နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးအား ခိုင်လုံမဲ ၅၃၁၉၅ မဲအသားဖြင့် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။
ယခုနှစ်အထွေထွေ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ကော့မှူးမြို့နယ်မှ ၃ ကြိမ်မြောက် ယှဉ်ပြိုင်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၂ ကြာဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင်လည်း အနိုင်ရခဲ့သည်။
ကော့မှူးမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၉၈၆၇၈ ဦးရှိသည့်အနက် မဲပေးသူ ၇၉၁၁၅ ဦး ရှိခဲ့ပြီး ခိုင်လုံမဲအနေဖြင့် ၇၇၄၄၅ မဲရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ၆၄၉၂၂ မဲ(၈၃.၈၃ ရာခိုင်နှုန်း)၊ ကြံ့ခိုင်ရေးပါတီမှ ၁၁၇၂၇ မဲ၊ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ(UBP) က ၄၇၈ မဲ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)က ၁၆၉ မဲ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ၁၁၄ မဲ၊ တသီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဦးဌေးအောင်က ၃၅ မဲ ရရှိခဲ့ကြသည်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၅၄၆၇၆ မဲ ရရှိခဲ့ပြီး ပြိုင် ဘက် ကြံ့ခိုင်ရေးပါတီမှ ဦးကျော်ဇင်ဟိန်းမှာ ၁၅၃၁၂ မဲ ရရှိခဲ့ခြင်းဖြစ်သည်။
ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် NLD ပါတီမှ ဒေါ်သန္တာအေးက ၃၂၁၀၀ မဲ(၇၉.၅၂ ရာခိုင်နှုန်း)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် NLD ပါတီမှ ဦးဇော်မင်းအောင်က ၂၈၈၅၀ ဦး( ၇၆.၈၉ ရာခိုင်နှုန်း) အသီးသီးရရှိကာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
You may also like these stories:
လွှတ်တော်ထဲ မရောက်ပေမယ့် ပြင်ပကနေ ပံ့ပိုးတဲ့ အလုပ်တွေ လုပ်သွားမယ်
ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်