For The Record

“ကျမက သမ္မတရဲ့ အထက်မှာ ရှိနေမှာပါ။ ဒါက ရိုးရှင်းတဲ့ သတင်းစကားပါပဲ။ အခြေခံ ဥပေဒမှာလည်း သမ္မတအထက်မှာ ရှိနေတဲ့သူနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတာ မရှိလို့ ဒါက ဥပဒေချိုးဖောက် တာလည်း မဟုတ်ပါဘူး။ ကျမအနေနဲ့ အရေးကြီးတဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။ ထိပ်က နေပြီးတော့ ဆုံးဖြတ်ချက်တွေချတာ ခေါင်းဆောင်ပဲပေါ့”

ဦးသန်းဌေး
"အပြောင်းအလဲအတွက် ဆိုင်းဘုတ်ကြီး တပ်ပြီး ဦးသန်းဌေး ခင်ဗျားဖယ်ပေးဆိုရင် လာလေ ပြိင်မယ်။ ကိုယ့်ထက် ပိုသာ ရင် လက် ခုပ်တီးပေးမယ်။ အဲ့ဒီလောက်မှမလုပ်နိုင်ဘဲ နဲ့ငါတို့ကိုလာပြီးဟောက်စား မလုပ် နဲ့တသက်လုံးမဖယ်ဘူး။ ပါတီ ကိုကြည့်ပါ၊လူကိုမကြည့်ပါနဲ့ဆိုတာ အလကား။ အဲ့ဒီလူမှာ အစွမ်းအစ မရှိရင် ၊ ကြံရည်ဖန်ရည်မရှိရင် စေတနာမရှိရင်၊ လုပ်အားမရှိရင် ၊ ထကြွလုံ့လ မရှိရင် ဘာမှဖြစ် မလာဘူး။ ဟိုဆိုင်းဘုတ်ကြီးက ဘာမှမကယ်နိုင်ဘူး"
ဒေါ်အောင်ဆန်းစုကြည်
"တချို့ပါတီတွေက ပုဂ္ဂိုလ်တွေက အောက်တန်းကျကျ စည်းရုံးရေးတွေ လုပ်နေတယ်လို့ ကြားနေရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမတို့က ကော်မရှင်ကို တင်ပြထားတာ ရှိတယ်။ ထိထိရောက်ရောက် အရေးယူတာ မတွေ့သေးဘူး။ ကျမ တို့က ဘယ်ဥပဒေ စည်းကမ်းကိုမှ ချိုးဖောက်ပြီး စည်းရုံးရေး မလုပ်ခဲ့ဘူး။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ၊ အဖွဲ့အစည်း တွေကို တိုက်ခိုက် တာလည်း လုပ်ငန်းပိုင်းဆိုင်ရာက လွဲလို့ တိုက်ခိုက်မှု မလုပ်ခဲ့ဘူး။ မဲပေးဖို့အတွက် စည်းရုံးရေး လုပ်တာတောင် မှန်မှန် ကန်ကန် မလုပ်ရင် အာဏာသာရရင် စဉ်းစားသာကြည့်ပါတော့"
Tin Naing Thein
We can say that democracy originates from the USDP, since the government that started the reforms to becoming a democratic country was our party’s government.