံးမျှော်လင့်နေတာပါ” လို့ ပြောပါတယ်။
အနုပညာသမား တဦးအတွက် ဘာအရေးအကြီးဆုံးလို့ ယူဆပါသလဲ လို့ သူ့ကို မေးဖြစ်ပါတယ်။ အရပ်မြင့်မြင့် အသားမဖြူမညို ပန်းချီမောင်ခိုင်မာက အေးဆေးတည်ငြိမ်စွာနဲ့ အခုလို ပြန်ပြောပြပါတယ်။
“ကျနော့် အနေနဲ့ အနုပညာသမား တယောက်ဟာ ဖန်တီးတဲ့ အခါ ကိုယ့်ဆီမှာ ရှိသလောက်နဲ့ ရိုးရိုးသားသား ဖန်တီးဖို့ လိုတယ်လို့ ယူဆပါတယ်။ ကိုယ့်ဆီမှာ အများကြီး မရှိဘဲနဲ့ အများကြီးရှိသလို ထင်ရအောင် လုပ်ပြတာမျိုး အနုပညာ သမား တယောက် အတွက် မဖြစ်သင့်ဘူးလေ။ တခုခု ပိုလွန်သွားရင် မကောင်းတော့ဘူး၊ ပျက်သွားပြီ လို့လည်း ခံယူထားပါတယ်” လို့ ပြောပြပါတယ်။
သူ ဆက်လက် လုပ်ဆောင်မယ့် အစီအစဉ် တချို့အကြောင်းကိုလည်း သူက အခုလို ပြောပြပါတယ်။
“နောက်ဆက်လုပ်သွားမယ့် စီးရီး အနေနဲ့ Figure တွေ ရေးဦးမယ်၊ Nude ပန်းချီတွေလည်း ရေးဦးမယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် အတွက် ရည်ရွယ်ရာ စိတ်ကူးက အရေးကြီးသလို အဲဒီစိတ်ကူးကို ရည်ရွယ်တဲ့ အတိုင်း ဖန်တီးယူဖို့ ကျတော့ ကျနော် သေချာအောင် ရှာဖွေရတယ်၊ ဆန်းစစ်ရတယ်။ ဒါကြောင့် အချိန်နည်းနည်း စောင့်ရတယ်”
သူဟာ တက္ကသိုလ် ပထမနှစ်တက်ရောက်စဉ် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ကိုယ့်ကိုယ်ကို မိတ်ဆက် ပြောခဲ့တုန်းက ပန်းချီဆရာ ဖြစ်ဖို့ထက် အနုပညာရှင် တဦးဖြစ်ဖို့ ရည်ရွယ်ပါတယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ အနုပညာရှင် မဖြစ်ရင် ဘာဖြစ်မယ် ထင်သလဲလို့ ထပ်ဆင့်မေးတဲ့ အခါ သူက –
“အဲဒီလို အနုပညာရှင် မဖြစ်ရင် ဘာဖြစ်မလဲ ဆိုပြီးတော့ မတွေးခဲ့ဖူးဘူး။ အနုပညာက ကျနော် လိုလားရာ ယုံကြည်ရာ ဖြစ်နေလို့ပါပဲ” လို့ ပြောပါတယ်။ ။
]]>
လွန်ခဲ့တဲ့ နှစ်တွေဆီက Hip Hop Show စင်မြင့်ထက်မှာ စကားလုံးကြမ်းကြမ်းတွေ ပါဝင်တဲ့ သီချင်းစာသားတွေ သီဆိုပြီး လူငယ်ပရိသတ် တော်တော်များများရဲ့ အားပေးမှုကို ရတဲ့ Rapper အဆိုရှင် တယောက်ရှိပါတယ်။ သူကတော့ “ငါသည်သာ ငါ့ပြိုင်ဘက်” နဲ့ “တိုင်းသိပြည်သိ” ဆိုတဲ့ တေးစီးရီး နှစ်ခု ထွက်ရှိထားတဲ့ အဆိုတော် ဂျောက်ဂျက်ပဲ ဖြစ်ပါတယ်။ တိုင်းသိပြည်သိ အခွေကတော့ Audio ထွက်ရှိထားပြီးတာ ကြာပြီ ဖြစ်ပေမယ့် DVD ကတော့ ဇူလိုင်လ ၁၈ ရက်နေ့၊ အချိန် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာမြင့်ပြီးမှ ထွက်ရှိမှာ ဖြစ်ပါတယ်။
အရင် စကားလုံးကြမ်းကြမ်းတွေနဲ့ သွေးဆူလွယ်တဲ့ တိုင်းသိပြည်သိ လူငယ်တယောက်ဖြစ်ခဲ့တဲ့ ဂျောက်ဂျက်က အခုချိန်မှာတော့ သူ့ရဲ့ အမြင်တွေ၊ စရိုက်တွေကို ပြောင်းလဲလိုက်ပြီ လို့ ဆိုပါတယ်။ အမြင်တွေ ပြောင်းလဲ သွားတဲ့ ဂျောက်ဂျက်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ဂျောက်ဂျက်ရဲ့ တိုင်းသိပြည်သိ DVD က အခုမှ ထွက်မှာဆိုတော့ တော်တော်ကြာနေပြီ၊ စောင့်နေခဲ့တဲ့ ပရိသတ် မျှော်ရကျိုး နပ်အောင် ဘာတွေ လုပ်ထားဖြစ်လဲ။
ဖြေ။ ။ ဘာတွေ လုပ်ထားလဲ ဆိုတာထက် ဘာတွေ လုပ်နိုင်တယ် ဆိုတာကိုပြောရမှာပါ။ ဒီအခွေမှာ ကျနော် လုပ်နိုင် သလောက် အကောင်းဆုံး လုပ်ထားပါတယ်။ ကျနော် လုပ်နိုင်သလောက် ဆိုတာကလည်း MTV တပုဒ် ရိုက်တော့မယ် ဆိုရင် မရိုက်ခင် ၁၀ ရက်၊ ၁၅ ရက်လောက် အလိုကတည်းက ကျနော် ခေါင်းတွေ ပူနေပြီ၊ အိုင်ဒီယာ ကိုလည်း ဆန်းသစ်ချင်တယ်၊ ဆန်းသစ်နေအောင်လည်း ကျနော်အမြဲတမ်း တွေးနေတယ်။ အဓိက ပရိသတ်ကလည်း ကျနော်တို့ အိုင်ဒီယာကို ကြည့်ချင်တာ၊ အားပေးချင်တာလေ။ အိုင်ဒီယာကို အားပေးတာဟာ ကျနော်တို့ကို အားပေးတာနဲ့ တူတူပါပဲ။ အခု ဒီအခွေမှာ အဓိက စိတ်ကူး ကောင်းကောင်းလေးနဲ့ ပရိသတ်ကို ချပြထားပါတယ်။
မေး။ ။ ဂျောက်ဂျက်က ဒီကာလအတွင်းမှာ သီချင်း အခွေသစ်လည်း မထွက်ဖြစ်တော့ ဘာတွေ လုပ်ဖြစ်နေတယ် ဆိုတာကို သိချင်ပါတယ်။
ဖြေ။ ။ ကျနော် ဒီ တိုင်းသိပြည်သိအခွေ Audio နဲ့ အခုထွက်မယ့် DVD က အချိန် နှစ်နှစ်ခွဲလောက် ကြာတယ် ပေါ့။ ဒီကြားထဲမှာ ကျနော် MTV ရိုက်နေရင်းနဲ့ သီချင်းတွေလည်း အများကြီး ဆိုဖြစ်ပါတယ်။ တတိယအခွေ လုပ်နေတယ်။ တတိယ အခွေကလည်း Ready နီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် Featuring ပိုင်းကို ကျနော် နည်းနည်း ထပ်ဖြည့်ချင်တာ နဲ့ လုပ်နေတယ်၊ ဒီအခွေကိုလည်း နောင်နှစ် မကူးခင် ထွက်ချင်နေပြီ၊ ဒီတတိယအခွေ အတွက်ကို MTV ရိုက်နေရင်း သီချင်းတွေ စုနေခဲ့တာပါ။
မေး။ ။ တတိယအခွေ အကြောင်းကိုရော ပြောပြပေးပါ။
ဖြေ။ ။ တတိယအခွေက ကျနော်တယောက်တည်း ဆိုထားတဲ့ သီချင်း ၇ ပုဒ်၊ ၈ ပုဒ်လောက် ပြီးနေပြီ၊ ကျန်တဲ့ Featuring ပိုင်းက ဘယ်သူတွေ ပါမလဲ၊ သီချင်းအသစ်တွေ ဘယ်နှပုဒ် ထပ်လုပ်ဖြစ်မလဲ ဆိုတာ မသေချာသေးတဲ့ အတွက် ဒီလောက်ပဲ ပြောပြလို့ ရဦးမယ်။ ဒါပေမယ့် နောက်သုံးလလောက် ဆိုရင်တော့ အခွေနဲ့ပတ်သတ်ပြီး အားလုံး ပြီးအောင်၊ ဒီနှစ်အတွင်း ထွက်နိုင်အောင် ကျနော် ကြိုးစားနေပါတယ်။
မေး။ ။ ရှေ့က နှစ်ခွေနဲ့ ယှဉ်ရင် အခု တတိယအခွေမှာ ဘယ်လို ပြောင်းလဲမှုမျိုးတွေ ပရိသတ်နားထောင်ရမလဲ။
ဖြေ။ ။ ရှေ့က နှစ်ခွေနဲ့ ဆိုရင် ကျနော် ဒီအခွေမှာ နည်းနည်း လူကြီးဆန်လာတဲ့ စကားလုံးတွေ ပါလာမယ်၊ ပြီးတော့ သီချင်းတွေက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဒါတွေကို ကျနော်မြင်တဲ့ ဘက်ကနေ၊ အကောင်းဘက် ကနေ ရည်ညွန်းပြီးတော့ ရေးထားတဲ့ သီချင်းတွေ ပေါ့။ ကျနော်က ကျနော်ရေးတဲ့ သီချင်းတွေ အကုန်လုံးကို အရာ အားလုံးနဲ့ သက်ဆိုင်တယ် လို့ သတ်မှတ်ထားပါတယ်။
သီချင်းအသစ်တွေ ရေးဖို့၊ ဆိုဖို့ အတွက်ဆိုရင် နောက်ပိုင်းမှာ ကျနော် ကောင်းတဲ့ အမြင်ဘက်ကနေ ရေးဖို့၊ ဆိုဖို့ကိုပဲ တွေးတော့တယ်။ အခု တတိယအခွေမှာ အကောင်းမြင်တဲ့ ဘက်ကနေ ဆိုထားတဲ့ သရော်ထားတာ မျိုးတွေပါမယ်။ နိုင်ငံရေး နည်းနည်း ဆန်တာမျိုးတွေလည်း ပါမယ်။ လူမျိုးရေး အတွက် သက်ရောက်မှု လေးတွေလည်း နည်းနည်း ပါတဲ့ သီချင်းလေးတွေ ပါနိုင်ပါတယ်။ ပဋိပက္ခ ဖြစ်တာကို အပြုသဘောနဲ့ သရော်တာမျိုးတွေလည်း ပါနိုင်ပါတယ်။
မေး။ ။ ခပ်ကြမ်းကြမ်း စာသားတွေနဲ့ သီချင်းတွေ ဆိုတတ်တဲ့ ဂျောက်ဂျက်က အကောင်းမြင်တဲ့ဘက်ကနေ ပြောင်းလဲ ရေးသားနေပြီ ဆိုတော့ ဘယ်လိုကြောင့် ဒီလိုအမြင်ပြောင်းလဲ သွားတာလဲ။
ဖြေ။ ။ အဲဒါကလည်း နှစ်တွေကြောင့် လို့ပဲ ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် မနှစ်ကအထိ ဒီစိတ်ကို ကျနော် အပြည့်အဝ မရသေးဘူး။ ကျနော့်အဖေ ဆုံးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဆီကို ရောက်လာခဲ့တဲ့ အတွေးတွေပေါ့ နော်။ အဖေ မရှိတော့တဲ့ အချိန်မှာ ကျနော် လဲကျမလိုကို ဖြစ်သွားတာ။ လူက ဘာမှ မလုပ်ချင်တော့ဘူး ဖြစ်သွားတာ။ အဲဒီ အချိန်မှာ အိမ်က လူတွေကို ပြန်ကြည့်ပြီးတော့ ငါထကို ထမှရမယ် ဆိုပြီး ပြန်ထလာတာ။ အဲဒီ အတွေးနဲ့ အလုပ်တွေ တောက်လျှောက် ပြန်လုပ်လာခဲ့တာ ဒီနှစ်အတွင်းမှာ ကျနော်အလုပ်တွေ အများကြီး ပြန်လုပ် လာနိုင်တယ် ပေါ့။
မေး။ ။ ဒါဆို အဖေက ဂျောက်ဂျက်အတွက် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့လဲ။
ဖြေ။ ။ ဘယ်လိုဖြစ်လဲ ဆိုရင် အဓိက အိမ်တအိမ်ရဲ့ ခေါင်မိုးတခု လွင့်ထွက်သွားသလို ဖြစ်သွားတာပေါ့။ တအိမ်လုံး ဖရိုဖရဲကို ဖြစ်သွားတာလေ။
မေး။ ။ ဂျောက်ဂျက်က အကောင်းမြင်တဲ့ ဘက်က ရေးတဲ့ စာသားတွေပဲ ရေးတော့မယ် ဆိုတော့ ဘယ်လို စာသားမျိုးကို ဆိုလိုချင်တာ လဲ။
ဖြေ။ ။ ဥပမာ ပြောရရင် ကျနော်က ရန်ပွဲတခုကို မြင်နေမယ်၊ အဲဒီရန်ပွဲကို ဘေးကနေ ကြည့်နေရင်း ကျနော်က ဝိုင်းပြီး ပြောနေကြတဲ့ သူတွေထဲမှာ အဆိုးပြောတဲ့ လူတယောက် မဟုတ်ဘူး။ အကောင်းဘက်ကနေ ဝင်ပြီးပြောတဲ့ လူတယောက် အနေနဲ့ပေါ့။ အဲဒီလို အမြင်နဲ့ သီချင်းတွေ ရေးဖြစ်တော့မယ် ပေါ့။ ကျနော့် အတွေးထဲမှာ အဲဒါလေး တွေကပဲ နောက်ပိုင်းမှာ အသာစီး ရလာတာပေါ့ နော်။ ဆိုလိုတာက ကျနော်ပြောလိုက်လို့ တခုခုကောင်းလာမယ့် အရာမျိုးတွေ ကိုပဲ ရွေးပြီး ကျနော်ဆိုဖြစ်တော့မှာ ပါ။
မေး။ ။ အဲဒါက ကိုယ်က ပြောင်းလဲပြီး မြင်လိုက်လို့ လား၊ ဘာကြောင့် အဲဒီလိုမြင်လာတာလဲ။
ဖြေ။ ။ ကျနော် ပြောင်းလဲပြီး မြင်လိုက်တာတော့ မဟုတ်ဘူး။ သူ့ဘာသာ ပြောင်းလဲပြီး မြင်လာတာလို့ ကျနော် ထင်တယ်။ ငယ်ငယ်တုန်းက ဆိုရင် ဘာမှ မဟုတ်တဲ့ အရာတွေနဲ့ ဒေါသက အရမ်းထွက်တယ်။ ကားမောင်းတာက အစပေါ့။ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ အဲဒီဒေါသက ကိုယ့်ဘာသာကိုယ် အရင်ပူလောင် လာတာကို တွေ့ရတယ်။ ကျနော့်မှာ အကျင့်တခုက ဒေါသထွက်ရင် လုပ်နေတဲ့ အဲဒီအလုပ်ကို ဆက်လုပ်လို့ မရတော့ဘူး လေ။ အဲဒီတော့ ဒေါသထွက်ရင် ကိုယ့်ကိုယ်ကို အရင်ထိခိုက်လာတယ်။ ဒါကြောင့် အဲဒီဒေါသကို ကျနော့် ခန္ဓာကိုယ် အထဲကို အဝင်မခံတော့ဘူး။ စိတ်ထဲကိုလည်း အရောက်မခံတော့ဘူး။ ကိုယ့်ကို လုပ်လာရင်လည်း မသိချင်ယောင် ဆောင်လိုက်တော့တယ်။ သြော် ထားလိုက်ပါတော့မယ်လေ ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။ အဓိက ကိုယ့်အလုပ်ကို ပြီးအောင်လုပ်ချင်လာတဲ့ စိတ်တွေ ဖြစ်လာတာပဲ။ နောက်ပြီး ကိုယ့်ကို ပူလောင်စေတဲ့ အပူတွေကို မယူတော့တာ။
မေး။ ။ ဒါဆို အရင်တုန်းက ဒေါသ ထွက်လွယ်တာကြောင့် ကိုယ့်ကို ပြန်ထိခိုက်စေတဲ့ အကြောင်းအရာတွေ ရှိခဲ့မှာ ပေါ့။
ဖြေ။ ။ ပြဿနာတွေ ကတော့ အများကြီးပဲ၊ အကြီးရော၊ အသေးရောပေါ့။ ဖြစ်ကို ဖြစ်ခဲ့တယ်။ ဒေါသကြောင့် ခဏခဏလည်း ဖြစ်ခဲ့တယ်။ ငယ်တဲ့ အချိန်တုန်းက ကိုယ့်စိတ်ကိုယ် မနိုင်လို့ ဖြစ်ခဲ့တာပေါ့။ လမ်းမပေါ်မှာ ကျနော်တို့ အုပ်စုလိုက် ရန်တွေ ဖြစ်ခဲ့ကြတယ်။ လူသိရှင်ကြားလည်း အွန်လိုင်းပေါ်မှာ မိုက်ရိုင်းတယ်ဆိုပြီး ဆိုးသွမ်း လူငယ်အဖြစ်နဲ့လည်း လူတွေ အမြင်မှာ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ် ဆိုတဲ့စိတ် တခုထဲပဲ ရှိခဲ့တာကိုး။ ကျန်တာ မသိခဲ့ဘူး။
ဒါပေမယ့် နှစ်တွေကြာလာခဲ့တဲ့ အခါ ကိုယ့်ဘက်က မှန်တိုင်းလည်း နေရတကာ ဝင်ပါပြီး အရိုင်းအစိုင်း ဖြစ်စရာ မလိုဘူး ဆိုတာ မြင်လာတယ်။ တချို့နေရာတွေက ပေါက်ကွဲပြဖို့ မလိုဘူး။ တချို့အရာတွေက အေးအေးဆေးဆေးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလို့ အားလုံး အဆင်ပြေသွား နိုင်တာပဲ ဆိုတာကို ကျနော် နားလည်လာတယ်။ အဲဒါတွေ ကြောင့်လည်း ပါပါတယ်။
မေး။ ။ ဒါဆို အခုရင့်ကျက်လာတဲ့ ဂျောက်ဂျက်က အခုခေတ် လူူငယ်တွေ အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ ယှဉ်ပြီး တခုခုပြောပြချင်တာ ရှိမလား။
ဖြေ။ ။ ကျနော်တို့် သွေးဆူခဲ့တဲ့ အချိန်တုန်းက ကျနော်တို့မှာ ကံဆိုးတာ တခုက ကျနော်တို့မှာ Facebook မရှိခဲ့ ဘူး။ နောက်ပြီး ကျနော်တို့တုန်းက MTV တပုဒ် ကြည့်ရဖို့လည်း မလွယ်ဘူး။ ကြည့်ရရင်လည်း အဆိုတော် တယောက်ကို နှစ်ပုဒ်လောက်၊ သီချင်းခွေ DVD ၊ MTV ကလည်း သူငယ်ချင်းတွေဆီက ယူလာရတာ၊ အဲလို တခွေတခွေ ရဖို့ အတွက်ကလည်း တခါတလေ ကျရင် အချိန်နှစ်လ၊ သုံးလလောက်လည်း ကြာရင်ကြာတယ်။ အချိန် တနှစ် လောက်လည်း ကြာရင်ကြာတယ်။ လူက အဲဒီအချိန်မှာ အရမ်းဆာလောင် နေတာကိုး။ ဒါပေမယ့် ပြည့်စုံစွာနဲ့ ကိုယ့်ဆီ ရောက်မလာဘူး။ ကိုယ်ကပဲ လိုက်ရှာရတာ။
ဒီဘက်ခေတ် လူငယ်တွေကို မြင်နေရတာကျတော့ ဒါဟာ အပြစ်ပြောတာ မဟုတ်ပါဘူး၊ ကျနော်တို့ အလှည့်တုန်းက လိုချင်ရင် အဲဒီ အရာဆီ မရ ရအောင်သွားခဲ့ရတာ။ ဒီဘက်ခေတ် လူငယ်တွေကျတော့ နည်းနည်းပေါ့လျော့ နေကြ သလို ပဲ။ ဒါ ကျနော်မြင်မိတာလေး ပြောပြတာပါ။ သူများ ကြိုက်တယ် ဆိုရင် လိုက်ကြိုက်ကြတယ်။ ဒါပေမယ့် တကယ်တမ်း ရင်ထဲက နှစ်နှစ်ကာကာ မဟုတ်ကြပြန်ဘူး။ အဲဒါလေး မှားနေတယ်။ ကျနော်လည်း ဆရာကြီး မဟုတ်ပါဘူး၊ ဘဝအကြောင်းကိုလည်း အရမ်းနားလည် တတ်သိတဲ့ လူတယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လူငယ်တွေကို ကျနော့် အမြင်လေးနဲ့ ပြောရမယ် ဆိုရင်တော့ ကိုယ်ရူးသွပ်တဲ့ အရာတခုကို တစိုက်မတ်မတ်နဲ့ အားရပါးရ လုပ်ချလိုက်၊ ဒါဆို အောင်မြင်ပါလိမ့်မယ်။
မေး။ ။ ဂျောက်ဂျက်ရဲ့ ပြောင်းလဲမှုက လူတွေက ကိုယ့်ကို လူဆိုး၊ ရိုင်းတဲ့ လူငယ်တယောက်အဖြစ် မမြင်စေလို တော့တဲ့ အတွက်ကြောင့်ရော ပါမလား။
ဖြေ။ ။ သူများတွေက ကိုယ့်ကို အကောင်းမြင်စေချင်လို့ ပြောင်းလဲ လိုက်တာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူး။ တခါတလေ ကျရင်လည်း လူတွေ ကိုယ့်ကို အမြင်ကပ်တာလည်း လိုချင်တယ်။ အဲဒီ အတွက်ကြောင့် ဘုဘောက် သီချင်းတွေ ဆိုခဲ့တယ်။ ကျနော်တို့ိ စိတ်ထဲမှာ ရှိတယ်။ လူအမြင်ကပ်အောင် ငါတို့ လုပ်ကြမယ် ပေါ့။ အဲဒီလိုက စိတ်ထဲမှာ ရှိနေတာ။ လူငယ် အချင်းချင်းတောင်မှ တခါတလေကျရင် ကိုယ်ကြည်တဲ့သူရှိတယ်၊ တခါတလေ ကျရင် ကိုယ်မကြည်တဲ့သူ ရှိတယ်။ ကိုယ်မကြည်တဲ့သူက ကိုယ့်ကိုလာကြည့်ရင် ကိုယ်က မကြိုက်ဘူး လေ။ အဲဒီလို စိတ်ကလေးက အနည်းငယ် ရှိတော့လေ ကြီးလာတဲ့အခါ အဲဒီစိတ်တွေက ဘာမှ မဟုတ်တော့ဘူး ဆိုတာ သိလာရတဲ့ အချိန်မှာ ကိုယ့်ရင်ထဲက ကိုယ့်ဘာသာ ခံစားမိတဲ့ အရာတွေက ပြောင်းလဲသွားတယ်။ ဒါတွေက ကျနော် ခံစားမိတဲ့ အရာတွေပေါ့။ မှန်လိုပဲ နေတော့တယ်။ မျက်နှာကို အမြဲပြုံးပြထားတယ်။ ကိုယ့်မျက်နှာက အမြဲပြုံး ပြနေတော့ ဟိုဘက်က လာတဲ့ Respond ကလည်း ပြန်ပြုံးပြတာ များတယ်။ ဟိုဘက်က ပြုံးပြတာကို ဒီဘက်က ထိုင်မဲ့ နေတဲ့ လူစားမျိုးထဲမှာ ကျနော် မပါချင် တော့ဘူး။ နောက်တခုက အဲဒီလို အသက်အရွယ်မျိုးက အခြေအနေ တခုကနေ ရုန်းထွက် ချင်လာမှန်းကျနော် ကောင်းကောင်းသိသွားပြီ။
မေး။ ။ ဒါဆို ကိုယ့်အရင်က သူများကို ဖောင်းထုပြီး ရေးခဲ့တဲ့ သီချင်းတွေ၊ စာသားတွေ အတွက် နောင်တ ရမိတာမျိုးရော ဖြစ်မိသေးလား။
ဖြေ။ ။ အင်း … အဲဒါတွေထက် စာရင် ကျနော်လုပ်ခဲ့တဲ့ အရာတွေ အတွက် နောင်တရတာလား၊ မရတာလား ဆိုရင် အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ Feel အတွက် ရေးခဲ့တဲ့ သီချင်းတွေ အပေါ်ကိုတော့ ကျနော် နောင်တ မရခဲ့ဘူး။ ဘာလို့ နောင်တမရဘူးလဲ ဆိုတော့ တချို့တချို့ထင်နေကြတာတွေက အကုန်မှားနေတယ်။ ကျနော် မဖြေရှင်းခဲ့တဲ့ နှစ်တွေ အများကြီး ရှိတယ်။ ဘာလို့မဖြေရှင်းလဲ ဆိုတော့ ဖြေရှင်းလိုက်ရင် လျှော်တယ် ဆိုပြီး ဖြစ်မှာစိုးလို့ မဖြေရှင်း လိုက်တဲ့ အရာတွေပါ။ ကျနော် မိဘကို ပုတ်ခတ်ပြီး ဆိုထားတယ်ဆိုတဲ့ သီချင်းတွေ၊ ကျနော်က ကိုယ့်မိဘကို ရေးပါတယ် ဆိုပြီး တခါမှ ပါးစပ်မှ ထုတ်ပြောခဲ့တဲ့သူ တယောက် မဟုတ်ဘူး။ လူတွေအကုန်လုံးက ကိုယ့်အကြောင်း ကိုယ် ရေးခဲ့တာ၊ ကျနော်က ကျနော့်မိဘကို ရေးတယ်၊ ဆိုတယ် လို့ပဲ ထင်နေခဲ့ကြတယ်။ လူတွေ အဲဒီလိုထင်သွားလို့ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို သီချင်းတပုဒ်ရေးပြီး ကျနော် ပြန်ဆိုခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါတွေကို လူတွေက စိတ် မဝင်စား ကြတော့ဘူး။ သူတို့က အဆိုးကိုပဲ စိတ်ဝင်စားကြတော့တယ်။ အဲဒီတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း ဒီကိစ္စကို မရှင်းတော့ဘူး။ ရှင်းလေ ရှုပ်လေဆိုတာ သိလာတယ်။ အခုမှသာ အကြောင်းအရာ တိုက်ဆိုင်လို့ ကျနော် ပြောပြဖြစ်တာ ပါ။ လူတွေက ကျနော်တို့ကို သိတယ်ဆိုတာ တကယ် မသိပါဘူး။ ကျနော်တို့ ရင်ထဲထိ ရောက်အောင် ဘယ်သူမှ မသိပါဘူး။
မေး။ ။ ဒါဆို လူတွေကို ဂျောက်ဂျက်ရင်ထဲက အကြောင်းအမှန်ကို ပြောပြဖို့ လိုတယ် မထင်ဘူးလား။
ဖြေ။ ။ လူတွေသိအောင်က ကျနော်တို့က သီချင်းတွေထဲမှာ အခေါက်ပေါင်းများစွာ ပြောပြခဲ့တယ်။ သိတဲ့သူတွေ သိတယ်၊ မသိတဲ့သူတွေ မသိကြဘူး။ ဒါပေမယ့် သိတာ မသိတာထက် ကိုယ်ပြောခဲ့တဲ့ ကိုယ့်စိတ် အနေအထားက အကောင်းဘက်ကို သွားနေတဲ့ အတွက် လူတွေ လက်ခံဖို့ ကြိုးစားနေတဲ့ အနေအထားပေါ့၊ အခု အချိန်ကတော့။
မေး။ ။ အခုလောလောဆယ် ဂျောက်ဂျက်ရဲ့ Lifestyle ကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ အခုက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတယ်။ ကိုယ့်အလုပ်ကို ကိုယ်ကောင်းကောင်းလုပ်တယ်။ မိသားစုကို အိမ်မှာ ဦးဆောင်တယ်။ အိမ်ရဲ့ စီးပွားရေး အတွက် အမြဲတမ်း စဉ်းစားပေးတယ်။ ကိုယ့်ရဲ့ အနုပညာပိုင်း အတွက်လည်း စဉ်းစားတယ်။ ပြီးတော့ ခရီးတွေ သွားတယ်။ သီချင်းတွေ ဆိုတယ်။ ဒါပါပဲ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။
မေး။ ။ ဂျောက်ဂျက် ညီမလေး က မြန်မာနိုင်ငံရဲ့ တိုက်ကွမ်ဒို လက်ရွေးစင်လို့ သိရတယ်။ သူ့အပေါ် အစ်ကို တယောက် အနေနဲ့ ဂုဏ်ယူမှုအပိုင်းကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒီမှာ ဆီးဂိမ်းလုပ်တဲ့နှစ်က မှတ်မှတ်ရရပါပဲ၊ ကျနော်လည်း ဆီးဂိမ်းမှာသီချင်း ဆိုရတယ်။ အဆိုတော်တွေ အုပ်စုလိုက်ကြီးနဲ့ အရှေ့တောင်အာရှ သူရဲကောင်းများ ဆိုတဲ့ သီချင်းကို MTV ရိုက်တယ် လေ။ အဲဒီ နှစ်မှာပဲ ကျနော်ညီမလေးလည်း ရွှေတံဆိပ်ကို ရခဲ့တယ်။ အဲဒီတုန်းက ခံစားချက်က ဘယ်လို ပြောရမလဲ၊ ပျော်တာကို မပျော်ပြတတ်ဘူး။ အဲဒီနေ့ တနေကုန် အူမြူးနေတာလေ။ ဝမ်းလည်း ဝမ်းသာတယ်။ ပိတီ ဖြစ်တယ်ပဲ ပြောမလားပေါ့။ အူမြူးနေတာတော့ မှတ်မိတယ်။ ဒါကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်တဲ့ Feel ပေါ့။ မိသားစုမှာ နှစ်ယောက်လုံး တပြိုင်နက် ဆီးဂိမ်းမှာ ပါခဲ့တဲ့ အမှတ်တရ လေးပေါ့။ ဒါဟာ သူများအတွက် သေးသေးလေး ဖြစ်ချင်ဖြစ်မယ်၊ ကျနော့် အတွက်၊ ကျနော့် မိသားစု အတွက်ကတော့ ဒါက အမှတ်တရအကြီးကြီးပါပဲ။
မေး။ ။ ဂျောက်ဂျက် လူတွေအပေါ်၊ ပတ်ဝန်းကျင်အပေါ် အမြင်တွေ ပြောင်းလိုက်ပြီ၊ လူတွေကရော ဂျောက်ဂျက် အပေါ်ကို ဘယ်လို အမြင်နဲ့များ ပြန်ပြီး မြင်စေချင်လဲ။
ဖြေ။ ။ အင်း … ဘယ်လိုမှ မမြင်စေချင်ပါဘူး။ ကျနော့်ကို မြင်နေတဲ့ အတိုင်းလေးပဲ ဆက်မြင်ပါ။ ။
]]>