မြစ်ကြီးနားမှာ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မဲအသာရနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၏ မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ၎င်း၏ ပြိုင်ဘက် ၈ ဦးကို ကျော်တက်ပြီး မဲအများဆုံးရရှိထားပြီဟု သတင်းရရှိသည်။
ဒေါက်တာခက်အောင်က “ရွေးကောက်ပွဲ ရလာဒ်ကတော့ ကောင်းပါတယ်။ နိုင်ပါတယ်။ ကျနော် နိုင်တယ်။ ကျနော့် မြစ်ကြီးနား မြို့အမှတ်(၁) ကိုယ်စားလှယ်နေရာမှာ အခုပဲသိရတာ ကျနော်က ၁၅၀၀၀ ရတယ်။ KSPP က ၄၀၀၀ ကျော်ရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကတော့ ၂၅၀၀ လောက် ရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ဒေါက်တာခက်အောင်က ကချင်ပြည်နယ်တပြည်နယ်လုံးတွင်
ရွေးကောက်ပွဲပြီးနောက် လာမည့် အစိုးရသစ်လက်ထက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်
ဆက်လက်ပြီး ဒေါက်တာခက်အောင်က ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ပြည်ထောင်စု အဆင့်မှ ကြိုးစားနေဆဲ ဖြစ်ပြီး ကချင် ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေးကို များစွာ လုပ်ဆောင်ရန် လိုအပ်နေသည့် အပြင် ငြိမ်းချမ်းရေး ရမှသာ တရားဥပဒေစိုးမိုးရေးနှင့ ်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို
“ကျနော်တို့ သဘောထားကတော့ NLD အစိုးရ၊ NLD ပါတီအနေနဲ့က ငြိမ်းချမ်းရေးလည်း မြန်မြန်ရချင်တယ်ဗျာ။ ဒါပါပဲ။ အမြန်ဆုံးရချင်တယ်။ ငြိမ်းချမ်းရေးရမှ ကျနော်တို့ ကချင်ပြည်နယ်ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါး ပြဿနာက အစ တရား ဥပဒေစိုးမိုးရေး အပိုင်းတွေမှာ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာပါ။ ဒါတွေ ဖြေရှင်းနိုင်မှ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မှာပါ”ဟုလည်း ပြောဆိုသည်။
လက်ရှိတွင် ဒေါက်တာခက်အောင် မဲအများဆုံးရရှိထားသည့် စာရင်းသည် မြစ်ကြီးနားမြို့နယ်၊ မဲဆန္ဒနယ် (၁)အတွင်းရှိ မဲရုံများမှ မဲရေတွက်မှုပြီးစီးသည့် အပေါ် ရရှိထားသည့် ရလာဒ်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က မဲရလာဒ်များကို စိစစ်ပြီး အတည်ပြု လက်မှတ်ရေးထိုး ကြေငြာမှသာ တရားဝင်အနိုင်ရရှိသူ ဖြစ်မည် ဖြစ်သည်။
ကချင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဦးထွန်းအောင်ခိုင်က “ကျနော်တို့ဆီ အခုရောက်တာ အင်ဂျန်းယန်တခုတည်း ရှိပါသေးတယ်။ UEC က အတည်ပြုပြီးမှ ကျနော်တို့က ပြည်နယ်ကော်မရှင်အနေနဲ့ ကြေငြာမှာပါ။ အတည်ပြုတယ်ဆိုတာက စိစစ်တာပါ။ စိစစ်တဲ့ အနေအထားပါ။ စိစစ်ပြီး မှန်ပြီဆိုမှ ကျနော်တို့ ပြည်နယ်ကော်မရှင်က ကြေငြာချက်နဲ့ ကြေငြာပေးမယ် အဲဒါက အတည်ပါပဲ။ ဒီညလောက် တော့ တော်တော်များများ စုံမှာပါ”ဟု ပြောသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ ခက်အောင်၏ ပြိုင်ဘက်များမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဦးမိထွယ်ဇော်လတ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွွံ့ဖြိုးရေးပါတီ (USDP) မှ ဒေါ်ဆိုင်းရော်၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ဦးငွါးဆီး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုးတိုးတတ်ရေးပါတီ မှ ဦးစိန်ဝင်း၊ ပြည်သူ့အကျိုးပြုကျောင်းသားများ
ဒေါက်တာခက်အောင်သည် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲရလာဒ် ၂၅၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့သူ ဖြစ်ကာ သမ္မတက ရွေးချယ်တင်မြှောက်သဖြင့် ၂၀၁၆ ခုနှစ်မှ ယနေ့ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။
You may also like these stories:
နေပြည်တော်တွင် ဇေယျာသီရိမြို့နယ်မှ လွဲ၍ ကျန်နေရာ အားလုံးတွင် NLD အနိုင်ရ
KSPP ဥက္ကဌ ဒေါက်တာမနာမ်တူးဂျာ၊ အင်ဂျန်းယန်မှာ မဲအများဆုံး ရရှိထား
စစ်တွေတွင် မဲပေးခဲ့သည့် မွတ်ဆလင်များ ရခိုင်၌ ငြိမ်းချမ်းစွာနေထိုင်ရေးကို မျှော်လင့်ကြ