ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက အနိုင်ရထားကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
၎င်းက “ပြည်သူ့လွှတ်တော်မှာတော့ ၁၂ မြို့နယ် အနိုင်ရထားပါတယ်။ အမျိုးသားလွှတ်တော်ကတော့ အခုထက်ထိ မသိရသေးပါဘူး။ ပြည်သူ့လွှတ်တော်မှာ အနိုင်မရဘဲနဲ့ ပြည်နယ် တခုချင်းစီ မဲဆန္ဒနယ်တွေမှာ အနိုင်ရထားတာတွေလည်း ရှိပါတယ်။ လွိုင်လင်နဲ့ မောက်မယ်ပါ” ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရထားသည့်မြို့များမှာ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှုး ၊ နမ္မတူ၊ မူဆယ်၊ မိုးနဲ၊ ကျောက်မဲ ၊ သီပေါ နှင့် ကျေးသီးမြို့နယ်တို့တွင် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။
ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မြို့နယ် ၄၉ မြို့နယ်ရှိသည့်အနက် SNLD ပါတီသည် မြို့ ၁၂ မြို့တွင် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရထားခြင်းဖြစ်သည်။
You may also like these stories:
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို
မဲရှုံးသွားသည့် အလုပ်သမား ကိုယ်စားလှယ်လောင်းများ၏ ရင်ဖွင့်သံ