နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်နယ်နှင့်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်အားလုံး မဲအပြတ်အသတ်ဖြင့် ထပ်မံအနိုင်ရရှိကြောင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြု ထုတ်ပြန်ချက်များအရ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၁၄ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလွဲ၍ ကျန် ဝန် ကြီးချုပ်အားလုံး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များတွင် ပြန်လည်ဝင်ရောက် အရွေးခံခဲ့ ခြင်းဖြစ်ပြီး ခိုင်လုံမဲရရှိမှု ၅၀ ရာခိုင်နှုန်းကျော်မှ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် ထပ်မံ အနိုင်ရရှိခဲ့ကြခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ယနေ့အချိန်ထိ သတင်းထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အစိုးရဖွဲ့နိုင်သည့် ကိုယ်စားလှယ် အရေအတွက်ထက် ပိုများနေသည့် ရလဒ်ကို ရရှိထားသောကြောင့် ဒုတိယ သက်တမ်း အစိုးရဖွဲ့နိုင်ရန် သေချာနေသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီး NLD က ရွေးချယ်ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်များအနက် တချို့၏ လွဲမှားသော ပြောဆိုမှုများ၊ လုပ်ရပ်များ၊ မစွမ်းဆောင်နိုင်မှုများကြောင့် သက်ဆိုင်ရာ မဲဆန္ဒရှင်များအကြား စိတ်ပျက်ခဲ့ရသလို ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလ NLD အနေဖြင့် လူမှန်၊ နေရာမှန် ရွေးချယ်နိုင်ရေးအတွက်လည်း မဲဆန္ဒရှင်များက လိုလားလျက်ရှိသည်။
ယခု ထပ်မံအရွေးချယ်ခံရသည့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များအနက် ဘယ်နှစ်ဦး ပြန်ပါလာနိုင်မည်ကို မသိရသေးသော် လည်း တချို့သော ဝန်ကြီးချုပ်များကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ပြန်လည်ခန့်အပ်ပေးရန် လိုလားနေကြသလို တဖက်မှာ လည်း ဝန်ကြီးချုပ်တချို့ကို ပြန်လည်ရွေးချယ်မှု မပြုရန် ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေသည်။
မကွေးမြို့ ဒေသခံ လူငယ်တဦးဖြစ်သည့် ကိုသင့်ထက်က “သူ့(မကွေးဝန်ကြီးချုပ်)ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ပြန်ဖြစ်ဖို့ ကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်” ဟု ပြောသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား ၎င်း၏ ရိုးသားမှု၊ ပါတီ၏မူနှင့် အရပ်ဖက်အကြား အဆင် ပြေအောင် ဆောင်ရွက်နိုင်မှု၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အလုပ်အပေါ်တွင် ကျေပွန်စွာ လုပ်ဆောင်နိုင်မှုများကြောင့် သဘောကျခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ပြီးခဲ့သည့် သက်တမ်းအတွင်း တချို့ကိစ္စများ၌ အားမရမှုများ ရှိခဲ့သော်လည်း လာမည့်သက်တမ်းတွင် ပိုမို လုပ်ဆောင်နိုင် မည်ဟု မျှော်လင့်ကြောင်း၊ လမ်းတံတား၊ အဆောက်အဦများ တည်ဆောက်ခြင်းထက် ရေရှည်ခိုင်မာသည့် မူဝါဒ ပြဋ္ဌာန်း မှုများ၊ ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးတို့ကို ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကိုသင့်ထက်က ပြောသည်။
ပြီးခဲ့သည့်နှစ်ပိုင်းက မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား ပြည်ထောင်စုဝန်ကြီး တနေရာစာအတွက် ခေါ်ရန် အသံထွက်လာခြင်းမျိုးရှိပြီး အမှန်တကယ်သာ ခေါ်ခဲ့ပါက ဒေသခံများအနေဖြင့် လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ရန် အထိပင် ပြောဆိုကြခြင်းမျိုး ရှိသည်ဟု ဆိုသည်။
ယခု ပြန်လည် အရွေးချယ်ခံရသူများထဲတွင် လူထုက လိုလားနှစ်ခြိုက်၍ ရွေးချယ်ခံခဲ့ရသူများရှိသလို တချို့က ပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကြောင့် လူကိုမကြည့် ပါတီကိုပဲ ကြည့်ပြီး ရွေးချယ်ခဲ့မှုများလည်း ရှိခဲ့ကြောင်း သိရ သည်။
ထားဝယ်ဒေသခံတဦးက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပတ်သက်၍ “စိတ်ထားက ကောင်းပေမယ့် ဝန်ကြီးချုပ် အနေနဲ့ လက်ခံလို့ မရဘူး။ စိတ်ထားက မှန်ဖို့တော့ လိုတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ တာ ဝန်လည်းခံရမယ်” ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ မတိုင်ခင် ဧရာဝတီက မေးမြန်းခဲ့မှုများအရ ကိုယ့်ပြည်နယ်/တိုင်းအတွက် ထက်မြက်သည့်၊ စီးပွားရေး နိုင် ငံရေး နှံ့စပ်ကျွမ်းကျင်သည့်၊ ဦးဆောင်နိုင်စွမ်းရှိသည့်၊ ဒေသအကျိုးရှိမည့်အရာကို ရဲရဲဝံ့ဝံ့ လုပ်နိုင်စွမ်းရှိသည့်၊ လက်တွေ့ကျ ကျ ဦဆောင်နိုင်သည့် ဝန်ကြီးချုပ်မျိုးကို လိုချင်သည်ဟု ဆိုသည်။
ရွေးကောက်ပွဲ အနိုင်ရသည့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အသီးသီးကလည်း ၎င်းတို့အား မဲဆန္ဒရှင် ပြည်သူများက ထပ်မံ ရွေးကောက် တင်မြှောက်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအကျိုး၊ ပြည်သူ့အ ကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်သွားမည်၊ အားနည်းချက်များကို ပြင်ဆင်ကာ ပေးအပ်လာသည့် တာဝန်အပေါ် ကျေ ပွန်အောင် စေတနာ၊ မေတ္တာအပြည်ဖြင့် ထမ်းရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာနှင့် သတင်းမီဒီယာများမှတဆင့် ပြောကြားထားသည်။
NLD အနေဖြင့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးမည်ဆိုပါက ပြီးခဲ့သည့် သက်တမ်းအတွင်း အတွေ့အကြုံကောင်းများ ကို ရယူကာ လက်ရှိထက် ပိုပြီး ပြင်ဆင်မှုများ ပြုလုပ်သင့်သလို ပိုမိုစွမ်းဆောင်နိုင်သည့်၊ တော်သည့်သူများကို ရွေးချယ် သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက အကြံပြု ပြောဆိုထားသည်။
You may also like these stories:
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
NLD အဂတိ တိုက်ဖျက်ရေး ဒေါ်လဲ့လဲ့မော် စံပြ ဖြစ်သွားလား
၂၀၂၀ ရွေးကောက်ပွဲ ကယားမှာ အကြိတ်အနယ် ဖြစ်မည်ကို ဝန်ကြီးချုပ်အား လွှတ်တော်က ဖြုတ်ချခြင်းက ပြသ