Election 2020

နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းရုပ်သံ ဆင်ဆာဖြတ်တောက်ခံရ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံပိုင် မီဒီယာများက ထုတ်လွှင့်ပေးမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲဆွယ်ဟောပြောခြင်း မိန့်ခွန်းတွင် ဆင်ဆာဖြတ်တောက်ခြင်းများ ရှိနေကြောင်း ဆင်ဆာဖြတ်တောက်ခံရသည့် နိုင်ငံရေးပါတီများထံမှသိရသည်။

လက်ရှိတွင် မိန့်ခွန်း ဆင်ဆာဖြတ်တောက်ခံရသည့် နိုင်ငံရေးပါတီ ၃ ပါတီရှိနေပြီး ၎င်းတို့မှာ ထားဝယ်တိုင်းရင်းသား များ ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) တို့ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။

နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်နေသည့် ကာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သည် နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအဝင် နိုင်ငံပိုင် သတင်းစာများမှ တဆင့် အများပြည်သူသို့ တင်ပြပေးလေ့ရှိသည်။

ယင်းသို့တင်ပြပေးရသည့် မိန့်ခွန်းများတွင် UEC ၏ မူဝါဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ UEC ဘက်က မိန့်ခွန်းပါ အကြောင်း အရာများကို ဆင်ဆာဖြတ်တောက်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆင်ဆာဖြတ်ခံရသည့် ထားဝယ်တိုင်းရင်းသား များပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးသူရိန်လှိုင်က ဧရာဝတီသို့ ပြောကြားသည်။

“ကျနော်တို့ မိန့်ခွန်းမှာ စာပိုဒ် ၃၂ ပိုဒ်ရှိတယ်။ အဲဒီမှာ ၈ ပိုဒ်ဖြုတ်တာပေါ့။ အဓိက က အကြောင်းအရာ ၂ ခုကိုဖြုတ်တယ်” ဟု ၎င်းက ဆိုသည်။

ဖြတ်တောက်ခံရသည့် ကိစ္စမှာ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် တနသာၤရီတိုင်းတွင် လျှပ်စစ်မီတာခ သည် ၁ ယူနစ်လျှင် ငွေကျပ် ၂၀၀ မှ အများဆုံး ငွေ ၁၀၀၀ ကျပ်အထိ ပေးဆောင်နေရသဖြင့် တန်းတူညီမျှမှုမရှိဟု မိန့် ခွန်းတွင် ရေးထားကြောင်း၊ ထို့ကြောင့် တနသာၤရီတိုင်းသည် ဒုတိယတန်းစား ဒေသလား၊ ဒုတိယတန်းစား လူမျိုးတွေ လား ဟု မိန့်ခွန်းတွင် မေးခွန်းထုတ်ထားပြီး အဆိုပါအချက်ကို ကော်မရှင်ဘက်က ဆင်ဆာဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသူရိန်လှိုင် က ပြောသည်။

“နောက်တခုက လူမျိုးကိစ္စ။ ထားဝယ်လူမျိုးတွေက မှတ်ပုံတင်မှာ ဗမာအဖြစ် မှတ်ပုံတင်ထားခံရတယ်ပေါ့။ ရသင့်ရထိုက် တဲ့ နိုင်ငံရေး အဆင့်အတန်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရဘူးပေါ့။ အဲဒါမျိုးကို ဖြုတ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ မိန့်ခွန်းတွင် ဆင်ဆာလုပ် ဖြတ်တောက်ခံလိုက်ရသဖြင့် ပြည်သူလူထုကို ပြောပြချင်သည့် မိန့်ခွန်း၏ အနှစ်သာရ သည်လည်း ပျောက်ဆုံးသွားရကြောင်း ဦးသူရိန်လှိုင်က ဆိုသည်။

ထိုသို့ မိန့်ခွန်းတွင် ဆင်ဆာလုပ် ဖြတ်တောက်ခံလိုက်ရသဖြင့် ပြည်သူလူထုကို ပြောပြချင်သည့် မိန့်ခွန်း၏ အနှစ်သာရ သည်လည်း ပျောက်ဆုံးသွားရကြောင်း ဦးသူရိန်လှိုင်က ဆိုသည်။

“ဥပမာ – ကျနော်တို့က အပယ်ခံဆိုတာမျိုး သုံးထားတာကို အခက်အခဲဆိုတာမျိုး ထည့်လိုက်တယ်ပေါ့။ စကားလုံး အနှစ် သာရက အများကြီးကွာတာပေါ့။ စကားလုံးတွေက အစလိုက်ပြင်ရမှာ။ နည်းနည်းတော့ ရယ်စရာကောင်းတာပေါ့ဗျာ။ အရင် စစ်အစိုးရခေတ်က စာပေစိစစ်ရေးက လိုက်ပြင်သလိုဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်တိုင်းရင်းသားများ ပါတီအနေနှင့် ဆင်ဆာဖြတ်တောက်ခံထားရသည့် ရုပ်သံနှင့် မိန့်ခွန်းကို နိုင်ငံပိုင် မီဒီယာမှ တဆင့် ထုတ်လွှင့် ခွင့်ပြုမည်ဖြစ်သော်လည်း မိန့်ခွန်းအပြည့်အစုံကို အများပြည်သူ သိရှိနိုင်ရန် လူမှုကွန်ရက်မှ တဆင့် လည်း တင်ပြသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

မိန့်ခွန်းဖြတ်တောက်ခံရသဖြင့် မိန့်ခွန်းပြောသည့် ရုပ်သံရိုက်ကူးခြင်းကို မဆောင်ရွက်တော့ဟု ကြေညာလိုက်သည့် နိုင်ငံရေးပါတီလည်းရှိပြီး အဆိုပါနိုင်ငံရေး ပါတီမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပင် ဖြစ်သည်။

ဆင်ဆာဖြတ်တောက်ခံရသည့် အထဲတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စ၊ ဧရာဝတီတိုင်း မအူပင် မြို့နယ်မှ မလက်တိုရွာ မြေယာအရေးကိစ္စ၊ မန္တလေးတိုင်း အောင်သပြေရွာမှ ရွာသားများနှင့် ဘိလပ်မြေစက်ရုံ တို့ ပဋိပက္ခဖြစ်သည့် အရေးကိစ္စများ ပါဝင်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပြသည်။

“ဒါက နိုင်ငံရေးပါတီတခုတောင် သူ့ရဲ့မူဝါဒ၊ ပါတီရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ပြောခွင့်မရှိဘူးဆိုရင် တိုင်းပြည် ထဲမှာ ရှိတဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်နဲ့ ပတ်သက်ရင် ဘာမှ အာမခံချက် မရှိဘူး ဆိုတဲ့ သဘောမျိုး ဖြစ်တာပေါ့”

“ဒါက နိုင်ငံရေးပါတီတခုတောင် သူ့ရဲ့မူဝါဒ၊ ပါတီရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ပြောခွင့်မရှိဘူးဆိုရင် တိုင်းပြည် ထဲမှာ ရှိတဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်နဲ့ ပတ်သက်ရင် ဘာမှ အာမခံချက် မရှိဘူး ဆိုတဲ့ သဘောမျိုး ဖြစ်တာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

မန္တလေးမြို့အခြေစိုက် တရားလွှတ်တော်ရှေ့နေတဦးဖြစ်သည့် ဦးသိန်းသန်းဦးကမူ နိုင်ငံရေးပါတီများ၏ မဲဆွယ် ဟောပြော သည့် မိန့်ခွန်းများသည် လူမျိုးရေး၊ ဘာသာရေး ဆူပူလှုံ့ဆော်ခြင်းနှင့် အမုန်းစကား ပြောဆိုခြင်းမဟုတ်ပါက ဖြတ်တောက် ခြင်း မပြုဘဲ လွတ်လပ်စွာဟောပြောခွင့် ပေးသင့်ကြောင်း မှတ်ချက်ပြုသည်။

“ကျနော်ကတော့ ရိုးရိုးသားသားပြောရရင် လူ့ဘောင်သစ်က ကိုအောင်မိုးဇော်ပြောတာ ယုံတယ်ဗျ။ သူပြောတာ ဟုတ်လိမ့် မယ်။ ပြဿနာရဲ့ အခြေအမြစ်က ရွေးကောက်ပွဲကော်မရှင်ပဲ။ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ၂၀၀၈ အခြေခံဥပဒေ ရဲ့ အားနည်းချက် ဖြစ်နေတယ်” ဟု ၎င်းက သုံးသပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲအနိုင်ရသည့် နိုင်ငံရေး ပါတီက အစိုးရ ဖြစ်လာပြီးနောက်တွင် အသစ်ပြန်လည် ခန့်အပ်ဖွဲ့စည်းရသည်။

ထိုသို့ ဖွဲ့စည်းရခြင်းသည်ပင် နိုင်ငံရေးပါတီအချို့ လက်ရှိကြုံနေရသည့် ဆင်ဆာဖြတ်တောက် ခံရခြင်းကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်း ဖြစ်နေကြောင်း ဦးသိန်းသန်းဦးက ထောက်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က မလွတ်လပ်ဘူး။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က မလွတ်လပ်ဘူး။ အာဏာရတဲ့သူက သူနဲ့အလျဉ်းသင့်တဲ့သူ ထည့်မှာပဲ။ နောင်ကို ဒီလို ပြဿနာ မဖြစ်ချင်ရင်တော့ ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက ကိုယ်နဲ့ လက်သင့် ရာ လူခေါ်ခန့်တာမလုပ်ဘဲ။ ဝန်ထမ်းတွေ ခေါ်ခန့်တာ မလုပ်ဘဲ။ နိုင်ငံရေးအရ ဂုဏ်သိက္ခာကြီးမားတဲ့သူတွေ၊ တရားသူကြီး တွေ၊ ဥပဒေပညာရှင်တွေ၊ တက္ကသိုလ်ဆရာတွေ အဲဒီလိုတွေနဲ့ ဖွဲ့စည်းသင့်ပါတယ်။ ဥပဒေကို ပြင်သင့်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

မည်သည့် အကြောင်းအရင်းများကြောင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို ဆင်ဆာဖြတ်တောက်နေရသည်ကို မေးမြန်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

သို့သော်လည်း မဲဆွယ်မိန့်ခွန်း ပြောကြားချက်များကို ရုပ်သံထုတ်လွှင့်ပေးနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကမူ နိုင်ငံရေးပါတီများ၏ မိန့်ခွန်းများအား ဆင်ဆာဖြတ်တောက်ခြင်း မရှိကြောင်း နိုင်ငံပိုင်သတင်းစာမှ တဆင့် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းမှာပင် ကြေညာချက်ထုတ်ထားသည်။

ကြေညာချက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံရေးပါတီများ၏ စည်းရုံးဟောပြောမှုများကို ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်နှင့်အညီ ရိုက်ကူးဆောင်ရွက် ပေးလျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ စည်းရုံး ဟောပြောခြင်းများကို တည်းဖြတ် ပြင်ဆင်ခြင်း လုံးဝ မပြုလုပ်ဟု ဆိုထားသည်။

You may also like these stories:

“ကိုဗစ်ရောဂါပိုး ပြင်းထန်နေချိန် ပြည်သူတွေ မဲထွက်ပေးရဲပါ့မလား”

မဲဆွယ်ဟောပြောခြင်းရုပ်သံ ရိုက်ကူးရန် အဆင်မပြေပါက UEC နှင့် ညှိနှိုင်းနိုင်

ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading