မြန်မာနိုင်ငံ၌ တကျော့ပြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန် လူစုလူဝေးဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ထောက် ခံလှည့်လည်ပွဲများ ပြုလုပ်နေများအပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
မန္တလေးမြို့ ဈေးချိုနာရီစင်ရှေ့ ကျောင်းသား ၃ ဦး ဆန္ဒပြမှုသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန် တမင်ပျက်ကွက်၍ လူစုလူဝေးဖြစ်အောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့သော်လည်း လူရာ၊ ထောင်ချီ ထောက်ခံလှည့်လည်ပွဲများကိုမူ တစုံတရာ အရေးယူခြင်း မရှိသည့်အပေါ်၌လည်း ထောက်ပြဝေဖန်လျက်ရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားသော်လည်း ကပ်ရောဂါကာလဖြစ်၍ Stay at Home မြို့နယ်များ၌ မဲဆွယ်စည်းရုံးခြင်း မပြုရန်၊ လူ ၅၀ ထက် ပို၍စုဝေးပြီး မပြုလုပ်ရန် ကန့်သတ်ထားပြီး ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရန်၊ တဦးနှင့်တဦး ခြောက်ပေ အ ကွာနေရန်၊ လက်ဆွဲမနှုတ်ဆက်ရန် စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းများကို လိုက်နာရန် ထုတ်ပြန်ထားသည်။
အဆိုပါ စည်းကမ်း၊ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် တိုင်းရင်းသားပါတီတချို့၏ ထောက်ခံသူများက ပါတီတံဆိပ်ပါ အင်္ကျီများ ဝတ်ဆင်ပြီး ပါတီအလံများ တပ် ဆင်ထားသည့် ဆိုင်ကယ်၊ သုံးဘီး၊ မော်တော်ယာဉ်များနှင့်အတူ လူရာထောင်ချီ အင်အားပြ လှည့်လည်ပွဲများကို မန္တလေး အပါအဝင် တခြားမြို့ကြီးတချို့၌ ပြုလုပ်နေခြင်း ဖြစ်သည်။
အမျိုးသမီးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူ နန်းဖြူဖြူလင်းက “လူဦးရေ ၅၀ ကို ကျော်နေတာ။ mask တွေ မေးစေ့မှာချိတ်၊ ၆ ပေမကွာဘဲ ကားတစီးတည်းမှာ ပြွတ်သိပ်ညပ်။ ဆိုင်ကယ်တစီးကိုလည်း ၃ ယောက်ခွစီး။ အဲဒါတွေကို ဘယ်သူကမှ အရေး မယူဘူးလား။ အမိန့်စာ ထုတ်ထားတဲ့အတိုင်း ဘယ်သူဖြစ်ဖြစ် တပြေးညီ ဥပဒေနဲ့ ဆောင်ရွက်ဖို့ လိုတယ်” ဟု ပြောသည်။
ထိုသို့ လူစုလူဝေးဖြင့် ရောင်စုံ ထောက်ခံလှည့်လည်ပွဲ ပြုလုပ်သူများအနေဖြင့် ကိုဗစ် တိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင် ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို အားနာသင့်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လည်း လက်ရှိအတိုင်း လွှတ်ထားမပေးရန် မေတ္တာရပ်ခံချင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
“ဝန်းရံတဲ့ လူထုရဲ့ ဆန္ဒကို တားမယ်ဆိုရင် ဆန့်ကျင်ဘက် ဖြစ်သွားမှာကိုး။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လောက်ပဲ ပြောနိုင်တော့တဲ့ အနေအထား ရှိတယ်။ Mask တွေ တပ်ကြပါ။ တယောက်နဲ့ တယောက် သိပ်ပြီး ပူးပူးကပ်ကပ် မနေပါနဲ့။ အဲဒီလောက်ပဲ ပြောနိုင်တာရှိ တော့တယ်။ ကိုယ့်ကို ဝန်းရံသူတွေကို ပြန်ပြီးတော့ အရေးယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”
NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က “ဝန်းရံတဲ့ လူထုရဲ့ ဆန္ဒကို တားမယ်ဆိုရင် ဆန့်ကျင်ဘက် ဖြစ်သွားမှာကိုး။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လောက်ပဲ ပြောနိုင်တော့တဲ့ အနေအထား ရှိတယ်။ Mask တွေ တပ်ကြပါ။ တယောက်နဲ့ တယောက် သိပ်ပြီး ပူးပူးကပ်ကပ် မနေပါနဲ့။ အဲဒီလောက်ပဲ ပြောနိုင်တာရှိ တော့တယ်။ ကိုယ့်ကို ဝန်းရံသူတွေကို ပြန်ပြီးတော့ အရေးယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဧရာဝတီသို့ မကြာသေးမီ ကပင် ပြောကြားထားသည်။
အင်အားပြ လှည့်လည်ပွဲ ပြုလုပ်သည့် မြို့နယ်များမှ ပါတီအသီးသီး၏ တာဝန်ရှိသူများက အဆိုပါ ပွဲများသည် ပါတီကို ချစ် ခင်သည့်၊ ထောက်ခံသည့်သူများက ၎င်းတို့ဆန္ဒအတိုင်း ဆောင်ရွက်နေကြခြင်းဖြစ်၍ တား၍မရဟု ဆိုကြသည်။
မကွေးမြို့ ဒေသခံ တဦးဖြစ်သူ ကိုသင့်ထက်က “၂၀၂၀ ရွေးကောက်ပွဲအတွက် ကျနော် မဲသွားပေးမှာပါ။ ဘယ်သူ့ကို ပေး မယ်ဆိုတာလည်း ဆုံးဖြတ်ပြီးသားပါ။ ကျနော်တို့ရဲ့ မဲတမဲအတွက် အရောင်စုံတဲ့ ခင်ဗျားတို့ရဲ့ပါတီတွေ ကျေးဇူးပြုပြီး လမ်းပေါ် မထွက်ကြပါနဲ့။ အင်အားမပြကြပါနဲ့။ တကယ့်ပြည်သူ စစ်စစ်တွေ အရမ်းနစ်နာလွန်းလို့ပါ” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက လည်း ကျန်းမာရေးသည် နိုင်ငံရေး မဲဆွယ်ခြင်းထက် ပိုမို အရေးပါကြောင်း၊ ရောဂါပိုးကူးစက်မှုကို တားဆီးရန် လူစုလူဝေး အားလုံး ရှောင်ရှားသင့်ကြောင်း သတိပေး ပြောဆိုထားသည်။
ရွေးကောက်ပွဲကာလ ယှဉ်ပြိုင်မှုများ ပြင်းထန်နိုင်သည် ဆိုသော်လည်း ကိုဗစ်ကာလဖြစ်၍ ပါတီတိုင်း၊ ကိုယ်စားလှယ် လောင်း တိုင်းက မဲဆန္ဒရှင်များ၏ ကျန်းမာရေးအတွက် အလေးထား စဉ်းစားသင့်ပြီး ထောက်ခံသူများက လှည့်လည် မည်ဆိုလျှင်လည်း ထိန်းကျောင်းပေးသင့်ကြောင်း၊ လူစုလူဝေး မဖြစ်စေမည့် မဲဆွယ်စည်းရုံးရေး ပုံစံများ ရှာဖွေ ဆောင်ရွက် သင့်ကြောင်း New Myanmar Foundation မှ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ထောက်ပြသည်။
UEC အနေဖြင့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု၊ သဘောထားရယူများ ပြုလုပ်ပြီး လက်တွေ့ကျသည့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ ချိုးဖောက်မှုများ ရှိလာလျှင်လည်း တည်ဆဲဥပဒေများဖြင့် သက်ဆိုင် ရာက ချက်ချင်းတုန့်ပြန်ဖြေရှင်းခြင်းမျိုး ပြုလုပ်သင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက အကြံပြုသည်။
“မြန်မြန်ဆန်ဆန်နဲ့ နမူနာတခုကို ကိုင်တွယ်လိုက်မှ။ မဟုတ်ရင်တော့ ဟိုပါတီကလည်း ထွက်တာပဲ။ တို့လည်း ထွက်မယ် စသဖြင့် တောက်လျှောက် နောက်ဆက်တွဲတွေ ရှိလာမယ်” ဟု မမြနန္ဒာသင်းက သုံးသပ်ပြောဆိုသည်။
ပါတီစည်းရုံးရေး၊ ကိုယ်စားလှယ်လောင်း စည်းရုံးရေးနှင့် ပတ်သက်၍ ကော်မရှင်ကို အကြောင်းကြားရသော်လည်း လူထု လှုပ်ရှားမှုဖြင့် သွားနေသည့် ကိစ္စများသည် ကော်မရှင်နှင့် မဆိုင်ကြောင်း၊ ကိုဗစ် ထိန်းချုပ်ရေးကော်မတီ ရှိသကဲ့သို့ အာ ဏာပိုင် အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်ကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။
“လူထုလှုပ်ရှားမှု အသွင်နဲ့ သွားနေတဲ့ ကိစ္စအတွက် ကော်မရှင်က ဘာမှပြောလို့လည်း မရဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ဒါနဲ့ပတ်သက်လို့လည်း ညွှန်ကြားထားတာ အခုအချိန်ထိ မရှိသေးဘူး”
“လူထုလှုပ်ရှားမှု အသွင်နဲ့ သွားနေတဲ့ ကိစ္စအတွက် ကော်မရှင်က ဘာမှပြောလို့လည်း မရဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ဒါနဲ့ပတ်သက်လို့လည်း ညွှန်ကြားထားတာ အခုအချိန်ထိ မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်ကမူ ၎င်းအနေဖြင့် အထူးအထွေ မှတ်ချက်ပေးစရာ မရှိဘဲ အမိန့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့် ဌာနကသာ တာဝန်ယူပြီး တည်ဆဲဥပဒေများအရ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြော ဆိုသည်။
ကိုဗစ်ကာလ စည်းကမ်း သတ်မှတ်ချက်များကို ချိုးဖောက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သလို လတ်တလော အရေးယူဆောင်ရွက်မှု၊ ပြစ်ဒဏ်ချမှတ်မှု များလည်း ပြုလုပ်လျက် ရှိသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တည်ဆဲ နိုင်ငံရေးပါတီ ၉၀ ကျော်မှ ကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ထားသည်။
ကိုဗစ် ဒုတိယလှိုင်း စတင်ခဲ့သည့် သြဂုတ် လလယ်ခန့်မှစ၍ ယနေ့အချိန်ထိ ရောဂါပိုး ကူးစက်နှုန်း နေ့စဉ် မြင့်တက်လျက် ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၉ ရက်၊ ည ၈ နာရီ အချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၂,၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၈၄ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
ပါတီကို ဝန်းရံသူများကို တားမရဟု NLD ဆို
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့
“ကိုဗစ်ရောဂါပိုး ပြင်းထန်နေချိန် ပြည်သူတွေ မဲထွက်ပေးရဲပါ့မလား”