• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်

by မင်းအောင်ခိုင်
9 September 2020
in Election 2020
A A
စစ်တွေမြို့အတွင်းရှိ နိုင်ငံရေးပါတီတချို့ကို တွေ့ရစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေမြို့အတွင်းရှိ နိုင်ငံရေးပါတီတချို့ကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အနေဖြင့် ကိုဗစ်ကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ မလုပ်နိုင်ကြောင်း နိုင်ငံရေးပါတီ အသီးသီးထံက သိရသည်။

နိုင်ငံရေး ပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ ထပ်မံ ထုတ်ပြန်မည့် အမိန့်နှင့် ညွှန်ကြားချက်များ ရွေးကောက်ပွဲကာလ အတွင်း COVID -19 ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်၍ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လတ်တလောတွင် ထုတ်ပြန်ထားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
919
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
194
ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
90

ထို ထုတ်ပြန်ချက်တွင် နေအိမ်အတွင်း လိုအပ်သော Stay at Home အစီအစဉ် သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည် နယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ဒေသများအတွင်း လှည့်လည် မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အအုံများ အတွင်း မဲဆွယ်စည်းရုံခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ် စည်းရုံးခြင်းများကို လုံးဝ (လုံးဝ ) ဆောင်ရွက်ခြင်း မပြုရဟု လည်း ဖော်ပြထားသည်။

ရခိုင့် ဦးဆောင်ပါတီ (AFP) မှ ဒုဥက္ကဋ္ဌ၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦး က ရခိုင် တပြည်နယ်လုံး အနေဖြင့် လက်ရှိ အခြေအနေတွင် Stay at Home သတ်မှတ်ထားသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်အတိုင်းဆိုပါက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်နိုင်တော့မည် မဟုတ်ကြောင်း ပြောသည်။

၎င်းက “တနေ့က ထုတ်တဲ့ ကန့်သတ်ချက်တွေက ဘာမှမလုပ်နဲ့ဆိုတဲ့ သဘောပဲ၊ လုပ်လို့ရတဲ့ အင်တာနက်က တဆင့် ပြောလို့ရတယ် ဆိုပေမယ့် ကျနော်တို့ဆီမှာ အင်တာနက် 2G ဆိုတာ ဘာမှ သုံးလို့မရတဲ့ဟာတွေ၊ ဗီနိုင်းတွေဘာတွေ ထောင်လို့ပဲ ရမယ်။ ကျန်တာကို ဘာမှမလုပ်ဘဲ ထိုင်နေတယ်ဆိုတဲ့ သဘောပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ကာလ Stay at Home သတ်မှတ်ထားသော ရခိုင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ တင်းတင်း ကြပ်ကြပ် ကန့်သတ်ခံထားရသလို ဖြစ်နေသည့်အတွက် လက်ရှိအချိန်တွင် မဲဆွယ်စည်းရုံးရေး လုပ်နိုင်မည့် နည်းလမ်း များကိုသာ စဉ်းစားရမည်တော့မည် ဖြစ်ကြောင်း ဦးကျော်ဇောဦးက ဆက်လက် ပြောကြားသည်။

၎င်းက “ကျန်းမာရေး အရေးပေါ် အခြေအနေအရဆိုတော့ ဒါကလည်း အတိုင်းအတာ တခုထိပေါ့။ လိုအပ်သင့်သလောက် လိုအပ်တယ်။ အဲဒီလိုပဲ သုံးသပ်ရမှာပေါ့။ ဘာမှမလုပ်ဘဲ ဒီလိုထိုင်နေပါလို့ ပြောထားတဲ့ ကြားထဲက ဘာလုပ်ရမလဲဆိုတာ ဉာဏ်ကို လွှာပြီး စဉ်းစားရမှာပေါ့။ အဲဒါကို ကျနော်တို့ ဘာလုပ်မယ်လို့ ပြောလိုက်ရင် အဲဒါကိုပါ လိုက်ပိတ်မှာ စိုးရသေးတယ်” ဟု ဆိုသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ကိုဗစ်ကာလအတွင်း ကော်မရှင် ထုတ်ပြန်ထားသည့် မဲဆွယ် စည်းရုံးရေး စည်းကမ်းချက်များသည် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများအတွက် အကြပ် အတည်းနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း ပြောသည်။

