• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

RCSS အန္တရာယ်ပြုမည်ကို စိုးရိမ်၍ မဲဆွယ်စည်းရုံးရေး ရပ်ဆိုင်းထား ဟု TNP ပြော

by နန်းလွင်နှင်းပွင့်
6 October 2020
in Election 2020
A A
နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာတွင် TNP ရုံး ဆိုင်းဘုတ်တင်နေစဉ်  / TNP / Facebook

နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာတွင် TNP ရုံး ဆိုင်းဘုတ်တင်နေစဉ် / TNP / Facebook

3.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဘက်မှ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ရှမ်းပြည်နယ် တောင် ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ရကြောင်း မိုင်းကိုင်မြို့နယ်၊ တအန်း (ပ လောင်) အမျိုးသားပါတီ (TNP) ၊ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က ဧရာဝတီကို ပြောသည်။

မိုင်းနုမ်ဟန်က “ကျနော်တို့ မိုင်းကိုင်မှာ မဲဆွယ်ရတာ လွတ်လွတ်လပ်လပ် ရှိဖို့ လုံးဝ အဆင်မပြေပါဘူး။ ကျနော်တို့ လူထု ရွာသူရွာသားတွေလည်း ဘေးအန္တရာယ်ကင်းမယ့် လမ်းကိုပဲ ရွေးတဲ့အနေနဲ့၊ ကျနော်တို့ အန္တရာယ်မကြုံပေမယ့် နောက် ကွယ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို တွေးပြီး မဲဆွယ်တာကို ရပ်ဆိုင်းလိုက်တာပါ။ အောက်တိုဘာ ၁ ရက်ကတည်းက စည်းရုံးရေး ဆင်းတာကို ရပ်လိုက်ရပါတယ်။ အဓိကကတော့ RCSS ဘက်က အန္တရာယ်ပြုမှာကို စိုးရိမ်လို့ပါ” ဟု ပြော သည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
700
မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
1.6k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
2.1k

TNP ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းရန် ကျေးရွာများသို့ သွားရာတွင် COVID -19 ရောဂါ ကြောင့်ဟု အကြောင်းပြကာ RCSS တပ်ဖွဲ့ဝင်များမှ လမ်းများ ပိတ်ဆို့ထားခြင်း၊ TNP ကိုယ်စားလှယ်လောင်းများ မဲလာ ဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများမှ ဒဏ်ငွေ ၁၀ သိန်း ပေးရမည် ဟု စာပို့ပြောဆိုထားခြင်းများအပြင် လမ်း ခရီးတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို အာမ မခံနိုင်ပါဟု ပြောဆိုမှုများ ရှိသဖြင့် မဲဆွယ်မှုကို ရပ်ဆိုင်းရခြင်း ဖြစ်ပါသည် ဟုလည်း ၎င်းက ဆိုသည်။

မိုင်းနုမ်ဟန်က “ကျားခေါင်း (SNLD) ဆိုလည်း ရွာတိုင်း သွားလာရေး လွတ်လပ်တယ်။ ကျနော်တို့ ပါတီကိုပဲ ဘာလို့ အဲဒီလို လုပ်လဲ စဉ်းစားမရပါဘူး။ မိုင်းကိုင်မှာ တိုင်းရင်းသား အများစုက ရှမ်းနဲ့ပလောင်ပဲ ရှိပါတယ်။ ကိုဗစ်-၁၉ ကို အကြောင်းပြုတယ် ဆိုပေမယ့် အစိုးရပိုင်းက လမ်းတကြောလုံးမှာ လမ်းမကြီး စစ်ဆေးရေးဂိတ်၊ စမ်းသပ်မေးမြန်းတာ ရှိတယ်။ ရောဂါ မရှိရင် သွားလာလို့ ရတယ်။ RCSS ကျတော့ လုံးဝကို အကြမ်းသမားနည်းနဲ့ ရွာထဲမှာ အိပ်၊ ရွာထဲမှာ စားပြီး စောင့်တာ၊ တရွာကို ၁၀ ပေါက် ရှိရင် ၁၀ ပေါက်လုံး စောင့်နေတာ။ လုံးဝကို မတရားပါဘူး” ဟု ပြောသည်။

TNP ပါတီသည် မိုင်းကိုင်မြို့နယ်တွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၊ ပြည်နယ် လွှတ် တော် မဲဆန္ဒနယ် (၁) နှင့် (၂) တို့တွင် ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

TNP ပါတီသည် မိုင်းကိုင်မြို့နယ်တွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၊ ပြည်နယ် လွှတ် တော် မဲဆန္ဒနယ် (၁) နှင့် (၂) တို့တွင် ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၄ ဦးက မဲဆွယ်စည်းရုံးရန် ၎င်းတို့က မဲဆန္ဒနယ်မြေများ အတွင်းမှ ရွာပေါင်း ၉၀ ကျော်ကို စည်းရုံးရေး ဆင်းရန် စီစဉ်ထားသော်လည်း ရွာ ၃ ရွာသာ သွားနိုင်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ မိုင်းကိုင်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု၂၄ အုပ်စု၊ ကျေးရွာ ၃၁၅ ရွာ ရှိသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် စက်တင်ဘာ ၈ ရက်မှစ၍ ကိုယ်စားလှယ် လောင်းများက သက်ဆိုင်ရာမဲဆန္ဒနယ်များသို့ ဆင်းကာ မဲဆွယ်စည်းရုံးနိုင်ကြောင်း၊ မဲဆွယ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရန် လူ ၅၀ ထက် မပိုရဘဲ လူတဦးလျှင် ၆ ပေ အကွာဖြင့် စည်းရုံးရေး ဆင်းနိုင်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဆက်လက်ပြီး မိုင်းနုမ်ဟန်က “ကျနော်တို့ လွှတ်တော် နေရာမှာ နိုင်ခဲ့သည် ရှိသော် ကျနော်တို့ လူမျိုး တမျိုးတည်းအတွက် လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ လွှတ်တော် ၃ ရပ်လုံး ဝင်ပြိုင်တာက လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက် တွေကို ဖြည့်ချင်လို့ပါ။ ကျနော်တို့နိုင်ခဲ့ရင် ဒီတောင်ရိုး တလျှောက်က သက်ဆိုင်ရာဝန်ကြီး မဝင်နိုင်တဲ့ တောနက်တဲ့ နေရာ တွေ ကျနော်တို့က အကုန်ဝင်ပြီး လုပ်ကိုင်ပေးနိုင်အောင် ဝင်ပြိုင်တာပါ” ဟုလည်း ပြောသည်။

RCSS လှုပ်ရှားသည့် နယ်မြေများတွင်း မဲဆွယ်စည်းရုံးရေး ဆင်းသည့် နိုင်ငံရေးပါတီများ အနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှာ ပြဿနာ တစုံတရာ ဖြစ်ခြင်း၊ တိုင်ကြားခြင်းများ မရှိသော်လည်း တအန်း(ပလောင်)အမျိုးသားပါတီ (TNP) မှာ RCSS ကို ၂ ကြိမ် တိုင်ကြားထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်ခွင့်ကို တားမြစ်ပြီး ပလောင်ပါတီမှ ကိုယ်စားလှယ်များ ရွေးကောက် ပွဲတွင် ဝင်မပြိုင်ရန် ခြိမ်းခြောက်ခြင်း၊ ပလောင်ပါတီမှ မဲလာဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများ ဒဏ်ငွေ၁၀ သိန်း ပေးဆောင်ရမည် ဟူသည့် အချက်များကို တိုင်ကြားထားခြင်း ဖြစ်သည်။

တိုင်စာများ ပေးပို့ထားသော်လည်း RCSS သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ရုံးဘက်မှလည်း ညှိနှိုင်း ဖြေရှင်းနိုင်ခြင်း မရှိပါ။

တိုင်စာများ ပေးပို့ထားသော်လည်း RCSS သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ရုံးဘက်မှလည်း ညှိနှိုင်း ဖြေရှင်းနိုင်ခြင်း မရှိပါ။

TNP ပါတီဘက်မှ တိုင်ကြားစာများ ပေးပို့ခြင်း၊ မဲဆွယ်စည်းရုံးမှုကို နှောင့်ယှက်နေသည်ဟု ပြောဆိုခြင်းများနှင့် ပတ် သက်၍ RCSS က ၎င်းတို့ မလုပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တားဆီးရန်အတွက်သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “ကိုဗစ်ရောဂါ မပြင်းထန်ခင်တုန်းကတော့ စည်းရုံးရေး ဆင်းခွင့်ပြုပါတယ်။ နောက်ပိုင်းကျတော့ တအားမြင့်လာတော့ မရတော့တဲ့ သဘောဖြစ်သွားတာပေါ့ ။ ရွေးကောက်ပွဲကို ရှောရှောရှူရှူ အောင်မြင်ရေးအတွက် RCSS ဘက်က တတ်နိုင်သလောက် ပါဝင်ပြီး ကူညီဆောင်ရွက်မယ်။ ဒီလိုပဲ အဖွဲ့ရဲ့ ရည်ရွယ်ချက်က ရှိပါတယ်” ဟု ပြောသည်။

ထို့ပြင် အောက်တိုဘာ ၅ ရက်တွင် RCSS ဗဟိုအလုပ်အမှုဆောင် ကော်မတီက ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေ များရှိ ကျေးရွာများတွင် အဝင်အထွက်ကို ကန့်သတ်လိုက်ပြီဟု ကြေညာချက် တစောင် ထုတ်လိုက်သည်။

ထိုကြေညာချက်ကြောင့် နိုင်ငံရေးပါတီများလည်း ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားသည့် ကျေးရွာများတွင် လာရောက် မဲဆွယ် စည်းရုံးခွင့် ရှိမည် မဟုတ် ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။

သို့သော် ခြွင်းချက်အနေဖြင့် ရောဂါ ကူးစက်ခံရမှု မရှိသည့် ဒေသများတွင် RCSS ၏ ဆက်ဆံရေးရုံး တာဝန်ခံများ ၊ စစ်ဒေသမှူးများနှင့် နားလည်မှု ရအောင် ညှိနှိုင်းနိုင်ပါက ဝင်ရောက် မဲဆွယ်နိုင်မည် ဟုလည်း သိရသည်။

RCSS သည် ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ လွယ်တိုင်းလျန်ဒေသတွင် ဌာနချုုပ် အခြေစိုက်ပြီး ရှမ်းပြည် နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ရှားနေသည်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့်၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ် သည်။

You may also like these stories:

တပ်မတော်နှင့် RCSS တိုက်ပွဲ ၊ ၁ ဦး ဒဏ်ရာရ ဒေသခံ ၈၀၀ ကျော် ထွက်ပြေး

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

Your Thoughts …
Tags: RCSSTNPမဲဆွယ်စည်းရုံးရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.7k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

by စောရယ်
1 February 2024
4.8k

အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများကို တားဆီးနှိမ်နင်းသွားမည်ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ကြေညာသည်။

Next Post
ရုပ်ရှင် မပြသခင်မှာ လူတိုင်းလိုက်နာရမယ့် နှာခေါင်းစည်း Mask တပ်ဖို့နဲ့ Social distancing အရ နေထိုင်ဖို့ သတိပေးပြောကြားသွားမှာ ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်မှု မြင့်တက်ဆဲ အိန္ဒိယမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ပြု

ရုရှားမှာ မေလနောက်ပိုင်း အမြင့်ဆုံးအဖြစ် စံချိန်တင် ကူးစက်မှုတွေ ရှိလာတာပါ။

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate