fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ဗဟန်းမြင်ကွင်း

ရွှေတောင်ကြားဆိုတော့ လူကုံထံအသိုင်းအဝိုင်းများ ပင်စင်စား အစိုးရဝန်ထမ်းဟောင်း အများအပြား ပါဝင်ကြပါတယ်။ ဒါ့ထက် မြန်မာ့စီးပွားရေးလုပ်ငန်းမှ မျက်နှာသိများလည်း ပါဝင်ကြကာ အားလုံးက ဆန္ဒမဲပေးပြီးလို့ မဲရုံအထွက်မှာ သူတို့ရဲ့ လက်သန်းက မဲပေးမင်တို့ထားတာကို ဂုဏ်ယူပြီးပြောဆို ပြသနေကြတာကို အတိုင်းသားတွေ့နေရတာပါ။


Want create site? Find Free WordPress Themes and plugins.

နံနက်လေးနာရီလောက်ကတည်းကစလို့ ဗဟန်းမြို့နယ် ရွေတောင်ကြားရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း ရှိ အမှတ်(၃) မဲရုံ မှာ သတင်းထောက်တွေ အမှောင်ထုမှာ  မဲပေးဖို့တော့မဟုတ်၊ သတင်းယူဖို့ လူစပြီး စုဝေး နေကြ ပြီဖြစ်ပါတယ်။

ဒီမဲရုံဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲလာရောက်ထည့်မယ့် နေရာဖြစ်တဲ့အတွက် အားလုံးရဲ့ အာရုံစူးစိုက်မှုကို ခံရမယ့် မဲရုံလို့လည်း ပြောလို့ရပါတယ်။ မနက် ၅ နာရီဝန်းကျင်ခန့်မှာ ရွေးကောက်ပွဲ စောင့်ကြည့်သူများရဲ့ ကား တချို့ ရောက် လာကြပါတယ်။ သတင်းထောက်တွေက ပြည်တွင်း ပြည်ပ သတင်းဌာနမှ လူတွေပါလာသလို Freelance တွေ လည်း ပါလာကြပါတယ်။

နံနက် ၆ နာရီမထိုးခင်မှာ မဲရုံဘက် (ဗဟန်းမူလတန်းကျောင်းလေး) မှာ မဲဆန္ဒရှင်တွေ တန်းစီနေကြပါပြီ။ တချို့က စည်းကမ်းရှိရှိ သေသေသပ်သပ်နဲ့မို့ အိမ်နီးချင်းနိုင်ငံမှ သတင်းထောက်တွေက တအံ့တသြ ဓာတ်ပုံရိုက်၊ ချီးမွွှမ်းကြကာ ဒါဟာ စည်းကမ်းရှိမှုကို ပြတာပါလို့ မြန်မာ့အရေးကို စိတ်ဝင်တစား ရေးသားဖော်ပြနေတဲ့  နိုင်ငံခြားသတင်းထောက်တွေက သရော်သလိုလိုနဲ့ Disciplinary democracy (စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ)ဆိုပြီး ရည်ညွှန်း ပြောလိုက်ပါတော့တယ်။

ရွှေတောင်ကြားဆိုတော့ လူကုံထံအသိုင်းအဝိုင်းများ ပင်စင်စား အစိုးရဝန်ထမ်းဟောင်း အများအပြား ပါဝင်ကြပါတယ်။ ဒါ့ထက် မြန်မာ့စီးပွားရေးလုပ်ငန်းမှ မျက်နှာသိများလည်း ပါဝင်ကြကာ အားလုံးက ဆန္ဒမဲပေးပြီးလို့ မဲရုံအထွက်မှာ သူတို့ရဲ့ လက်သန်းက မဲပေးမင်တို့ထားတာကို ဂုဏ်ယူပြီးပြောဆို ပြသနေကြတာကို အတိုင်းသားတွေ့နေရတာပါ။

မဲပေးပြီး ထွက်လာစ အတွေ့အကြုံ

ကျမတို့ကတော့ အနီပဲလို့ ရဲရဲဝံ့ဝံ့ပြောဆိုသူရှိသလို၊ ကျနော်တို့ကတော့ change ပဲခေါ်ခေါ် တိုင်းပြည်အနေ အထားက ရှေ့ကိုသွားဖို့လိုတယ်ဟုပြောသော တပ်မတော်အရာရှိအငြိမ်းစားတချို့လည်းပါဝင်ပါတယ်။ ဗဟန်းမဲရုံသို့ မဲထည့်ဖို့ ရောက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်တော်ကား ဆိုက်အလာကို စောင့် နေတဲ့ သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေဟာ ရာကျော် နီးပါးရှိပါတယ်။

အဲ့ဒီ သတင်းထောက်တွေ ဓာတ်ပုံဆရားတွေဟာ မဲလာပေးသူတွေနဲ့ နင်လားငါလားဖြစ်နေပါတော့တယ်။ “တို့တတွေက သူတို့ ထက်တောင် များတယ်” လို့ နိုင်ငံခြားသတင်းထောက်တဦးက ရယ်ရယ်မောမောနဲ့ ပြောဆိုလိုက်ပါတယ်။

မဲလာထည့်သူ မဲဆန္ဒရှင်တွေထဲမှာ သေသေချာချာ အလှပြင်၊ သေသေသပ်သပ် ဝတ်စားထားပြီး သနပ်ခါးအဖွေးသားနှင့် မဲလာထည့်သူတွေရှိသလို၊ တချို့တွေက ဘီးတပ်ကုလားထိုင်နဲ့ လာကြရသလို လမ်းပင် ကောင်းကောင်းမလျှောက်နိုင်လို့ ပွေ့ချီလာရတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်စုနှစ် ပေါင်းများစွာအတွင်း အကြောက်တရားမရှိပဲ မဲလာထည့်သူများလို့ ဆိုရမှာပါ။ အခု အစိုးရလက်ထက်တွင် ကြီးမားသော အပေါင်းလက္ခဏာတခုလို့ ဆိုရမှာဖြစ်ကာ သူတို့တွေအနေနဲ့ အပြောင်းအလဲတခုကို လိုချင် နေကြပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကား မရောက်ခင် သတင်းထောက်တွေ ရာနဲ့ချီပြီး စုဝေးနေကြပါပြီ။ အကြိတ်အနယ်လည်း နေရာလုနေကြပါပြီ။ လူစုလူဝေးကြီးကြား ပိတ်ညှပ်ကုန်မှာ တက်နင်းမိမှာ ကြောက်ရတယ်လို့လည်း တချို့ ပြောဆို နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ ကားဟာ  အထဲထိမောင်းဝင်လာတာကြောင့် ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားပါတယ်။ သို့ပေမယ့် သတင်းထောက်တွေ ဓာတ်ပုံဆရာတွေအတွက် ဓာတ်ပုံကောင်းကောင်း၊ Video ကောင်း ကောင်းရဖို့က အဓိကဖြစ်နေပါတော့ တယ်။

လူအုပ်ကြီးဟာ အော်တဲ့သူအော် ဒေါသထွက်သူထွက် နေရာဦးထားပြီးမှ ပျောက်သွားသူက ပျောက်သွားနဲ့ နေရာ ကောင်း ရထားသူ၊ ဓာတ်ပုံကောင်း ရှုထောင့်ကောင်း ရထားသူ၊ လှေခါးပေါ်မှာ လဲကျသူက လဲကျနဲ့ စုံလို့ပါပဲ။ ပိုဆိုးတာက ဒေါ်အောင်ဆန်း စုကြည် ကားပေါ်က ဆင်းလာတော့ ဓာတ်ပုံတွေရိုက်ကြပြီးတော့ “အောင်ပြီ အောင်ပြီ” လို့ လူအုပ်ကြီးကြား အားလုံးနီးပါးက အော်လိုက်ကြပါသေးတယ်။

သို့ပေမယ့် သတင်းထောက်တွေကတော့ အပြိုပြိုအလဲလဲနဲ့ “ဘာအော်ကြတာလဲ”လို့ တချို့က လိုက်မေးကြပြန်ပါတယ်။

“အဲ့ဒါ အောင်ပွဲ.. ဘာလဲ။ စာချရေးပြပါလား။ ဘာဆိုလိုတာလဲ” လို့ နိုင်ငံခြား သတင်းထောက်တယောက်ရဲ့ အမေးကို နောက်တယောက်က “အောင်နိုင်ခြင်း” ပေါ့ကွာ လို့ ဝင်ရှင်းပြလိုက်ပါတော့တယ်။

ဗဟန်း မဲရုံ က လူအုပ်ကြီးအော်လိုက်တဲ့ “အောင်ပွဲ” ဆိုတာဟာ အားလုံးအတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို ထင်ဟပ် သော အောင်ပွဲဆိုရင်တော့ မြန်မာ့အနာဂတ်ဟာ တမျိုးတဖုံကောင်းသော လှပနိုင်သော အဓိပ္ပါယ်တွေ ရှိနိုင်လာပါလိမ့်မည်။

Did you find apk for android? You can find new Free Android Games and apps.