Thursday, April 25, 2024
37 °c
Yangon

လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်

ဧရာဝတီသတင်းဌာနကို ပံ့ပိုးပါ https://bit.ly/3btQYpR

လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ဖရိုဖရဲဖြစ်နေပြီး မတည်ငြိမ်မှုများ တိုးပွားလာကာ ပြည်တွင်းစစ် အခြေအနေလည်း ပိုမိုဆိုးရွားလာသည်။ ဧရာဝတီသတင်းဌာနအနေဖြင့် မိမိတို့သည် နေ့စဉ် သတင်းထူးများ၊ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ချက်များ၊ အယ်ဒီတာ့အာဘော်များသာမက သတင်းဗီဒီယိုများနှင့် ဓာတ်ပုံများကိုပါ တင်ဆက်နိုင်ရန် တပတ်လျှင် ၇ ရက်၊ တရက်လျှင် ၂၄ နာရီ မနားမနေ လုပ်ကိုင်နေပါသည်။

မိမိတို့၏ အရည်အသွေးမီ (အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့်) သတင်းများနှင့် အကြောင်းအရာများကို ဧရာဝတီသတင်းဌာန၏ ပလက်ဖောင်းအသီးသီးတွင် ပြည်သူများ အခမဲ့ လွတ်လပ်စွာ လေ့လာကြည့်ရှုနိုင်ပါသည်။

လွတ်လပ်သော သတင်းလုပ်ငန်းမှတဆင့် ဧရာဝတီသတင်းဌာနသည် မြန်မာပြည်သူများ၏ သဘောထားအမြင်ကို ရှေ့တန်းတင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါသည်။ မိမိတို့သည် ပြည်တွင်းနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း ဖြစ်ရပ်များကို စေ့ငုစွာ သတင်းဖော်ပြရန်သာမက ထိုဖြစ်ရပ်များ၏ အကျိုးဆက်များနှင့်
၎င်းတို့ကြောင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများကိုပါ ပြည်သူများ နားလည်စေရန် အခိုင်အမာ ဆုံးဖြတ်ထားပါသည်။

ဧရာဝတီသတင်းဌာနသည် မြန်မာ့ရေးရာများအား သစ္စာရှိစွာ ဖော်ပြသည့် နှစ်ပေါင်း ၃၀ ကြာ အစဉ်အလာကို ကာကွယ်စောင့်ရှောက် ဆက်လက်တည်ဆောက်ရန် ရည်မှန်းထားပါသည်။ ထိုသို့လုပ်ဆောင်ရန် မိမိတို့ ပြည်သူများ၏ ထောက်ခံပံ့ပိုးမှု လိုအပ်ပါသည်။

မိမိတို့ သတင်းလုပ်ငန်းသည် မြန်မာပြည်တွင်း အခြေအနေအရ ကြော်ငြာလုပ်ငန်းတခုတည်းကို အမှီပြုခြင်းဖြင့် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်သောကြောင့် မိမိတို့၏ သစ္စာရှိသော စာဖတ်သူများအနေဖြင့် ဧရာဝတီသတင်းဌာနကို ငွေကြေးလှူဒါန်းမှုများဖြင့် ပံ့ပိုးရန် ဆက်လက် မေတ္တာရပ်ခံပါသည်။

စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။

မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံမှ သတင်းသမားများနှင့် သတင်းထောက်များသည် ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်အားပေးရင်း စိန်ခေါ်မှုများနှင့် အန္တရာယ်များသာမက အသက်အန္တရာယ် ခြိမ်းခြောက်မှုများကိုပါ ရင်ဆိုင်နေရပါသည်။

ဆုရသတင်းသမားများနှင့် လေ့ကျင့်ပေးထားသည့် အခြားပညာရှင်များဖြင့် လုပ်ကိုင်နေသည့် ဧရာဝတီ သတင်းဌာန၏ သတင်းခန်းသည် မြန်မာနှင့် အရှေ့တောင်အာရှကို ပုံဖော်ပေးနေသော ပြဿနာများကို တင်ပြဖော်ပြရန်နှင့်တရားမဝင် စစ်ကောင်စီတခုအောက်မှ မကြုံစဖူးထူးကဲသော ခေတ်ကာလအတွင်း မြန်မာနိုင်ငံ တွေ့ကြုံခံစားနေရသည်များကို သမိုင်းမှတ်တမ်းတင်ရန် ဆုံးဖြတ်ထားပါသည်။

အရည်အသွေးမီပြီး ထိရောက်သော သတင်းများကို နေ့စဉ်ပေးနိုင်ရေးအတွက် မိမိတို့ကို ကူညီရန် စာဖတ်သူများ၏ အဖိုးမဖြတ်နိုင်သော ပံ့ပိုးမှုကို
မိမိတို့ အလေးထားပါသည်။ စာဖတ်သူများ ယခင်ရော ယခုတိုင်ပေးနေသည့် ပံ့ပိုးမှုများ အားလုံးအတွက်လည်း မိမိတို့က စာဖတ်သူများကို လေးစားစွာ ကျေးဇူးတင်ပါသည်။

အမေရိကန်ပြည်ထောင်စုမှ အလှူရှင်များသည် ဧရာဝတီသတင်းဌာနသို့ မိမိတို့၏ မိတ်ဖက်ဖြစ်သည့် 501(C)3 အကျိုးအမြတ် မယူသော အဖွဲ့အစည်းမှ တဆင့်
လှူဒါန်းနိုင်ပါသည်။ ထိုသို့သော လှူဒါန်းမှုများအတွက် အခွန်လျှော့ပေါ့ပေးဆောင်နိုင်ပါသည်။

ဧရာဝတီသတင်းဌာနကို ပံ့ပိုးပါ https://bit.ly/3btQYpR

ကျေးဇူးတင်ပါသည်။