ဦးမျိုးကျော်က “ဘယ်လို ဆောင်ရွက်မလဲ၊ သူတို့က လုံးဝကို ဆောင်ရွက်ခွင့် မပေးထားတော့ ငုပ်တုတ်ထိုင်နေရုံပဲ ရှိမှာ ပေါ့။ အင်တာနက်ရရင်တော့ အွန်လိုင်းကနေ ပြောရမှာပေါ။ အွန်လိုင်းပြောဖို့ကလည်း ရခိုင်ပြည်မှာက မြို့နယ်အများစုက အင်တာနက် ဖြတ်တောက်ထားတော့ တကယ့် အကြပ်အတည်းပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “အခု ဘာလုပ်နေတယ်ဆိုတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကိုတော့ နည်းနည်း ကူညီပေးနေတယ်။ အခွင့်အလမ်းကလည်း ဒီလောက်ပဲ ရှိတော့ ဒီလောက်ပဲ လုပ်နိုင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင် အမျိုးသားပါတီ (ANP) မှ နိုင်ငံရေး မူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကတော့ “ရခိုင်ပြည် နယ် Stay at Home ကြေညာထားတော့ ၁၇ မြို့နယ်ထဲမှာ မဲဆွယ်စည်းရုံးလို့ လုံး ဝ (လုံးဝ) လုပ်ခွင့်မရှိ ဆိုပြီးတော့ ကျနော်တို့ နားလည်ပါတယ်။ အဲဒီအတွက်နဲ့ ကျနော်တို့ကတော့ မဲဆွယ် စည်းရုံရေး ကာ လမှာ ဒီကြေညာအတိုင်းဆို လုံးဝ ပဲ မလုပ်ရဘူးလား။ ဒါမှမဟုတ် ဘယ်ပုံစံ ဘယ်နည်းနဲ့ လုပ်ရမလဲဆိုတာကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ သွားရောက်ပြီးတော့ တွေ့ဆုံမေးမြန်းသွားဖို့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

စစ်တွေမြို့အတွင်းရှိ နိုင်ငံရေးပါတီတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းအောင်ခိုင်/ဧရာဝတီ)

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် ကတော့ ကျန်မာရေး ကိစ္စအပါအဝင် ပြည်ထောင်စု ကော်မရှင်က ညွှန်ကြားချက်များ ဖြစ်သည့်အတွက် လက်ရှိ ထုတ်ပြန်ချက်အပေါ် ဖြေလျှော့၍ ရနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။

ဦးသူရိန်ထွဋ်က “ဒါပြည်ထောင်စု အဆင့်က ထုတ်တာ ဖြစ်တဲ့အတွက် ကျနော်တို့ ကော်မရှင်ကလည်း ပေးနိုင်ပါ မဟုတ် ဘူး။ မနေ့ကတော့ ရခိုင်အမျိုးသားပါတီကို ပြောလိုက်တယ်။ တကယ်လို့ သိပ်အခက်အခဲ ဖြစ် တယ်ဆိုရင်လည်း လုပ်ချင် တဲ့ ပုံစံရှိလို့ ရှိရင် အဲဒါလေးကို တင်လာခဲ့ပါ။ ကျနော်တို့က ပြည်ထောင်စု ကော်မရှင်ကို ဆက် တင်ပေးမယ်လို့ ပြောလိုက် တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၁၈ ပါတီ ရှိပြီး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၈၀ ဦး ရှိကြောင်းလည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ တောင်ကုတ် မဲဆန္ဒယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်၊ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်နီနီမေမြင့် က လက်ရှိ ကော်မရှင်က ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အတိုင်းဆိုလျှင် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ မည်သို့မျှ လုပ်ဆောင်၍ မရနိုင်သည့်အတွက် ကော် မရှင်က နည်းလမ်းတခုဖြင့် ဖြေလျှော့နိုင်ရန်ကို မျှော်လင့်မိကြောင်း ဆိုသည်။

ဒေါ်နီနီမေမြင့်က “ကျမတို့တို့ ကော်မရှင်ရဲ့ ညွှန်ကြားချက်၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့ အညီဆိုပြီး မနေ့ ကတော့ ကားနဲ့ လူ ၃၊ ၄ ယောက်နဲ့ ခွင့်ပြုချက်နဲ့အညီ ကိုယ်စားလှယ်လောင်း ဗီနိုင်းထောင်ပြီး လုပ်တာပေါ့။ နေ့လယ်ပိုင်း မှာ မြို့နယ် ကော်မရှင်က ပြန်ပြောပါလာတယ်။ ခဏ နားပါဦး၊ မနက်ဖြန် ထူးလို့ ရှိရင် ပြန်ပြောပါမယ်။ လောလောဆယ် Stay at Home ညွှန်ကြားထားတဲ့အတိုင်း နေရမယ်လို့ ပြောတယ်။ အဲဒါကြောင့် နားလိုက်ရတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ဆက်လက်၍ ၎င်းက “ညွှန်ကြားထားတယ် ဆိုတော့ မဲဆွယ်စည်းရုံးဖို့ကလည်း ကိုယ်တယောက်တည်း မဟုတ်ဘူး။ တခြား ပါတီတွေကလည်း ရှိတယ်ဆိုတော့။ ဒါပေမယ့် နည်းနည်းလေး ဖြေလျှော့မလား ဆိုပြီးတော့ မျှော်လင့်တယ်ပေါ့။ အဲဒီ ညွှန် ကြားချက်အတိုင်းဆိုရင်တော့ တခုမှ လုပ်လို့မရတဲ့ အနေအထား ရှိတယ်ပေါ့။ ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာ တခုကိုပဲ လုပ်လို့ ရမယ်။ ဒါပဲ ရှိတော့တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် အင်တာနက်လိုင်းများ ရရှိသော်လည်း မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့် မြို့နယ်များတွင် အစိုးရက လိုင်းပိတ်ထားသည့်အတွက် အင်တာနက် အသုံးပြု၍ မဲဆွယ်စည်းရုံး လုပ်ရန်လည်း မဖြစ်နိုင်တော့ပေ။

ယင်းပြင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံ၂ သိန်းကျော်မှာလည်း ထွက်ပြေးနေရပြီး စစ်ဘေးရှောင် ဘဝသို့ ရောက်ရှိနေသည့်အတွက် ရွေးကောက်ပွဲတွင် မဲထည့်နိုင်ရေးကို စဉ်းစားချိန်မရကြောင်း စစ်ဘေးရှောင် ပြည်သူများ က ပြောဆိုကြသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်နေသူ ကျောက်တန်း ကျေးရွာသူ မမိုးမိုးက “ကျမတို့ မဲစာရင်း ဘယ်မှာ ကပ်ထားလဲ၊ ဘယ်မှာ မဲထည့်ရမလဲ ဆိုတာ မသိဘူး။ ထမင်းနပ်မှန် စားသောက်နိုင်ဖို့ကိုပဲ လုံးပန်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ လယ်ယာလည်း မလုပ်နိုင်ဘူး။ ပစ္စည်းတွေလည်း အကုန် ဖျက်စီးခံလိုက်ရပြီး ကိုယ့်အသက် ရှင်ဖို့တခုက လွဲပြီး ကျန်တာ မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ကိုဗစ်ရောဂါ ကူးစက်မှု မြင့်မားနေသဖြင့် ရခိုင်တပြည်နယ်လုံးအား အစိုးရက Stay at Home ညွှန်ကြားထား သော်လည်း လက်ရှိအချိန်အထိ ရခိုင်ကျေးရွာများ ရွာလုံးကျွတ် မီးရှို့ခံရခြင်း၊ လက်နက်ကြီးကျ၍ သေကြေ ထိခိုက်ဒဏ် ရာ ရရှိမှုများ ရှိနေသည့်အတွက် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့၏ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ရန် ဒေသ ခံ ပြည်သူများက လိုးလားနေကြသည်။

You may also like these stories:

ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး

၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း

Your Thoughts …
Tags: နိုင်ငံရေးပါတီမဲဆွယ်စည်းရုံးရေးရခိုင်ပြည်နယ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက နေပြည်တော် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် အောင်လံထူအခမ်းအနားတွင် တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် / သီဟလွင် / ဧရာဝတီ

ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား

ကပ်ရောဂါကာလအတွင်း အမေရိကန်နိုင်ငံအနေနဲ့ ရက်သတ္တပတ် ၁ ပတ်ကို ဒေါ်လာ ၃ ဘီလီယံအထိ ဆုံးရှုံးနေရပါတယ်။

ဘီလီယံ ရာနဲ့ချီ အရှုံးပေါ်နိုင်တဲ့ အမေရိကန် ခရီးသွားလုပ်ငန်း

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • DOGE မှ နားပြီး အလှူရှင်ကြီး ဆက်လုပ်ရန် အီလွန်မတ်စ် ပြင်ဆင်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate