fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

မန္တလေး သတင်းထောက်တဦးရဲ့ ရွေးကောက်ပွဲ ဒိုင်ယာရီ

ရွေးကောက်ပွဲကို ထိခိုက်စေမည့် အပြောအဆို အပြုအမူများ၊ တရားလက်လွတ်လုပ်ကိုင်မှုများ မလုပ်မိစေ ရန်လည်း လူအုပ်ထဲမှ သူတို့အချင်းချင်း ထိန်းသိမ်းပြောဆိုနေကြသဖြင့် နိုင်ငံသားစိတ်ဓာတ်မြင့်မားသော မန္တလေးလူထု အတွက် ဂုဏ်ယူမိပါသည်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် သတင်းယူရန်အတွက် မနက်လေးနာရီကတည်းက အိပ်ရာနိုးနေပြီ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် စိတ်လှုပ်ရှားနေသောကြောင့် တညလုံးကောင်းကောင်း အိပ်မရပေ။

Mandalay Journalism School မှှ သတင်းစာဆရာ ကိုဆန်းယုကျော် Fixer (နိုင်ငံခြားသတင်းထောက်များသတင်း လိုက်ယူရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ပေးသူ)အဖြစ် လုပ်ပေးနေသည့် ထိုင်း PBS (Thai Public Broadcasting Service) ရုပ်သံမှ သတင်းထောက်များနှင့် ချိန်းထားသည်မှာ မနက်ငါးနာရီဖြစ်သည်။

ထိုင်းသတင်းထောက်များ တည်းခိုနေသည့် ဟိုတယ်ရောက်တော့ ၎င်းတို့အားလုံးမှာ မိမိကို စောင့်နေကြပါသည်။ မြို့ထဲရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး ဘယ်နေရာမှာရှိမလဲဆိုသည်ကို လိုက်ရှာကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအတွေ့အကြုံအရ မဲပေးရာတွင် ဤမျှလောက် တန်းစီစောင့်ဆိုင်းတာမျိုး မရှိလောက်ဟု တွေးထင်ထား သော်လည်း အောင်မြေသာဇံမြို့နယ်အတွင်းရှိ မဲရုံအမှတ်(၁) သို့ ရောက်သွားသောအခါ အထင်နှင့်အမြင် တက်တက်စင် အောင် လွဲသွားသည်။ ဆောင်းမနက်ခင်းဖြစ်သောကြောင့် မိမိတို့ရောက်သွားသည့် ငါးနာရီနှစ်ဆယ့်ငါးမိနစ်အချိန်တွင် အလင်းရောင်လုံးဝမရှိသေးပါ။ သို့သော်လည်း ထိုမဲရုံတွင် တန်းစီနေသည့် လူအုပ်ကြီးမှာ တရာကျော်နေပြီဖြစ်သည်။

ရှေ့ဆုံးက တန်းစီနေသည့် အန်တီကြီးကို ဘယ်အချိန်ကတည်းက လာစောင့်နေတာလဲဟု မေးမြန်းကြည့်ရာ မနက်သုံးနာ ရီ ဆယ့်ငါးကတည်းကဟု ဖြေပါသည်။ မဲရုံဝန်ထမ်းများ ပြင်ဆင်နေကြသည်ကို ဓာတ်ပုံရိုက်ကြ၊ မှတ်တမ်းတင်ကြရင်း ဘာ တွေပြောနေကြသလဲ ဆိုသည်ကို နားစွင့်မိပါသည်။

မဲရုံစောင့်ဆရာမတဦးကတော့ တဝါးဝါးသမ်းရင်း သန်းခေါင်စာရင်းကောက်တော့လည်း ငါတို့ပဲ၊ မဲရုံစောင့်ရတော့လည်း ငါ တို့ပဲ၊ အစိုးရဝန်ထမ်းတွေထဲမှာ ငါတို့ပညာရေးဝန်ထမ်းတွေက ဘုံကျွန်တွေပဲဟေ့ဟု သူ့ဘေးက ဆရာမတယောက်ကို လှမ်းပြောရာ ဟဲ့ သတင်းထောက်တွေရောက်နေပြီ ရုပ်သံထဲ နင်ပြောတာပါသွားမှ အလုပ်ပြုတ်နေဦးမယ်ဟု လှမ်းဟန့် သဖြင့် မိမိတို့လည်း ရယ်ပြလိုက်ပါသည်။ မဲပေးရန် တန်းစီနေသူအားလုံးလိုလို၏ မျက်နှာများတွင် စိတ်အားထက်သန် နေ ကြသည်ကို အထင်းသားမြင်ရပါသည်။ မဲရုံဖွင့်ပြီးနောက် ပထမဆုံးမဲပေးခဲ့သည့်အန်တီကြီးအား ရွေးကောက်ပွဲနှှင့်ပက် သက်၍ ဘယ်လိုခံစားရလဲဟု မေးကြည့်ရာ ပျော်တယ်ဟု တိုတိုတုတ်တုတ် ဖြေပါသည်။

ထို့နောက် နန်းတွင်းရှိ မဲရုံများသို့ သွားကြပါသည်။ နန်းတွင်းအရှေ့ဘက်ဂိတ်တွင် သတင်းထောက်များလည်း ရောက်နေပြီ ဖြစ်သည်။ မည်သူ့ကိုမှတော့ ဝင်ခွင့်မပေးသေးပါ။ သတင်းထောက်များ၏ မီဒီယာသက်သေခံကတ်များကို သေသေချာချာ ဓာတ်ပုံရိုက်မှတ်တမ်းတင်နေသည်ကို ထိုင်စောင့်ရသည်မှာ မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ပါသည်။ ထို့အတူပင် နန်းတွင်း မဲရုံရှိ ရာဆီသို့ မိမိဘာသာသွားခွင့်မပြုပါ။ ရှေ့နောက် အစောင့်အကြပ်ဖြင့် လိုက်ပို့ပေးခြင်းခံရသဖြင့် သြော်.ငါတို့သတင်း ထောက်တွေလည်း ရွေးကောက်ပွဲနေ့မှ ဘော်ဒီဂတ်တွေဘာတွေနဲ့ အဆင့်မြင့်ကုန်ပြီဟု အချင်းချင်းပြက်လုံး ထုတ်ကြပါ သည်။

တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များသာဖြစ်သဖြင့် မဲပေးရန် တန်းစီနေပုံမှ အရပ်သားများတန်းစီနေပုံနှင့် သိ သိသာသာပင် ကွာခြားလှပါသည်။ ယောကျာ်မိန်းမ သီးခြားတန်းစီရပြီး ဆူဆူညံညံစကားပြောသံ မကြားရပါ။ မဲပေးပြီး နောက် ပြန်ထွက်လာသူများအား အင်တာဗျူးရန် ကြိုးစားသည့်အခါ အများစုက ဖြေဆိုရန် ငြင်းဆန်ပါသည်။ တော်တော် လေးကြာမှ အသက်ငါးဆယ်ခန့် အရာရှိကတော်တဦးက မိမိတို့အနေဖြင့် လွတ်လပ်စွာမဲပေးခွင့်ရှိပြီး မည်သည့်ပါတီသို့ မဲ ထည့်ရန် ညွှန်ကြားထားခြင်းမရှိဟု မီဒီယာများသို့ အင်တာဗျူးပေးပါသည်။ မဲရုံနှင့် ခပ်လှမ်းလှမ်းတွင် ဆေးလိပ်သောက် နေသည့် တပ်မတော်သားတဦးထံသို့ ဆေးလိပ်မီးသွားတို့ရင်း ဘယ်ပါတီကို မဲပေးခဲ့လဲဗျဟု စပ်စုကြည့်ရာ သမ္မတကြီး ပါ တီပေါ့ဟု ဖြေပါသည်။ နန်းတွင်း မဲရုံနှစ်ရုံသို့ သွားရောက်သတင်းယူပြီးနောက် မြို့ထဲသို့ ပြန်ထွက်ခဲ့ကြသည်။

မြို့ထဲတွင်တော့ ထူးထူးခြားခြားမရှိလှပါ။ မဲရုံတိုင်းလိုလိုတွင် ကြိတ်ကြိတ်တိုး မဲထည့်နေကြသည်။ မဲပေးသူများမှာလည်း စည်းကမ်းတကျရှိပြီး မဲရုံလေ့လာသူများလည်း မဲရုံအဝင်ဝနားတွင် အသင့်စောင့်ဆိုင်းနေကြကာ အခြေအနေ ကြည့်နေကြ သည်။ လမ်း ၈၀ ပေါ်ရှိ အထက ကျောင်းတကျောင်းသို့ ဝင်ရောက်မှတ်တမ်းယူကြသည့်အခါ မဲရုံမှူးက မဲရုံအတွင်းဓာတ်ပုံ ရိုက်ခွင့်မပေးနိုင်ကြောင်း လာပြောသဖြင့် မဲရုံအတွင်းသို့ ဝင်၍ ဓာတ်ပုံ၊ဗီဒီယိုရိုက်ကူူးမည်မဟုတ်ဘဲ ပြင်ပမှသာ ရိုက်ကူူး မည်ဖြစ်ကြောင်း ကိုဆန်းယုကျော်နှင့် မဲရုံမှူးတို့နှစ်ယောက်သား အခြေအတင် ပြောရပါသည်။ နောက်ဆုံး မဲရုံပြင်ပမှာ ဓာတ်ပုံရိုက်ခွင့်မပေးတာ ရွေးကောက်ပွဲဥပဒေရဲ့ ဘယ်အချက်နဲ့ ပြောတာလဲဟု မေးလိုက်သည့်အခါ မဲရုံမှူးလည်း ခေါင်း ကုပ်နေပါတော့သည်။

မဲရုံမှူးပုံစံမှာ ရွေးကောက်ပွဲဥပဒေအကြောင်း သိပ်သိပုံမပေါ်ပါ။ ကဲ.ကဲ.ခဏစောင့်ပါ၊ ကျနော် ကော်မရှင်ကိုလှမ်းမေးပါ့ မယ်ဆိုကာ ဖုန်းဆက်ပြီးမှှ ခွင့်ပြုပေးပါသည်။ ထိုင်းသတင်းထောက်က အဘယ်ကြောင့် မဲရုံမှူးတွေက မီဒီယာကို မကြို ဆိုချင်တာလဲဟု မေးသဖြင့် ငါတို့ဆီက အစိုးရဝန်ထမ်းတွေက မီဒီယာနဲ့ပတ်သက်ရင် အဆိုးမြင်စိတ်ရှိတယ်ဟု ဖြေပေး လိုက်ပါသည်။ ဘာကြောင့် အဆိုးမြင်တာလဲဟု ပြန်မေးသဖြင့် ပခုံးသာ တွန့်ပြလိုက်ရပါသည်။

နေ့လယ်ခင်းတွင် NLDမှ မိတ်ဆွေတဦးထံ ဖုန်းဆက်ပြီး အခြေအနေ ဘာထူးလဲဟုမေးကြည့်ရာ မဟာမြိုင်မဲရုံတွင် ပြသနာ တက်နေပြီ။ အမြန်လာပါဟု ပြောသဖြင့် ကျူံးထောင့်တွင် ရုပ်သံရိုက်နေရာမှ အမြန်သွားကြပါသည်။ ကားများဖြင့် မဲရုံရှေ့ ဝေါခနဲ ရောက်လာပြီး အုပ်စုလိုက် မဲဝင်ပေးသွားသည်ကို စောင့်ကြည့်နေသူများက မသင်္ကာသဖြင့်မေးမြန်းရာမှ မဟာမြိုင် ရပ်ကွက်မှ မဟုတ်ဘဲ တခြားနေရာမှသူများဖြစ်သည်ဟု မဲရုံစောင့်ကြည့်နေသူများက ပြောပါသည်။

မိမိတို့ရောက်သွားသည့်အချိန်တွင် အခြားကားများမှာ ထွက်သွားပြီဖြစ်ပြီး Isuzu ကားအဖြူရောင်တစီးသာ ကျန်ရှိတော့ သည်။ ကားပေါ်တွင် အသက်ဆယ့်ရှစ်၊ နှစ်ဆယ်အရွယ် မိန်းကလေးငယ်များ ဆယ့်ရှစ်ယောက်ဝန်းကျင်ခန့်ရှိပြီး ဘေးပတ် ဝန်းကျင်ရှိလူများက ဓာတ်ပုံတဖျပ်ဖျပ်ရိုက်နေသောကြောင့် မိန်းကလေးများအားလုံးမှာ မျက်နှာအောက်ချထားသည်ကို တွေ့ရသည်။ ကားဘေးနားရှိ တချို့လူများမှာ သွေးဆူနေပြီး မိန်းကလေးများအား ဘယ်ကလာတာလဲ၊ ဘာလာလုပ်တာ လဲ၊ နင်တို့ကို ဘယ်သူက လွှတ်လိုက်တာလဲ စသည့်မေးခွန်းများကို အဆက်မပြတ် မေးနေကြပြီး မိန်းကလေးများကတော့ ဘာတခွန်းမှ ပြန်မဖြေကြပါ။

မြို့ခံသတင်းထောက်များလည်း တဖွဲဖွဲရောက်လာသကဲ့သို့ နိုင်ငံတကာမီဒီယာများလည်း ရောက်လာကြပါသည်။ လူအုပ် မှာ များသထက်များလာပြီး အယောက်လေးငါးရာအထိ များလာသဖြင့် မိမိတို့လည်း စိုးရိမ်စိတ်ဝင်လာပါသည်။ ခဏကြာ သောအခါ ဆရာများသမဂ္ဂမှ ဆရာဦးသုတရောက်လာပြီး အားလုံးကို အေးအေးဆေးဆေးနေကြရန် ထိန်းပေးပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်သူတဦးဖြစ်သည့် ဒေါ်အမာနီလည်း ရောက်လာပြီး အေးအေးဆေးဆေးပြောဆိုကြရန် မေတ္တာ ရပ်ခံကာ မိန်းကလေးများအား မေးခွန်းမေးပါသည်။ ရွေးကောက်ပွဲ အထူးရဲများကတော့ မဲရုံရှေ့တွင် စောင့်နေကြပါသည်။

မိန်းကလေးများအား ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်နေသဖြင့် ဓာတ်ပုံမရိုက်ရန် မေတ္တာရပ်ခံသော်လည်း မီဒီယာသမားတချို့ ကတော့ မကြားချင်ယောင်ဆောင်ကာ ဓာတ်ပုံရိုက်နေကြသဖြင့် တဲ့တိုးပြောရပါသည်။ ဒီကောင်မတွေကြည့်ရတာ ကေ တီဗွီ၊ မာဆတ်က ကောင်မတွေနေမှာပါကွာဟု အရပ်သားတဦးက ဘေးကနေ ပြောနေသဖြင့် ထိုကဲ့သို့မပြောရန် မေတ္တာ ရပ်ခံရပါသေးသည်။ ဒေါ်အမာနီမှ မရမက ချော့မော့မေးတော့မှ မိမိတို့မှာ ထုံးဘိုတိုးဂိတ်က အမျိုးသမီးဝန်ထမ်းများဖြစ်ပြီး စူပါဗိုက်စာနှစ်ဦးမှ နင်တို့မဲထည့်ရမယ်၊လာ.လိုက်ခဲ့ဟု ခေါ်သဖြင့် လိုက်ခဲ့ခြင်းသာဖြစ်ကြောင်း အနည်းငယ် သွက်သွက် လက်လက်ရှိသည့် မိန်းကလေးတဦးက ဖြေပါသည်။ ဘယ်ပါတီကို မဲထည့်ရမယ်ဟုတော့ မပြောကြောင်း၊ မိမိတို့မှာ မဲ လည်း မထည့်ရသေးကြောင်း၊ မဲထည့်ပြီးသည့်ကားများမှာ ထွက်သွားပြီဖြစ်ကြောင်းပါ ဆက်ပြောပါသည်။ ရွေးကောက်ပွဲကော်မရှင်နှင့် ထွေ/အုပ်ဝန်ထမ်း၊ ရဲအရာရှိများလည်း ရောက်လာသဖြင့် အခြေအနေကို သွားမေးပါသည်။ ခင်ဗျားတို့ သိသလောက်ပဲ ကျနော်တို့လည်း သိသေးတာ၊ ကျန်တာဘာမှ မသိသေးဘူး ဟုပြောသဖြင့် မိမိတို့လည်း ဖြစ် စဉ်ကို မြင်လိုက်သည့်သူများကိုသာ လိုက်လံမေးနေရပါသည်။

ထိုသို့မေးမြန်းနေရင်း အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် သတင်းစာရှင်းလင်းပွဲလုပ်မည့်အချိန်ကို ကျော်လွန်သွားပြီဖြစ် ကြောင်း သတိရမိပြန်သည်။ မီဒီယာသမားအများစုလည်း သံအမတ်၏ သတင်းစာရှင်းလင်းပွဲကိုသွားရန် စိတ်ကူူးရှိပုံ မပေါ် တော့ပါ။ ထိုအခင်းဖြစ်နေရာတွင်သာ အုံခဲနေကြပါတော့သည်။ ကောလာဟလများလည်း ကျယ်ပြန့်စွာထွက်ပေါ်နေပြီး ဘာဖြစ်တာလဲဆိုကာ မေးမြန်းသည့် ရပ်ဝေးမှ မိတ်ဆွေများ၏ဖုန်းများလည်း ဆက်တိုက်ဝင်လာနေသဖြင့် အေးအေးဆေး ဆေးပြီးသွားပါပြီဟု ဖြေပေးလိုက်ပါသည်။

အွန်လိုင်းပေါ်တွင်လည်း ဖြစ်စဉ်အစပိုင်းတုန်းက ကောလာဟလမျိုးစုံဖြင့် ထင်ကြေးပေးရေးသားနေကြသော်လည်း မီဒီ ယာသမားများက အချိန်နှင့် တပြေးညီ သတင်းများ တင်ပေးနေကြသောကြောင့် သုံးနာရီခွဲခန့်တွင်မူ ကောလာဟလများ လည်း ငြိမ်သက်သွားပါသည်။ သတင်းသမားများလည်း ထိုအချိန်မှ ကောင်းကောင်း သက်ပြင်းချနိုင်ပါတော့သည်။ ရွေး ကောက်ပွဲကို ထိခိုက်စေမည့် အပြောအဆို အပြုအမူများ၊ တရားလက်လွတ်လုပ်ကိုင်မှုများ မလုပ်မိစေရန်လည်း လူအုပ် ထဲမှ သူတို့အချင်းချင်း ထိန်းသိမ်းပြောဆိုနေကြသဖြင့် နိုင်ငံသားစိတ်ဓာတ်မြင့်မားသော မန္တလေးလူထုအတွက် ဂုဏ်ယူမိပါ သည်။

ညနေလေးနာရီခန့်တွင်တော့ မဲရုံပိတ်သည်ကို မှတ်တမ်းယူရန် မန္တလေးဘူတာကြီးနားရှိ ကျောင်းတခုအတွင်းသို့ ဝင်ခဲ့ကြ ပါသည်။ ထုံးစံအတိုင်း မဲရုံမှူးက ဗီဒီယိုရိုက်ခွင့် မပေးချင်သည့်အတွက် ကိုဆန်းယုကျော်နှင့် အခြေအတင် စကားပြောနေ ကြပါသည်။ ထိုင်းသတင်းထောက်များကတော့ ဘေးနားက ထိုင်စောင့်နေကြပါသည်။
ငါးမိနစ်ခန့် အကြာတွင်တော့ မဲရေတွက်သည်ကို ဗီဒီယိုရိုက်ကူူးနိုင်ပါသည်ဟု မဲရုံမှူးက သဘောတူူလိုက်ပါသည်။ မဲရုံ ဝန် ထမ်းဆရာ၊ ဆရာမများမှာလည်း ပင်ပန်းနေကြပြီဖြစ်ပြီး မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကိုလည်း ကျွမ်းကျင်မှု အားနည်း သည့်အတွက် တယောက်တပေါက်ဖြစ်နေပါသည်။ မဲရေတွက်သည်ကို စောင့်ကြည့်နေသည့် လူများကြောင့်လည်း စိတ် အိုက်နေပုံပေါ်ပါသည်။

မဲရေသည့်အခါ NLD ကိုယ်စားလှယ်လောင်းနှင့် USDP ကိုယ်စားလှယ်လောင်းတို့၏ မဲလက်မှတ်များသာ အဓိက တွေ့ရပြီး အခြားပါတီများကို ပေးသည့်မဲမှာ အနည်းငယ်မျှသာရှိပါသည်။ ကိုယ်စားလှယ်လောင်း တယောက်စီ၏ နာမည်များကပ် ထားသည့် မဲခြင်းတောင်းများကို ဆရာမတယောက်စီက ကိုင်ထားရပြီး မဲရုံမှူးက ထည့်သည့်မဲကို နာမည်အော်လိုက်လျှင် သက်ဆိုင်ရာ ဆရာမက လှမ်းယူရပါသည်။ NLD ကိုယ်စားလှယ်လောင်း၏ မဲခြင်းတောင်းကို ကိုင်ရသည့် ဆရာမမှာ သူချည့်လှမ်းယူနေရသဖြင့် ကြာလာသည့်အခါ လက်ညောင်းလာပုံပေါ်ပါသည်။ လူချင်းလဲမယ် ဟေ့..ကြာရင် လက် မောင်းပြုတ်ကျတော့မယ်ဟု အော်လိုက်သည့်အတွက် ဘေးက ရပ်ကြည့်နေသူများလည်း ဝေါခနဲ ပွဲကျသွားပါသည်။

ထိုမဲရုံတွင် တနာရီနီးပါးခန့် စောင့်ကြည့်ပြီးနောက် နေ့ခင်းက ဖြစ်ပွားခဲ့သည့် မဟာမြိုင်မဲရုံသို့ ပြန်သွားကြပါသည်။ မဲရုံ ရှေ့ တွင် လူနှစ်ရာခန့်ရှိသော လူအုပ်ကြီးက အသင့်စောင့်နေကြပြီး တချို့မှာ အုတ်တံတိုင်းအပေါ်ထိ တက်ကာ မဲရေတွက် သည်ကို စောင့်ကြည့်နေပါသည်။ ပြည်တွင်းပြည်ပ မီဒီယာအများအပြားလည်း မဲရုံအတွင်းတွင် မှတ်တမ်းယူနေကြပါ သည်။

NLD ကိုယ်စားလှယ်လောင်းကို မဲပေးထားသည့် မဲစာရွက်ဖြစ်ပါက လူအုပ်ကြီးမှာ ဝေါခနဲ သြဘာပေးကြပြီး အခြား ပါတီကို ပေးသည့် မဲစာရွက်ဖြစ်ပါက ဟင်.ဟာ.ဖြင့် ရှုံ့ချလှောင်ပြောင်ကြပါသည်။ မဲရေတွက်သည်ကို စောင့်ကြည့်နေသည့် ကိုယ် စားလှယ်လောင်းတဦးကလည်း သူ့နာမည်ပါသည့် မဲစာရွက်ကို မဲရုံမှူးက ကြေညာလိုက်ပါက အပြင်ဘက်ရှိ လူအုပ်ထံသို့ လက်မတကြိမ်ထောင်ပြပါသည်။ သူလက်မထောင်ပြလိုက်တိုင်း လူူအုပ်ကြီးကလည်း သြဘာပေးကြပါသည်။

နိုင်ငံခြားသတင်းထောက်တဦးက သူ ဘာလို့လက်မထောင်ပြတာလဲဟု မေးသဖြင့် ရှင်းပြလိုက်ရာ အိုး.မိုင်ဂေါ့.သူ့လက် တော့ သေချာပေါက် ပြုတ်ကျလိမ့်မယ်ဟု အာမေဍိတ်ပြုသဖြင့် မိမိလည်း ရယ်ပြလိုက်ပါသည်။ အခြားသော မဲရုံများ တွင် မဲရေတွက်သည်မှာ မြန်သော်လည်း ယခုမဲရုံတွင်တော့ လွန်စွာ အချိန်ကြာမြင့်ပါသည်။ လူအုပ်ကြီးဖြင့် စောင့်ကြည့် နေသောကြောင့် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများလည်း အလွန် ဂရုစိုက်လုပ်ကိုင်နေရပါသည်။ NLD ပါတီသို့ မဲပေးချင်သော် လည်း အခြားဆင်တူယိုးမှားပါတီများသို့ မှားထည့်မိသည့်ဖြစ်စဉ်များလည်း အများအပြားရှိပါသည်။

တော်တော်လေးမှောင်လာသည့်အခါတွင်တော့ မန္တလေးတိုင်း NLD ရုံးချုပ်ရှိရာသို့ ထွက်လာခဲ့ကြပါသည်။ ထိုနေရာတွင် လူများတိုးမပေါက်အောင် စည်ကားလျက်ရှိပြီး မန္တလေးတိုင်းအတွင်းရှိ နောက်ဆုံးရရှိပြီးသော မဲစာရင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးလျက်ရှိပြီး မဲစာရင်း တကြိမ်ပြောင်းသွားတိုင်း လူအုပ်ကြီးက ဟေးခနဲ သြဘာပေးပါသည်။ အားလုံး၏ မျက်နှာများမှာလည်း ပြုံးရွှင်နေကြပြီး တိုက်မိ၊ခိုက်မိသည့်အခါတွင်လည်း သူ့ထက်ငါ ဦးအောင် တောင်းပန်ကြသည်ကို တွေ့ရပါသည်။

ထိုနေရာတွင် တော်တော်ကြာကြာလေးနေခဲ့ကြပြီး ညမှောင်သောအခါတွင်တော့ အိမ်ပြန်ခဲ့ပါတော့သည်။ ဘုရားကြီး အနောက်မုခ်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေခိုက် ဓာတ်ပုံဆရာသတင်းထောက်တဦးနှင့် တွေ့သဖြင့် အဆင်ပြေလား ဟုမေးကြည့်ရာ မဆိုးပါဘူးဟု ဖြေပါသည်။

တခုခုဖြစ်လောက်မှာပဲဟု ခန့်မှန်းကာ နိုင်ငံတကာသတင်းထောက်များ အုံနှင့်ကျင်းနှင့် ရောက်လာကြသည့် ရွေးကောက်ပွဲ မျိုးအစား ဒီမိုကရေစီစနစ် ကောင်းမွန်စွာ အမြစ်တွယ်နေပြီဖြစ်သောနိုင်ငံတခုတွင် ကျင်းပမည့် ရွေးကောက်ပွဲအဖြစ်သာ ပြည်ပနိုင်ငံများအကြား သိစေလိုသည်မှာ ပြည်တွင်းသတင်းထောက်တဦး၏ ဆန္ဒအမှန်ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.