Election 2020

ရွေး‌ကောက်ပွဲ အချက်အလက်ကူးခွင့် UEC နှင့် တပ်မတော်ကြား အငြင်းပွားနေ

Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ကူးယူခွင့်ရရေး မေတ္တာရပ်ခံ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် တပ်မတော်အကြား ဥပဒေဆိုင်ရာ ပြဌာန်းချက်များအပေါ် ကြေညာချက် ထုတ်ပြန်ကာ အပြန်အလှန် အငြင်းပွားလျှက်ရှိနေကြသည်။

တပ်မတော်၏ တပ်မဲဆန္ဒနယ်များအတွင်း ပြန်လည်စိစစ် သုံးသပ်နိုင်ရေး ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူး ယူခွင့်ရရှိရန် သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အား ကိုးကားတောင်းဆိုမှုသည် ဥပဒေနှင့်မညီသည့် ဆောင် ရွက်မှုနှင့် ညွှန်ကြားမှုဖြစ်စေသည့်အတွက် ညွှန်ကြားပေးနိုင်ခြင်း မရှိကြောင်း UEC က ဒီဇင်ဘာ ၇ ရက်နေ့တွင် ငြင်းဆိုထားသည်။

ယင်းအပြင် သက်သေခံဥပဒေနှင့် ပတ်သက်၍လည်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၈ အရ ရွေးကောက် ပွဲ ခုံအဖွဲ့အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးသည့်အခါ၌သာ သက်သေခံဥပဒေပါ ပြဌာန်း ချက်များအား ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်းလည်း UEC က ပြောထားသည်။

UEC ၏ ငြင်းပယ်မှုနှင့်ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၇ နှင့် ပုဒ်မ ၇၈ အရ တရား စီရင်ရေး သဘောဆောင်ပြီး သက်သေခံဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့အား ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရွေး ကောက်ပွဲ ခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအတွက် တင်သွင်းမည့် စာတမ်းအမှတ် အ သားများအား ကူးယူခွင့်တောင်းခံခြင်းသည် ဥပဒေကြောင်းအရ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တပ်မတော် ဘက်က ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တုန့်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအတွက် တင်သွင်းမည့် စာတမ်းအမှတ်အသားများ ကူးယူခွင့်တောင်းခံခြင်းမှာ လည်း နိုင်ငံသားတဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့်အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်မညီသည့် ညွှန်ကြားမှုပြုရာရောက်မည်မဟုတ်ကြောင်းလည်း တပ်မ တော်က ဆိုထားသည်။

တပ်မတော် အနေဖြင့် ကြိုတင်မဲစာရင်းများ၊ မဲပေးသည့်နေ့ မဲစာရင်းများ၊ ကိုယ်စားလှယ်လောင်းများ မဲရရှိမှု စာရင်း၊ ပယ်မဲစာရင်း၊ မဲလက်မှတ်ဖြတ်ပိုင်းများ၊ ကျန်ရှိသည့် မဲလက်မှတ်စာရင်များစသည့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း အားလုံးနီးပါးအား ကူးယူခွင့် တောင်းခံထားခြင်းဖြစ်သည်။

ယင်းသို့ တောင်းခံထားသည့် စာရွက်စာတမ်းများသည့် လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေနှင့်အညီ ချိပ်ပိတ် သိမ်းဆည်းထားပြီဖြစ်သည့်အတွက် မဲစာရင်းမိတ္တူမှန် ကူးယူခွင့်ပြုနိုင်မည်မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲကုန် ကျစရိတ်စာရင်း ပုံစံ(၂၀)မှလွဲ၍ အခြားသော ရွေးကောက်ပွဲအသုံးပြုပုံစံနှင့် စာရွက်စာတမ်းများအား မိတ္တူကူးခွင့် ပြုရမည်ဟု ဥပဒေပြဌာန်းချက်များမရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

တပ်မဲဆန္ဒနယ်များအတွင်း လိုအပ်ပါက ကန့်ကွက်လွှာတင်သွင်းမည်ဟု ကြေညာထားသည့် တပ်မတော်အနေဖြင့် စာရွက်စာတမ်းများ ကူးယူခွင့်မရသည့်အတွက် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို မေးမြန်ခဲ့သော်လည်း မှတ် ချက်ပေးရန်မရှိဘဲ ယနေ့ကြေညာချက်အတိုင်းသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ် ချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်၏ ယနေ့ထုတ်ပြန်ချက်တွင်မူ “ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှမှု မူသဘောကိုအခြေခံ၍ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပပျောက်မှုကို ဆောင် ကြဉ်းပေးသင့်ကြောင်း” သဘောထားမှတ်ချက်ပြုထားသည်။

လက်ရှိတည်ဆဲဖြစ်သည့် တပ်မတော်အစိုးရလက်ထက် အတည်ပြုပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ တွင် “ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက် များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက် သောကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ သည် အပြီးအပြတ်အတည်ဖြစ်စေရမည်”ဟု ပြဌာန်းထားသည်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၆ တွင်လည်း “ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲ ခုံအဖွဲ့တို့၏ ဤဥပဒေပါ ပြဌာန်းချက်များအရ ဆောင်ရွက်ချက်(သို့) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တ ရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့်မရှိစေရ” ဟု ပြဌာန်းထားသည်။

ယခုကဲ့သို့ UEC နှင့် တပ်မတော်အကြား ဥပဒေပြဌာန်းချက်များနှင့် ပတ်သက်ပြီး ယူဆချက်များဖြင့် ရှင်းလင်းနေ ခြင်းသည် ရွေးကောက်ပွဲရလဒ်များအပေါ် တစုံတရာပြောင်းလဲစေမည်မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီး တည်ငြိမ်ရေးနှင့် တပ်မတော်၊ UEC နှင့် အစိုးရအဖွဲ့တို့အကြား အထင်အမြင်လွဲမှားစေသည့် ပွတ်တိုက်မှုများကို သာ ဖြစ်စေနိုင်ကြောင်း ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က သုံးသပ်သည်။

ဦးခင်မောင်မြင့်က “တပ်မတော်က ပါတီလည်းမဟုတ်ဘူး၊ ရွေးကောက်ခံကိုယ်စားလှယ်လဲမရှိဘူး၊ ဒီအတွက် သူ့မှာကန့်ကွက်လွှာ ကိုယ်စားတင်ခွင့်လည်းမရှိဘူး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ဝင်ပါဖို့ ဥပဒေနဲ့ညီမညီ အရင်ဆုံး ဥပဒေအရ အခြေခံဥပဒေခုံရုံးလမ်းကြောင်းကနေ ဆောင်ရွက်သင့်တယ်။ အခြေခံဥပဒေနဲ့ညီတယ်ဆို ဒီလိုတောင်းဆိုတာ မှန်ပါတယ်။ အခုလို ဥပဒေတွေ ကိုးကားပြီး အပြန်အလှန်ထုတ်ပြန်နေတာက မသင့်တော်ပါ ဘူး။ ဥပဒေသမားတဦးအနေနဲ့ သူတို့ထုတ်ပြန်ချက်တွေမှာ UEC ရဲ့ ကြေညာချက်ကသာ ဥပဒေပြဌာန်းချက်တွေနဲ့ ပိုပြီးညီညွတ်ပါတယ်” ဟု သုံးသပ်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင်းပခဲ့ရသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အားနည်း ချက်များရှိခဲ့သော်လည်း ယင်းသို့ လိုအပ်ချက်များ၊ မဲစာရင်းကဲ့သို့ မှားယွင်းချက်များအား နိုင်ငံရေးတည်ငြိမ်မှု အ ပေါ် ရှေးရှုကာ UEC အနေဖြင့် သေသေချာချာ ထွက်ရှင်းပြသင့်ကြောင်း ရွေးကောက်ပွဲ‌လေ့လာစောင့်ကြည့်ခဲ့သည့် The Fifth Pillar အဖွဲ့မှ ပရိုဂရမ်ဒါရိုက်တာ ကိုနေ ဝင်းနိုင်က ထောက်ပြသည်။

ကိုနေဝင်းနိုင်က “ကော်မရှင်အနေနဲ့ ဘာကြောင့်ဒီလိုဖြစ်သလဲဆိုတာ ဂဃဏန ထွက်ပြီးရှင်းဖို့လိုမယ်လို့ ထင် တယ်။ ဥပဒေဆိုတာ အကာအရန်၊အထိန်းအခြေ သဘောမျိုးပဲ၊ အဓိက နိုင်ငံရေးရလဒ်က အရေးကြီးတာ၊ အခုက နိုင်ငံရေးပြဿနာဖြစ်နေတာ။ နိုင်ငံရေးပြဿနာတွေကို ပုဒ်ထီး၊ ပုဒ်မတွေနဲ့ ရှင်းနေတာထက် ဒါကတော့ ဘယ်လို ဖြစ်သွားပါတယ် ဆိုတာမျိုးကို ထွက်ပြီးရှင်းပေးလိုက်မယ်ဆိုရင် မည်သို့ပင်ဆိုစေကာမူ လူထုလည်း ရှင်းရှင်းလင်း လင်း ဖြစ်သွားမယ်။ မှားယွင်းခြင်းခံရတဲ့ သူတွေအနေနဲ့လည်း ပိုပြီး Clear ဖြစ်တာပေါ့။ ဒီလိုမဟုတ်ဘဲ စွပ်စွဲနေသ လိုမျိုး တဖက်ဖက် ယိမ်းလို့ဖြစ်တာလားဆိုပြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်မှုများကြောင့် မဲဆွယ်စည်းရုံးခွင့်များ ကန့်သတ်ခံရခြင်း၊ မဲစာရင်းမှားယွင်းမှု၊ ကြိုတင်မဲစာအိတ်များ ပေါက်ပြဲမှုစသည့် အားနည်းချက်အမှားများ ရှိခဲ့ သော်လည်း တနိုင်ငံလုံးအတိုင်းအတာနှင့် ခြုံငုံသုံးသပ်ပါက ရွေးကောက်ပွဲသည့် လွတ်လပ်စွာမဲပေးခွင့်နှင့် တည် ငြိမ်မှုရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံတကာ က အသိအမှတ်ပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading