Election 2020

တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရည်မှန်းချက်များနှင့် တူညီကြသဖြင့် အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD ပါ တီက ကြေညာချက် ထုတ်လိုက်သည်။

NLD ပါတီ ဒုဥက္ကဋ္ဌ (၂) ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် လက်မှတ်ရေးထိုးထားသည့် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စ ဟု အမည်တပ်ထားသော အဆိုပါ ကြေညာချက်ကို NLD ပါတီက နိုဝင်ဘာလ (၁၂ ) ရက်တွင် ၎င်း၏ Facebook စာမျက်နှာမှတဆင့် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

NLD ပါတီအနေနှင့် မည်သည့် အခြေအနေကို ရောက်သည်ဖြစ်စေ နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားပါတီများ ကလည်း NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက် ကြွကြွ ပူးပေါင်းပါဝင် ကြမည်ဟု မျှော်လင့်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။

တိုင်းရင်းသားပါတီများ ကလည်း NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက် ကြွကြွ ပူးပေါင်းပါဝင် ကြမည်ဟု မျှော်လင့်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ မျိုးညွန့်ကလည်း “ကျနော်တို့က နိုင်ငံရေးအရ ကမ်းလှမ်းလိုက်တာပေါ့။ ဖိတ်စာ ဆိုတာတော့ နေ့ရက် အချိန် နေရာ ပါမှာပေါ့။ ကျနော်တို့က အယူအဆရေးရာ အရ ကမ်းလှမ်းလိုက်တာပါပဲ” ဟု ကြေညာ ချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကြေညာချက်ကို NLD ပါတီက တိုင်းရင်းသား နိုင်ငံရေးပါတီ ၃၉ ပါတီထံသို့ ဒီကနေ့တွင် ပေးပို့ထားကြောင်းလည်း ၎င်းက ဆိုသည်။

NLD က စာပေးပို့ထားသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများထဲတွင် ပါဝင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ကမူ အဆိုပါ စာသည် ၎င်းတို့ ပါတီထံသို့ မရောက်ရှိသေးသဖြင့် စာပါ အကြောင်းအရာများကို မသိသေး ဟုဆိုသည်။

သို့သော်လည်း ပူးပေါင်းဆောင်ရွက်မည် ဆိုသည့် အချက်ကိုမူ ယေဘူယျအားဖြင့် ကြိုဆိုကြောင်း ပြောကြသည်။

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကလည်း NLD ဘက်က တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင် ရွက်မည်ဆိုသည့် သဘောထားသည် အပြောနှင့်အလုပ် ညီမည်ဆိုပါက ကြိုဆိုကြောင်း ပြောကြားသည်။

SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ဒီလုပ်ငန်းစဉ်မျိုးက ၁၉၉၀ ခုနှစ်ကတည်းက အားလုံး အခြေတည်ခဲ့ပြီးသား ပေါ့ဗျာ။ နောက်ပိုင်းကျမှ ပြန်ပျက်ယွင်းသွားတာပေါ့။ အဲဒီတော့၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတုန်းက ပျက်ယွင်းသွား တဲ့ အနေအထားပေါ့။ အခုလို ပြန်ပြီး အစပြုမယ် ဆိုတာကတော့ အားလုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာပါ။ အသေး စိတ် မသိရသေးလို့ ဝေဖန်ဖို့ စောပါသေးတယ်။ မူအားဖြင့်တော့ ကျနော်တို့ သဘောတူပါတယ်” ဟု ပြောကြားသည်။

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကလည်း NLD ဘက်က တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင် ရွက်မည်ဆိုသည့် သဘောထားသည် အပြောနှင့်အလုပ် ညီမည်ဆိုပါက ကြိုဆိုကြောင်း ပြောကြားသည်။

လက်ရှိကာလတွင် ANP အနေနှင့် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲ အမြန် ဆုံး ပြန်ကျင်းပနိုင်ရန်သာ လိုလားနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများတွင် ဒီဇင်ဘာ ၃၁ရက်နေ့ မတိုင်မီ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် AA အဖွဲ့ကလည်း တောင်းဆိုထားပြီး၊ AA အဖွဲ့သည် ထိုသို့ တိုက်တွန်းသော်လည်း အောက်တိုဘာ ၁၄ရက် ၎င်းတို့ ဖမ်းဆီးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သည့် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာလ ၄ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်လည်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက၂၀၂၀ အလွန်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government) ပေါ်ထွက်လာမည်ဟု ပြောဆိုဖူးသည်။

NLD ပါတီက လက်ရှိ ထုတ်ပြန်လိုက်သည့်စာသည် သမ္မတရုံးက ပြောဆိုဖူးသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ပေါ် ပေါက်လာမည် ဆိုသည့် ပြောဆိုချက် လက်တွေ့အကောင်အထည် ပေါ်လာမည့် အလားအလာ ပေလောဟု နိုင်ငံရေး သုံးသပ်သူများကြားတွင် ခန့်မှန်းမှုများ ရှိနေသည်။

You may also like these stories:

ကချင်ပြည်နယ်တွင် NLD ပါတီ ၇၄ ရာခိုင်နှုန်းကျော် အနိုင်ရ

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading