ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြိုင်ဘက်ပါတီများကို မဲရလဒ်အသာစီးဖြင့် အနိုင်ရထားကြောင်း ရှမ်းပြည်နယ် (NLD) ပါတီဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ဧရာဝတီသို့ပြောကြားသည်။
၎င်းက “ကျနော်တို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ပြည်နယ် (၈) ကလွဲရင် ကျန်တဲ့နေရာတွေ ဖြစ်တဲ့ ရွာငံနဲ့ ပင်းတယမြို့တို့မှာ အကုန်နိုင်ပါတယ်” ဟု ဆိုသည်။
ရပ်စောက်၊ လားရှိုး၊ နောင်ချို၊ မိုးမိတ်၊ မဘိမ်း၊ မိုင်းယောင်း၊ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီးနှင့် ကလောမဲဆန္ဒနယ်တို့တွင်လည်း NLD ပါတီက အနိုင်ရရန် အခြေအနေကောင်းနေကြောင်း ဦးဇော်မင်းလတ်က ပြောသည်။
၎င်းက “၂၀၁၅ တုန်းက နိုင်ခဲ့တဲ့ မိုင်းတုံမှာတော့ ကျနော်တို့ USDP ကို ရှုံးသွားတဲ့ အတွက် လက်လွှတ်လိုက်ရတယ်ပေါ့။ မိုင်းတုံကလွဲရင် ကျန်တဲ့နေရာတွေမှာ ကျနော်တို့ အခြေအနေကောင်းပါတယ်” ဟု ပြောသည်။
You may also like these stories:
မဲရှူံးသွားသည့် အလုပ်သမား ကိုယ်စားလှယ်လောင်းများ၏ ရင်ဖွင့်သံ
ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ် ၉၀ တွင် NLD အနိုင်ရ
ရခိုင်တွင် ANP ပါတီက ၁၅ နေရာ အနိုင်ရနေ